Unicode version…
ကမ္ဘာ့နိုင်ငံအများစုက ပြိုင်ကား ချစ်သူတွေ အံ့အားသင့်စေမယ့် လုပ်ဆောင်ချက်တွေနဲ့အတူ အလွန် အမင်းထင်ပေါ်ကျော်ကြားလာတဲ့ ကားတစ်စီးကတော့ BAC ကုမ္ပဏီရဲ့ Mono Carbon Race Care ပဲဖြစ်ပါ တယ်။ အခုလက်ရှိအချိန်မှာ စိတ်လှုပ်ရှားဖို့အကောင်း ဆုံးကားတစ်စီးအဖြစ် ပြိုင်ဘက်ကင်းစွာရပ်တည်နေပါ တယ်။ Mclaren P1 ကားရဲ့ စွမ်းဆောင်ရည်နဲ့တူညီတဲ့ တတိယမြောက်ပါ၀ါကားဖြစ်ပြီး စျေးနှုန်းလည်း သိပ်မများ ပါဘူး။ ယုံကြည်စရာအချက်အဖြစ် အဓိကရှိနေတာက တော့ Mono Carbon ကားက လမ်းမပေါ်မှာ မောင်း နှင်ခွင့်ကို ဥပဒေအရ တရားဝင်ရရှိထားခဲ့တာပါပဲ။
BAC ရဲ့ Mono Carbon ကားမှာ ထိုင်ခုံတစ်ခု သာပါရှိတဲ့အတွက် Mono လို့ အမည်ပေးခဲ့တာပါ။ အမိုးနဲ့ Windscreens လေကာမှန်လည်း မပါ၀င်ပါဘူး။ ဒီကားကို သင်ကိုယ်တိုင် တစ်ဦးတည်းမောင်းနေချိန်မှာ သင့်ရဲ့ ဇနီး (သို့) သူငယ်ချင်းတွေက သင့်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စိတ်ပိုပြီး ပြောဆိုခံနေရာမှာကို လုံးဝတွေးတော ပူပန်နေစရာ လိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကား ရဲ့ ဒီဇိုင်းကို သင်တွေ့မြင်ချိန်မှာ သဘောပေါက် နားလည်သွားမှာပါ။ ပြိုင်ကားကို မိမိကိုယ်တိုင် တစ်ဦးတည်း မောင်းပြီး အားပါးတရ စိတ်လွတ်ကိုယ်လွတ်ရင်ဖိုချင်ကြတဲ့ စိတ်အား ထက်သန်မှုနဲ့ ဆန္ဒပြင်းပျနေသူ ယာဉ်မောင်း တွေအတွက် အထူးသီးသန့်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
သင်ကားမောင်းသွားချိန်မှာ ကားကို လူတိုင်းရဲ့ စိတ်ဝင်စားမှုနဲ့ အလေးဂရုပြုမှုတွေကို ရရှိနိုင်မှာဖြစ်ပြီး သင့်ရဲ့လှုပ်ရှားမှုတွေ အားလုံးကို ပွဲကြည့်ပရိတ်သတ် သဖွယ်စောင့်ပြီး ငေးမောကြည့်ခြင်းကိုခံရမှာ ဧကန်မလွဲပါပဲ။
BAC ရဲ့ အမည် အပြည့်အစုံကတော့ Briggs Auto Company ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ အခြေစိုက်ထား တဲ့ကား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပါတယ်။ ဗြိတိသျှ လူမျိုး Automotive အင်ဂျင်နီယာနဲ့ ဒီဇိုင်နာတွေဖြစ်ကြ တဲ့ Ian နဲ့ Neil Briggs တို့က 2009 ခုနှစ် UK မှာ ကျင်းပ ပြုလုပ်တဲ့ Liverpool ကားပြိုင်ပွဲအတွက် ပြိုင်ကား တွေကို ထုတ်လုပ်လာခဲ့ကြတာပါ။ “Pure Single – Seat driving experience” ကို ရရှိနိုင်မယ့် ပြိုင်ကားမျိုးကို ထုတ်လုပ်ဖို့ ဦးတည်ချက်ထားရှိခဲ့ကြပြီး အခုအချိန်မှာ တော့ သူတို့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ခဲ့ကြပါပြီ။ ပထမဦးဆုံး model အဖြစ်လမ်းပေါ်မှာ တရားဝင်မောင်းနှင်ခွင့်ရှိပြီး ထိုင်ခုံ တစ်လုံးတည်း သာပါရှိတဲ့ ပြိုင်ကားတွေအတွက် အမှာစာ လက်ခံဖို့ အသင့်ဖြစ် နေပါပြီ။
