Ultra-Luxury Brand ဖြစ်သည့် Bentley သည် ဝယ်သူ့စိတ်ကြိုက်ဖန်တီးမှုအတွက် Unique Product များထုတ်လုပ်ပေးသည့် Mulliner Division ကို ဖွဲ့စည်းထားပါသည်။ အမြဲ ဆန်းသစ်သည့် Idea များရှိသည့် Mulliner မှ Special Interior Trim အသစ်တမျိုးအား Bentley ချစ်သူများအတွက် စီစဉ် ဖန်တီးလိုက်ပါသည်။ New Trim အသစ်တွင် ပါဝင်မှုများစွာကို စုံစုံ လင်လင် ထည့်သွင်းထားပြီး – Open-pare Wood ၊ Carbon Fiber ၊ Aluminum တို့အပြင် Stone ကိုလည်း ပေါင်းစပ် ထည့်သွင်းထားကာ Color-Matched Paint လည်းပါဝင်မည်။ အထူးခြားဆုံး သော Interior Trim (၂)ခုမှာ – ( Stone ) နှင့် ( Open-Pore ) Options တို့ဖြစ်သည်။ Stone Veneer အတွက် ရှားပါးသည့် Slate နှင့် Quartzite ကျောက်မျက်အား ( Autumn White ၊ Copper ၊ Galaxy ၊ Terra Red ) ဟူ၍ အရောင်(၄)ရောင်ဖြင့် ဆန်းပြားစွာ ဖန်တီးထားပါသည်။ Veneer ၏ ထုထည်အား ( 0.1 mm ) ခန့်သာ အထူးဖန်တီးထားပါသည်။ Open-pore Trim အတွက် Wood Trim (၃)မျိုး ရွေးချယ်နိုင်ပြီး ၎င်းတို့မှာ American Red Gum ဖြင့် ပြုလုပ်ထား သည့် Liquid Amber ၊ Dark Burr ၊ Tamo Ash တို့ဖြစ်သည်။ ၎င်းတို့အား ( Gloss Wood Coating ) ဖြင့် ဖန်တီးထားသည့်Resin သြဂဲနစ်ဖြင့် ဖန်တီးထားသည့် Carbon Fiber Trim နှင့် အထူးကြည်လင်သည့် 3D Aluminum Trim ကိုလည်း Diamond-brushing Bentayga တွင် ရရှိနိုင်မည့်အပြင် အရောင် (၈၈)ရောင် အထိ ရွေးချယ်နိုင်သည့် Exterior Color များနှင့် Leather ရွေးချယ်မှုများလည်း ရရှိနိုင်ပါမည်။

02 Nov 2020
0