Unicode version…

ဘက်ထရီသည် လျှပ်စစ်စွမ်းအင်ကို ဓါတုပုံစံဖြင့် သို လောင်ထားနိုင်၍ အသုံးချမှုနယ်ပယ်လည်း ကျယ်ဝန်းပါ သည်။ဘက်ထရီကို မော်တော်ယာဉ်များ။စက်ယန္တယားကြီး များ၊ဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ရေးလုပ်ငန်းများ၊ အခြားစက်မှုလုပ်ငန်းများ၊နှင့် အိမ်သုံးဆို လာစွမ်းအင်စနစ်များတွင် အသုံးပြုနေကြပါသည်။ ဘက်ထ ရီ အမျိုးအစားများစွာရှိရာတွင် အသုံးများသော အမျိုးအစား မှာ ခဲ-အက်ဆစ် ဘက်ထရီအမျိုးအစား ဖြစ်ပါသည်။

ဘက်ထရီတစ်လုံး ဖွဲ့စည်းတည်ဆောက်ထားရာတွင် ပါ၀င်သော ခဲသတ္တု နှင့် ဆာလဖျူရစ်အက်ဆစ်သည် လူတို့ကို ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ ဖြစ်ရုံ သာမက ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုပါ ဖြစ်စေသော အရာ များဖြစ်ပါသည်။ လူအများစုသည် ဘက်ထရီနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိပြီး အသုံးပြုသော နယ်ပယ်မှာလည်း ကျယ်ပြန့် ပါသည်။ သို့သော် ဘက်ထရီ၏ ဘေးအန္တရာယ်များကို သိရှိ နည်းလည်သဘောပေါက်ပြီး ကြိုတင်ကာကွယ်မှု ရယူသင့် ကြောင်း အားနည်းကြသည်။ Battery Safety နှင့် ပတ်သက်သော ဗဟုသုတ အားနည်းကြသည်။ ဘက်ထရီ အသုံးချမှု အလွဲများ ၊ အန ္တရာယ် ကြိုတင်ကာကွယ်ထားမှု အားနည်းချက်များ ရှိနေသဖြင့် နှစ်စဉ်ဘက်ထရီကြောင့် ဘေးဒုက္ခရောက်ရသူများ ရှိနေပါသည်။

ဘက်ထရီတပ်ဆင်မှု အားနည်းချက်ကြောင့် ကား များ မီးလောင်ဆုံးရှုံးမှု မကြာခဏဖြစ်ပွားနေသည်။ ဘက်ထရီ ခေါင်းချောင်နေသည် ကို ပေါ့ပေါ့ဆဆ သဘော ထားခဲ့၍ ကားလည်း မီးလောင်သည်။ မီးလောင်မှုကြောင့် တရားစွဲ ဆိုခံရပြီး အမှုရင်ဆိုင် ရဦးမည်။ ဘက်ထက်ရီသည် ပေါက်ကွဲတတ်သော သဘောရှိသည်။ လူအများစုသည် ဘက်ထရီအား ကောင်း / မကောင်း ဘက်ထရီငုတ် နှစ်ခုကို ဝါယာတစ်ချောင်း နှင့် ရှော့ခ်ရိုက်ပြီး မီးခတ်ကြည့်လေ့ရှိကြ သည်။ ဝါယာနှင့် မီးခေတ်ကြည့်၍ မီးပွင့် (Sparks) အား ကောင်းလျှင် ဘက်ထရီ အားရှိသည်ဟု လွဲမှားစွာ စမ်းသပ် ကြည့်ကြသည်။

ဘက်ထရီ အားသွင်းစနစ်တွင် ဘက်ထရီ အိုးထဲ တွင် ဓာတ်ပြုမှုကြောင့် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့များ ထွက်နေ သည်ကို လူတိုင်းသတိမထား မိကြပါ။ ဟိုက်ဒြိုဂျင်ဓာတ် ငွေ့သည် မီးလောင်ပေါက်ကွဲမှု အလွန်ပြင်းထန်သော ၊ အန္တရာယ်များသော ဓာတ်ငွေ့ ဖြစ်ပါသည်။ ဟိုက်ဒြိုဂျင် ဓာတ်ငွေ့များ ရှိနေစဉ် ဘက်ထရီကို ဝါယာကြိုးစ ထောက် ၍ မီးခတ်လိုက်ပါက မီးပွား (Spark) ကြောင့် ပြင်းထန်စွာ ပေါက်ကွဲသွားမည်။ ဘက်ထရီ ပေါက်ကွဲထွက်လျှင် ဘက်ထရီအိုးခွံ နှင့် အဖုုံးများ၊ အက်ဆစ်ရည်များ လွင့် စဉ်ဖြာထွက်သွားပါသည်။ အနီးရှိလူများကို အက်ဆစ် လောင် စားစေနိုင်သည်။ မျက်စိအတွင်း အက်ဆစ်ဝင်လျှင် မျက်စိကွယ်နိုင်ပါသည်။ ဘက်ထရီအိုး ပေါက်ကွဲစဉ်က ကန် ထွက်လာသော ဘက်ထရီအိုး အပိုင်းအစများ ထိမှန်၍ သွေးထွက် သံယိုဖြစ်နိုင်ပါသည်။

ဘက်ထရီ အားသွင်းသော အခန်းသည် လေဝင် လေထွက် ကောင်းရန်လိုအပ်ပါသည်။ ဘက်ထရီအားသွင်း စက် (Charger) ကို မိန်းပိတ်ပြီး မှ ဘက်ထရီငုတ် သွယ်ဆက် ထားသော ဝါယာကလစ်များကို ဖယ်ရှားပါ။ ဘက်ထရီငုတ် အားသွင်းနေစဉ် အနီးအနား၌ ဆေးလိပ် သောက်ခြင်း ၊ မီးခြစ်ခြစ်ခြင်း မပြုလုပ်ရ။ ဟိုက်ဒြိုဂျင် ဓာတ်ငွေ့သည် ပေါက်ကွဲမှု ပြင်းထန်သည်ကို အစဉ်သထိ ထားပါ။ မိုးပျံပူဖောင်း အတွဲများ ကိုင်ဆောင်ထားပါက မီးအထူး သတိပြုရန်လိုပါသည်။ မိုးပျံပူဖောင်းများ ကိုင် ဆောင်ထားခြင်းသည် ချိန်ကိုက်ဗုံးတစ်လုံးကို ကိုင်ထား သကဲ့သို့ အန ္တရာယ်ရှိနေသည်ကို အထူးသတိထားပါ။ မိုးပျံ ပူဖောင်းများသည် ဟိုက်ဒြိုဂျင်ဘောလုံးများဖြစ်၍ မီးရှူး မိီးပန်း များပါ ပစ်ဖောက်သော အခမ်းအနားကို လုံးဝတွဲဖက် ၍ မလုပ်ရပါ။

