Unicode version…
ဗြိတိန်အခြေစိုက် ကမ္ဘာကျော်(Bentley) သည် (New Continental 24)အမည်ရှိ (Special edition model) အားဖန်တီးလိုက်ပါသည်။ ၄င်းအား (24 Hours Nurburgring)ကို အမှတ်တရဖြစ်စေရန်နှင့် ရှေးဆန်သည့် လူကုံထံများနှစ်သက်စေရန် ကြီးမားခန့်ထည်ပြီးရိုးရှင်းသည့်ပုံစံဖြင့် ဖန်တီးထားပါသည်။
၄င်းအား အစင်းရေ (၂၄)စင်းသာကန့်သတ်ထုတ်လုပ်မည်ဖြစ်ပြီး ဥရောပစျေးကွက် ၌ အများစု ရောင်းချပါမည်။ ၄င်းအား New Continental GT Super sports ကိုအခြေခံကာ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး (Super sport W12 Engine)(700 hp)(750 lb-ft of torque) အင်ဂျင်နှင့်အတူ (Titanium Exhaust) များကိုလည်း ထူးခြားစွာတပ်ဆင်ထားပါမည်။
Continental ၏အပြင်အရောင်များအား (Bright Monaco Yellow) သို့ (ST. James Redover Black Crystal)တို့ဖြင့် ထူးခြားစွာ ဖန်တီးထားမည်ဖြစ်ပါသည်။ ထို့အပြင် (21 – inch forget wheels)၊ (Carbon-fiber mirrors)(Black brake calipers) တို့အား အပြင်ဖက်တွင် တန်ဆာဆင်ထားမည်ဖြစ်ပါသည်
အတွင်းခန်းကိုလည်း ဆန်းသစ်သည့် ခံစားမှုများရရှိစေရန် (အဝါရောင်)သို့ (အနီရောင်)သားရေများ အား အနက်ရောင်စိန်ကွက်ဒီဇိုင်းပုံစံချုပ်ရိုးများဖြင့် လှပစွာဖန်တီးထားမည်ဖြစ်ပါသည်။ ထို့အပြင် ထိုင်ခုံများရှိ ခေါင်းမှီများတွင် (Continental 24) စာတန်းအား လှပသပ်ရပ်စွာ ချုပ်လုပ်ထားမည်ဖြစ်ပါသည်။
အဆိုပါ (Continental 24) အား ယခုနှစ် (July)တွင် စတင်ရောင်းချမည်ဖြစ်ပြီး စတာလင်ပေါင် 250000 (သို့) (US$ 280600)ခန့်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ အဆိုပါနှုန်းသည် Bentley Bentayga Falconry ထက်ပိုနိုင်ပါမည်။
Zawgyi version…