ဒီနေ့အတွက်ဖတ်စရာအဖြစ် တင်ဆက်ပေးချင်တာကတော့ ကားနဲ့ပတ်သက်ဆက်စပ်တဲ့အသုံးအနှုန်းတွေရဲ့ဆိုလိုရင်းအဓိပ္ပာယ်တွဖြစ်ပါတယ်။ DRIVE Myanmar ပရိသတ်တွေ လေ့လာမှတ်သားစရာတစ်ခုခုရသွားစေဖို့ ရည်ရွယ်ဖော်ပြပေးတာပါ။ ကားလောကထဲမှာ အသုံးများ/အသုံးတွင်ကျယ်တဲ့ အသုံးအနှုန်းတွေကို (A-Z အက္ခရာစဉ်အတိုင်း) ရွေးချယ်ပြီး အပတ်စဉ်ဖော်ပြပေးမှာဖြစ်ပြီး ဒီတစ်ပတ်အတွက် B နဲ့စတဲ့ အသုံးအနှုန်းတွေထဲက ၆ ခုရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကိုဖော်ပြပေးထားပါတယ်။

BAS (Brake Assist System)

ဘရိတ်အကူစနစ် (Brake Assist System) ဆိုတာက ကျဉ်းထဲကြပ်ထဲဖြစ်‌ေနတဲ့အခြေအ‌ေနအတွင်း ယာဉ်မောင်းသူအနေနဲ့ Brake Power ကောင်းကောင်းမသုံးနိုင်တဲ့အခါမျိုးမှာ Emergency Stopping Distance ကိုချုံ့ပြီး ယာဉ်ကိုရပ်တန့်ေပးနိုင်တဲ့စနစ်ပါ။ Brake ရဲ့လုပ်အားနှုန်းကို အမြင့်ဆုံး‌ဖြစ်‌ေအာင် အလိုအ‌ေလျာက်တိုးမြှင့်‌ေပးနိုင်စွမ်းရှိတဲ့ဒီစနစ်ကို‌ Mercedes-Benz က ဖန်တီးထားတာဖြစ်ပါတယ်။

Belt Force Limiter

Belt Force Limiter က ထိုင်ခုံခါးပတ်ခွေရဲ့ အတွင်းဘက်မှာရှိပြီး ‌Torsion Bar တစ်ခုပါဝင်‌တဲ့ပစ္စည်းတစ်ခုပါ။ ထိုင်ခုံခါးပတ်ကြိုးအပေါ်ကို သတ်မှတ်နှုန်းထားထက်ပိုတဲ့အားတစ်ခုသက်‌ေရာက်လာရင် Torsion Bar က ခါးပတ်ခွေရဲ့ Locking Effect ကို ထိန်းကျောင်းလျှော့ချပေးမှာပါ။ တစ်ခုခုနဲ့ တိုးတိုက်မိတာ ‌ဒါမှမဟုတ် ရုတ်တရက်ဘရိတ်ဖမ်းလိုက်တဲ့အခါမျိုးမှာ ထိုင်ခုံမှာထိုင်နေသူရဲ့ ရင်ဘတ်‌ေပါ် ရုတ်တရက်သက်‌ေရာက်လာမယ့်ဖိအားပမာဏကို အလိုအလျောက်ကန့်သတ်ပေးမှာလည်းဖြစ်ပါတယ်။

BEV (Battery Electric Vehicle)

Rechargeable Battery Pack တွေထဲမှာသိုလှောင်ထားတဲ့လျှပ်စစ်စွမ်းအင်ကို အသုံးပြုမောင်းနှင်ရတဲ့ကားမှန်သမျှက BEV (Battery Electric Vehicle) ဖြစ်ပါတယ်။

BHP (Brake Horsepower)

မြင်းကောင်ရေအားဘရိတ် (Brake Horsepower) ဆိုတာက Engine တစ်လုံးရဲ့ Horsepower ကိုတိုင်းတာတဲ့ ရှေး‌ေခတ်ဗြိတိသျှယူနစ်တစ်ခုဖြစ်ပြီး 1 Metric Horsepower 0.98 နဲ့ညီမျှပါတယ်။

Blind Sport Monitor

Blind spot monitor ကတော့ ယာဉ်မောင်းခုံဘက်ခြမ်း (သို့) ယာဉ်အနောက်ဘက်ခြမ်းမှာ လိုက်ပါလာတဲ့တခြားယာဉ်တွေကို ပုံမှန် Side Mirror တွေက‌တစ်ဆင့် ဒါမှမဟုတ် ယာဉ်မောင်းကိုယ်တိုင်ကကြည့်ဖို့ခက်ခဲတဲ့အခါ ကူညီပေးနိုင်မယ့်အာရုံခံစနစ်ဖြစ်ပါတယ်။

Brake Lockup

Brake Lockup ဆိုတဲ့အသုံးအနှုန်းကိုတော့ “ယာဉ်ရွေ့လျားနေဆဲအချိန်မှာ ဘီးလည်ပတ်မှုရပ်တန့်သွားတဲ့အ‌ေခြအ‌ေန လို့အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ ABS (Anti-lock Braking System) မပါဝင်တဲ့ယာဉ်တွေမှာတော့ အရေးပေါ်ရပ်တန့်လိုက်တဲ့အခါတိုင်း အဲဒီအခြေအနေမျိုးကို ကြုံရလေ့ရှိပါတယ်။

Ref: motor1
Thiha