Unicode version….
နိုုင်ငံတကာမှ မော်တော်ယာဉ်နှင့်အီလက်ထရောနစ်ပိုင်းဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ ပါဝင်ပြီး Tapipei World Trade Centerနှင့်Yorkers Torkers&Service Co.,Ltdတို့ပူးပေါင်းကာ Auto Power Expo Myanmarမှပြုလုပ်ကျင်းပသည့်Auto Expo Myanmar ကုန်စည် ပြပွဲကြီးကို စက်တင်ဘာ ၂၈ရက်နေ့မှ အောက်တိုဘာလ၁ရက်နေ့အထိ တပ်မတော်ခန်းမတွင် ၄ရက်တိုင်တိုင်ကျင်းပပြုလုပ်နေကြောင်းသိရသည်။
အဆိုပါကုန်စည်ပြပွဲကြီးှကိုကဏ္ဍနှစ်ခုဖြင့်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံ ၈ နိုင်ငံမှ ကုန်စည်ပစ္စည်းများ ပါဝင်ပြသထားခြင်းဖြစ်ပြီး ပြခန်းပေါင်း(၁၇၃)ခန်းပါဝင်ကာ မော်တော်ယာဉ်နှင့်ပတ်သက်သည့်အပိုပစ္စည်းများ အသုံးအဆောင်များ၊မော်တော်ဆိုင်ကယ်များနှင့်အခြားအီလက်ထရောနစ်ပစ္စည်းများကို အဓိကထားပြသ ထားခြင်းဖြစ်သည်။
“အခုပြပွဲမှာတော့အဓိကအနေနဲ့အိန္ဒိယပါမယ် ပြီးရင်မလေး ဗီယက်နမ် ကိုရီးယား တရုတ် ထိုင်ဝမ် မြန်မာ ထိုင်းနိုင်ငံကပါဝင်ဖြစ်ထားတာပေါ့။ ပစ္စည်းတွေအနေနဲ့ဆိုရင ်ဆိုင်ကယ်တွေရော ကားအပိုပစ္စည်းတွေရော အများကြီးပါဝင်ပါတယ်။အဲ့တာတွေအပြင်အီလက်ထရောနစ်ပစ္စည်းဆိုရင်လဲကားနဲ့ပတ်သက်တာတွေရော တခြားဟာတွေရောအပြင် ရိုဘော့အရုပ်လေးတွေတောင်ပါဝင်ပြသထားပါတယ်”ဟုTaipei Economic and Cultural Office in Myanmar မှ Representative ဖြစ်သော Chun-Fu CHANG မှပြောသည်။
“ဒီကုန်စည်ပြပွဲကြီးမှာပစ္စည်းစုံတော့ဝယ်ချင်တာရှိရင်လဲအဆင်ပြေတာပေါ့။အဲဒီအပြင်စျေးနှုန်းတွေကလည်း အဆင်ပြေတယ်။ တခြားမှာတမင်သွားရှာစရာမလိုတော့ဘူးပေါ့။ တမင်လေ့လာတဲ့သူတွေအနေနဲ့လည်း တကယ့်ကိုအဆင်ပြေစေတယ်။ဘာကြောင့်လဲဆိုတော့သူကမော်တော်ယာဉ်ပိုင်းကြီးပဲမဟုတ်ဘဲတခြားအီလက်ထရောနစ်နဲ့နည်းပညာပို်င်းတွေပါ ပြထားတာဆိုတော့လေ” ဟုကုန်စည်ပြပွဲအားလာရောက်ကြည့်ရှုသူ တစ်ဦးထံမှသိရသည်။
ယင်းကုန်စည်ပြပွဲကြီးကိုကုန်စည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)၊မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း(MIA) ၊ မြန်မာ့မော်တော်ယာဉ်လုပ်ငန်းနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း(MAMDA)နှင့်ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်း(AGTI)တို့မှလည်းပါဝင်ပံ့ပိုးကူညီထားသည်။ထိုကုန်စည်ပြပွဲကို စက်တင်ဘာ၂၈ မှ၃၀ ရက်အတွင်း မနက် ၁၀နာရီမှ ညနေ၅နာရီထိပြသသွားမည်ဖြစ်ပြီး အောက်တိုဘာလ၁ရက်နေ့တွင်မူ မနက်၁၀နာရီမှညနေ ၄နာရီအထိသာဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။