ဘက်ထရီ ကိုင်တွယ်လျှင် ရာဘာလက်အိတ် စွပ်ပြီးမှ ကိုင်တွယ်ပါ။ မျက်စိထိခိုက်ခြင်းမှ ကာကွယ်ရန် Safety Glasses ဝတ်ဆင်ထားပါ။ ဘက်ထရီ ပေါက်ကွဲခြင်း၊ အက်ဆစ်လွင့်စင်ခြင်းများကြောင့် နှစ်စဉ် မျက်မမြင် ဒုက္ခိတ ဖြစ်ရသူဦးရေသည် တစ်ကမ္ဘာလုံးတွင် ထောင် ပေါင်းများစွာ ဖြစ်ပေါ်နေသည်။ ဘက်ထရီတွင်သုံးသော ဆာလဖျူရစ် အက်ဆစ်သည် လူ့အသားအရေများကို လောင်စားစေ နိုင်ပါသည်။ အက်ဆစ်ကိုင်တွယ်လျှင် အထူး သတိထားပါ။ ဘက်ထရီ ထားသိုသောနေရာ၊ ဘက်ထရီ အားသွင်းသော နေရာများ သို့ ကလေးငယ်များ မဝင်နိုင်အောင် ကာရံ ထားပါ။ ကလေးများကို ဘက်ထရီဘေးအန္တရာယ် ရှိကြောင်း သင်ကြားထားပါ။

ဘက်ထရီတွင်ပါဝင်သော ခဲသတ္တုသည်သည် အ ပြင်းစားသတ္တု (Heavy Metal) ဖြစ်ပြီး အဆိပ်သင့်စေနိုင် သော သတ္တုဖြစ်ပါသည်။ ခဲအဆိပ်သင့်ပါက ကျန်းမာရေး ထိခိုက်စေနိုင်သည်ကို သတိပြုပါ။ ဘက်ထရီငုတ်၊ ဘက်ထ ရီခေါင်း များကို ကိုင်တွယ်ပြီး ပါက လက်ကို သန့်ရှင်းအောင် ဆေးကြောပါ။ ဘက်ထရီ ပြုပြင်အားသွင်းသော ဆားဗစ် လုပ်ငန်း များတွင် ကလေးငယ်များနှင့် မိသားစုအတူတကွ နေထိုင် လုပ်ကိုင်ခြင်းသည် အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်ပါသည်။ကလေးငယ်များကို ခဲဆိပ်သင့်စေ နိုင်ပါသည်။

ကားတွင် တပ်ဆင်ထားသော ဘက်ထရီအိုးကို ခို်င်ခံ မြဲမြန်စေရန် သေချာပါစေ။ ကားတစ်စီးသည် လမ်း အဆောင့်ဒဏ်များကြောင့် အမြဲလှုပ်ရှားနေသဖြင့် ဘက် ထရီခေါင်း ချောင်၍ လွတ်ထွက်နေပါက ကားမီးလောင် တတ်သည်ကို အမြဲသတိပြုပါ။

ဘက်ထရီတစ်လုံးကို Overcharging မဖြစ်ပါစေ နှင့်။ Overcharging ဖြစ်ပါက ဘက်ထရီအိုး ပွတ်ပွတ်ဆူပြီး ဘက်ထရီသက်တမ်း တိုစေသည်။ ဘက်ထရီ ကေဘယ် ကြိုးနှင့် Cable Lug များ တင်းကြပ်နေပါစေ။ ဘက်ထရီ တွင် လျှပ်လိုက်ရည် ခန်းခြောက် လျော့နည်းမှု မရှိအောင် ပုံမှန် စစ်ဆေးပါ။ လျှပ်လိုက်ရည် လျော့ကျသွားပါက ဘက်ထရီမိုးရေ (Battery Water ) ကို ထပ်ဖြည့်ပေးပါ။ ကား အဆောင့်ဒဏ်ကြောင့် ဘက်ထရီအိုးကွဲအတ်ပြီး အက်ဆစ် ရည်များ ယိုစိမ့်လျှင် ကားကိုယ်ထည်သံပြားများ အက်ဆစ်စားသွားမည်။ ဘက်ထရီအိုးကွဲအတ်မှု ရှိပါက အသစ်လဲလှယ်ပါ။

ဘက်ထရီချာဂျင်စနစ် ကောင်းမွန်မှန်ကန်မှု ရှိရန် ပုံမှန်စစ်ဆေးပါ။ ဘက်ထရီငုတ် နှင့် ဘက်ထရီခေါင်း ဆက် သွယ်ထားသော နေရာတွင် ကြာလာပါက ဆားပေါက် ပြီး ဆားချိုးအဖြူများတက် နေတတ်သည်။ ရေနွေးလောင်းပြီး ဆေးကြောသန့်ရှင်းပါ။ တစ်နှစ်တစ်ကြိမ် ဘက်ထရီအား သွင်းစနစ်ကို ဆားဗစ်လုပ်ပေးပါ။ ဘက်ထရီတစ်လုံးမှ ထွက် သော DC လျှပ်စစ်ဗို့အားသည် 12 V သာရှိ၍ အန္တရာယ် မရှိဟု ပေါ့ပေါ့ဆဆ မတွေးပါနှင့်။ ဝါယာရှော့ခ် (Shock) ဖြစ်ပါက ဘက်ထရီမှ အပ်ပီယာ (၁ဝဝ) ကျော်ရှိသော လျှပ်စီးကြောင်း စီးဆင်းသဖြင့် ဝါယာများ အပူလွန်ကဲပြီး မီးစတင်လောင်ရာမှ ကားတစ်စီးလုံး မီးလောင်ဆုံးရှုံးရ သော ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေသည်။ သင့်ကား တွင် ဝါယာရှော့ခ် မဖြစ်အောင် ကားဟောင်းများ ဝါယာရိန်း အထူး ဂရုစိုက်ပါ။ ဝါယာအဟောင်းများကို ဝါယာအသစ်ဖြင့် အစားထိုး လဲလှယ်ပြုပြင်ရာတွင် ဝါယာအဆက်များ သေချာပါစေ။ ကားဘော်ဒီ Earth မမီပါစေနှင့်။

