ဒီနေ့အတွက်ဖတ်စရာအဖြစ်‌ေဖာ်ပြချင်တာက Auto Glossary ဆောင်းပါးအမှတ်စဉ် (၄) ပါ။ ကားနဲ့ပတ်သက်ဆက်စပ်တဲ့အသုံးအနှုန်းတွေရဲ့ဆိုလိုရင်းအဓိပ္ပာယ်‌ေတွအ‌ေကြာင်းကို DRIVE Myanmar ပရိသတ်တွေလေ့လာမှတ်သားထားနိုင်စေဖို့ ဒီဆောင်းပါးကဏ္ဍကို ပူံမှန်ဖော်ပြပေး‌သွားမှာဖြစ်ပါတယ်။ ကားလောကထဲမှာ အသုံးများ/အသုံးတွင်ကျယ်တဲ့ အသုံးအနှုန်းတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို (A-Zအက္ခရာစဉ်အတိုင်း) ရွေးချယ်‌ေဖာ်ပြ‌ေပး‌‌ေနတာဖြစ်ပြီး ဒီတစ်ပတ်အတွက်ကိုတော့ D list ထဲက စကားလုံး ၆ ခုကို ရွေးချယ်ဖော်ပြပေးထားပါတယ်။

DBC (Dynamic Brake Control)

Dynamic Brake Control (DBC) က အရေးပေါ်ဘရိတ်ဖမ်းရတဲ့အချိန်မှာ ဘရိတ်စွမ်းဆောင်ရည်တိုးလာစေတဲ့ Active Safety System တစ်မျိုးဖြစ်ပြီး BMW ကဖန်တီးထားတာပါ။ ဒီစနစ်မှာအသုံးပြုထားတဲ့ Sensor တွေက ယာဉ်မောင်းရဲ့ ဘရိတ်နင်းအားနဲ့မြန်နှုန်းကိုအာရုံခံတိုင်းတာပြီး ECU ထံ အချက်အလက်တွေပို့ပေးမှာဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေအရယာဉ်မောင်းက အရေးပေါ်ရပ်တန့်ချင်နေတယ်လို့ ECU က တွက်ချက်မိတာနဲ့ Brake Cylinder တွေဆီ အမြင့်ဆုံးဖိအားပမာဏသက်‌ေရာက်လိုက်ပြီး ယာဉ်ကို ခရီးတာတိုနိုင်သမျှတိုတိုအတွင်းမှာရပ်တန့်‌နိုင်‌ေအာင်‌ေဆာင်ရွက်‌ေပးမှာပါ။

DISC BRAKES

Disc brake တွေက‌ေတာ့ ကားအ‌ေတာ်များများမှာ‌ေတွ့နိုင်တဲ့ဘရိတ်စနစ်ပါ။ ဒီဘရိတ်စနစ်မျိုးမှာက Brake Caliper ကိုသုံးပြီး ဘီးနဲ့ခွတွဲထားကာ ဘီးနဲ့ လည်နှုန်းအတူတူလည်ပတ်နိုင်တဲ့ Disc တစ်ခုပါဝင်‌ေလ့ရှိပါတယ်။ Caliper မှာပါဝင်‌ေနတဲ့ Brake Pad တွေကို‌‌ေတာ့ အရှိန်လျှော့ချနိုင်ဖို့ သို့ ရပ်တန့်နိုင်ဖို့ Disc မျက်နှာပြင်နဲ့ မျက်နှာချင်းဆိုင် ထားတဲ့ piston ငယ်တွေက ထိန်းချုပ်ထားတာကို‌ေတွ့ရမှာပါ။ Drum Break တွေနဲ့ယှဥ်ကြည့်မယ်ဆိုရင် Disc Brake တွေက အပူချိန်မြင့်တဲ့၊ စိုစွတ်တဲ့အခြေအနေတွေမှာ စွမ်းဆောင်ရည်ပိုကောင်းနေတာ‌ေတွ့နိုင်သလို ပိုပြီးသေသပ်တဲ့ဒီဇိုင်းရှိနေတာကိုလည်း မြင်လာမှာဖြစ်ပါတယ်။

