Unicode version…

ကမ္ဘာကျော် (Super Hero) ရုပ်ရှင်များတွင် ထင်ရှားသည့်ကားများအား (Special Edition) အနေဖြင့် ဇာတ်လိုက်များမှ စီးနင်းလေ့ရှိပြီးထိုသို့ရုပ်ရှင်ကားများတွင်ပါ၀င်ခဲ့သည့် နာမည်ကျော် ကားများကိုလည်း အထူးအနေဖြင့်ထုတ်လုပ်လေ့ရှိကြပါသည်။ (Batman Vs Superman) ရုပ်ရှင်တွင် သရုပ်ဆောင် (Ben Affleck) သရုပ်ဆောင်ထားသည့် (Bruce Wayne / Batman) သည် (Jeep Renegade) ကားအားအသုံးပြုခဲ့ပါသည်. ထိုရုပ်ရှင်၏ အောင်မြင်မှုနှင့်အတူ (Jeep) မှ (Batman Vs Superman Special Edition Renegade) ကိုလည်း ထုတ်လုပ်ခဲ့ပါသည်။

ယခုအသစ်ထွက်ရှိမည့် (Justice League) အမည်ရသည့် (Super Heroes) ရုပ်ရှင်ကား တွင်မူ (Mr. Wayne / Batman)သည် ကမ္ဘာကျော် (Mercedes – Benz) ၏ (AMG Vision Gran Tourismo) အားအသုံးပြုမည်ဖြစ်ပြီး အဆိုပါကားသည် (2013)ခုနှစ်က (Gran Turismo 6) အမည်ဖြင့် မိတ်ဆက်ထားသည့် Model လည်းဖြစ်ပါသည်။ ထူးခြားမှုတစ်ခုမှာ ပုံမှန် (Mercedes – Benz AMG Vision Gran Turismo)သည် အရွယ်သေးငယ်သော်လည်း အရပ်မြင့်မားသည့် (Mr. Affleck) နှင့် လိုက်ဖက်ညီစေရန် (Benz)မှ ( 6’ 3.5’’ )ရှိသည့် ကားကိုယ်ထည်အား ဖန်တီးထားမည် ဖြစ်ပါသည်။

အဆိုပါရုပ်ရှင်တွင် (AMG Vision Gran Turismo) အပြင် အခြားသော (Mercedes – Benz) ကား(၂)မျိုးလည်း ပါ၀င်မည်ဖြစ်ပါသည်။ (Princess Diana / Wonder Woman) ဇာတ်ဆောင်သည် (E- Class Cabriolet) အားအသုံးပြုမည်ဖြစ်ပါသည်။ ထို့အပြင် (Mercedes)၏ အကျော်ဒေးယျဖြစ်သည့် (G 500 G-Class 4 x 42 )ကားလည်းပါ၀င်မည်ဖြစ်ပါသည်။ ထို့သို့ နောက်ဆုံးပေါ်ဆန်းသစ်သည့် (Mercedes – Benz) ကားသစ်များပါ၀င်မည့် (Justice League) ရုပ်ရှင်အား (2017 November 17) တွင်စတင်ရုံတင်ပြသမည်ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျား။

Mercedes-AMG und das Cigarette Racing Team präsentieren zwei visionäre Supersportkonzepte. // Mercedes-AMG and Cigarette Racing Team present two visionary super sports concepts.

Zawgyi version…


