Bentley Bentayga သည် 2021 Model အတွက် New Model အနေဖြင့် ထွက်ရှိလာကာ ဆန်းသစ်သည့် ဒီဇိုင်းဖန်တီးမှုလက်ရာများစွာဖြင့် Bentley ချစ်သူများကို အံ့အားသင့်စေပါသည်။ New Bentayga တွင် V8 Engine ကို Standard သတ်မှတ်ကာ W 12 Engine ကိုမူ Bentayga Speed တွင် ထည့်သွင်းထားမည်။ Bentayga သည် မြောက်အမေရိကတွင် အလွန် လူကြိုက်များသည်။ V8 Engine သည် ( 4.0 L Twinturbo V8 Engine ) ဖြစ်သည်။ New Bentayga ၏ ဒီဇိုင်းအသစ်အား New Continental GT နှင့် Flying Spur တို့ထံမှ မှီငြမ်းထားပါသည်။ ထင်ရှားပေါ်လွင်သည့် Matrix Grille နှင့်အတူ Cut Crystal Glassware Design ဖန်တီးထားသည့် အရှေ့မီးလုံးများသည် အလွန် လှပပြီး Bentley ၏ ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်နေပါသည်။ ကြီးမားသော်လည်း ခန့်ထည်ပြေပြစ်သည့် ကားဘေးဖက် ဒီဇိုင်းအား New V8 Badge ဖြင့် တွေ့မြင်ရမည်။ အနောက်ဖုံးရှိ Taillight သည် New Design ပုံစံဖြစ်ကာ ယခင် Bentayga Model ၏ နောက်မီးဒီဇိုင်းထက်ပို၍ လှပပြီး လုံးဝန်းသည့် ပုံစံရှိပါသည်။ New Bentayga တွင် Viridian အစိမ်းပုတ်ရောင် နှင့် Patina ဟူ၍ အရောင်သစ် (၂)မျိုး ပါဝင်လာသည်။ 2021 Bantayga ၏ အပြင်ဖက်ဒီဇိုင်းပြောင်းလဲမှုအပြင် အတွင်းခန်း အသစ်အဆန်းများကိုလည်း ခံစားရမည် ဖြစ်သည်။ Dashboard ဧရိယာတဝိုက်သည် ပုံစံအသစ်ဖြစ်ပြီး New Steering ၊ Door Trim အသစ်များ ဖြင့်ခင်းကျင်းထားပြီး နည်းပညာအသစ်များစွာကိုလည်း ထည့်သွင်းထားသည်။ အဓိက အသုံးပြုမှုအတွက် ( 10.9 – inch Touch Screen ) အရွယ်ကြီးကြီးနှင့်အတူ Air Vent နှင့် နာရီဒီဇိုင်း အသစ်တို့သည် New Bantayga ၏ အလှတရားများပင်ဖြစ်သည်။ USB Port နှင့် USB-C Outlet များကိုလည်း အဆင့်မြှင့်တင်ထားပြီး မီတာဒိုင်ခွက်စနစ်ကိုလည်း ( Fully Digital Instrument Cluster ) ကိုထည့်သွင်းထားပါသည်။ 2021 Bentayga တွင် ထိုင်ခုံပုံစံအနေဖြင့် – 4 Seat / 5 Seat / 7 Seat ဟူ၍ ပုံစံ (၃)မျိုးပါရှိပြီး 4 Seater တွင် Racing Seat ထည့်သွင်းထားသည်။ အတွင်းခန်းရှိ Stitching / Color အရောင်များကိုလည်း စိတ်ကြိုက်မှာယူနိုင်ပါမည်။ 2021 Bentley Bentayga အား U.S.A တွင်စတင်ရောင်းချနေပါသည်။

14 Jul 2020
0