Unicode version…
Automotive Trends ခေါ် မော်တော်ယာဉ်များ၏ဦးတည်ချက်များသည် နှစ်စဉ် ပြောင်းလဲလျှက်ရှိပါ သည်။လူသားတို့၏ စဉ်ဆက်မပြတ်တိုးတက်တီထွင်လာမှုများအပေါ် မူတည်ကာ လူကြိုက်များသည့် မော်တော်ယာဉ်ကဏ္ဍသည် အမြဲပင်လျှင်မြန်စွာ ပြောင်းလဲနေပါသည်။ယခု 2017 အတွက် Automotive Trends များအနေဖြင့် နည်းပညာနှင့် ဇိမ်ခံပစ္စည်းများစွာကို အခြေခံပြီး လူသားတို့သည် ယာဉ်များအား ဒုတိယအိမ်အဖြစ် သဘောထားမှုလည်း ပိုမိုလာပါသည်။ထို့အတူ ၄င်းတို့၏ လိုအပ်မှုအများဆုံး (Trends) များအား ယေဘူယျအားဖြင့် အောက်ပါအတိုင်းသတ်မှတ်နိုင်ပါသည်။
Rooftop Tents (2017)အတွက် ထင်ရှားသည့် (Trend)တစ်ခုမှာ လူအများ၏ ခရီးဝေးအသုံးပြုမှုများ ကျယ်ပြန့်လာ၍ (Tents -ရွက်ဖျင်တဲများ) အပါအဝင် အမိုးကိုင်းများတွင် ပစ္စည်းများစွာတင်ဆောင်နိုင်သည့် ကားများအားနှစ်သက်လာကြပါသည်။ထို့ကြောင့် Automakers အများစုမှ သက်တောင့်သက်သာနှင့် သယ်ဆောင်ရလွယ်သည့် Elements များအများအပြားတင်ဆောင်နိုင်မည့် ယာဉ်များကို ပိုမိုထုတ်လုပ်လာကြ ပါသည်။ကားအများစုတွင်လည်း အမိုးကိုင်းများ၊ ချိတ်များစသည့် ပါ၀င်မှုများလည်းယခင်ကထက်ပိုမိုတပ်ဆင် လာ ကြပါသည်။
2017 အတွက် အခြားသောလူသုံးများသည့် Trend တစ်ခုမှ ကားများတွင် မပါမဖြစ် (In- Vehicle Wi-Fi Hotspots) များဖြစ်ကြပါသည်။ Wi-Fi Hotspots အားလွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်မှစတင်ကာ Brands အချို့တွင် ထည့်သွင်းခဲ့သော်လည်း ယခု 2017တွင် Automakers အများစုမှ ကယ်ပြန့်စွာအသုံး ပြုလာပါသည်။ခေတ်ရေစီးကြောင်း ပြောင်းလဲမှုအနေဖြင့် ခရီးသည်အများစုသည် (Battery-Power) ကို အခြေခံသည့် အဆိုပါ Unit များအား ခရီးနီး / ဝေး သွားလာရာတွင် စိတ်အပန်းဖြေသည့် ဖျော်ဖြေမှုအတွက် နှင့် သတင်းအချက်အလက်များအား အထူးလွယ်ကူစွာရရှိနိုင်သည့် အချက်များကြောင့် နှစ်သက်စွာ အသုံးပြုလာကြခြင်းဖြစ်ပါသည်။
Zawgyi version