Zawgyi Version…
အေရွ႕ေတာင္အာရွ၏ အၾကီးဆုံးကားျပပဲြတစ္ခုျဖစ္ေသာ Bangkok International Motor Show 2019 ကုိလာမည့္ မတ္လ ၂၇ မွဧျပီ ၇အထိ “ENJOYMENT OF AUTOMOBILES” ဟူသည့္ေဆာင္ ပုဒ္ႏွင့္အတူIMPACT Challenger , Muang Thong Thani တြင္က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။
လာမည့္ပဲြတြင္ ႏိုင္ငံတကာမွကား Brand ေပါင္း ၃၃ ခု၊ ေမာ္ေတာ္ ဆုိင္ကယ္ Brand ၁၄ ခုတုိ႔အျပင္ concept cars, ေခတ္ေရွ႕ေျပးနည္း ပညာမ်ားႏွင့္ ဆန္းသစ္တီထြင္မွဳမ်ားကုိျမင္ေတြ႕ၾကရမည္ျဖစ္သည္။ ယခုျပဳ လုပ္မည့္ပဲြတြင္ ထိပ္တန္း Super ကားမ်ားထုတ္လုပ္သည့္ McLaren လည္း ပထမဆုံးအၾကိမ္ပါ ဝင္လာမည္ျဖစ္ေၾကာင္းသိရသည္။ ထုိ႔အျပင္ ဂ်ပန္Brand မ်ားၾကေသာ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Subaru, Suzuki ၊ ကုိရီးယားအမွတ္တံဆိပ္ KIA, Hyundai ၊ ဥေရာပႏွင့္ အေမရိက Brand မ်ားျဖစ္ၾကေသာ Audi, Aston Martin, BMW, Bentley, Chevrolet, Ford, Jaguar, Land Rover, Lamborghini, Mercedes-Benz, MINI, Maserati, McLaren, Porsche, Rolls-Royce, Volvo တုိ႔သာမကဘဲ FOMM ႏွင့္ MIND တုိ႔၏ EV ေမာ္ဒယ္အသစ္မ်ား မိတ္ဆက္ျခင္းတုိ႔ပါဝင္မည္ျဖစ္သည္။ ေမာ္ေတာ္ဆုိင္ကယ္မ်ားအေနျဖင့္ Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Vespiario, GPX စသည္တုိ႔ပါဝင္ၾကမည္ျဖစ္သည္။ ျပီးခဲ့သည့္ႏွစ္က ပဲြကာ လ ၁၂ရက္တာအတြင္း လာေရာက္ၾကည့္ရွဳေပါင္း ၁၆ သိန္းေက်ာ္ရွိခဲ့ျပီး ယခုႏွစ္တြင္လည္း ထုိႏွဳန္းထားထက္မေလ်ာ့ေစရန္ ရည္ရြယ္ထားသည္ဟု သိရသည္။ ျပိဳင္ပဲြဝင္ေၾကးမွာ ဘတ္ ၁၀၀ ရွိျပီး ဘတ္ ၃.၅ သန္း တန္ေၾကး ရွိကားႏွင့္ေမာ္ေတာ္ဆုိင္ကယ္မ်ားမဲေဖာ္ေပးေသာLucky Draw အစီအစဥ္ တြင္ ပါဝင္ခြင့္ရရွိမည္ျဖစ္သည္။ လာမည့္ Bangkok International Motor Show 2019 ကုိ ျပီးခဲ့ေသာ Yangon International Motor Show ကုိဦး စီးျပဳလုပ္သြားသည့္ Grand Prix International Public Company Limited မွက်င္းပျပဳလုပ္ျခင္းျဖစ္ျပီး Drive Magazine မွလည္းမီဒီယာပါတနာအျဖစ္ ၃ ႏွစ္ဆက္တိုက္သြားေရာက္ခြင့္ရရွိမည္ျဖစ္သည္။



Unicode Version…
နိုင်ငံတကာကား Brand ၃၀ ကျော်ပါဝင်ပြသမည့် အကြိမ် ၄၀ မြောက် Bangkok International Motor Show 2019
အရှေ့တောင်အာရှ၏ အကြီးဆုံးကားပြပွဲတစ်ခုဖြစ်သော Bangkok International Motor Show 2019 ကိုလာမည့် မတ်လ ၂၇ မှဧပြီ ၇အထိ “ENJOYMENT OF AUTOMOBILES” ဟူသည့်ဆောင်ပုဒ်နှင့်အတူIMPACT Challenger , Muang Thong Thani တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
လာမည့်ပွဲတွင် နိုင်ငံတကာမှကား Brand ပေါင်း ၃၃ ခု၊ မော်တော် ဆိုင်ကယ် Brand ၁၄ ခုတို့အပြင် concept cars, ခေတ်ရှေ့ပြေးနည်း ပညာများနှင့် ဆန်းသစ်တီထွင်မှုများကိုမြင်တွေ့ကြရမည်ဖြစ်သည်။ ယခုပြု လုပ်မည့်ပွဲတွင် ထိပ်တန်း Super ကားများထုတ်လုပ်သည့် McLaren လည်း ပထမဆုံးအကြိမ်ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဂျပန်Brand များကြသော Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Subaru, Suzuki ၊ ကိုရီးယားအမှတ်တံဆိပ် KIA, Hyundai ၊ ဥရောပနှင့် အမေရိက Brand များဖြစ်ကြသော Audi, Aston Martin, BMW, Bentley, Chevrolet, Ford, Jaguar, Land Rover, Lamborghini, Mercedes-Benz, MINI, Maserati, McLaren, Porsche, Rolls-Royce, Volvo တို့သာမကဘဲ FOMM နှင့် MIND တို့၏ EV မော်ဒယ်အသစ်များ မိတ်ဆက်ခြင်းတို့ပါဝင်မည်ဖြစ်သည်။ မော်တော်ဆိုင်ကယ်များအနေဖြင့် Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Vespiario, GPX စသည်တို့ပါဝင်ကြမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပွဲကာ လ ၁၂ရက်တာအတွင်း လာရောက်ကြည့်ရှုပေါင်း ၁၆ သိန်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ထိုနှုန်းထားထက်မလျော့စေရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ပြိုင်ပွဲဝင်ကြေးမှာ ဘတ် ၁၀၀ ရှိပြီး ဘတ် ၃.၅ သန်း တန်ကြေး ရှိကားနှင့်မော်တော်ဆိုင်ကယ်များမဲဖော်ပေးသောLucky Draw အစီအစဉ် တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ လာမည့် Bangkok International Motor Show 2019 ကို ပြီးခဲ့သော Yangon International Motor Show ကိုဦး စီးပြုလုပ်သွားသည့် Grand Prix International Public Company Limited မှကျင်းပပြုလုပ်ခြင်းဖြစ်ပြီး Drive Magazine မှလည်းမီဒီယာပါတနာအဖြစ် ၃ နှစ်ဆက်တိုက်သွားရောက်ခွင့်ရရှိမည်ဖြစ်သည်။