ကားရဲ့ ထိုင်ခုံက အလယ်မှာထားရှိပြီး အင်ဂျင်ကို တော့ လူထိုင်နေတဲ့နေရာရဲ့ နောက်ဖက်တည့်တည့် မှာ ထားရှိပါတယ်။ လမ်းရဲ့အလယ်မှာထိုင်နေရသလိုမျိုး ပိုမို ကောင်းမွန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ယာဉ်ကို ထိန်းချုပ်မှုလုပ်ဆောင်ရာမှာ ပိုပြီးအဆင့်မြင့်မြင့် လုပ် ဆောင်သွားနိုင်ဖို့ မျက်နှာဖုံးစွတ် helmet ကို ဆောင်း ထားရမှာပါ။ ဘေးကင်းလုံခြံုမှု ရှိစေဖို့နဲ့ ယာဉ်ကို စနစ် တကျ မောင်းနှင်သွားနိုင်ဖို့ ဖြစ်ပါတယ်။ ခေါင်းစွပ်ကို ချွတ် ပြီး မောင်းမယ် ဆိုရင်လည်း သက်သောင့်သက်သာမောင်း နှင်သွားနိုင်မယ့် အခွင့်အရေးရှိပြီး ယာဉ်မောင်းကို နှောင့် ယှက်တားဆီး မယ့်သူမရှိနိုင်ပါဘူး။ Mono ကားက လမ်း ပေါ်မှာ မောင်းနှင်ဖို့ တရားဝင်ခွင့်ပြုချက်ရရှိထားလို့ပါပဲ။ (နိုင်ငံခြားတိုင်းပြည်များတွင်ဖြစ်သည်)
ခေတ်မီတဲ့အဆင့်မြင့် Supercars တွေရဲ့ မြင်း ကောင်ရေအား Figures တွေကိုလေ့လာကြည့်မယ်ဆိုရင် မကြာသေးတဲ့ နှစ်အပိုင်းအခြားတွေမှာ north of 1,000 bhp ရှိတာကိုတွေ့ရပါတယ်။ BAC အနေနဲ့ လွန်ကဲတဲ့ လုပ်ဆောင်ချက်မျိုးကို မပါရှိစေဘဲ ကားရဲ့ကိုယ်ထည် အလေးချိန်ကို လျော့ချပြီး အရှိန်နှုန်း မြန်ဆန်စေမှုကို မြှင့်တင်ခဲ့ တာပါ။ Mono ရဲ့ပါ၀ါထွက်ရှိမှုက မြင်းကောင်ရေ 280bhp နဲ့ရုန်းအား 227lb-ft ဖြစ်ပြီး Four-cylinder 2.5 litre Duratech engine ကို တပ်ဆင်ထား ပါတယ်။
BAC ရဲ့ အဓိကသော့ချက်ကတော့ ပါ၀ါနဲ့ အလေး ချိန် အချိုးကျမှုကို ဦးတည်ထားခဲ့တာပါ။ ယာဉ်ရဲ့ အလေး ချိန်ပိုမိုပေါ့ပါးခြင်းက Speed ကို ပိုမိုမြင့်မားလာ စေပြီး ပါ၀ါကိုတော့ နည်းနည်းသာအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Mono ကားရဲ့ အလေးချိန်ကို 540 kg မျှသာ ထားရှိခဲ့ခြင်းဖြစ်ပါတယ်။မြင်းကောင်ရေ 280 bhp ထွက်ရှိ မှုက အဆင်ပြေမျှတစေပါတယ်။
Mono ကားက 0-100 Km/h ကို 2.8 စက္ကန့်နဲ့ အရောက် မောင်းသွားနိုင်ပါလိမ့်မယ်။ Top Speed က တော့ 274 Km/h ဖြစ်ပါတယ်။ အလေးချိန်ပေါ့ပါးမှု ကြောင့် Speed မြန်လာခြင်းသာမကပဲ ထောင့်ချိုးကွေ့ နေရာတွေကို ကိုင်တွယ်မောင်းနှင့်ချိန်မှာလည်း ယာဉ်ကို ထိန်းကျောင်းဖို့ ပိုမိုလွယ်ကူပြီး အကျိုးရှိစေပါတယ်။ ယာဉ်ကို လျင်မြန်စွာရွေ့လျားစေဖို့ ပေါ့ပါးတဲ့ တာယာ တွေကိုသာ ရွေးချယ်တပ်ဆင်ထားခဲ့ပါတယ်။ Supension စနစ်ကို F-class ပြိုင်ကားကနေ ပုံစံယူ လုပ်ဆောင် ခဲ့တာဖြစ်ပြီး double wishbone pushrods စနစ်ကို အသုံးပြုပြီး အောက်ခံထည်ကို စတီးလ်ပိုက်လုံး တွေ နဲ့ချိတ်ဆက် တည်ဆောက်ထားတာဖြစ်ပါတယ်။ လမ်း မျက်နှာပြင်မှာ ယာဉ်မောင်းစဉ် ပြုတ်ထွက်မှာကို စိုးရိမ် ဖို့မလိုပါဘူး။ မြဲမြံခိုင်ခန့်မှုရှိလို့ ဘေးကင်းလုံခြံုမှု အတွက် စိတ်ချရစေမှာပါ။
Formula 3 ပြိုင်ကားတွေမှာ တပ်ဆင်လေ့ရှိတဲ့ Six – Speed Hewland FIR Pneumatic gearbox transmission စနစ်ကို အသုံးပြုထားခဲ့ပါတယ်။ အောက် ခံထည်ကို Steel ပိုက်လုံးတွေနဲ့ ပြုလုပ်ထားတဲ့ အတွက် first gear ကိုတိုးမယ်ဆိုရင် ကလပ် (clutch) ကို အသုံးပြုပြီး လုပ်ဆောင်ရပါတယ်။ ပြီးမှ ကျန်တဲ့ ဂီယာ တွေကို စတီယာရင်ကွင်းနောက်မှာရှိတဲ့ Paddles ကို အသုံးပြုပြီး ရွှေ့ပြောင်းလုပ်ဆောင်ရမှာပါ။ ဒီအချိန် မှာတော့ ကလပ်ကို အသုံးပြုစရာမလိုတော့ပါဘူး။ ကလပ်ရဲ့ လုပ်ဆောင်ပေးနိုင်မှုက traffic ဖြစ်နေတဲ့ နေရာတွေမှာ stop – go စနစ်အတွက်သာလိုအပ်မှာ ဖြစ် ပြီး လမ်းပေါ်မှာ ကားမောင်းနေချိန်မှာတော့ အရေးတ ကြီး လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ Mono ပြိုင်ကားကို မြိ့တွင်းယာဉ်ကြောကျပ်တဲ့ နေရာတွေနဲ့ အလုပ်သွား-အလုပ်ပြန်ချိန် မျိုးတွေမှာ မောင်းနှင်ဖို့မသင့်တော် ပါဘူး။
Mono ကားကိုမောင်းနှင်ဖို့ အတွေ့အကြံုမရှိသေး သူတွေအတွက် Super Car Owners Club တွေမှာ အသင်းဝင်ပြီး ကားရဲ့ Power နဲ့ throttle တို့ရဲ့ တုန့်ပြန် မှုကို ဟန်ချက်ညီ ထိန်းချုပ်ပေး နိုင်မယ့် အတွေ့အကြံု ကောင်းတွေပြည့်စုံအောင် လေ့ကျင့် သွားနိုင်ပါလိမ့်မယ်။
Mono ကားမှာတော့ Formula 1 ပြိုင်ကား သုံး စတီယာရင်ကွင်းကို တပ်ဆင်ထားပြီး အလယ်မှာသေး ငယ်တဲ့ LCD Screen ပါရှိပါတယ်။ အဲဒီ Screen ကို ယာဉ်မောင်းကမလိုအပ်ရင် ဖြုတ်နိုင်သလို တခြားသော Screen နဲ့လည်း အစားထိုး အသုံးပြုသွား နိုင်ပါတယ်။ Screen ပေါ်မှာ အမျိုးအစားတူညီတဲ့ ကားတွေ ရဲ့ data အချက်အလက်တွေကို ဖော်ပြပေးသွားမှာဖြစ် ပါတယ်။
Mono ကားကို မောင်းနေချိန်မှာ ကားရဲ့ အင်ဂျင်အသံနဲ့ လမ်းပေါ်ကထွက်ပေါ်လာတဲ့ အသံလှိုင်း တွေရဲ့ တုန့်ပြန်မှုတွေကို ကြားနေရချိန်မှာ သာယာတဲ့ ခေါင်းလောင်းသံကို နားဆင်နေရသလို ရင်ထဲမှာ အတိုင်း အတာမရှိ ပျော်ရွှင်မြူတူးနေရပြီး တရှိုက်မက်မက်နှစ် သက်စွဲလန်းနေမှာဖြစ်ပါတယ်။ ဒီလို ခံစားမှုမျိုးကို Rolls Royce ကားမောင်းနေချိန်မှာ ရရှိနိုင် မှာမဟုတ်ပါဘူး။ ဒါကို စစ်မှန်တဲ့ ယာဉ်မောင်းခြင်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ ခံစားမှုလို့ ဆိုရပါလိမ့်မယ်။
