Bentley Mulliner Bacalar သည် အလွန်လှပစွာ ဖန်တီးထားသည့် 2-Seater Roadster ဖြစ်သည်။ ထူးခြားမှုမှာ အဆိုပါ Model သည် Bentley မှ တဆန်းတကြယ် ဖန်တီးထားသည့် Unique Custom Coachbuilt Car ဖြစ်ပါသည်။ ၎င်းသည် Special Product ဖြစ်ပြီး အစင်းရေ (၁၂)စင်းသာ ထုတ်လုပ်မည်ဖြစ်ကာ အတွင်း၊ အပြင် ဖန်တီးမှု အားလုံးကို Unique အနေဖြင့် ဖန်တီးပါမည်။ ဒီဇိုင်းပညာရှင်များသည် နမူနာ Model (၆)ခုခန့် ကြိုတင်ဖန်တီးထားပြီး Customer များမှ စိတ်ကြိုက် ရွေးချယ်နိုင်မည် ဖြစ်သည်။ အတွင်းခန်းရှိ Materials များတွင် Fabric ၊ Piping ၊ Stitching အားလုံးကို အသေးစိတ်ကျစွာ ဖန်တီးထားမည်ဖြစ်ကာ Light Wood Veneer နှင့် Green Leather ကဲ့သို့ ဆန်းပြားသည့် Materials များကို ထည့်သွင်းထားမည်ဖြစ်ပြီး စွဲဆောင်မှုရှိသည့် အခင်းအကျင်းများဖြစ်သည့် Oxlood သားရေ ၊ Gray Tweed တို့အပြင် နှစ်ပေါင်းငါးထောင် သက်တမ်းရှိသည့် Riverwood Veneer (၂)ခုတို့ကိုလည်း ရရှိနိုင်ပါမည်။ Fulton ၊ Menlo ၊ Brickell ၊ Randwick ကဲ့သို့ နာမည်ကျော် Trim များကိုလည်း Order မှာယူနိုင်ပါမည်။ Bantley အနေဖြင့် Mulliner Bacalar ၏ ဈေးနှုန်းနှင့် အခြားအချက်အလက်များကို ထပ်မံကြေငြာမည်ဖြစ်ပါသည်။
Zawgyi Version….
Custom Coach Design လက်ရာများဖြင့် ဖန်တီးထားသည့် Bentley Mulliner Bacalar
———————————————————————