ဒီနှစ်မှာတော့ ကမ္ဘာတဝန်း နှစ်စဉ်ကျင်းပနေကျ နာမည်ကျော်ကားပြပွဲဖြစ်တဲ့ Detroit, Geneva, Los Angeles, New York, နှင့် Paris Auto Show တွေ ကပ်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေမယ့် တရုတ်နိုင်ငံမှာတော့ Auto China အဖြစ် နာမည်ကျော်ကြားတဲ့ Beijing Auto Show 2020 ကို စဉ်ဆက်မပြတ် ကျင်းပသွားခဲ့ပါတယ်။ ကားထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတဲ့ တရုတ်နိုင်ငံရဲ့ Auto China မှာ ကားကုမ္ပဏီအများစုကနေ နောက်ဆုံးပေါ်မော်ဒယ်ကားသစ်တွေနဲ့ Concept ကားတွေကို ပြသသွားခဲ့ပါတယ်။ Beijing Auto Show မှာ ပြသသွားခဲ့တဲ့ ကားတွေထဲကမှ စိတ်ဝင်စားရာ Concept ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Great Wall Motors Futurist Concept
တရုတ်ထိပ်တန်း ကားထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Great Wall ရဲ့ Futurist Concept ဖြစ်ပါတယ်။ ခန့်ထည်တဲ့ဒီဇိုင်းနဲ့ Center Door ဖြစ်တာကြောင့် B-pillar ပါဝင်လာခြင်းမရှိပါဘူး။ အတွင်းပိုင်းကိုတော့ လုံးဝ Luxury ဆန်စွာ ဖန်တီးထားပြီး Electric Sedan ဖြစ်တာကြောင့် Battery နဲ့ မိုင်ပေါင်း (၄၃၀)ထိ မောင်းနှင်နိုင်စွမ်းရှိပါတယ်။

Honda SUV e:concept
Honda ရဲ့ သေသပ်လှပတဲ့ ခေတ်ရှေ့ပြေးဒီဇိုင်းပိုင်းနဲ့ all Electric SUV ဖြစ်တဲ့ e:concept ပါ။ ကြီးမားတဲ့ဘီး၊ သေသပ်လှပတဲ့ အရှေ့ဘက်ဒီဇိုင်းနဲ့ ဝင့်ကြွားတဲ့ Honda တံဆပ်တွေကြောင့် အလွန်ဆွဲဆောင်မှုရှိပါတယ်။

Hongqi 2.0 Concept
တရုတ်သမ္မတစီးနင်းတဲ့ ကားအမှတ်တံဆိပ်အဖြစ် လူသိများတဲ့ Hongqi ကတော့ Mini Bus အမျိုးအစား Concept Car ဖြစ်တဲ့ Hongqi 2.0 Concept ကို ပြသသွားခဲ့ပါတယ်။ အလိုအလျောက်မောင်းနှင်နိုင်တဲ့နည်းပညာ၊ ထူးခြားတဲ့ဒီဇိုင်းပိုင်းကြောင့် လူအများ နှစ်သက်သဘောကျတဲ့ Concept ကားတစ်စီးပါ။


Huawei Transparent Concept
လျှပ်စစ်ကားထုတ်လုပ်ရေးကို မျက်စိကျတဲ့နည်းပညာကုမ္ပဏီတွေထဲမှာ Huawei လည်း ပါဝင်လာပါတယ်။ နည်းပညာပိုင်းမှာ Transparent ဖြစ်တဲ့ ဒီဇိုင်းကို လူတိုင်းနှစ်သက်ကြတဲ့အတိုင်း Huawei Concept Car ကို ဖန်တီးထားတာဖြစ်ပါတယ်။

Neta Eureka 03 Concept
တရုတ်လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ Hozon Auto ရဲ့ Neta Eureka 03 Concept ကလည်း အဆင်မြင့်နည်းပညာ၊ ဒီဇိုင်းပိုင်းဆိုင်ရာ ထူးခြားမှုတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ မိုင်(၅၀၀) နီးပါးမောင်းနှင်နိုင်စွမ်းရှိတဲ့ Battery စွမ်းဆောင်ရည်ကို ဖန်တီးထားပြီး Digital side mirror၊ ရှည်လျားတဲ့ LED Headlight တွေစတဲ့ ခေတ်ရှေ့ပြေး ဒီဇိုင်းအပြင်အဆင်နဲ့ Concept ကားတစ်စီးဖြစ်ပါတယ်။