ဒီနေ့အတွက် ဖတ်စရာအဖြစ်တင်ဆက်ပေးမှာကတော့ ကားနဲ့ပတ်သက်ဆက်စပ်တဲ့အသုံးအနှုန်းတွေရဲ့ဆိုလိုရင်းအဓိပ္ပာယ်တွေပါ။ DRIVE Media ရဲ့ပရိသတ်တွေ လေ့လာမှတ်သားစရာတစ်ခုခုရနိုင်စေဖို့ ရည်ရွယ်ဖော်ပြပေးတာလိုက်တာဖြစ်ပါတယ်။ ဒီကဏ္ဍကို သောကြာနေ့တိုင်းမှာ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပါဦးလို့လည်း ကြိုတင်ဖိတ်ခေါ်လိုက်ပါရစေ။ ကားလောကထဲမှာ အသုံးများ၊ အသုံးတွင်ကျယ်နေတဲ့ အသုံးအနှုန်းတွေကို (A-Z အက္ခရာစဉ်အတိုင်း) အပတ်စဉ်ရွေးချယ်ဖော်ပြပေးသွားမှာပါ။ ဒီတစ်ပတ်အတွက်တော့ A နဲ့စတဲ့ အသုံးအနုှန်းတွေထဲက ၅ ခုရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကို စတင်ဖော်ပြပေးလိုက်ပါတယ်။
AWD
All Wheel Drive (AWD) ဆိုတာက မော်တော်ယာဉ်ရဲ့ဘီးတိုင်းဆီကို တစ်ချိန်လုံး ဒါမှမဟုတ် လိုအပ်လာချိန်မျိုးမှာ Power တွေပို့လွှတ်ထောက်ပံ့ပေးတဲ့စနစ်ကိုခေါ်တာပါ။ မြန်နှုန်းမြင့်နဲ့ မောင်းတဲ့အခါမျိုးမှာ ဘေးကင်းတည်ငြိမ်မှုအရှိဆုံးစနစ်ကိုပြပါဆိုရင်ေတာ့ အဲဒါက AWD ပါပဲ။
AWS
All Wheel Steering (AWS) ဆိုတာကတော့ အရှိန်များများနဲ့ချိုးကွေ့ရတာမျိးမှာအဆင်ပြေစေဖို့ Rear Wheel တွေကို Front Wheel တွေနဲ့ လားရာတူသွားအောင်ပြောင်းလဲပေးတဲ့စနစ်ကိုခေါ်တာဖြစ်ပါတယ်။ AWS နဲ့ ဆင်တူတဲ့ တခြားစနစ်တွေမှာကတော့ Low Speed Action ဒါမှမဟုတ် Parking ထိုးတာမျိုးအတွက် Rear Wheel တွေနဲ့ Front Wheel တွေကို လားရာခြင်းဆန့်ကျင်ဘက်ပြောင်းလဲပေးပါတယ်။
AFS
Active Front-lighting system (AFS) ကတော့ လမ်းအကွေ့အဝိုက်တွေမှာမောင်းတဲ့အချိန် Headlamp တွေကို ယာဉ်ချိုးကွေ့မှုလားရာအတိုင်း လိုက်ပါလှည့်ပြောင်းစေအောင်ဖန်တီးထားတဲ့စနစ်ပါ။ Steering Angle နဲ့ Vehicle Speed တို့ရဲစည်းဝါးကိုက်တွဲဖက်မှုအပေါ်အခြေပြုထားတဲ့ဒီစနစ်မှာ headlamp တွေလည်ပတ်ရမယ့်ဒီဂရီအတိုင်းအတာကိုတွက်ချက်ပေးမယ့် Computer Syetem တစ်ခုလည်းပါဝင်နေပါတယ်။ AFS နည်းပညာကို 1950 ကာလတွေတုန်းကကျော်ကြားခဲ့တဲ့ Citroen DS ကားမှာ ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။
ACC
Automatic Climate Control (အလိုအလျောက် အပူအအေးထိန်းညှိစနစ်) က ပြင်ပကအပူတွေဝင်ရောက်ခြင်းမဖြစ်ပေါ်စေဘဲ ယာဉ်မောင်းနှင်သူအလိုရှိတဲ့ ကားအတွင်းခန်းအပူချိန်အဆင့်တစ်ခုကို အလိုအလျောက်သတ်မှတ်ပေးတဲ့ လေအေးပေးစနစ်ဖြစ်ပါတယ်။ ဒီနေ့ခေတ်အသုံးပြုနေကြတဲ့ နည်းပညာမြင့် Climate Control System တွေမှာတော့ များပြားလှတဲ့အာရုံခံကိရိယာတွေပါဝင်နေပြီး ယာဉ်မောင်းသူအလိုရှိတဲ့အပူချိန်ပမာဏကို ထိန်းသိမ်းပေးထားဖို့ ပြင်ပအပူချိန်ပမာဏနဲ့ နေရောင်ခြည်ပြင်းအားပမာဏတွေကို တိုင်းတာမှတ်တမ်းတင်ထားတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါပြီ။
