2003 တွင်မွေးဖွားခဲ့သည့် Bentley ၏ နာမည်ကျော် Continental GT သည် VW Group ၏ Platform ကို ခွဲဝေရယူပြီး ဖန်တီးခြင်းဖြစ်သည်။ Continental သည် အလွန်လူကြိုက်များ ခဲ့သည့် Model ဖြစ်ပါသည်။ မကြာခင်က ထုတ်လုပ်လိုက်သည့် Orange Flame အရောင် Conti GT V8 Model သည် Conti GT ၏ ရှစ်သောင်းမြောက် ရောက်ရှိခဲ့သည့် Model အနေဖြင့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါသည်။ Bentley အနေဖြင့် Continental GT ကားအချို့အား အမှတ်တရ စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ၎င်းတို့တွင် ပထမဆုံး ထုတ်လုပ်ထားသည့် GT Model လည်းပါဝင်ပါသည်။ ထို့အပြင် 2009 တွင်ထုတ်လုပ်ခဲ့သည့် Continental Super sports ၏ ပထမမျိုးဆက် Model လည်းပါဝင်ကာ ၎င်းတွင် ( 6.0 L W 12 Engine ) ( 6.21 hp ) အင်ဂျင်ပါဝင်သည်။ ထို့အတူ Record-Setting ရရှိထားသည့် Model များနှင့် Racing Model များကိုလည်း ထုတ်လုပ်ခဲ့ကာ ဥပမာအားဖြင့် 2007 ခုနှစ်တွင် ဖင်လန်နိုင်ငံရှိ ရေခဲပြင်ပေါ်တွင် မောင်းရာ၌ ( 199.86 mph Speed Record ) ရရှိထားသည့် Continental Model ရရှိထားသည့် အပြင် မျိုးဆက် (၂)ဆက် ထုတ်လုပ်ခဲ့သည့် GT 3 ပြိုင်ကားများသည်လည်း 2012 တွင် Australia ၌ ကျင်းပခဲ့သည့် 12 Hours of Bathurts ပြိုင်ပွဲတွင် Winner ရရှိခဲ့ပါသည်။ Pikes Peak Int’ Hill Climb ၏ Production Class Record ကိုလည်း 2019 တွင် ရရှိခဲ့ပါသည်။ လက်ရှိထုတ်လုပ် ထားသည့် Conti GT ဒုတိယမျိုးဆက်သည် အလွန်လူကြိုက်များသည့် Bentley Model ဖြစ်ကာ ၎င်းအတွက် ဝယ်ယူသူ စိတ်ကြိုက်ဖန်တီးမှုများမှ ( USD 17.0 Billions ) ခန့်ရရှိထားပြီး ထိုကဲ့သို့ ငွေပမာဏ ကြီးမားစွာ ရရှိခြင်းသည် အထူးထုတ် ဆေးရောင် ၊ Trim နှင့် Upholstery Options များစွာကို ပြုလုပ်ဖန်တီးရခြင်းကြောင့် ဖြစ်ပါသည်။