( Tweed – ရောင်စုံသိုးမွှေးပိတ်စ ) ဖြင့် အထူးဖန်တီးထားသည့် သိုးမွှေးရက်ထည် – Tweed Fabric အား Special Treatment အနေဖြင့် Bentley သည် စတင်အသုံးပြုမည်ဖြစ်ကာ ( Bentayga / Flying Spur / Continental GT ) တို့တွင် Optional အနေဖြင့် မှာယူနိုင်မည်။ အဆိုပါ New Trim သည် သမားရိုးကျရနိုင်သည့် Wood ၊ Leather စသည့် Trim များ၏ အစားထိုးဟု ဆိုရမည်ဖြစ်ပြီး (သိုးမွှေးပိတ်စ)ကဲ့သို့ ထူးခြားသည့်လက်ရာများကို ခံစားလိုသည့် Customer များ အတွက် British Brand တခု၏ဝန်ဆောင်မှုပင်ဖြစ်သည်။ Interior Tweed Trim အတွက် Pattern (၄)မျိုး ရရှိနိုင်သည်။ ( Cheltenham ) သည် အထူးလှပသည့် အစိမ်းရောင် Pattern ဖြစ်ကာ ရိုးရှင်းသည့် ဓလေ့ထုံးစံကို ရည်ညွှန်းသည်။ ( Glen Plaid – Tolsta ကမ်းခြေ ) သည် Hebride အပြင်ဖက်ပိုင်းရှိ ကမ်းခြေဖြစ်ကာ ထူးခြားပြီး ပေါ်လွင်သည့် Pattern ကိုရွေးချယ်လိုပါက ၎င်းအား ရွေးချယ်သင့်သည်။ နူးညံ့သိမ်မွေ့မှုကို နှစ်သက်သူများအတွက် ( Charcoal ) နှင့် ( Sand Herringbone ) Pattern များကို ရနိုင်ပြီး ၎င်းတို့သည် Grand Tourer Model များအတွက် ပို၍ သင့်တော်မည်ဖြစ်သည်။ ( Glen Plaid – Tolsta Beach ) နှင့် ( Cheltenham ) တို့သည် အကောင်းဆုံး Pattern Type များဟု Bentley မှလည်း Recommend ပေးထားပါသည်။ Bentley သည် ယခု Tweed Trim အား စကော့လူမျိုးဖြစ်သူ Lovat Maill ထံမှ မှီငြမ်းရယူခြင်းဖြစ်ပြီး အနုသုခုမ ဆန်ခြင်း ၊ အသေးစိတ်ဖန်တီးချုပ်လုပ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကိုမူ နာမည်ကျော် ( Mulliner ) မှ တာဝန်ယူကာ ( Mulliner Bacalar ) မှ ကားအတွင်းခန်းတခုလုံးနှင့် Luggage Set များကိုပါ တာဝန်ယူ ဖန်တီးပါသည်။