ACC
Adaptive Cruise Control (ACC) ဆိုတာက ယာဉ်ကို ရွေးချယ်သတ်မှတ်ထားတဲ့အရှိန်နှုန်းနဲ့ ထိန်းကျောင်းမောင်းနှင်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်က Laser or a radar sensor တွေရဲ့အကူအညီနဲ့ အလုပ်လုပ်တာပါ။ အရှေ့မှာသွားနေတဲ့ယာဉ်တွေရဲ့အမြန်နှုန်းကိုတွက်ချက်ပြီး မိမိယာဉ်ကို သင့်တော်တဲ့အကွာအဝေးကနေ စိတ်ချလက်ချလိုက်ပါမောင်းနှင်နိုင်ဖို့ Brake စနစ်ထိန်းချုပ်မှုနဲ့ engine power ကိုလျှော့ချမှုတွေကို အလိုအလျောက်ဆောင်ရွက်နိုင်ပါတယ်။ တချို့ ACC system တွေဆိုရင် ယာဉ်နဲ့ အရှေ့မှာရှိတဲ့အရာဝတ္ထုတစ်ခုခု ထိခိုက်မိလုနီးအခြေအနေကြုံတဲ့အခါမှာ (ယာဉ်မောင်းက ထိန်းချုပ်စရာမလိုဘဲ) ယာဉ်ကို ရုတ်ချည်းရပ်တန့်လိုက်နိုင်တဲ့လုပ်ဆောင်ချက်မျိုးတောင်ပါရှိနေပါပြီ။
AERODYNAMICS
အခုခေတ်ကားတွေမှာပါဝင်တဲ့ Aerodynamic (လေခွင်းအား) နည်းပညာဆိုတာဟာ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေဆီကနေ ဆင့်ပွား ပေါ်ထွက်လာခဲ့တာဖြစ်ပြီး Automotive Design အတွက်တော့ အတော်လေးကိုအရေးပါတဲ့နည်းပညာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားတစ်စီးကို မြန်နှုန်းမြှင့်မောင်းနှင်ချိန်ကြုံံရတဲ့ Fuel Consumption, Noise Level ဆိုင်ရာပြဿနာတွေနဲ့ Lift Force ဖြစ်ပေါ်လာမှုတွေကို လေခွင်းစနစ်က ပြေလည်စေနိုင်တာကြောင့်ပါပဲ။
မြန်နှုန်းမြှင့်မောင်းနှင်ချိန် Downforce (မြှင့်အား) ဖန်တီးထုတ်လုပ်ပေးနိုင်တဲ့ Aerodynamic Shape နဲ့ ခပ်နိမ့်နိမ့် ဒီဇိုင်း Drag Coefficient တို့အကြားက ဟန်ချက်ညီမျှမှုဟာ ကားရဲ့ခရီးရောက်နှုန်းနဲ့ Top Speed ကိုတိုးတက်စေပြီး Wind Noise Level ကိုလျော့ကျသွားစေနိုင်ပါတယ်။
စွမ်းဆောင်ရည်မြင့်ကားတွေမှာတော့ လမ်းပေါ်မှာတည်တည်ငြိမ်ငြိမ်မောင်းနှင်သွားနိုင်ဖို့နဲ့ Venturi Effect (Conduit တစ်ခုအတွင်းမှဖြတ်စီးသည့်အရည်က ၎င်း၏ ဖိအားပမာဏကို ၎င်း၏အမြန်နှုန်းနှင့်အညီ တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းရလဒ်) ဖန်တီးနိုင်ဖို့အတွက် အမျိုးမျိူးသော Spoiler တွေ, Integrated Bodykit တွေနဲ့ Diffuserတွေ ပါဝင်နေပါတယ်။
Ref: motor1
Thiha