ကားဟောင်းများ ဝါယာရိန်း ပြုပြင်စရာရှိလျှင် အရည်အသွေး၊ ညံ့သော၊ စျေးပေါသော ဝါယာကြိုးများ ကို မသုံးစွဲပါနှင့်။ ဝါယာအရည် အသွေးကောင်းမှ အန္တရာယ် ဖြစ်ခြင်းကို ကာကွယ်နိုင်ပါမည်။ အကြောင်း တစ်ခုခုကြောင့် အားသွင်းစနစ် မှားယွင်း၍ ဘက်ထရီ Overcharging ဖြစ်နေပါက အချိန်မဆိုင်းဘဲ ချက်ချင်းပြုပြင်ပါ။

ဘက်ထရီ Down သွား၍ အခြားဘက်ထရီ တစ်လုံးနှင့် ထောက်နှိုးရပါက အန္တရာယ် ကင်းအောင် စနစ်တကျ ဆောင်ရွက်ရန် လိုပါသည်။ အားအပြည့်အဝရှိသော ဘက်ထရီတစ်လုံးနှင့် ထောက်နှိုး ကေဘယ်လ်ကြိုး (Jumper Cable) တစ်စုံ လိုအပ်ပါသည်။ ထောက်နှိုး ကေဘယ်လ်ကြိုး အဖျားထိပ်တွင် ဘက်ထရီငုတ်ကိုညှပ် ဖမ်းနိုင်သော ကလစ်ခေါင်း ကြီးကြီးပါရှိရပါမည်။ အနီရောင် ကေဘယ်လ်ကြိုးသည် အဖိုကြိုး (Positive) ဖြစ်ပြီး အနက်ရောင် ကေဘယ်လ်ကြိုးသည် အမကြိုး (Negative) ဖြစ်ပါသည်။

(၁) အနီရောင်ကေဘယ်လ်ကြိုး ကို ထောက်နှိုး မည့် ဘက်ထရီအပေါင်းငုတ် (အဖို) တွင် ကလစ်ညှပ်၍ ဖမ်းထားပါ။ ဘက်ထရီအဖိုငုတ်သည် အမငုတ် ထက်ပို၍ အလုံးကြီးပါသည်။

(၂) အနီရောင် ကေဘယ်ကြိုး ၏ အခြားအစွန်း တစ်ဖက်ကို အားအပြည့်ရှိသော ဘက်ထရီအဖိုငုတ်တွင် ကလစ်ညှပ်ဖမ်းပါ။

(၃) အနက်ရောင် ကေဘယ်လ်ကြိုး အစတစ်ဖက် ကို အားကောင်းသော ဘက်ထရီအမငုတ် (-) တွင် ကလစ် ညှပ်၍ ဖမ်းတွယ်လိုက်ပါ။

(၄) အနက်ရောင်ဘေယ်လ်ကြိုး၏ ကျန်တစ်ဖက် ကို ကားအင်ဂျင် ဘလောက် (သို့မဟုတ်) ကားကိုယ်ထည် အမာခံ ဖရိန်တန်းတစ်နေရာတွင် ကလစ်ညှပ်၍ဖမ်းပါ။ ထိုနေရာတွင် ဆေးမှုတ်ထားခြင်း ၊ အညစ်ကြေး ပေကျံနေ ခြင်းမရှိရ။ ဘက်ထရီအမငုတ်သို့ တိုက်ရိုက် မသွယ်ခြင်းမှာ ဘက်ထရီအိုးတွင် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ လက်ကျန်များ ရှိနေပါက ဘက်ထရီ Spark ရိုက်မိလျှင် ဘက်ထရီအိုး ပေါက်ကွဲမှု အန္တရာယ် ကင်းစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

အားမရှိသော ဘက်ထရီ နှင့် အားကူထေက်နှိုးမည့် အရန် ဘက်ထရီတို့ အဆက်အသွယ် ထိထိဖြစ်ပါက ကား သော့လှည့်၍ မော်တာဆွဲကြည့်ပါ။ မထိတထိဖြစ်နေပါက ကားဖရိန် / အင်ဂျင် Earth ကြိုးချသောနေရာမှ ကေ ဘယ်လ် ကလစ်ကို နေရာရွှေ့ပေးပါ။

(၅) စက်နှိုး မော်တောစနစ် အခြေအနေကောင်း ပါက ထောက်နှိုးဘက်ထရီမှ ဓာတ်အားကူလိုက်ရုံဖြင့် မော်တာ ကောင်းကောင်း လည်ပါမည်။ စက်နှိုးသွားလျှင် အင်ဂျင် Slow လည်နှုန်း (Idle Speed ) ကို ပတ်ရေ 1500 rpm ခန့်မြန်စေပြီး တစ်မိနစ် ၊ နှစ်မိနစ်ခန့် စက်နှိုးထားပါ။ အားမရှိသော ဘက်ထရီအား အမြန်ဆုံး ပြန်ဝင်ရန်လို ပါသည်။