ထိုင်ခုံကို လိုအပ်သလိုပြောင်းလဲမှုမျိုး လုပ် ဆောင် လို့မရပါဘူး။ ခြေထောက်ချထားနိုင်တဲ့ အကျယ် အဝန်းက လုံလောက်မှုရှိပြီး Helmet ထားဖို့နေရာလည်း အဆင် ပြေပါတယ်။ ယာဉ်ကိုမောင်းနေစဉ် အချိန်မှာတော့ သက် သောင့်သက်သာ ဖြစ်စေတဲ့အနေအထားမျိုး လို့ အပြည့် အဝပြောလို့မရသလို Suspension စနစ်ကလည်း အနည်း ငယ်ကြမ်းတမ်းနေပါလိမ့်မယ်။ ဒါပေမယ့် ပြိုင်ကား မောင်း နေတာကိုတော့ သင့်စိတ်ထဲမှာ အသိတရား ထားရှိရ မှာဖြစ်ပါတယ်။
ကားရဲ့ ကိုယ်ထည်ပိုင်းကို အပြင်ဖက်က ကြည့် ရင် လှပတဲ့ အသွင်သဏ္ဍာန်မျိုးတွေ မြင်ရမှာဖြစ်ပြီး လေ ယာဉ်တွေမှာ အသုံးပြုတဲ့ Cockpit မျိုးကို တပ်ဆင်ပေး ထားလို့ ကမ္ဘာ့မြေပြင်ကို ဦးတည်းဆင်းသက်လာတဲ့ jet fighter တစ်ယောက်လို သင့်စိတ်ထဲမှာ ထင်မှတ်နေစေ ပါလိမ့်မယ်။ ကိုယ်ထည်အပေါ်ဖက်ကို လှပမှုတွေနဲ့ ပြည့် စုံစေမယ့် high quality metal နဲ့ Carbonfibre တွေကို အသုံးပြုပြီး တပ်ဆင်ထားပါတယ်။ ပုံမှန်ကားတွေမှာလို Luxury ပစ္စည်းတွေတပ်ဆင်ထားခြင်းမရှိပေမယ့် Mono ကားရဲ့ ထိုင်ခုံနဲ့ Cockpit ကိုတော့ နူးညံ့မှုရှိပြီး ရေစိုခံတဲ့ Water proof leather နဲ့ Suede သားရေတို့ ကို တွဲဖက် ပြီးဖုံးအုပ်ပေးထားပါတယ်။ ဒါဟာ အမိုးမရှိတဲ့ ကားအ တွက် တန်ဖိုးရှိစွာ အထောက်အကကူပြုပေးတဲ့ စနစ်ပါပဲ။
သင့်ကားမောင်းချိန်မှာ helmet ကို မဆောင်းလို ရင် ချွတ်ပြီးမောင်းနိုင်မှာပါ။ ဒါပေမဲ့ လေက မျက်နှာပေါ် ကို အရှိန်ပြင်းပြင်း ရိုက်ခတ်လာမှုကို နေသာကျအောင် လေ့ကျင့်ယူရပါလိမ့်မယ်။ လမ်းပေါ်မှာ ထိုင်ခုံတစ်လုံး တည်းပါတဲ့ Mono ကားကို မောင်းကြည့်ရတဲ့အရသာ ကတော့ အံ့သြဖွယ်ရာ စိတ်လှုပ်ရှားတက်ကြွမှုကို ရရှိစေ ပြီး ဒီလိုပျော်ရွှင်စရာကောင်းလှတဲ့ ခံစားမှုတွေကို တစ် ခြားသူနားလည်အောင် ပြည့်စုံစွာရှင်းပြနိုင်မှာ မဟုတ် သလို ဒီလိုနေခွင့်ရတဲ့ အချိန်မှာရှိနေတဲ့ လျှို့ဝှက်ဆန်း ကြယ်တဲ့ ပျော်ရွှင်မှုတွေကို ဘယ်သူမှ လေးလေး နက်နက် သိနိုင်ကြမယ်မထင်ပါဘူး။ ဒီလို ဆန်းကြယ်တဲ့ ပျော်ရွှင်စရာတွေကို သင်ကိုယ်တိုင် အမိအရ ဆုပ်ကိုင် ကြည့်ချင်ပါသလား။ ဒါဆိုရင် Mono Single Seat ရဲ့ Specs ကို အရင်လေ့လာကြည့်ကြရအောင်။
Specification
Engine : Bosworth – developed Ford Duratech 2.3 Litre four – cylinder
Horse power : 280 bph@7,700 rpm
Torque : 227 lb-ft
0-100 Km/hr : 2.8 seconds
