Unicode version…
(Shooting Brake) ကားအမျိုးအစား ဆိုသည်မှာ အပျော်တမ်းအမဲလိုက်ခြင်း၊ စွန့်စားသွားလာခြင်း နှင့် တောတွင်းခရီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကားဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်း Brand ဖြစ်သည့် Bentley ၏ ပထမဆုံးထုတ် Bentayga SUV သည် အထက်တန်းလွှာ အပျော်တမ်း အမဲလိုက်သည့် ပုဂ္ဂိုလ်များအတွက် အထူးဖန်တီးမှုဖြစ်သည့် Bentley Bentayga Field Sport By Mulliner အားထုတ်လုပ်ထားပါသည်။ ၄င်းအား Bentley နှင့် Mulliner မှ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး အမဲလိုက်မှု အတွက် သီးသန့်အသုံးပြုနိုင်ရန် အထူးဖန်တီးထားပါသည်။ ၄င်း၏ အတွင်းခန်းတွင် အလွန်ကျယ်ဝန်းသည့် ပစ္စည်းထည့်ရန် နေရာပါရှိမည်ဖြစ်ပြီး ဆွဲယူ အသုံးပြုနိုင်သည့်ပစ္စည်း၊ တန်ဆာပလာများ ထားသိုရန်နေရာ များလည်း ပါရှိမည်ဖြစ်ကာ (အရေးပေါ်ဆေးသေတ္တာ)၊ (ကျည်ဆန်နှင့် ခဲယမ်းများသိုလှောင်သေတ္တာ) များအား စနစ်တကျသိမ်းဆည်းနိုင်မည်ဖြစ်ပါသည်။ (Bentley) သည် ထိပ်တန်းအဆင့်ရှိသည့် အရည်အသွေးနှင့် ဇိမ်ခံပစ္စည်းများကို အဓိကအသုံးပြုသည့် Brand ဖြစ်၍ အဆိုပါအထူးထုတ် Bentayga ၏ အတွင်းခန်းတွင် တန်ဖိုးကြီးသားရေ များစွာ တွေ့မြင်ရမည်ဖြစ်ပြီး တန်ဖိုးကြီးယမကာများနှင့် ရှန်ပိန် ပုလင်းများထားရန်စင်များလည်း ပါရှိပါမည်။ ထို့အပြင် အမဲလိုက်ရာတွင် အသုံးပြုမည့် သေနတ်များ သိမ်းဆည်းရန် နေရာလည်း ပါ၀င်မည်ဖြစ်ပြီး အနောက်ဖက်ခုံအကြားတွင်ရှိကာ သာရေးဖြင့် ဖုံးအုပ်ထား မည် ဖြစ်ပါသည်။
အထက်ပါထည့်သွင်းမှုများအပြင် အပျော်တမ်း အမဲလိုက်သူများအတွက် စီစဉ်ထားမှုတစ်ခုကိုလည်း Bentayga Field Sport တွင် ပါရှိပါမည်။ ၄င်းမှာ အမဲလိုက်အသုံးပြုမှုတွင် မရှိမဖြစ် ပါ၀င်လေ့ရှိသည့် အမဲလိုက်ခွေးများ လိုက်ပါစီးနင်းရန် အရောင်ကွဲ (၆)မျိုး ရနိုင်မည့် (Lather-Clad) များထည့်သွင်းထားမည် ဖြစ်ပြီး ကော်ဇောနှင့် အခြောက်ခံစက် စသည့် ဆက်စပ်ပစ္စည်းများလည်း ပါရှိမည်ဖြစ်ပါသည်။ အလားတူ အတွင်းခန်း အလှဆင်မှုအနေဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်မည့် သစ်သားအကွပ်များအား Dashboard နှင့် အခြားနေရာများတွင် တပ်ဆင်နိုင်မည် ဖြစ်ပါသည်။ Bentlay Bentayga Field Sport အထူးထုတ်ကားအား ပြုလုပ်မှုတွင် (Ultra – custom gun manufacturer Purdy) မှလည်း ကူညီဖန်တီးပေးပါမည်။
Zawgyi version…