(၆) အားမရှိသော ကားဘက်ထရီ အားပြန်ဝင်၍ နောက်တစ်ကြိမ် စက်ပြန်နှိုးပါက အကူဘက်ထရီမပါဘဲ စက်နှိုးနိုင်ရပါမည်။ အကယ်၍ စက်နှိုးမော်တာ မဆွဲနိုင်ဘဲ အီနေပါက ချာဂျင်အားသွင်းစနစ်တွင် ချို့ယွင်းအားနည်း ချက် တစ်ခုခုဖြစ်နိုင်သည်။ သို့မဟုတ် စက်နှိုးမော်တာစနစ် တွင် အပြစ်ရှိနို်င်သည်။ ဒိုင်နမို / မော်တာ Service ဆိုင်တွင် စမ်းသပ် စစ်ဆေးရန် လိုအပ်ပါသည်။

(၇) ဘက်ထရီ ထောက်ကူပြု၍ စက်နှိုးသွားပါက ထောက်နှိုး ကေဘယ်လ် ဝါယာကို အဆက်အသွယ်ဖြတ် ထောက်ပါ။ အနီရောင် မီးကြိုးကို ကားကိုယ်ထည် ၊ သံထည်များနှင့် လုံးဝမထိပါစေနှင့်။

(၈) စက်နှိုးပြီး အင်ဂျင်ကို မိနစ်သုံးဆယ်ခန့် နှိုးထား ပါ။ ဘက်ထရီ အားပြန်ဖြည့်ရန် စောင့်ပါ။ မီးကြီးများ ဖွင့် ကြည့်ပါ။ ဟွန်းတီးကြည့်ပါ။ အဲကွန်းဖွင့်၍ စမ်းသပ်ကြည့်ပါ။ ဘက်ထရီ အားပြည့် / မပြည့် စမ်းသပ်နိုင်သော နည်းလမ်း များဖြစ်ပါသည်။

အားမဝင်ဘဲ ဘက်ထရီ Run down ဖြစ်သွားရသော အကြောင်းရင်းကို ပြန်လည် စစ်ဆေးပါ-

– ဘက်ထရီခေါင်းများ ချောင်နေသလား၊ လွတ် နေသလား။

– ဒိုင်နမို ချာဂျင်ဝင်အား အမ်ပီယာ မှန်သလား။

– ပန်ကာကြိုး လျော့ပြီး ချောင်နေသလား။

– ဘက်ထရီသုံးစွဲထားသော သက်တမ်း ကျော်နေပြီလား။

-Alternator အားသွင်းစနစ်ကို ပြန်လည်စစ်ဆေးပါ။

– လိုအပ်သော ဆားဗစ်ဆင် ပြုလုပ်ပေးပါ။

– ဘက်ထရီ နှင့် မော်တာ ဆက်သွယ်သော ကေ ဘယ်လ် ဝါယာကြိုး အဆက်များ ထိထိမိမိ ရှိသလား။

တစ်ချို့ကားဆရာများသည် ထောက်နှိုးဘက်ထရီ အားအပြည့်မရှိ၍ ဘက်ထရီ နှစ်လုံးပေါင်းပြီး 24Volt ဖြင့် ဆွဲနိုးတတ်သည်။ အလွန် အန္တရာယ်များသော လုပ်ဆောင် ချက်ဖြစ်ပါ်သည်။ 12Volt စနစ်သုံးသော ကားကို 24Volt ဘက်ထရီအား နှင့် ဘယ်တော့မှ မနှိုးပါနှင့်။ Electronic အစိတ်အပိုင်းများ လောင်ကျွမ်းသွားနိုင်သည်ကို သတိပြု ပါ။

ဘက်ထရီအား အမြဲကောင်းနေစေရန် ပုံမှန်စစ် ဆေးပါ။ ဂရုစိုက် ထိန်းသိမ်းပါ။ မိုးရေ မှန်မှန်ထည့်ဖြည့် ပါ။ ဒိုင်နမိုအားသွင်းစနစ် မှန်ဖို့လိုပါသည်။ ပန်ကာကြိုး တင်း အားကို ဂရုစိုက်ပါ။ ဘက်ထရီ ကေဘယ်လ်ကြိုး အဆက် များ တင်းကြပ်နေပါစေ။ ဘက်ထရီခေါင်းများ သန့်ရှင်း နေပါစေ။ ဘက်ထရီ ထိန်းသိမ်းမှု ကောင်းလျှင် ဘက်ထရီ အားကုန်သော အားမရှိသော ပြဿနာမျိုးမှ ရှောင်လွဲနိုင် ပါလိမ့်မည်။

ဆရာ KMA

Zawgyi version…

ဘက္ထရီသည္ လွ်ပ္စစ္စြမ္းအင္ကို ဓါတုပံုစံျဖင္႕ သို ေလာင္ထားနိုင္၍ အသံုးခ်မႈနယ္ပယ္လည္း က်ယ္၀န္းပါ သည္။ဘက္ထရီကို ေမာ္ေတာ္ယာဥ္မ်ား။စက္ယႏၱယားႀကီး မ်ား၊ဆက္သြယ္ေရးလုပ္ငန္းမ်ား၊ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴး ေရးလုပ္ငန္းမ်ား၊ အျခားစက္မႈလုပ္ငန္းမ်ား၊ႏွင့္ အိမ္သံုးဆို လာစြမ္းအင္စနစ္မ်ားတြင္ အသံုးျပဳေနႀကပါသည္။ ဘက္ထ ရီ အမ်ုိးအစားမ်ားစြာရွိရာတြင္ အသံုးမ်ားေသာ အမ်ိဳးအစား မွာ ခဲ-အက္ဆစ္ ဘက္ထရီအမ်ိဳးအစား ျဖစ္ပါသည္။