Top Speed : 274 Km/hr
Weight : 540 Kg
Price (in USA) : Start at about $ 200,000
Cameron Cooper
Zawgyi version…
ကမၻာ့ႏုိင္ငံအမ်ားစုက ၿပိဳင္ကား ခ်စ္သူေတြ အံ့အားသင့္ေစမယ့္ လုပ္ေဆာင္ခ်က္ေတြနဲ႔အတူ အလြန္ အမင္းထင္ေပၚေက်ာ္ၾကားလာတဲ့ ကားတစ္စီးကေတာ့ BAC ကုမၸဏီရဲ႕ Mono Carbon Race Care ပဲျဖစ္ပါ တယ္။ အခုလက္ရွိအခ်ိန္မွာ စိတ္လႈပ္ရွားဖို႔အေကာင္း ဆံုးကားတစ္စီးအျဖစ္ ၿပိဳင္ဘက္ကင္းစြာရပ္တည္ေနပါ တယ္။ Mclaren P1 ကားရဲ႕ စြမ္းေဆာင္ရည္နဲ႔တူညီတဲ့ တတိယေျမာက္ပါ၀ါကားျဖစ္ၿပီး ေစ်းႏႈန္းလည္း သိပ္မမ်ား ပါဘူး။ ယံုၾကည္စရာအခ်က္အျဖစ္ အဓိကရွိေနတာက ေတာ့ Mono Carbon ကားက လမ္းမေပၚမွာ ေမာင္း ႏွင္ခြင့္ကို ဥပေဒအရ တရား၀င္ရရွိထားခဲ့တာပါပဲ။
BAC ရဲ႕ Mono Carbon ကားမွာ ထိုင္ခံုတစ္ခု သာပါရွိတဲ့အတြက္ Mono လို႔ အမည္ေပးခဲ့တာပါ။ အမိုးနဲ႔ Windscreens ေလကာမွန္လည္း မပါ၀င္ပါဘူး။ ဒီကားကို သင္ကိုယ္တိုင္ တစ္ဦးတည္းေမာင္းေနခ်ိန္မွာ သင့္ရဲ႕ ဇနီး (သို႔) သူငယ္ခ်င္းေတြက သင့္ရဲ႕ လံုၿခံဳေရးအတြက္ စိုးရိမ္စိတ္ပိုၿပီး ေျပာဆိုခံေနရာမွာကို လံုး၀ေတြးေတာ ပူပန္ေနစရာ လိုပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ကား ရဲ႕ ဒီဇိုင္းကို သင္ေတြ႕ျမင္ခ်ိန္မွာ သေဘာေပါက္ နားလည္သြားမွာပါ။ ၿပိဳင္ကားကို မိမိကိုယ္တုိင္ တစ္ဦးတည္း ေမာင္းၿပီး အားပါးတရ စိတ္လြတ္ကိုယ္လြတ္ရင္ဖိုခ်င္ၾကတဲ့ စိတ္အား ထက္သန္မႈနဲ႔ ဆႏၵျပင္းပ်ေနသူ ယာဥ္ေမာင္း ေတြအတြက္ အထူးသီးသန္႔ရည္ရြယ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။
သင္ကားေမာင္းသြားခ်ိန္မွာ ကားကို လူတိုင္းရဲ႕ စိတ္၀င္စားမႈနဲ႔ အေလးဂရုျပဳမႈေတြကို ရရွိႏုိင္မွာျဖစ္ၿပီး သင့္ရဲ႕လႈပ္ရွားမႈေတြ အားလံုးကို ပြဲၾကည့္ပရိတ္သတ္ သဖြယ္ေစာင့္ၿပီး ေငးေမာၾကည့္ျခင္းကိုခံရမွာ ဧကန္မလြဲပါပဲ။
BAC ရဲ႕ အမည္ အျပည့္အစံုကေတာ့ Briggs Auto Company ျဖစ္ၿပီး ၿဗိတိန္ႏုိင္ငံမွာ အေျခစိုက္ထား တဲ့ကား ထုတ္လုပ္ေရးကုမၸဏီျဖစ္ပါတယ္။ ၿဗိတိသွ် လူမ်ိဳး Automotive အင္ဂ်င္နီယာနဲ႔ ဒီဇိုင္နာေတြျဖစ္ၾက တဲ့ Ian နဲ႔ Neil Briggs တို႔က 2009 ခုႏွစ္ UK မွာ က်င္းပ ျပဳလုပ္တဲ့ Liverpool ကားၿပိဳင္ပြဲအတြက္ ၿပိဳင္ကား ေတြကို ထုတ္လုပ္လာခဲ့ၾကတာပါ။ “Pure Single – Seat driving experience” ကို ရရွိႏုိင္မယ့္ ၿပိဳင္ကားမ်ိဳးကို ထုတ္လုပ္ဖို႔ ဦးတည္ခ်က္ထားရွိခဲ့ၾကၿပီး အခုအခ်ိန္မွာ ေတာ့ သူတို႔ရဲ႕ ရည္ရြယ္ခ်က္ကို ေအာင္ျမင္စြာ အေကာင္ အထည္ေဖာ္ ႏုိင္ခဲ့ၾကပါၿပီ။ ပထမဦးဆံုး model အျဖစ္လမ္းေပၚမွာ တရား၀င္ေမာင္းႏွင္ခြင့္ရွိၿပီး ထိုင္ခံု တစ္လံုးတည္း သာပါရွိတဲ့ ၿပိဳင္ကားေတြအတြက္ အမွာစာ လက္ခံဖို႔ အသင့္ျဖစ္ ေနပါၿပီ။
