Unicode version…
Automakers အများစုတွင် ၄င်းတို့၏ Model များအား တခါတရံ Special Edition အမည်ဖြင့် ထုတ်လုပ်လေ့ရှိပါသည်။ဥပမာ – Ford ၏ Ford Explorer ကား၏ Eddie Bauer Edition သည် 1990 ခု ၀န်းကျင်တွင် အလွန်ကျော်ကြားခဲ့ပါသည်။ ထို့ကဲ့သို့ Special Edition အမည်ဖြင့် ထုတ်လုပ်မှုများအား ကားကုမ္ပဏီများမှ အဘယ့်ကြောင့် ဖန်တီးရခြင်းနှင့် ၄င်းတို့၏ ရည်ရွယ်ချက်များသည် စိတ်ဝင်စားဖွယ် ကောင်းပါသည်။
Automakers အများစုသည် ၄င်းတို့ထုတ်လုပ်သောကားများအား ပုံစံအသစ်သို့ မပြောင်းလဲမီ အခြားသော ပြိုင်ဖက်များမှ All-New Models များ ပြောင်းလဲခဲ့ပါက မိမိတို့ထုတ်လုပ်သည့်ကားများအား Special Edition အနေဖြင့် ထုတ်လုပ်လေ့ရှိပါသည်။ ဥပမာ (A)သည် 2000-2007 အတွင်း မျိုးဆက် သတ်မှတ်ထားသော်လည်း ၄င်း၏ပြိုင်ဖက် (B)သည် 2000-2006 မျိုးဆက်သတ်မှတ်ပြီး 2007တွင် All-New Model အနေဖြင့် အလုံးစုံ အသစ်ပြောင်းလဲခဲ့ပါက (A)အား ၄င်း၏ကုမ္ပဏီမှ 2007 ခုနှစ်အတွက် Special Edition A အနေဖြင့် ထုတ်လုပ်မည်ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် A ၏စျေးကွက်ဝေစုအား အထိုက်အလျောက် ထိန်းပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် အခြားသောအချက်မှာ Automakers များသည် ၄င်းတို့၏ ကားများ ၌ Upgraded ထည့်သွင်းထားသည်ပါ၀င်မှုများအား အပိုဆောင်းမှာယူသည့်စနစ် ကိုအသုံးမပြုဘဲ (Special Edition) အမည်သတ်မှတ်၍ အဆိုပါပစ္စည်းအားလုံးကို Standard အနေဖြင့်သတ်မှတ်ကာ ပုံမှတ်ထက်မြင့်သည့် စျေးနှုန်းဖြင့် ရောင်းချသည့်အချက်ပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် Honda Accord Special Edition နှင့် Jeep Wrangler ၏ Myriad Special Edition တို့ပင်ဖြစ်ကြပါသည်။
Zawgyi verison…
Automakers အမ်ားစုတြင္ ၄င္းတို႕၏ Model မ်ားအား တခါတရံ Special Edition အမည္ျဖင့္ ထုတ္လုပ္ေလ့ရွိပါသည္။ဥပမာ – Ford ၏ Ford Explorer ကား၏ Eddie Bauer Edition သည္ 1990 ခု ၀န္းက်င္တြင္ အလြန္ေက်ာ္ၾကားခဲ့ပါသည္။ ထို႕ကဲ့သို႕ Special Edition အမည္ျဖင့္ ထုတ္လုပ္မႈမ်ားအား ကားကုမၸဏီမ်ားမွ အဘယ့္ေၾကာင့္ ဖန္တီးရျခင္းႏွင့္ ၄င္းတို႕၏ ရည္ရြယ္ခ်က္မ်ားသည္ စိတ္၀င္စားဖြယ္ ေကာင္းပါသည္။
Automakers အမ်ားစုသည္ ၄င္းတို႕ထုတ္လုပ္ေသာကားမ်ားအား ပံုစံအသစ္သို႕ မေျပာင္းလဲမီ အျခားေသာ ၿပိဳင္ဖက္မ်ားမွ All-New Models မ်ား ေျပာင္းလဲခဲ့ပါက မိမိတို႕ထုတ္လုပ္သည့္ကားမ်ားအား Special Edition အေနျဖင့္ ထုတ္လုပ္ေလ့႐ွိပါသည္။ ဥပမာ (A)သည္ 2000-2007 အတြင္း မ်ိဳးဆက္ သတ္မွတ္ထားေသာ္လည္း ၄င္း၏ၿပိဳင္ဖက္ (B)သည္ 2000-2006 မ်ိဳးဆက္သတ္မွတ္ၿပီး 2007တြင္ All-New Model အေနျဖင့္ အလုံးစံု အသစ္ေျပာင္းလဲခဲ့ပါက (A)အား ၄င္း၏ကုမၸဏီမွ 2007 ခုႏွစ္အတြက္ Special Edition A အေနျဖင့္ ထုတ္လုပ္မည္ျဖစ္ပါသည္။ ထိုသို႕ ျပဳလုပ္ျခင္းျဖင့္ A ၏ေစ်းကြက္ေ၀စုအား အထိုက္အေလ်ာက္ ထိန္းေပးႏိုင္မည္ ျဖစ္ပါသည္။
ထို႕အျပင္ အျခားေသာအခ်က္မွာ Automakers မ်ားသည္ ၄င္းတို႕၏ ကားမ်ား ၌ Upgraded ထည့္သြင္းထားသည္ပါ၀င္မႈမ်ားအား အပိုေဆာင္းမွာယူသည့္စနစ္ ကိုအသံုးမျပဳဘဲ (Special Edition) အမည္သတ္မွတ္၍ အဆိုပါပစၥည္းအားလံုးကို Standard အေနျဖင့္သတ္မွတ္ကာ ပံုမွတ္ထက္ျမင့္သည့္ ေစ်းႏႈန္းျဖင့္ ေရာင္းခ်သည့္အခ်က္ပင္ ျဖစ္ပါသည္။ ဥပမာအားျဖင့္ Honda Accord Special Edition ႏွင့္ Jeep Wrangler ၏ Myriad Special Edition တို႕ပင္ျဖစ္ၾကပါသည္။