BAIC Myanmar သည် SUV မော်ဒယ်သစ်အမျိုးအစားဖြစ်သည့် Beijing X7 ကို ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့က Online Launch ပြုလုပ်ကာ ပြည်တွင်းဈေးကွက်အတွင်းသို့ တရားဝင်မိတ်ဆက်ခဲ့သည်။
Beijing X7 မော်ဒယ်သစ်သည် ရုပ်ထွက်ပိုင်းအရ Concept ကားတစ်စီးကဲ့သို့ ဆွဲဆောင်မှုရှိစေသည့် ဒီဇိုင်းပိုင်းကို မြင်တွေ့ရပြီး အတွင်းခန်းကိုလည်း အဆင့်မြင့်နည်းပညာများဖြင့် သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်မည့် ကားတစ်စီးအဖြစ် ဖန်တီးထားသည်။
နည်းပညာပိုင်းအရလည်း BAIC ၏ နည်းပညာအသစ်ဖြစ်သည့် BMFA (Beijing modular functional architecture) ကို အခြေခံထုတ်လုပ်ထားကာ Three Screen Linked Control Panel ၊ Wireless Charger ၊ Automatic Window Closing System ၊ Thematic Ambient Lighting(up to 10 Colours) ၊ Handfree Auto Tailgate ၊ Automatic Driving၊ Unlock and Automatically Pop-up နှင့် Auto Parking စသည့် နည်းပညာများ ပါဝင်လာသည်။
Beijing X7 မော်ဒယ်သစ်သည်1.5 Turbo အင်ဂျင်နှင့် 7 Speed DCT Transmission အသုံးပြုထားပြီး မြင်းကောင်ရေ (၁၈၈)hp နှင့် ရုန်းအား 275 NM (Torque) ထွက်ရှိမှာဖြစ်တာကြောင့် မောင်းနှင်မှုပိုင်း စွမ်းဆောင်ရည်ကောင်း ရရှိနိုင်မည်ဖြစ်သည်။
BAIC Myanmar မှ Beijing X7 ကို ပြည်တွင်းဈေးကွက်အတွင်း မြန်မာငွေကျပ်(၄၂၈)သိန်းဖြင့်၊ အရောင်(၆)ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ်ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။