ကားရဲ႕ ထိုင္ခံုက အလယ္မွာထားရွိၿပီး အင္ဂ်င္ကို ေတာ့ လူထိုင္ေနတဲ့ေနရာရဲ႕ ေနာက္ဖက္တည့္တည့္ မွာ ထားရွိပါတယ္။ လမ္းရဲ႕အလယ္မွာထိုင္ေနရသလိုမ်ိဳး ပိုမို ေကာင္းမြန္တဲ့ ခံစားမႈမ်ိဳးကို ေပးစြမ္းႏုိင္မွာျဖစ္ၿပီး ယာဥ္ကို ထိန္းခ်ဳပ္မႈလုပ္ေဆာင္ရာမွာ ပိုၿပီးအဆင့္ျမင့္ျမင့္ လုပ္ ေဆာင္သြားႏုိင္ဖို႔ မ်က္ႏွာဖံုးစြတ္ helmet ကို ေဆာင္း ထားရမွာပါ။ ေဘးကင္းလံုၿခံဳမႈ ရွိေစဖို႔နဲ႔ ယာဥ္ကို စနစ္ တက် ေမာင္းႏွင္သြားႏုိင္ဖို႔ ျဖစ္ပါတယ္။ ေခါင္းစြပ္ကို ခၽြတ္ ၿပီး ေမာင္းမယ္ ဆိုရင္လည္း သက္ေသာင့္သက္သာေမာင္း ႏွင္သြားႏုိင္မယ့္ အခြင့္အေရးရွိၿပီး ယာဥ္ေမာင္းကို ေႏွာင့္ ယွက္တားဆီး မယ့္သူမရွိႏုိင္ပါဘူး။ Mono ကားက လမ္း ေပၚမွာ ေမာင္းႏွင္ဖို႔ တရား၀င္ခြင့္ျပဳခ်က္ရရွိထားလို႔ပါပဲ။ (ႏုိင္ငံျခားတုိင္းျပည္မ်ားတြင္ျဖစ္သည္)
ေခတ္မီတဲ့အဆင့္ျမင့္ Supercars ေတြရဲ႕ ျမင္း ေကာင္ေရအား Figures ေတြကိုေလ့လာၾကည့္မယ္ဆိုရင္ မၾကာေသးတဲ့ ႏွစ္အပိုင္းအျခားေတြမွာ north of 1,000 bhp ရွိတာကိုေတြ႕ရပါတယ္။ BAC အေနနဲ႔ လြန္ကဲတဲ့ လုပ္ေဆာင္ခ်က္မ်ိဳးကို မပါရွိေစဘဲ ကားရဲ႕ကိုယ္ထည္ အေလးခ်ိန္ကို ေလ်ာ့ခ်ၿပီး အရွိန္ႏႈန္း ျမန္ဆန္ေစမႈကို ျမွင့္တင္ခဲ့ တာပါ။ Mono ရဲ႕ပါ၀ါထြက္ရွိမႈက ျမင္းေကာင္ေရ 280bhp နဲ႔ရုန္းအား 227lb-ft ျဖစ္ၿပီး Four-cylinder 2.5 litre Duratech engine ကို တပ္ဆင္ထား ပါတယ္။
BAC ရဲ႕ အဓိကေသာ့ခ်က္ကေတာ့ ပါ၀ါနဲ႔ အေလး ခ်ိန္ အခ်ိဳးက်မႈကို ဦးတည္ထားခဲ့တာပါ။ ယာဥ္ရဲ႕ အေလး ခ်ိန္ပိုမိုေပါ့ပါးျခင္းက Speed ကို ပိုမိုျမင့္မားလာ ေစၿပီး ပါ၀ါကိုေတာ့ နည္းနည္းသာအသံုးျပဳရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Mono ကားရဲ႕ အေလးခ်ိန္ကို 540 kg မွ်သာ ထားရွိခဲ့ျခင္းျဖစ္ပါတယ္။ျမင္းေကာင္ေရ 280 bhp ထြက္ရွိ မႈက အဆင္ေျပမွ်တေစပါတယ္။
Mono ကားက 0-100 Km/h ကို 2.8 စကၠန္႔နဲ႔ အေရာက္ ေမာင္းသြားႏုိင္ပါလိမ့္မယ္။ Top Speed က ေတာ့ 274 Km/h ျဖစ္ပါတယ္။ အေလးခ်ိန္ေပါ့ပါးမႈ ေၾကာင့္ Speed ျမန္လာျခင္းသာမကပဲ ေထာင့္ခ်ိဳးေကြ႕ ေနရာေတြကို ကိုင္တြယ္ေမာင္းႏွင့္ခ်ိန္မွာလည္း ယာဥ္ကို ထိန္းေက်ာင္းဖို႔ ပိုမိုလြယ္ကူၿပီး အက်ိဳးရွိေစပါတယ္။ ယာဥ္ကို လ်င္ျမန္စြာေရြ႕လ်ားေစဖို႔ ေပါ့ပါးတဲ့ တာယာ ေတြကိုသာ ေရြးခ်ယ္တပ္ဆင္ထားခဲ့ပါတယ္။ Supension