Unicode version…
Auto Man ဟာOne Stopအပြင် Quick Servicesတွေကိုပါ အဓိကထားပြီးဝန်ဆောင်မှုပေးနေတဲ့ Service Centreတစ်ခုဖြစ်တဲ့အပြင် ၂၀၁၅ခုနှစ်ထဲက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးအခုဆိုရင် ဆိုင်ခွဲတွေထပ်မံဖွင့်လှစ်ကာ Customerအပေါ်အကောင်းဆုံးသော နည်းပညာတွေနဲ့ဝန်ဆောင်မှုပေးနေပါတယ်။
၀န်ဆောင်မှုပေးခြင်း
လက်ရှိမှာဆိုရင် ဆိုင်ခွဲအသစ်ဖွင့်ပြီးတဲ့နောက်မှာအရင်ကမလုပ်ပေးနိုင်တဲ့ ကားအင်ဂျင်ကိုင်တာ တွေနဲ့ဆေး ဘော်ဒီထုတာရော ဆေးမှုတ်တဲ့ အပိုင်းတွေကိုပါ တွဲပြီးလုပ်ပေးလာနိုင်တယ်။ ဆေးပေါင်းခန်းတွေက အစတခြားကိုသွားစရာမလိုဘဲအဆင်သင့်ရှိတယ်။အဲ့လိုကျတော့အရင်ထက်ပိုပြီးအဆင်ပြေတဲ့အပြင်Customerအတွက်လဲအချိန်ကုန်သက်သာပြီး အဆင်ပြေစေပါတယ်။ အဲဒါတွေအပြင်ထပ်တိုးပြီး ၀န်ဆောင်မှုတွေ လုပ်ဖို့ကိုုလည်းIKBZနဲ့ချိတ်ဆက်ဆောင်ရွက်ပေးဖို့ရှိပြီးအဲဒါတွေအပြင်နောက်ထပ်လည်း CBTလို့ခေါ်တဲ့ (Car,Bus,Truck)၀န်ဆောင်မှုလေးကိုဆိုင်ခွဲသစ်တွေထပ်ဖွင့်ပြီးလုပ်ပေးဖို့ရှိနေပါတယ။် အဲ့ဒါအတွက်ကိုလည်း ရန်ကုန်အမှတ်၃လမ်းမပေါ်နဲ့မြဝတီ အာရှလမ်းမပေါ်မှာလည်းဆိုင်ခွဲတည်ဆောက်နေပြီး အဲဒီမှာဆိုရင် ကားကြီး၊ ကားလတ်၊ကားသေးတွေအပြင် Bus ကားနဲ့ Truck ကားတွေကိုလည်းဝန်ဆောင်မှုပေး နိုင်ဖို့ ရည်ရွှယ်ပြီး လုပ်ဆောင်တာလို့သိရပါတယ်။ အဲဒါတွေအပြင် လာပြင်တဲ့ကားတွေ အဆင်ပြေနိုင် ဖို့နဲ့ အကောင်း ဆုံးဖြစ်ဖို့ ကိုအကောင်းဆုံးသောစက်အပိုပစ္စည်းတွေနဲ့ပြုပြင်ပေးနေပြီး ရေဆေးတဲ့အခါမှာလည်း ဥရောပကထုတ်လုပ်ပြီး ကိုယ်တိုင်တင်သွင်းထားတဲ့ K2လို့ခေါ်တဲ့ ရေမွှေးခဲ ဆပ်ပြာပေါ်လစ်နဲ့ ၀န်ဆောင်မှု ပေးနေပါတယ်။ အားသာချက်အနေနဲ့ကတော့ကိုယ်တိုင်တင်သွင်းတာကြောင့် တခြား ဆပ်ပြာခဲ တွေနဲ့မတူဘဲ ပိုပြီးတောက်ပြောင်စေပါတယ်။ အဲဒါတွေအပြင်ဘေးထွက်ဆိုးကျိုးမရှ်ိဘဲ သုံးစွဲသူတွေကိုလည်းထိခိုက်မှု မရှိစေပါဘူး ။
ဥရောပနဲ့ဂျပန်ကတင်သွင်းလာတဲ့ကားတွေရဲ့ကွာခြားချက်
ဥရောပကတင်သွင်းလာတဲ့ကားတွေအနေနဲ့ကနည်းပညာပိုမြင့်သလို ပြင်ရတာလဲနည်းနည်းပိုပြီး ခက်ခဲတယ် လို့သိရပါတယ်။ပစ္စည်းတစ်ခုမကောင်းရင်တချို့ကတစ်စုံလုံးလဲပစ်မှအဆင်ပြေနိုင်ပါတယ်။ အဲဒီလို မဟုတ်ပဲ ပုံမှန်အတိုင်းပြင်မယ်ဆိုပါကမူလလောက်ကောင်းနိုင်မည်မဟုတ်ပါဘူး။ဒါကြောင့်ဂျပန်ကားနဲ့ဥရောပကားတွေ ရဲ့ကွာခြားမှုဟာသိသာမှုတွေရှိတာကြောင့် ပြန်လည်ပြင်ဆင်ရတဲ့အပိုင်းတွေမှာလည်း ကွာခြားမှုရှိစေပါတယ်။ ဂျပန်ကားကျတော့ ဥရောပကားလိုမဟုတ်တော့ဘဲ ကားဘီးဆိုလည်းတစ်ဖက်ပျက်သွားရင်အဲ့ဒီ တစ်ဖက်ကိုပဲလဲလိုက်လို့ အဆင်ပြေနိုင်တယ်။ ဒါကြောင့်ကားဘီးကိုဥရောပကားတွေအနေနဲ့ ဘယ်တစ်ဖက် တည်းမကောင်းရင်လဲ ညာဖက်ပါ လဲမှအဆင််ပြေ တာပါလို့ Automan မှဆိုပါတယ်။အဲ့လိုမှမဟုတ်ရင် သူ့ဆင်ဆာနဲ့မညီတော့ဘဲ ဖြစ်သွားနိုင်လို့ ဥရောပကား တွေကပြင်ရတာက ဂျပန်ကားလောက်တော့လွယ်ကူမှုမရှိဘဲ ကုန်ကျစရိတ် များတယ်လို့ သိရပါတယ်။ ကားကြံ့ခိုင်နေဖို့အတွက် Auto Manအနေနဲ့အမြဲတာဝန်ယူနိုင်ပြီး Customerတွေအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ Auto Manကိုအပ်နှံပါလို့ဒီနေရာကနေအကြံပြုလိုက်ချင်ပါတယ်။
Zawgyi version..
ဝန်ဆောင်မှုပေးခြင်း