ဘက္ထရီတစ္လံုး ဖြဲ႔စည္းတည္ေဆာက္ထားရာတြင္ ပါ၀င္ေသာ ခဲသတၱဳ နွင့္ ဆာလဖ်ဴရစ္အက္ဆစ္သည္ လူတို႔ကို ေဘးအႏၱရာယ္ျဖစ္ေစေသာ ဓာတုပစၥည္းမ်ား ျဖစ္ရံု သာမက ပတ္ဝန္းက်င္ညစ္ညမ္းမႈကိုပါ ျဖစ္ေစေသာ အရာ မ်ားျဖစ္ပါသည္။ လူအမ်ားစုသည္ ဘက္ထရီႏွင့္ ရင္းႏွီး ကြၽမ္းဝင္မႈ ရွိၿပီး အသံုးျပဳေသာ နယ္ပယ္မွာလည္း က်ယ္ျပန္႔ ပါသည္။ သို႔ေသာ္ ဘက္ထရီ၏ ေဘးအႏၱရာယ္မ်ားကို သိရွိ နည္းလည္သေဘာေပါက္ၿပီး ႀကိဳတင္ကာကြယ္မႈ ရယူသင့္ ေၾကာင္း အားနည္းၾကသည္။ Battery Safety ႏွင့္ ပတ္သက္ေသာ ဗဟုသုတ အားနည္းၾကသည္။ ဘက္ထရီ အသံုးခ်မႈ အလဲြမ်ား ၊ အႏ ၱရာယ္ ႀကိဳတင္ကာကြယ္ထားမႈ အားနည္းခ်က္မ်ား ရွိေနသျဖင့္ ႏွစ္စဥ္ဘက္ထရီေၾကာင့္ ေဘးဒုကၡေရာက္ရသူမ်ား ရွိေနပါသည္။

ဘက္ထရီတပ္ဆင္မႈ အားနည္းခ်က္ေၾကာင့္ ကား မ်ား မီးေလာင္ဆံုး႐ံႈးမႈ မၾကာခဏျဖစ္ပြားေနသည္။ ဘက္ထရီ ေခါင္းေခ်ာင္ေနသည္ ကို ေပါ့ေပါ့ဆဆ သေဘာ ထားခဲ့၍  ကားလည္း မီးေလာင္သည္။ မီးေလာင္မႈေၾကာင့္ တရားစဲြ ဆိုခံရၿပီး အမႈရင္ဆိုင္ ရဦးမည္။ ဘက္ထက္ရီသည္ ေပါက္ကဲြတတ္ေသာ သေဘာရွိသည္။ လူအမ်ားစုသည္ ဘက္ထရီအား ေကာင္း / မေကာင္း ဘက္ထရီငုတ္ ႏွစ္ခုကို ဝါယာတစ္ေခ်ာင္း ႏွင့္ ေရွာ့ခ္ရိုက္ၿပီး မီးခတ္ၾကည့္ေလ့ရွိၾက သည္။ ဝါယာႏွင့္ မီးေခတ္ၾကည့္၍ မီးပြင့္ (Sparks) အား ေကာင္းလွ်င္  ဘက္ထရီ အားရွိသည္ဟု လဲြမွားစြာ စမ္းသပ္ ၾကည့္ၾကသည္။

ဘက္ထရီ အားသြင္းစနစ္တြင္ ဘက္ထရီ အုိးထဲ တြင္ ဓာတ္ျပဳမႈေၾကာင့္ ဟုိက္ၿဒိဳဂ်င္ဓာတ္ေငြ႕မ်ား ထြက္ေန သည္ကို လူတိုင္းသတိမထား မိၾကပါ။ ဟုိက္ၿဒိဳဂ်င္ဓာတ္ ေငြ႕သည္ မီးေလာင္ေပါက္ကဲြမႈ အလြန္ျပင္းထန္ေသာ ၊ အႏၱရာယ္မ်ားေသာ ဓာတ္ေငြ႕ ျဖစ္ပါသည္။ ဟုိက္ၿဒိဳဂ်င္ ဓာတ္ေငြ႕မ်ား ရွိေနစဥ္ ဘက္ထရီကို ဝါယာႀကိဳးစ ေထာက္ ၍ မီးခတ္လိုက္ပါက မီးပြား (Spark) ေၾကာင့္ ျပင္းထန္စြာ ေပါက္ကဲြသြားမည္။ ဘက္ထရီ ေပါက္ကဲြထြက္လွ်င္ ဘက္ထရီအိုးခြံ ႏွင့္ အဖုံုးမ်ား၊ အက္ဆစ္ရည္မ်ား လြင့္ စဥ္ျဖာထြက္သြားပါသည္။ အနီးရွိလူမ်ားကို အက္ဆစ္ ေလာင္ စားေစႏိုင္သည္။ မ်က္စိအတြင္း အက္ဆစ္ဝင္လွ်င္ မ်က္စိကြယ္ႏိုင္ပါသည္။ ဘက္ထရီအိုး ေပါက္ကဲြစဥ္က ကန္ ထြက္လာေသာ ဘက္ထရီအိုး အပိုင္းအစမ်ား ထိမွန္၍ ေသြးထြက္ သံယုိျဖစ္ႏိုင္ပါသည္။

ဘက္ထရီ အားသြင္းေသာ အခန္းသည္ ေလဝင္ ေလထြက္ ေကာင္းရန္လုိအပ္ပါသည္။ ဘက္ထရီအားသြင္း စက္ (Charger) ကို မိန္းပိတ္ၿပီး မွ ဘက္ထရီငုတ္ သြယ္ဆက္ ထားေသာ ဝါယာကလစ္မ်ားကို ဖယ္ရွားပါ။ ဘက္ထရီငုတ္ အားသြင္းေနစဥ္ အနီးအနား၌  ေဆးလိပ္ ေသာက္ျခင္း ၊ မီးျခစ္ျခစ္ျခင္း မျပဳလုပ္ရ။ ဟုိက္ၿဒိဳဂ်င္ ဓာတ္ေငြ႕သည္ ေပါက္ကဲြမႈ ျပင္းထန္သည္ကို အစဥ္သထိ ထားပါ။ မိုးပ်ံပူေဖာင္း အတဲြမ်ား ကိုင္ေဆာင္ထားပါက မီးအထူး သတိျပဳရန္လုိပါသည္။ မိုးပ်ံပူေဖာင္းမ်ား ကိုင္ ေဆာင္ထားျခင္းသည္ ခ်ိန္ကိုက္ဗံုးတစ္လံုးကို ကိုင္ထား သကဲ့သို႔ အႏ ၱရာယ္ရွိေနသည္ကို အထူးသတိထားပါ။ မုိးပ်ံ ပူေဖာင္းမ်ားသည္ ဟိုက္ၿဒိဳဂ်င္ေဘာလံုးမ်ားျဖစ္၍ မီးရွဴး မိီးပန္း မ်ားပါ ပစ္ေဖာက္ေသာ အခမ္းအနားကို လံုးဝတဲြဖက္ ၍ မလုပ္ရပါ။