စနစ္ကို F-class ၿပိဳင္ကားကေန ပံုစံယူ လုပ္ေဆာင္ ခဲ့တာျဖစ္ၿပီး double wishbone pushrods စနစ္ကို အသံုးျပဳၿပီး ေအာက္ခံထည္ကို စတီးလ္ပိုက္လံုး ေတြ နဲ့ခ်ိတ္ဆက္ တည္ေဆာက္ထားတာျဖစ္ပါတယ္။ လမ္း မ်က္ႏွာျပင္မွာ ယာဥ္ေမာင္းစဥ္ ျပဳတ္ထြက္မွာကို စိုးရိမ္ ဖို႔မလိုပါဘူး။ ၿမဲၿမံခိုင္ခန္႔မႈရွိလို႔ ေဘးကင္းလံုၿခံဳမႈ အတြက္ စိတ္ခ်ရေစမွာပါ။
Formula 3 ၿပိဳင္ကားေတြမွာ တပ္ဆင္ေလ့ရွိတဲ့ Six – Speed Hewland FIR Pneumatic gearbox transmission စနစ္ကို အသံုးျပဳထားခဲ့ပါတယ္။ ေအာက္ ခံထည္ကို Steel ပိုက္လုံးေတြနဲ႔ ျပဳလုပ္ထားတဲ့ အတြက္ first gear ကိုတိုးမယ္ဆိုရင္ ကလပ္ (clutch) ကို အသံုးျပဳၿပီး လုပ္ေဆာင္ရပါတယ္။ ၿပီးမွ က်န္တဲ့ ဂီယာ ေတြကို စတီယာရင္ကြင္းေနာက္မွာရွိတဲ့ Paddles ကို အသံုးျပဳၿပီး ေရႊ႕ေျပာင္းလုပ္ေဆာင္ရမွာပါ။ ဒီအခ်ိန္ မွာေတာ့ ကလပ္ကို အသံုးျပဳစရာမလိုေတာ့ပါဘူး။ ကလပ္ရဲ႕ လုပ္ေဆာင္ေပးႏုိင္မႈက traffic ျဖစ္ေနတဲ့ ေနရာေတြမွာ stop – go စနစ္အတြက္သာလိုအပ္မွာ ျဖစ္ ၿပီး လမ္းေပၚမွာ ကားေမာင္းေနခ်ိန္မွာေတာ့ အေရးတ ႀကီး လုပ္ေဆာင္ဖို႔ မလိုအပ္ပါဘူး။ Mono ျပိဳင္ကားကို ၿမိ႕တြင္းယာဥ္ေႀကာက်ပ္တဲ့ ေနရာေတြနဲ႕ အလုပ္သြား-အလုပ္ျပန္ခ်ိန္ မ်ိဳးေတြမွာ ေမာင္းႏွင္ဖို႔မသင့္ေတာ္ ပါဘူး။
Mono ကားကိုေမာင္းႏွင္ဖို႔ အေတြ႕အႀကံဳမရွိေသး သူေတြအတြက္ Super Car Owners Club ေတြမွာ အသင္း၀င္ၿပီး ကားရဲ႕ Power နဲ႔ throttle တို႔ရဲ႕ တုန္႔ျပန္ မႈကို ဟန္ခ်က္ညီ ထိန္းခ်ဳပ္ေပး ႏုိင္မယ့္ အေတြ႕အႀကံဳ ေကာင္းေတြျပည့္စံုေအာင္ ေလ့က်င့္ သြားႏုိင္ပါလိမ့္မယ္။
Mono ကားမွာေတာ့ Formula 1 ၿပိဳင္ကား သံုး စတီယာရင္ကြင္းကို တပ္ဆင္ထားၿပီး အလယ္မွာေသး ငယ္တဲ့ LCD Screen ပါရွိပါတယ္။ အဲဒီ Screen ကို ယာဥ္ေမာင္းကမလိုအပ္ရင္ ျဖဳတ္ႏုိင္သလို တျခားေသာ Screen နဲ႔လည္း အစားထိုး အသံုးျပဳသြား ႏုိင္ပါတယ္။ Screen ေပၚမွာ အမ်ိဳးအစားတူညီတဲ့ ကားေတြ ရဲ႕ data အခ်က္အလက္ေတြကို ေဖာ္ျပေပးသြားမွာျဖစ္ ပါတယ္။
Mono ကားကို ေမာင္းေနခ်ိန္မွာ ကားရဲ႕ အင္ဂ်င္အသံနဲ႔ လမ္းေပၚကထြက္ေပၚလာတဲ့ အသံလိႈင္း ေတြရဲ႕ တုန္႔ျပန္မႈေတြကို ၾကားေနရခ်ိန္မွာ သာယာတဲ့ ေခါင္းေလာင္းသံကို နားဆင္ေနရသလို ရင္ထဲမွာ အတုိင္း အတာမရွိ ေပ်ာ္ရႊင္ျမဴတူးေနရၿပီး တရိႈက္မက္မက္ႏွစ္ သက္စြဲလန္းေနမွာျဖစ္ပါတယ္။ ဒီလို ခံစားမႈမ်ိဳးကို Rolls Royce ကားေမာင္းေနခ်ိန္မွာ ရရွိႏုိင္ မွာမဟုတ္ပါဘူး။ ဒါကို စစ္မွန္တဲ့ ယာဥ္ေမာင္းျခင္းနဲ႔ ပတ္သက္ဆက္ႏြယ္တဲ့ ခံစားမႈလို႔ ဆိုရပါလိမ့္မယ္။
