Unicode version…
အရိုုင်းအစိုုင်းအလှ
တည်ဆောက်ခဲ့တဲ့ ကားတွေအနက် အလှပဆုံးနဲ့ အကောင်းဆုံးကားတစ်စီးကို ကျွန်တော်တို့ DRIVE Magazine အနေနဲ့ သင့်ထံကို ကျိုးနွံစွာ ပို့ဆောင်လိုက်ပါတယ်။ big-2
တချို့ကားတွေက ရင်သပ်ရှုမောဖွယ်ကောင်း အောင်ကို လှပကြပါတယ်။ ဥပမာ-၁၉၃၀ ပြည့် နှစ်နှောင်းပိုင်းက ဒီဇိုင်းထုတ်ခဲ့တဲ့ ကားတွေလိုပေါ့။ ခေါင်းပေါ်ပျံဝဲနေတဲ့ လင်းနို့တစ်ကောင်လို ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ အခြားထောင့်ကကြည့် ရင်တော့ ခင်ဗျားမြင်ဖူးသမျှထဲမှာ ကောက်ကြောင်း အလှဆုံးနဲ့ အဆွဲဆောင်နိုင်ဆုံး မိန်းမလှတွေလိုပဲ ပေါ့။ ဒါက သင့်ကို အကောင်းဆုံးလူသားဖြစ်စေ တယ်လေ။
ဒီနေ့ခေတ်ရဲ့ ခေတ်အမီဆုံးထိပ်တန်းကား တွေလိုပါပဲ။ ၅၇ က လက်လုပ်ကားပဲ။ ၁၉၃၄ ခုနှစ်က ၁၉၄၀ပြည့်နှစ်ထိ အစီးရေ ရ၁၀ ပဲ ထုတ်လုပ်ခဲ့တယ်။ အပေါ့စား အလူမီယံပန်နယ်ကို အံ့ဘနန်းလှပတဲ့ ကောက်ကြောင်းပုံသဏ္ဍာန် ထုဆစ်ထားတယ်။ ကျွမ်းကျင်တဲ့ လက်မှုပညာ သည်က ရိုက်တုတ်နဲ့ အကြိမ်ရာပေါင်းများစွာ ပုံစံ အမျိုးမျိုး၊ အရွယ်အမျိုးမျိုးထုထားလို့ ပုံပေါ်နေ သလိုမျိုး။ ပြီးတော့ သံမှိုတွဲ။ ထိပ်မှာ ကျောရိုးချုပ် စပ်ရာလိုဟာမျိုးနဲ့။ အစောပိုင်း မွန်ဟော့ခ် ဆံပင် ပုံစံမျိုးနဲ့။ ထိပ်မှာအစင်းကျားတွေနဲ့ အထက်တန်း ကျတဲ့ ဇိမ်ခံကားလိုမျိုး။
လက်ရာအမြောက်ဆုံး ဘေးဘက်အမြင်၊ ဒီ ၅၇ က အရေပြားအောက်မှာရှိတဲ့ သတ္တဝါ ကြီးတစ်ကောင်လိုပဲ။ ၃.၃လီတာအတွင်းလိုင်း၊ စလင်ဒါ ရှစ်လုံးတပ်အင်ဂျင်၊ အဲခေတ်က အဆင့် မြင့်ဆုံးနည်းပညာဖြစ်တဲ့ ထိပ်မှာ ကင်မရာနဲ့ အဲခေတ်က အကြီးဆုံးမြင်းကောင်ရေ ၁၃၅အားနဲ့။ နောက်ပိုင်းကျတော့ ၂၀ဝ့စ နဲ့ ခေတ်မီမော်ဒန် ကား ထွက်လာတယ်။ ၁၉၀ ုာ။့မ နဲ့ မြန်နှုန်းမြင့် ကား၊ အဲအချိန်က လမ်းအခြေအနေတွေကို စဉ်း စားကြည့်လိုက်စမ်း ရူးသွပ်လောက်တဲ့နှုန်းနဲ့။
Grand Tourer ရဲ့ ထင်ရှားတဲ့ အမှတ်လက္ခဏာတွေ အားလုံးရှိပြီး မြန်နှုန်းမြင့် အဝေး ပြေး ခရူဆာကား၊ 950 kg နဲ့ အံ့ဘနန်း အလေး ချိန်ပေါ့ပါးမှု (ခေတ်ပေါ် Suzuki Swift ထက် တောင် ၆၀ုါ ပေါ့ပါးပါသေးတယ်။) ထူးထွေ ဆန်းပြားလှတဲ့ ထိန်းချုပ်ဘရိတ်တို့က ဒဏ္ဍာရီ ဆန်ဆန် LeMans 24 Hour ပြိုင်ပွဲမှာ နှစ်ကြိမ် တိုင်တိုင် အနိုင်ရရှိစေခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် အနိုင်ရခဲ့တုန်းက ဒုတိယဆုရရှိတဲ့လူထက် ကီလို မီတာ ၄၀ ဦးဆောင်ပြီးရရှိခဲ့တာပါ။ ဒီကားတီထွင်သူ Jean Bugatti အသက် ၃၀အရွယ် ဒီကားနဲ့ ကားတိုက်မှုဖြစ်ပြီး သေဆုံးခဲ့ပြီးနောက်ပိုင်းမှာ တောင် ကားသုံးစီးအနက် တစ်စီးပဲထုတ်လုပ်ရ သေးပါတယ်။bugatti-57sc-atlantic-aerial-view-5
အထက်တန်းလွှာ လူတန်းစားတွေက ၅၇ ကို သဘောကျခဲ့ကြတယ်။ ခုကာလထက်ကို သဘော ကျခဲ့ကြတယ်။ အဝတ်အထည်၊ နာရီနဲ့ ပရိဘောဂ ဒီဇိုင်းနာဖြစ်ပြီး ကမ္ဘာမှာ တန်ဖိုးကြီးကားတွေ စုဆောင်းတတ်တဲ့ လူတွေအနက် တစ်ဦးဖြစ်တဲ့ ကုဋြွေကယ်သူဋ္ဌေးကြီး Ralph Lauren က 57SC Atlantic ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒေါ်လာ သန်း ၄၀ ပေးပြီးဝယ်ခဲ့တာက ထင်ရှားတဲ့ဥပမာပါပဲ။
The Numbers
Engine Inline-8
Position Front Longitudinal
Aspiration Natural/Supercharged
Valves DOHC, 2 Valves per Cylinder
Displacement 3257 cc / 198.8 in³
Power 135/200 bhp
Body / frame Aluminum over Steel Frame
Driven wheels RWD
Front & rear brakes Drums
Kerb weight 950kg
Transmission 4-Speed Manualbugatgti-57sc-interior-haze-out-windows1937_bugatti_type_57sc_gangloff_drop_head_coupe_suspension
Zawgyi version..
အရိုင်းအစိုင်းအလှ
The Numbers
Engine Inline-8
Power 135/200 bhp
Driven wheels RWD
Kerb weight 950kg