ဘက္ထရီ ကိုင္တြယ္လွ်င္ ရာဘာလက္အိတ္ စြပ္ၿပီးမွ ကိုင္တြယ္ပါ။ မ်က္စိထိခိုက္ျခင္းမွ ကာကြယ္ရန္ Safety Glasses ဝတ္ဆင္ထားပါ။ ဘက္ထရီ ေပါက္ကဲြျခင္း၊  အက္ဆစ္လြင့္စင္ျခင္းမ်ားေၾကာင့္ ႏွစ္စဥ္ မ်က္မျမင္ ဒုကၡိတ ျဖစ္ရသူဦးေရသည္ တစ္ကမၻာလံုးတြင္ ေထာင္ ေပါင္းမ်ားစြာ  ျဖစ္ေပၚေနသည္။ ဘက္ထရီတြင္သံုးေသာ ဆာလဖ်ဴရစ္ အက္ဆစ္သည္ လူ႕အသားအေရမ်ားကို ေလာင္စားေစ ႏိုင္ပါသည္။ အက္ဆစ္ကိုင္တြယ္လွ်င္ အထူး သတိထားပါ။ ဘက္ထရီ ထားသိုေသာေနရာ၊ ဘက္ထရီ အားသြင္းေသာ ေနရာမ်ား သုိ႔ ကေလးငယ္မ်ား မဝင္ႏိုင္ေအာင္ ကာရံ ထားပါ။ ကေလးမ်ားကို ဘက္ထရီေဘးအႏၱရာယ္ ရွိေၾကာင္း သင္ၾကားထားပါ။

ဘက္ထရီတြင္ပါဝင္ေသာ ခဲသတၱဳသည္သည္ အ ျပင္းစားသတၱဳ (Heavy Metal) ျဖစ္ၿပီး အဆိပ္သင့္ေစႏိုင္ ေသာ သတၱဳျဖစ္ပါသည္။ ခဲအဆိပ္သင့္ပါက က်န္းမာေရး ထိခိုက္ေစနိုင္သည္ကို သတိျပဳပါ။ ဘက္ထရီငုတ္၊ ဘက္ထ ရီေခါင္း မ်ားကို ကိုင္တြယ္ၿပီး ပါက လက္ကို သန္႔ရွင္းေအာင္ ေဆးေၾကာပါ။ ဘက္ထရီ ျပဳျပင္အားသြင္းေသာ ဆားဗစ္ လုပ္ငန္း မ်ားတြင္ ကေလးငယ္မ်ားႏွင့္ မိသားစုအတူတကြ ေနထိုင္ လုပ္ကိုင္ျခင္းသည္ အလြန္အႏၱရာယ္မ်ားေသာ အေျခအေန ျဖစ္ပါသည္။ကေလးငယ္မ်ားကို ခဲဆိပ္သင့္ေစ နိုင္ပါသည္။

ကားတြင္ တပ္ဆင္ထားေသာ ဘက္ထရီအုိးကို ခို္င္ခံ ၿမဲျမန္ေစရန္ ေသခ်ာပါေစ။ ကားတစ္စီးသည္ လမ္း အေဆာင့္ဒဏ္မ်ားေၾကာင့္ အၿမဲလႈပ္ရွားေနသျဖင့္  ဘက္ ထရီေခါင္း ေခ်ာင္၍ လြတ္ထြက္ေနပါက ကားမီးေလာင္ တတ္သည္ကို အၿမဲသတိျပဳပါ။

ဘက္ထရီတစ္လံုးကုိ Overcharging မျဖစ္ပါေစ ႏွင့္။ Overcharging ျဖစ္ပါက ဘက္ထရီအုိး ပြတ္ပြတ္ဆူၿပီး ဘက္ထရီသက္တမ္း တုိေစသည္။ ဘက္ထရီ ေကဘယ္ ႀကိဳးႏွင့္ Cable Lug မ်ား တင္းၾကပ္ေနပါေစ။ ဘက္ထရီ တြင္ လွ်ပ္လိုက္ရည္ ခန္းေျခာက္ ေလ်ာ့နည္းမႈ မရွိေအာင္ ပံုမွန္ စစ္ေဆးပါ။ လွ်ပ္လိုက္ရည္ ေလ်ာ့က်သြားပါက ဘက္ထရီမိုးေရ (Battery Water ) ကို ထပ္ျဖည့္ေပးပါ။ ကား အေဆာင့္ဒဏ္ေၾကာင့္ ဘက္ထရီအိုးကဲြအတ္ၿပီး အက္ဆစ္ ရည္မ်ား ယိုစိမ့္လွ်င္ ကားကိုယ္ထည္သံျပားမ်ား အက္ဆစ္စားသြားမည္။ ဘက္ထရီအိုးကဲြအတ္မႈ ရွိပါက အသစ္လဲလွယ္ပါ။

