Mitsubishi ၏ နာမည်ကျော် Eclipse Cross သည် ပြောင်းလဲမှုအချို့ဖြင့် 2023 Model Year အတွက် ထွက်ရှိလာပါသည်။ ၎င်းတွင် AWD System သည် Line up အားလုံးတွင် Standard ပါဝင်မည်ဖြစ်ကာ ဈေးနှုန်းအနေဖြင့် ( USD 27300 ) ခန့်မှ စတင်ကာ ( U.S.A ) တွင် ရောင်းချပါမည်။ 2023 Eclipse Cross တွင် ( 1.5 L Turbo I4 Engine ) ၊ ( 152 hp ) ဓာတ်ဆီအင်ဂျင် နှင့် ( CVT Auto Gear ) တို့ ပေါင်းစပ်ထား ပါသည်။ ထို့အပြင်ထူးခြားမှု အနေဖြင့် – Mitsubishi ၏ Super AWD Control System အား Lineup အားလုံးတွင် Standard ထည့်သွင်းပေးထားပြီး ၎င်းစနစ်တွင် S – AWC ၊ Antilock Brakes ၊ Adaptive Stability Control ၊ ကားအကွေ့တွင် ယာဉ်ကိုတည်ငြိမ်စေရန် ကူညီပေး သည့် Active Yaw Control စသည့် စနစ်များကိုလည်း ပေါင်းစပ်ပေးထားပါမည်။

ကား၏ အပြင်ဖက်နှင့် အတွင်းခန်းဒီဇိုင်းနှင့် အခင်းအကျင်းတို့သည် 2022 Model နှင့် အများအားဖြင့် တူညီမည်ဖြစ်သော်လည်း 2023 Model တွင် New LED Headlight Design နှင့် New Fog light Design တို့အား အသစ်ပြောင်းလဲ ထားပြီး Standard အနေဖြင့် ထည့်သွင်းပေးထား ပါသည်။ ထို့အတူ – New 18 – inch Alloy ၊ Body – Colored Lower Side Trim ၊ Sliver Front Bumper Garnish ၊ စသည့် Features များ အသစ်ပါဝင် လာပါသည်။

2023 Eclipse Cross တွင် SE SEL ၊ စသည့် Trim Level များပါဝင်မည်ဖြစ်ပြီး Mitsubishi သည် Compact Crossover ဖြစ်သည့် 2023 Eclipse Cross တွင် ခေတ်မှီ လုံခြုံရေးစနစ်များစွာ ထည့်သွင်းပေးထားကာ – Forward Collision Mitigation ၊ လမ်းသွားလမ်းလာများ အား သိရှိ ထောက်လှမ်းခြင်းစနစ် ၊ Lane Chang Assist ၊ RCTA ၊ စသည့် Features များစွာ ပေါင်းစပ်ထည့်သွင်း ပေးထားပါသည်။

#DriveMediaMyanmar