Unicode version…
နိုင်ငံပေါင်း ၈ နိုင်ငံမှ ပြသူပေါင်း ၁၂၀၊ပြခန်းပေါင်း ၁၇၃ ခန်းပါဝင်မည့် ၅ ကြိမ်မြောက် Auto Expo နှင့် Power Expo Myanmar ပြပွဲကြီးကို လာမည့်စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အထိ တပ်မတော်ခန်းမတွင်ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲမှသိရှိရသည်။
ပါဝင်သောနိုင်ငံများမှာ အိန္ဒိယ၊ထိုင်း၊ကိုရီးယား၊မလေးရှား၊ဗီယက်နမ်၊မြန်မာနှင့် ထိုင်ဝမ်တို့ပါရှိကြပြီး Auto Expo Myanmar 2017 တွင်ပါဝင်သည့် အစိတ်အပိုင်းများမှာ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ဝန်ပင့် ယာဉ်(Forklift Truck)အစားထိုးအစိတ်အပိုင်းများ၊နောက်တွဲယာဉ်အ ပိုပစ္စည်းများ၊မော်တော်ဆိုင်ကယ် များ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ကားအလှဆင်ပစ္စည်းများ၊ကားနှင့်မော်တော်ဆိုင်ကယ်ဆိုင်ရာပစ္စည်းများ၊ယာဉ်အစိတ်အပိုင်းနှင့် ပြုပြင်ရေးပစ္စည်းကိရိယာများ၊ကော်နှင့်တိတ်များ၊ လက်ကိုင် ပစ္စည်းကိရိယာများ၊ အများပြည်သူသုံး အီလက်ထရောနစ်ပစ္စည်းများ၊မီးအလင်းပေးကိရိယာများ၊စပရိန်များ၊ ဘက်ထရီများပါဝင်ကြကြောင်းသိရသည်။
Power Expo Myanmar 2017 တွင်ပါဝင်သောအစိတ်အပိုင်းများမှာ ပါဝါနှင့် လျှပ်စစ်စက်ပစ္စည်းကိရိယာများ၊ စမ်းသပ်တိုင်းထွာရေးကိရိယာများ၊စက်မှုလုပ်ငန်းသုံးအီလက်ထရောနစ်ကိရိယာများ၊ဘက်ထရီနှင့်ဆဲလ်များ၊ချာဂျာနှင့် မော်လီကျူးများ၊ချူတ်နှင့်ကွိုင်များ၊ဖူစီဘယ်ရီစစ်တာများ၊သိပ္ပံသုံးတိုင်းတာရေးကိရိယာများ၊ဟာ့ဒ်ဝဲလ်နှင့် ပန့်များ၊လျှပ်စစ်နှင့် အီလက်ထရောနစ်၊မီးနှင့်မီးပေး၊ဆက်သွယ်ရေးကိရိယာများ အစရှိသည့်ပစ္စည်းများ စုံလင်စွာပြသသွားမည်ဟုသိရသည်။
ဤကဏ္ဍကြီးနှစ်ခုစလုံးကို TWTC(Taiwan Excellence World Trade Center Co.,Ltd)နှင့် Yorkers Trade & Marketing Co.,Ltd တို့မှပူးတွဲကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ MIA(မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း)၊UMFCCI (မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုကုန်ထုတ်လုပ်သူများအသင်း)၊ MAMDA (မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်သူများနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း)နှင့် AGTI (ဂျီတီ အိုင်ကျောင်းသားဟောင်းများအသင်း) တို့ကလည်း အထောက်အကူပေးထားပါသည်။
Zawgyi version..