ဘက္ထရီခ်ာဂ်င္စနစ္ ေကာင္းမြန္မွန္ကန္မႈ ရွိရန္ ပံုမွန္စစ္ေဆးပါ။ ဘက္ထရီငုတ္ ႏွင့္ ဘက္ထရီေခါင္း ဆက္ သြယ္ထားေသာ ေနရာတြင္ ၾကာလာပါက ဆားေပါက္ ၿပီး ဆားခ်ဳိးအျဖဴမ်ားတက္ ေနတတ္သည္။ ေရေႏြးေလာင္းၿပီး ေဆးေၾကာသန္႔ရွင္းပါ။ တစ္ႏွစ္တစ္ႀကိမ္ ဘက္ထရီအား သြင္းစနစ္ကို ဆားဗစ္လုပ္ေပးပါ။ ဘက္ထရီတစ္လံုးမွ ထြက္ ေသာ DC လွ်ပ္စစ္ဗုိ႔အားသည္ 12 V သာရွိ၍ အႏၱရာယ္ မရွိဟု ေပါ့ေပါ့ဆဆ မေတြးပါႏွင့္။ ဝါယာေရွာ့ခ္ (Shock) ျဖစ္ပါက ဘက္ထရီမွ အပ္ပီယာ (၁ဝဝ)  ေက်ာ္ရွိေသာ လွ်ပ္စီးေၾကာင္း စီးဆင္းသျဖင့္ ဝါယာမ်ား အပူလြန္ကဲၿပီး မီးစတင္ေလာင္ရာမွ ကားတစ္စီးလံုး မီးေလာင္ဆံုးရႈံးရ ေသာ ျဖစ္စဥ္မ်ား မၾကာခဏ ျဖစ္ေပၚေနသည္။ သင့္ကား တြင္ ဝါယာေရွာ့ခ္ မျဖစ္ေအာင္ ကားေဟာင္းမ်ား ဝါယာရိန္း အထူး ဂရုစိုက္ပါ။ ဝါယာအေဟာင္းမ်ားကို ဝါယာအသစ္ျဖင့္ အစားထုိး လဲလွယ္ျပဳျပင္ရာတြင္ ဝါယာအဆက္မ်ား ေသခ်ာပါေစ။ ကားေဘာ္ဒီ Earth မမီပါေစႏွင့္။

ကားေဟာင္းမ်ား ဝါယာရိန္း ျပဳျပင္စရာရွိလွ်င္ အရည္အေသြး၊ ညံ့ေသာ၊ ေစ်းေပါေသာ ဝါယာႀကိဳးမ်ား ကို မသံုးစဲြပါႏွင့္။ ဝါယာအရည္ အေသြးေကာင္းမွ အႏၱရာယ္ ျဖစ္ျခင္းကို ကာကြယ္ႏိုင္ပါမည္။ အေၾကာင္း တစ္ခုခုေၾကာင့္ အားသြင္းစနစ္ မွားယြင္း၍ ဘက္ထရီ Overcharging  ျဖစ္ေနပါက အခ်ိန္မဆိုင္းဘဲ ခ်က္ခ်င္းျပဳျပင္ပါ။

ဘက္ထရီ Down သြား၍ အျခားဘက္ထရီ တစ္လံုးႏွင့္ ေထာက္ႏႈိးရပါက အႏၱရာယ္ ကင္းေအာင္ စနစ္တက် ေဆာင္ရြက္ရန္ လိုပါသည္။ အားအျပည့္အဝရွိေသာ ဘက္ထရီတစ္လံုးႏွင့္ ေထာက္ႏိႈး ေကဘယ္လ္ႀကိဳး (Jumper Cable) တစ္စံု လိုအပ္ပါသည္။ ေထာက္ႏိႈး ေကဘယ္လ္ႀကိဳး အဖ်ားထိပ္တြင္ ဘက္ထရီငုတ္ကိုညွပ္ ဖမ္းႏိုင္ေသာ ကလစ္ေခါင္း ႀကီးႀကီးပါရွိရပါမည္။ အနီေရာင္ ေကဘယ္လ္ႀကိဳးသည္ အဖုိႀကိဳး (Positive) ျဖစ္ၿပီး အနက္ေရာင္ ေကဘယ္လ္ႀကိဳးသည္  အမႀကိဳး (Negative) ျဖစ္ပါသည္။

(၁) အနီေရာင္ေကဘယ္လ္ႀကိဳး ကို ေထာက္ႏိႈး မည့္ ဘက္ထရီအေပါင္းငုတ္ (အဖုိ) တြင္ ကလစ္ညွပ္၍  ဖမ္းထားပါ။ ဘက္ထရီအဖုိငုတ္သည္ အမငုတ္ ထက္ပုိ၍ အလံုးႀကီးပါသည္။

(၂) အနီေရာင္ ေကဘယ္ႀကိဳး ၏ အျခားအစြန္း တစ္ဖက္ကို အားအျပည့္ရွိေသာ ဘက္ထရီအဖုိငုတ္တြင္ ကလစ္ညွပ္ဖမ္းပါ။

(၃) အနက္ေရာင္ ေကဘယ္လ္ႀကိဳး အစတစ္ဖက္ ကို အားေကာင္းေသာ ဘက္ထရီအမငုတ္ (-) တြင္ ကလစ္ ညွပ္၍ ဖမ္းတြယ္လိုက္ပါ။

(၄) အနက္ေရာင္ေဘယ္လ္ႀကိဳး၏ က်န္တစ္ဖက္ ကို ကားအင္ဂ်င္ ဘေလာက္ (သို႔မဟုတ္) ကားကိုယ္ထည္ အမာခံ ဖရိန္တန္းတစ္ေနရာတြင္ ကလစ္ညွပ္၍ဖမ္းပါ။ ထုိေနရာတြင္ ေဆးမႈတ္ထားျခင္း ၊ အညစ္ေၾကး ေပက်ံေန ျခင္းမရွိရ။ ဘက္ထရီအမငုတ္သုိ႔ တိုက္ရိုက္ မသြယ္ျခင္းမွာ ဘက္ထရီအိုးတြင္ ဟုိက္ၿဒိဳဂ်င္ဓာတ္ေငြ႕ လက္က်န္မ်ား ရွိေနပါက ဘက္ထရီ Spark ရိုက္မိလွ်င္ ဘက္ထရီအုိး ေပါက္ကဲြမႈ အႏၱရာယ္ ကင္းေစရန္ ရည္ရြယ္ျခင္းျဖစ္ပါသည္။

အားမရွိေသာ ဘက္ထရီ ႏွင့္ အားကူေထက္ႏႈိးမည့္ အရန္ ဘက္ထရီတုိ႔ အဆက္အသြယ္ ထိထိျဖစ္ပါက ကား ေသာ့လွည့္၍ ေမာ္တာဆဲြၾကည့္ပါ။ မထိတထိျဖစ္ေနပါက ကားဖရိန္ / အင္ဂ်င္ Earth ႀကိဳးခ်ေသာေနရာမွ  ေက ဘယ္လ္ ကလစ္ကို ေနရာေရႊ႕ေပးပါ။

