Bentley တွင် ဈေးအမြင့်ဆုံး Sedan ဖြစ်သည့် Mulsanne အား အင်္ဂလန် ၊ Cheshire ဒေသရှိ Crew စက်ရုံတွင် ထုတ်လုပ်တပ်ဆင်ပါသည်။ နောက်ဆုံးထုတ်လုပ်သည့် Mulsanne အား အမည် မဖော်လိုသူ တစ်ဦးမှ ဝယ်ယူသွားခဲ့သည်။ အဆိုပါ Last Model တွင် Tungster နှင့် Rose Rose တို့ ပေါင်းစပ် ဖန်တီးထားပြီး ( Mulsanne 6.75 Edition ) ဟုအမည်ပေးခဲ့ပြီး အဆိုပါ Edition Model အား အစင်း(၃၀)သာ ကန့်သတ်ထုတ်လုပ်ခဲ့သည်။ ကားများတွင် (6.75 V8 Engine) ကိုတပ်ဆင်ခဲ့ပြီး အဆိုပါ အင်ဂျင်သည် 1959 တွင် ထုတ်လုပ်ခဲ့သည့် Engine Series ကို ဂုဏ်ပြု တပ်ဆင်ခြင်းဖြစ်သည်။ Bentley သည် Mulsanne အား Pabble Beach တွင် 2009 ၌ စတင်မိတ်ဆက် ခဲ့သည်။ ထုတ်လုပ်စဉ်တွင် ပြောင်းလဲဆန်းသစ်မှုများအနေဖြင့် 2015 တွင် Mulsanne Speed ကို၎င်း ၊ 2016 တွင် Design နှင့် နည်းပညာတို့ကို Refresh အနေဖြင့် ပြောင်းလဲကာ ထုတ်လုပ်ခဲ့ပါသည်။ Bentley သည် Mulsanne အစင်းရေ (ခုနှစ်ထောင့် သုံးရာ) ကျော်ခန့် ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးတွင် ကျွမ်းကျင်အလုပ်သမား ခုနှစ်ရာကျော် အသုံးပြုခဲ့ပြီး နာရီပေါင်း (၃)သန်းဝန်းကျင် သတ်မှတ်ထုတ်လုပ်ခဲ့ပါသည်။ နောက်ပိုင်း ထုတ်လုပ်မည့် Bentley ၏ Flagship Model သည် New Flying Model ဖြစ်လာပါသည်။