ႏုိင္ငံေပါင္း ၈ ႏုိင္ငံမွ ျပသူေပါင္း ၁၂၀၊ျပခန္းေပါင္း ၁၇၃ ခန္းပါဝင္မည့္ ၅ ၾကိမ္ေျမာက္ Auto Expo ႏွင့္ Power Expo Myanmar ျပပဲြၾကီးကုိ လာမည့္စက္တင္ဘာ ၂၈ ရက္မွ ေအာက္တုိဘာ ၁ ရက္ေန႔အထိ တပ္မေတာ္ခန္းမတြင္ျပဳလုပ္မည္ျဖစ္ေၾကာင္း အဆုိပါပဲြႏွင့္ပတ္သက္ေသာ သတင္းစာရွင္းလင္းပဲြမွသိရွိရသည္။
ပါဝင္ေသာႏုိင္ငံမ်ားမွာ အိႏိၵယ၊ထုိင္း၊ကုိရီးယား၊မေလးရွား၊ဗီယက္နမ္၊ျမန္မာႏွင့္ ထုိင္ဝမ္တုိ႕ပါရွိၾကျပီး Auto Expo Myanmar 2017 တြင္ပါဝင္သည့္ အစိတ္အပုိင္းမ်ားမွာ ေမာ္ေတာ္ယာဥ္အစိတ္အပုိင္းမ်ား၊ ဝန္ပင့္ ယာဥ္(Forklift Truck)အစားထုိးအစိတ္အပုိင္းမ်ား၊ေနာက္တဲြယာဥ္အ ပုိပစၥည္းမ်ား၊ေမာ္ေတာ္ဆုိင္ကယ္ မ်ား၊ ဆုိင္ကယ္အပုိပစၥည္းမ်ား၊ကားအလွဆင္ပစၥည္းမ်ား၊ကားႏွင့္ေမာ္ေတာ္ဆုိင္ကယ္ဆုိင္ရာပစၥည္းမ်ား၊ယာဥ္အစိတ္အပုိင္းႏွင့္ ျပဳျပင္ေရးပစၥည္းကိရိယာမ်ား၊ေကာ္ႏွင့္တိတ္မ်ား၊ လက္ကုိင္ ပစၥည္းကိရိယာမ်ား၊ အမ်ားျပည္သူသုံး အီလက္ထေရာနစ္ပစၥည္းမ်ား၊မီးအလင္းေပးကိရိယာမ်ား၊စပရိန္မ်ား၊ ဘက္ထရီမ်ားပါဝင္ၾကေၾကာင္းသိရသည္။
Power Expo Myanmar 2017 တြင္ပါဝင္ေသာအစိတ္အပုိင္းမ်ားမွာ ပါဝါႏွင့္ လွ်ပ္စစ္စက္ပစၥည္းကိရိယာမ်ား၊ စမ္းသပ္တုိင္းထြာေရးကိရိယာမ်ား၊စက္မွဳလုပ္ငန္းသုံးအီလက္ထေရာနစ္ကိရိယာမ်ား၊ဘက္ထရီႏွင့္ဆဲလ္မ်ား၊ခ်ာဂ်ာႏွင့္ ေမာ္လီက်ဴးမ်ား၊ခ်ဴတ္ႏွင့္ကြိဳင္မ်ား၊ဖူစီဘယ္ရီစစ္တာမ်ား၊သိပၸံသုံးတုိင္းတာေရးကိရိယာမ်ား၊ဟာ့ဒ္ဝဲလ္ႏွင့္ ပန္႕မ်ား၊လွ်ပ္စစ္ႏွင့္ အီလက္ထေရာနစ္၊မီးႏွင့္မီးေပး၊ဆက္သြယ္ေရးကိရိယာမ်ား အစရွိသည့္ပစၥည္းမ်ား စုံလင္စြာျပသသြားမည္ဟုသိရသည္။
ဤက႑ၾကီးႏွစ္ခုစလုံးကုိ TWTC(Taiwan Excellence World Trade Center Co.,Ltd)ႏွင့္ Yorkers Trade & Marketing Co.,Ltd တုိ႔မွပူးတဲြက်င္းပျပဳလုပ္ျခင္းျဖစ္ပါသည္။ MIA(ျမန္မာႏုိင္ငံစက္မွဳကုန္ထုတ္လုပ္သူမ်ား အသင္း)၊UMFCCI (ျမန္မာႏုိင္ငံကုန္သည္မ်ားႏွင့္စက္မွဳကုန္ထုတ္လုပ္သူမ်ားအသင္း)၊ MAMDA (ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္သူမ်ားႏွင့္ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္း)ႏွင့္ AGTI (ဂ်ီတီ အုိင္ေက်ာင္းသားေဟာင္းမ်ားအသင္း) တုိ႕ကလည္း အေထာက္အကူေပးထားပါသည္။