ထိုင္ခံုကို လိုအပ္သလိုေျပာင္းလဲမႈမ်ိဳး လုပ္ ေဆာင္ လို႔မရပါဘူး။ ေျခေထာက္ခ်ထားႏုိင္တဲ့ အက်ယ္ အ၀န္းက လံုေလာက္မႈရွိၿပီး Helmet ထားဖို႔ေနရာလည္း အဆင္ ေျပပါတယ္။ ယာဥ္ကိုေမာင္းေနစဥ္ အခ်ိန္မွာေတာ့ သက္ ေသာင့္သက္သာ ျဖစ္ေစတဲ့အေနအထားမ်ိဳး လို႔ အျပည့္ အ၀ေျပာလို႔မရသလို Suspension စနစ္ကလည္း အနည္း ငယ္ၾကမ္းတမ္းေနပါလိမ့္မယ္။ ဒါေပမယ့္ ၿပိဳင္ကား ေမာင္း ေနတာကိုေတာ့ သင့္စိတ္ထဲမွာ အသိတရား ထားရွိရ မွာျဖစ္ပါတယ္။
ကားရဲ႕ ကိုယ္ထည္ပိုင္းကို အျပင္ဖက္က ၾကည့္ ရင္ လွပတဲ့ အသြင္သ႑ာန္မ်ိဳးေတြ ျမင္ရမွာျဖစ္ၿပီး ေလ ယာဥ္ေတြမွာ အသံုးျပဳတဲ့ Cockpit မ်ိဳးကို တပ္ဆင္ေပး ထားလို႔ ကမၻာ့ေျမျပင္ကို ဦးတည္းဆင္းသက္လာတဲ့ jet fighter တစ္ေယာက္လို သင့္စိတ္ထဲမွာ ထင္မွတ္ေနေစ ပါလိမ့္မယ္။ ကိုယ္ထည္အေပၚဖက္ကို လွပမႈေတြနဲ႔ ျပည့္ စံုေစမယ့္ high quality metal နဲ႔ Carbonfibre ေတြကို အသံုးျပဳၿပီး တပ္ဆင္ထားပါတယ္။ ပံုမွန္ကားေတြမွာလို Luxury ပစၥည္းေတြတပ္ဆင္ထားျခင္းမရွိေပမယ့္ Mono ကားရဲ႕ ထုိင္ခံုနဲ႔ Cockpit ကိုေတာ့ ႏူးညံ့မႈရွိၿပီး ေရစိုခံတဲ့ Water proof leather နဲ႔ Suede သားေရတို႔ ကို တြဲဖက္ ၿပီးဖံုးအုပ္ေပးထားပါတယ္။ ဒါဟာ အမိုးမရွိတဲ့ ကားအ တြက္ တန္ဖိုးရွိစြာ အေထာက္အကကူျပဳေပးတဲ့ စနစ္ပါပဲ။
သင့္ကားေမာင္းခ်ိန္မွာ helmet ကို မေဆာင္းလို ရင္ ခၽြတ္ၿပီးေမာင္းႏိုင္မွာပါ။ ဒါေပမဲ့ ေလက မ်က္ႏွာေပၚ ကို အရွိန္ျပင္းျပင္း ရိုက္ခတ္လာမႈကို ေနသာက်ေအာင္ ေလ့က်င့္ယူရပါလိမ့္မယ္။ လမ္းေပၚမွာ ထိုင္ခံုတစ္လံုး တည္းပါတဲ့ Mono ကားကို ေမာင္းၾကည့္ရတဲ့အရသာ ကေတာ့ အံ့ၾသဖြယ္ရာ စိတ္လႈပ္ရွားတက္ၾကြမႈကို ရရွိေစ ၿပီး ဒီလိုေပ်ာ္ရႊင္စရာေကာင္းလွတဲ့ ခံစားမႈေတြကို တစ္ ျခားသူနားလည္ေအာင္ ျပည့္စံုစြာရွင္းျပႏုိင္မွာ မဟုတ္ သလို ဒီလိုေနခြင့္ရတဲ့ အခ်ိန္မွာရွိေနတဲ့ လွ်ိဳ႕၀ွက္ဆန္း ၾကယ္တဲ့ ေပ်ာ္ရႊင္မႈေတြကို ဘယ္သူမွ ေလးေလး နက္နက္ သိႏုိင္ၾကမယ္မထင္ပါဘူး။ ဒီလို ဆန္းၾကယ္တဲ့ ေပ်ာ္ရႊင္စရာေတြကို သင္ကိုယ္တုိင္ အမိအရ ဆုပ္ကိုင္ ၾကည့္ခ်င္ပါသလား။ ဒါဆိုရင္ Mono Single Seat ရဲ႕ Specs ကို အရင္ေလ့လာၾကည့္ၾကရေအာင္။
Specification
Engine : Bosworth – developed Ford Duratech 2.3 Litre four – cylinder
Horse power : 280 bph@7,700 rpm
Torque : 227 lb-ft
0-100 Km/hr : 2.8 seconds
Top Speed : 274 Km/hr
Weight : 540 Kg
Price (in USA) : Start at about $ 200,000
Cameron Cooper