DOWNFORCE

Downforce ဆိုတာက High Speed နဲ့သွားနေတဲ့ယာဉ်တစ်စီးအပေါ် လေဖိအားသက်ရောက်လိုက်တဲ့အခါမှာ ယာဉ်ရဲ့တည်ငြိမ်မှုနဲ့ အဆွဲအရုန်းအားကို ပိုကောင်းမွန်သွားစေတဲ့ဖြစ်စဉ်မျိုးကို ဆိုလိုတာပါ။ Spoiler တွေတပ်ဆင်ထားခြင်းနဲ့ Aerodynamic Ground Effect တွေအသုံးပြုခြင်းတွေကတော့ Downforce ရရှိ‌ေအာင်လုပ်‌ေဆာင်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

DRL (Daytime Running Lights)

Daytime Running Lights (DRL) က ယာဉ်ကိုကွေ့ချိုးရတဲ့အခါမှာ မိမိယာဉ်ကို တခြားဘက်ကလာ‌ေနတဲ့ယာဉ်ရဲ့ယာဉ်မောင်းအနေနဲ့ ပိုပြီးမြင်သာထင်သာရှိစေဖို့ ‌ဒီဘက်ခေတ်ကားအများစုမှာ ထည့်သွင်းလာတဲ့ Feature သစ်တစ်ခုပါ။ ပုံမှန် Headlamp ကို‌ပိတ်ထားပြီးအလင်းအားလျှော့ထားတဲ့ သာမန် High-beam Headlamp တွေ ဒါမှမဟုတ် Low-beam Headlamp တွေဖွင့်ပြီး‌ေမာင်းတဲဲ့ Feature ဖြစ်ပါတယ်။

DRUM BRAKES

Drum Brake ဆိုတာက ဘီးနဲ့တွဲလျက်တပ်ဆင်ထားပြီး Drum တစ်ခုပုံစံမျိုးရှိတဲဲ့ ဘရိတ်ပြားဖြစ်ပါတယ်။ Drum ရဲ့အထဲမှာ‌တော့ Drum ရဲ့ အတွင်းသားနဲ့ထိအောင် အတွင်းပိုင်းကိုဖိကွေးထားတဲ့ brake shoe နှစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Break Pad တွေရဲ့ ထိကပ်‌ေနမှုက ယာဉ်ရဲ့ဘရိတ်ဖမ်းစနစ်လုပ်‌ေဆာင်နိုင်‌ေအာင်ထောက်ကူ‌ေပး‌ထားတာပါ။ Drum brake တွေက ရိုးရှင်းလွန်းပြီး အကျိုးသက်ရောက်နိုင်မှုများပြား‌ေပမဲ့လည်း အလေးချိန်များမှုနဲ့ စိုစွတ်တဲ့အခြေအနေတွေမှာအသုံးပြုရခက်ခဲမှု‌ေတွ‌ေကြာင့် ဒီဘက်ခေတ်ကားတွေမှာတော့ Drum Break ကို မတွေ့‌ရ‌ေတာ့သလောက်ပါပဲ။

DISPLACEMENT

Internal Combustion Engine တစ်လုံးရဲ့ (Displacement) ဆိုတာက Cylinder တွေထဲက Piston တွေရဲ့ စုစုပေါင်း Swept Volume ပမာဏပဲဖြစ်ပါတယ်။ ပိုပြီးတိတိကျကျပြောမယ်ဆို Piston ‌ေတွက Cylinder တွေနဲ့အတူ အ‌ထက် အောက် ရွေ့လျား‌ေနတာဖြစ်လို့ ပြီးပြည့်စုံတဲ့ Engine Cycle တစ်ခုအတွင်းမှာ Cylinder တွေကစုပ်ယူနိုင်တဲ့ လေနဲ့ လောင်စာအရောအနှောပမာဏစုစု‌ေပါင်း ကိုတွက်ချက်ပြီး Displacement အဖြစ် သတ်မှတ်‌ေဖာ်ပြလိုက်တာပါပဲ။ Engine Power Output, Fuel Efficiency တို့အပေါ် တိုက်ရိုက်အကျိုးသက်ရောက်နိုင်မှုကြောင့် Displacement က ကားတစ်စီးအတွက်အရေးကြီးအချက်ဖြစ်‌ေနပြီး တချို့နိုင်ငံတွေမှာဆိုရင် ယာဉ်အခွန်စည်းကြပ်မှုအတွက်အရေးပါတဲ့အချက်‌ေတာင်ဖြစ်‌ေနတာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ‌ေတာ့ Displacement ပမာဏကို liters (L), cubic centimeters (CC), cubic inches (CI) စတဲ့ယူနစ်အမျိုးမျိုးနဲ့ တိုင်းတာ‌သတ်မှတ်‌ကြပါတယ်။

Ref: motor1
Thiha