(၅) စက္ႏိႈး ေမာ္ေတာစနစ္ အေျခအေနေကာင္း ပါက ေထာက္ႏိႈးဘက္ထရီမွ ဓာတ္အားကူလိုက္ရံုျဖင့္ ေမာ္တာ ေကာင္းေကာင္း လည္ပါမည္။ စက္ႏိႈးသြားလွ်င္ အင္ဂ်င္ Slow လည္ႏႈန္း (Idle Speed ) ကို ပတ္ေရ 1500 rpm ခန္႔ျမန္ေစၿပီး တစ္မိနစ္ ၊ ႏွစ္မိနစ္ခန႔္ စက္ႏႈိးထားပါ။ အားမရွိေသာ ဘက္ထရီအား အျမန္ဆံုး ျပန္ဝင္ရန္လုိ ပါသည္။

(၆) အားမရွိေသာ ကားဘက္ထရီ အားျပန္ဝင္၍ ေနာက္တစ္ႀကိမ္ စက္ျပန္ႏိႈးပါက အကူဘက္ထရီမပါဘဲ စက္ႏိႈးႏိုင္ရပါမည္။ အကယ္၍ စက္ႏိႈးေမာ္တာ မဆဲြႏိုင္ဘဲ အီေနပါက ခ်ာဂ်င္အားသြင္းစနစ္တြင္ ခ်ဳိ႕ယြင္းအားနည္း ခ်က္ တစ္ခုခုျဖစ္ႏိုင္သည္။ သို႔မဟုတ္ စက္ႏိႈးေမာ္တာစနစ္ တြင္ အျပစ္ရွိႏို္င္သည္။ ဒိုင္နမုိ / ေမာ္တာ Service ဆိုင္တြင္ စမ္းသပ္ စစ္ေဆးရန္ လိုအပ္ပါသည္။

(၇) ဘက္ထရီ ေထာက္ကူျပဳ၍ စက္ႏိႈးသြားပါက ေထာက္ႏိႈး ေကဘယ္လ္ ဝါယာကို အဆက္အသြယ္ျဖတ္ ေထာက္ပါ။ အနီေရာင္ မီးႀကိဳးကို ကားကိုယ္ထည္ ၊ သံထည္မ်ားႏွင့္ လံုးဝမထိပါေစႏွင့္။

(၈) စက္ႏိႈးၿပီး အင္ဂ်င္ကို မိနစ္သံုးဆယ္ခန္႔ ႏိႈးထား ပါ။ ဘက္ထရီ အားျပန္ျဖည့္ရန္ ေစာင့္ပါ။ မီးႀကီးမ်ား ဖြင့္ ၾကည့္ပါ။ ဟြန္းတီးၾကည့္ပါ။ အဲကြန္းဖြင့္၍ စမ္းသပ္ၾကည့္ပါ။ ဘက္ထရီ အားျပည့္ / မျပည့္ စမ္းသပ္ႏိုင္ေသာ နည္းလမ္း မ်ားျဖစ္ပါသည္။

အားမဝင္ဘဲ ဘက္ထရီ Run down ျဖစ္သြားရေသာ အေၾကာင္းရင္းကို ျပန္လည္ စစ္ေဆးပါ-

– ဘက္ထရီေခါင္းမ်ား ေခ်ာင္ေနသလား၊ လြတ္ ေနသလား။

– ဒိုင္နမို ခ်ာဂ်င္ဝင္အား အမ္ပီယာ မွန္သလား။

– ပန္ကာႀကိဳး ေလ်ာ့ၿပီး ေခ်ာင္ေနသလား။

– ဘက္ထရီသံုးစဲြထားေသာ သက္တမ္း ေက်ာ္ေနၿပီလား။

-Alternator အားသြင္းစနစ္ကို ျပန္လည္စစ္ေဆးပါ။

– လုိအပ္ေသာ ဆားဗစ္ဆင္ ျပဳလုပ္ေပးပါ။

– ဘက္ထရီ ႏွင့္ ေမာ္တာ ဆက္သြယ္ေသာ ေက ဘယ္လ္ ဝါယာႀကိဳး အဆက္မ်ား ထိထိမိမိ ရွိသလား။

တစ္ခ်ဳိ႕ကားဆရာမ်ားသည္ ေထာက္ႏိႈးဘက္ထရီ အားအျပည့္မရွိ၍ ဘက္ထရီ ႏွစ္လံုးေပါင္းၿပီး 24Volt ျဖင့္ ဆဲြနိုးတတ္သည္။ အလြန္ အႏၱရာယ္မ်ားေသာ လုပ္ေဆာင္ ခ်က္ျဖစ္ပါ္သည္။ 12Volt စနစ္သံုးေသာ ကားကို 24Volt ဘက္ထရီအား ႏွင့္ ဘယ္ေတာ့မွ မႏိႈးပါႏွင့္။ Electronic အစိတ္အပိုင္းမ်ား ေလာင္ကြၽမ္းသြားႏုိင္သည္ကို သတိျပဳ ပါ။

ဘက္ထရီအား အၿမဲေကာင္းေနေစရန္ ပံုမွန္စစ္ ေဆးပါ။ ဂရုစိုက္ ထိန္းသိမ္းပါ။ မိုးေရ မွန္မွန္ထည့္ျဖည့္ ပါ။ ဒိုင္နမိုအားသြင္းစနစ္ မွန္ဖုိ႔လုိပါသည္။ ပန္ကာႀကိဳး တင္း အားကို ဂရုစိုက္ပါ။ ဘက္ထရီ ေကဘယ္လ္ႀကိဳး အဆက္ မ်ား တင္းႀကပ္ေနပါေစ။ ဘက္ထရီေခါင္းမ်ား သန္႔ရွင္း ေနပါေစ။ ဘက္ထရီ ထိန္းသိမ္းမႈ ေကာင္းလွ်င္ ဘက္ထရီ အားကုန္ေသာ အားမရွိေသာ ျပႆနာမ်ဳိးမွ ေရွာင္လဲြႏိုင္ ပါလိမ့္မည္။

ဆရာ KMA