ဒီနေ့အတွက်ဖတ်စရာအဖြစ်ေဖာ်ပြချင်တာက Auto Glossary ဆောင်းပါးအမှတ်စဉ် (၃) ပါ။ ကားနဲ့ပတ်သက်ဆက်စပ်တဲ့အသုံးအနှုန်းတွေရဲ့ဆိုလိုရင်းအဓိပ္ပာယ်ေတွအေကြာင်းကို DRIVE Myanmar ပရိသတ်တွေလေ့လာမှတ်သားထားနိုင်စေဖို့ ဒီဆောင်းပါးကဏ္ဍကို ပူံမှန်ဖော်ပြပေးသွားမှာပါ။ ကားလောကထဲမှာ အသုံးများ/အသုံးတွင်ကျယ်တဲ့ အသုံးအနှုန်းတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို (A-Zအက္ခရာစဉ်အတိုင်း) ရွေးချယ်ေဖာ်ပြေပးေနတာဖြစ်ပြီး ဒီတစ်ပတ်အတွက်ကိုတော့ C list ထဲက စကားလုံး ၆ ခုကို ရွေးချယ်ဖော်ပြပေးထားပါတယ်။
1. CAS (Collision Avoidance System)
CAS ဆိုတာက radar တွေ, cameraတွေ sensor ေတွရဲ့လုပ်ဆောင်ချက်နဲ့ အသုံးပြုပြီး ယာဉ်ရဲ့ တိုးတိိုကိထိခိုက်မိနိုင်ချေကို ထောက်လှမ်းပေးတဲ့စနစ်ပါ။ အန္တရာယ်တစ်ခုခုဖြစ်နိုင်ချေကိုထောက်လှမ်းမိတာနဲ့ ယာဉ်မောင်းသူကိုသတင်းပေးပို့မှာဖြစ်ပြီး ယာဉ်မောင်းဆီကနေ တုံ့ပြန်မှုတစ်ခုခုမရတဲ့အခါမျိုးမှာလည်း စတီယာရင်နဲ့ ဘရိတ်စနစ်တွေကို CAS က အလိုအလျောက်ထိန်းကျောင်းပြင်ဆင်မှုလုပ်ေပးမှာဖြစ်ပါတယ်။
2. CATS (Computer Active Technology Suspension)
Computer Active Technology System (CATS) ဆိုတာက ယာဉ်မောင်းနှင်မှုပုံစံနဲ့ လမ်းခရီးအေခြအေနေတွကို အာရုံခံအကဲဖြတ်ပေးတဲ့စနစ်ဖြစ်ပြီး Jaguar ကဖန်တီးထားတာပါ။ ဘီးတစ်ခုစီမှာရှိတဲ့ adaptive shock absorber တွေရဲ့အေခြအေနကို sensor တွေကရတဲ့အချက်အလက်တွေအရ ဘယ်လျြလုပ်ေဆာင်သင့်ေကြာင်းတွက်ချက်နိုင်စွမ်းရှိတဲ့ microprocessor တစ်ခုက ထိန်းညှိပေးမှာဖြစ်ပါတယ်။
3. CBC (Cornering Brake Control)
beအကွေ့အဝိုက်ပြုလုပ်ရာမှာ အဆင်ပြေပြေဘရိတ်ဖမ်းနိုင်စေဖို့ brake cylinder တွေထဲက ဖိအားအခြေအနေပုံမှန်ရှိအောင်ပြုပြင်ပေးတဲ့ CBC (Cornering Brake Control) စနစ်ကိုတော့ BMW engineer တွေဖန်တီးထားတာပါ။ ဘီးတစ်ဘီးချင်းစီရဲ့ rotational speed ကိုချိန်ဆဖို့အတွက် ABS sensor တွေကထောက်လှမ်းမှုပြုလုပ်ေပးမှာဖြစ်ပြီး ကွေ့နေချိန်ဘရိတ်ဖမ်းတဲ့အခါမှာ oversteer မဖြစ်အောင် CBC က ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။
4. CFRP (Carbon fiber reinforced plastic)
CFRP ဆိုတာကတော့ ပေါ့ပါးပြီး ကြံ့ခိုင်မှုမြင့်မားတဲ့ပလပ်စတစ်တစ်မျိုးပါ။ အားကစားပစ္စည်းထုတ်လုပ်ေရးနယ်ပယ်ကစလို့ aerospace engineering နယ်ပယ်ထိ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ပစ္စည်းလည်းဖြစ်ပါတယ်။ Auto industry မှာကတော့ ယာဉ်အလေးချိန်ကိုေလျှာ့ချမှုမှာ ယာဉ်ရဲ့ကြံ့ခိုင်မှုကိုလျော့မသွားေအာင်ဖန်တီးနိုင်ဖို့အတွက် CFRP ကိုအသုံးပြုေနကြပါတယ်။
5. Chassis
“Chassis” ဆိုတဲ့အသုံးက actual body တင်ထားတဲ့ကိုယ်ထည်ကြမ်း (structural frame) ကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဒါေပမဲ့ ဒီဆိုလိုရင်းက “body on frame” ယာဉ်မျိုးတွေအတွက်ပဲမှန်ကန်နိုင်မှာပါ။ unitized or “unibody” ဖွဲ့စည်းပုံရှိယာဉ်ေတွမှာဆိုရင် door, hoods, engine နဲ့ suspension element တွေကလွဲပြီး ကျန်အစိတ်အပိုင်းအားလုံးက chassis နဲ့ ဆက်စပ်ဖွဲ့စည်းတည်ရှိေနမှာဖြစ်ပါတယ်။
6. CROSSOVERCrossover ဆိုတာက (အနည်းဆုံး) ယာဉ်အမျိုးအစားနှစ်ခုရဲ့အဓိကဝိသေသလက္ခဏာတွေကို ပူးတွဲထည့်သွင်းဖန်တီးထားတဲ့ယာဥ်အမျိုးအစားတစ်ခုပါ။ ဒီနေ့ခေတ် Crossover အများစုမှာဆိုရင်တော့ Family ကားနဲ့ SUV တွေရဲ့ ဝိသေသေတွေပါင်းစပ်ပါဝင်ေနတာကိုေတွ့နိုင်ပါတယ်။
Ref: motor1
Thiha