Zawgyi version…
နုိုင္ငံတကာမွ ေမာ္ေတာ္ယာဥ္ႏွင့္အီလက္ထေရာနစ္ပိုင္းဆိုင္ရာပစၥည္းမ်ားႏွင့္ဝန္ေဆာင္မွဳလုပ္ငန္းဆိုင္ရာမ်ား ပါဝင္ျပီး Tapipei World Trade Centerႏွင့္Yorkers Torkers&Service Co.,Ltdတို႕ပူးေပါင္းကာ Auto Power Expo Myanmarမွျပဳလုပ္က်င္းပသည့္Auto Expo Myanmar ကုန္စည္ ျပပဲြၾကီးကို စက္တင္ဘာ ၂၈ရက္ေန႕မွ ေအာက္တိုဘာလ၁ရက္ေန႕အထိ တပ္မေတာ္ခန္းမတြင္ ၄ရက္တိုင္တိုင္က်င္းပျပဳလုပ္ေနေၾကာင္းသိရသည္။
အဆိုပါကုန္စည္ျပပဲြၾကီးွကုိက႑ႏွစ္ခုျဖင့္ျပဳလုပ္က်င္းပျခင္းျဖစ္ျပီး နိုင္ငံ ၈ နိုင္ငံမွ ကုန္စည္ပစၥည္းမ်ား ပါဝင္ျပသထားျခင္းျဖစ္ျပီး ျပခန္းေပါင္း(၁၇၃)ခန္းပါဝင္ကာ ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သက္သည့္အပိုပစၥည္းမ်ား အသံုးအေဆာင္မ်ား၊ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္အျခားအီလက္ထေရာနစ္ပစၥည္းမ်ားကို အဓိကထားျပသ ထားျခင္းျဖစ္သည္။
“အခုျပပဲြမွာေတာ့အဓိကအေနနဲ႕အိႏိၵယပါမယ္ ျပီးရင္မေလး ဗီယက္နမ္ ကိုရီးယား တရုတ္ ထိုင္ဝမ္ ျမန္မာ ထိုင္းနိုင္ငံကပါဝင္ျဖစ္ထားတာေပါ့။ ပစၥည္းေတြအေနနဲ႕ဆိုရင ္ဆိုင္ကယ္ေတြေရာ ကားအပိုပစၥည္းေတြေရာ အမ်ားၾကီးပါဝင္ပါတယ္။အဲ့တာေတြအျပင္အီလက္ထေရာနစ္ပစၥည္းဆိုရင္လဲကားနဲ႕ပတ္သက္တာေတြေရာ တျခားဟာေတြေရာအျပင္ ရိုေဘာ့အရုပ္ေလးေတြေတာင္ပါဝင္ျပသထားပါတယ္”ဟုTaipei Economic and Cultural Office in Myanmar မွ Representative ျဖစ္ေသာ Chun-Fu CHANG မွေျပာသည္။
“ဒီကုန္စည္ျပပဲြၾကီးမွာပစၥည္းစံုေတာ့ဝယ္ခ်င္တာရွိရင္လဲအဆင္ေျပတာေပါ့။အဲဒီအျပင္ေစ်းႏွဳန္းေတြကလည္း အဆင္ေျပတယ္။ တျခားမွာတမင္သြားရွာစရာမလိုေတာ့ဘူးေပါ့။ တမင္ေလ့လာတဲ့သူေတြအေနနဲ႕လည္း တကယ့္ကိုအဆင္ေျပေစတယ္။ဘာေၾကာင့္လဲဆိုေတာ့သူကေမာ္ေတာ္ယာဥ္ပိုင္းၾကီးပဲမဟုတ္ဘဲတျခားအီလက္ထေရာနစ္နဲ႕နည္းပညာပို္င္းေတြပါ ျပထားတာဆိုေတာ့ေလ” ဟုကုန္စည္ျပပဲြအားလာေရာက္ၾကည့္ရွဳသူ တစ္ဦးထံမွသိရသည္။
ယင္းကုန္စည္ျပပဲြၾကီးကိုကုန္စည္မ်ားႏွင့္စက္မွဳလက္မွဳလုပ္ငန္းရွင္မ်ားအသင္း(UMFCCI)၊ျမန္မာနိုင္ငံစက္မွဳကုန္ထုတ္လုပ္သူမ်ားအသင္း(MIA) ၊ ျမန္မာ့ေမာ္ေတာ္ယာဥ္လုပ္ငန္းႏွင့္ျဖန္႕ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ား အသင္း(MAMDA)ႏွင့္ဂ်ီတီအိုင္ေက်ာင္းသားေဟာင္းမ်ားအသင္း(AGTI)တို႕မွလည္းပါဝင္ပံ့ပိုးကူညီထားသည္။ထိုကုန္စည္ျပပဲြကို စက္တင္ဘာ၂၈ မွ၃၀ ရက္အတြင္း မနက္ ၁၀နာရီမွ ညေန၅နာရီထိျပသသြားမည္ျဖစ္ျပီး ေအာက္တိုဘာလ၁ရက္ေန႕တြင္မူ မနက္၁၀နာရီမွညေန ၄နာရီအထိသာဖြင့္လွစ္ျပသမည္ျဖစ္ေၾကာင္း သိရသည္။