အထူးတန်ဖိုးကြီးသည့် အရည်အသွေးမြင့် Model များကိုသာ ထုတ်လုပ်သည့် Bentley သည် သူကြွယ်များအတွက် Ultra – Exclusive Model အသစ်တမျိုးကို ထုတ်လုပ်လိုက်ပါသည်။ Open – topped ပုံစံ ( ၂ ) ယောက်စီးကားသစ်အား EXP 100 GT Concept ၏ ဒီဇိုင်းဖြင့် ရယူဖန်တီးထားပြီး ( စတာလင်ပေါင် ၁.၅ သန်း ) ခန့်ဖြင့် ရောင်းချမည်ဖြစ်သည်။ EXP 100 GT အား ယခုနှစ်နွေရာသီ၌ ပြုလုပ်ခဲ့သည့် Bentley နှစ် ၁၀၀ ပြည့်ပွဲတွင် မိတ်ဆက်ပြသခဲ့ပြီး အမိုးတခုလုံးနီးပါးကို မှန်သားဖြင့် ပြုလုပ်ထားသည့် 4 – Seat နှင့် အမိုးမပါသည့် 2 – Seat တို့ကို ပြသခဲ့သည်။ ယခုထုတ်လုပ်သည့် Model အား အစင်းရေ ( ၁၂ ) စင်းသာ နမူနာအနေဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး Bentley ၏ Coachbuilder ဖြစ်သည့် Mulliner မှ ဖန်တီးထုတ်လုပ်ပါမည်။ Concept သည် EV ဖြစ်သော်လည်း Production Model အား V 12 Petrol Engine ကို အသုံးပြုမည်ဖြစ်သည်။ 2 Seat Model တွင် အထူးတန်ဖိုးကြီးသစ်သား ၊ ကြေးနီ ၊ Synthetic Leather နှင့် Crystal Trim Elements ကဲ့သို့ ထူးခြားသည့် ပါဝင်မှုများထည့်သွင်းထားမည်ဖြစ်သည်။

Zawgyi Version……

Bentley EXP 100 GT သည် ထိပ်တန်းအဆင့်ရှိသည့် 2 – Seater Model ဖြစ်လာခြင်း
————————————————————