Mercedes – Benz Van Australia သည် လုပ်ငန်းသုံး All EV Van နှင့် People Mover တို့အား 2022 တွင် စတင်ရောင်းချမည်ဟု ကြေငြာလိုက်သည်။ ပထမဆုံး Model သည် 2022 April တွင် ရောက်ရှိပါမည်။ အဆိုပါကားများသည် Luxury Van EQV နှင့် လုပ်ငန်းသုံး e Vito Mid – size Van တို့ဖြစ်သည်။ အဆိုပါ Model အသစ်(၂) စင်းသည် Mercedes – Benz Van ကားများအတွက် အနာဂတ် EV ဆိုင်ရာခြေလှမ်းအသစ်ဟု Mercedes Van Australia မှ ဆိုပါသည်။ New EQV ၏ Level သည် Premium Level ဖြစ်ကာ လက်ရှိ V – Class ထက် ဈေးပိုများပါမည်။ New EQV အား Trim Level ( ၆ ) မျိုးခွဲခြားရောင်းချပါမည်။ New EQV နှင့် New e Vito Tourer တို့တွင် ( 150 kw / 362 Nm ) Electric Powertrain နှင့် 90 Kwh Lithium – ion Battery တို့ပါဝင်မည်ဖြစ်ပြီး ( ရှေ့ဘီးယက် ) အမျိုးအစားများ ဖြစ်သည်။ New EQV ၏ Driving Range သည် 356 km ဖြစ်ကာ e Vito Tourer ၏ Driving Range သည် 361 km ဖြစ်ပါမည်။ Mercedes – Benz Van အနေဖြင့် e Sprinter ကိုလည်း Australia သို့ 2024 တွင် ဆက်လက်ရောင်းချပါမည်။ လက်ရှိထုတ်လုပ်ထားသည့် e Sprinter Model အား ဥရောပဈေးကွက်တွင် 2020 ၌ စတင်ရောင်းချခဲ့ပါသည်။ 2024 တွင် ရောင်းချမည့် e Sprinter တွင် ယခု EQV နှင့် e Vito တို့ ကဲ့သို့ People Mover Trim အပါအဝင် Battery Option ( ၃ ) မျိုး ၊ Wheelbase ( ၂ ) မျိုး တို့ဖြင့် ရောင်းချမည်ဖြစ်သည်။ ယခုအသစ် ထုတ်လုပ်ထားသည့် New EQV နှင့် e Vito တို့သည် Mercedes – Benz ၏ Electric Versatility Platform တွင် အခြေခံကာ ဖန်တီးထားပါသည်။ ထို့အပြင် အဆိုပါ Model အသစ် ( ၂ ) မျိုးသည် 2022 တွင် Australia သို့ ရောက်ရှိမည့် Ford E – Transit Van နှင့် ဈေးကွက် ယှဉ်ပြိုင်ဖက်များဟုလည်း ဆိုရပါမည်။