Unicode Version…

ရန်ကုန် ၊စက်တင်ဘာလ ၂၁၊ ၂၀၁၈ – ဆူဇူကီး(မြန်မာ)မော်တာကုမ္ပဏီလီမိတက်သည် ဧရာဝတီဘဏ်နှင့်ပူးပေါင်းကာ အလားအလာရှိသော ဖောက်သည်များအတွက် (၇)နှစ် ကားအရစ်ကျပေးချေမှု ‘AYA Super Suzuki Finance’ အစီအစဉ်ကို စက်တင်ဘာလ (၂၅)ရက်နေ့ မှ စတင်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

‘AYA Super Suzuki Finance’ အစီအစဉ်သည် ဆူဇူကီး၏ ကားများဖြစ်ကြသည့် ဆီဒင်ကား ‘Suzuki Ciaz’ နှင့် (၇)ယောက်စီး ခုံသုံးတန်းပါ ‘Suzuki ERTIGA’ တို့ကို ပိုမိုလွယ်ကူ အဆင်ပြေစွာ ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်သည်။

‘AYA Super Suzuki Finance’ အစီအစဉ်အရ မော်တော်ကား တန်ဖိုး၏(၂၅)ရာခိုင်နှုန်း လက်ငင်းပေးချမှုအတွက် အရစ်ကျပေးချေမှုကာလ အများဆုံး(၇)နှစ်အထိ ပေးထားသည်။ ဖြည့်စွက်မှုအနေဖြင့် ကနဦးလက်ငင်းငွေပေးချေမှု(၂၀)ရာခိုင်နှုန်းဖြင့် အရစ်ကျပေးချေမှု ကာလ(၅)နှစ်မှ စတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်မှတစ်ဆင့် ဝယ်ယူသူများအနေဖြင့် အခြားဝန်ဆောင်ခနှင့် အရောင်းကော်မရှင်ခများ ပေးဆောင်ရန် မလိုအပ်ဟုလည်း သိရသည်။

“Suzuki နှင့် ပူးပေါင်းဆောင်ရွက်တဲ့ ယခု အရောင်းမြှင့်တင်ရေး အစီအစဉ်ကတော့ ကျွန်တော်တို့ ပုံမှန်ဆောင်ရွက်ပေးနေကျ (၅) နှစ်အရစ်ကျစနစ်ကို ထပ်မံပြီး (၇)နှစ်အထိ အရစ်ကျပေးနိုင်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်က သုံးစွဲသူများအတွက် Suzuki ကားအသစ်များကို ဝယ်ယူရာတွင် ပိုမိုလွယ်ကူသက်သာစွာ ပိုင်ဆိုင်နိုင်မည့် အစီအစဉ်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ် ဟု AYA Bank မှ Managing Director ဖြစ်သူ ဦးမြင့်ဇော်က ပြောကြားခဲ့ပါသည်။

“ဒီအစီအစဉ်ဟာ ကွဲပြားခြားနားတဲ့ရွေးချယ်မှုတွေနဲ့ ဆူဇူကီးကား ဝယ်မယ့်သူတွေအတွက် လွယ်ကူသက်သာစေပါတယ်။နောက် ဒီအစီအစဉ်ကနေ ကားဝယ်ယူသူအနေနဲ့ အရစ်ကျ ပေးချေမှုကာလကို(၇)နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်”ဟု ဆူဇူကီး(မြန်မာ) မော်တာကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Keiichi Asano က ပြောကြားသည်။

“ဧရာဝတီဘဏ်နဲ့အတူ ပူးပေါင်းမိတ်ဆက်တဲ့ ဒီအစီအစဉ်ကနေ ဆူဇူကီးကား ဝယ်ယူမယ့် ဖောက်သည်တွေကို ယုံကြည်စိတ်ချခြင်းနဲ့ အဆင်ပြေချောမွေ့တဲ့ အရစ်ကျပေးချေမှု စနစ်ကို ခံစားသိရှိစေခြင်းအားဖြင့် ဝယ်ယူမယ့်ပြည်သူတွေအတွက် အဆင်ပြေဆုံး ဈေနှုန်းနဲ့ လွယ်ကူသက်သာတဲ့ ငွေပေးချေမှုစနစ်တွေနဲ့ စီစဉ်ပေးထားပါတယ်”ဟု Mr. Asano ကဆက် ပြောသည်။
Source:AYA Bank

Zawgyi Version…

Suzuki နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းကာ(၇)နှစ် ကားအရစ်ကျပေးချေမှုအစီအစဉ်ကို မိတ်ဆက်






Source:AYA Bank