Zawgyi
Puritalia Automobile အား ( 2014 ) မတိုင္ခင္အထိ ကမာၻ႔ကားေလာကတြင္ သိရွိသူမရွိသေလာက္ျဖစ္ခဲ့သည္။ အီတလီႏိုင္ငံ ၊ ေနပယ္ၿမိဳ႔အေျခစိုက္ Puritalia သည္ အီတလီကားထုုတ္လုပ္ျခင္း၏ ထင္ရွားသည့္ ဒီဇိုင္းလက္ရာမ်ားႏွင့္ အဆင့္ျမင့္နည္းပညာမ်ားျဖင့္ အဓိကဖန္တီးပုံေဖာ္သည့္ ကားမ်ားကို ထုတ္လုပ္ မည္ျဖစ္ၿပီး ပထမဆုံး Model သည္ 427 Roadster ျဖစ္ကာ နာမည္ေက်ာ္ Shelby Cobra မွ မွီျငမ္း ထားပါသည္။ ဒုတိယေျမာက္ကားျဖစ္သည့္ Berlinetta အား ယခုႏွစ္ March တြင္ က်င္းပမည့္ Geneva ကားျပပြဲတြင္ မိတ္ဆက္မည္ျဖစ္ၿပီး ၎သည္ 427 Model အား Hardtop ပုံစံျပဳလုပ္ ထားကာ ( 965 hp Hybrid ) စနစ္လည္းပါရွိမည္။ အင္ဂ်င္သည္ ( V 8 Engine 427 hp ) အင္ဂ်င္ အား Supercharged Version အေနျဖင့္တပ္ဆင္ထားမည္။ လွ်ပ္စစ္ေမာ္တာႏွင့္ အင္ဂ်င္တို႔ ေပါင္းစပ္ မႈသည္ ( 920 Ib – ft of Torque ) ျဖစ္ကာ ( e Mozione ) စနစ္ကို အသုံးျပဳပါက ( 272 Ib – ft of Torque ) အား ယာယီဖန္တီးႏိုင္ရန္ တီထြင္ထားသည္။ Sporty ဆန္သည့္ခံစားမႈအတြက္ Titanium Exhaust မ်ားမွ ေဆာင္ရြက္ေပးပါမည္။ ထူးျခားမႈမွာ Berlinetta ၏ ကိုယ္ထည္အား ( 50 : 50 ) Weight Balance ပုံစံျဖင့္ ဖန္တီးထားျခင္းျဖစ္၍ ယာဥ္ကိုတည္ၿငိမ္ေစမည္ျဖစ္ၿပီး Aluminum Suspension မ်ားထည့္သြင္းထားသည့္အတြက္ ေပါ့ပါးသြက္လက္သည့္ခံစားမႈကို ရရွိေစပါမည္။ Berlinetta ၏ ပထမဆုံး၀ယ္ယူသူ ( ၁၅၀ ) အတြက္ Personal Design Team မွ ၎တို႔ စိတ္ႀကိဳက္ ဖန္တီးမႈမ်ားကို ေဆြးေႏြးဖန္တီးေပးသည့္ ၀န္းေဆာင္မႈလည္း ပါရွိမည္ျဖစ္ပါသည္။

Unicode Version…

အီတလီကားထုတ်လုပ်ရေး ကုမ္ပဏီအသစ် Puritalia မှ ပြိုင်ကားမော်ဒယ် Berlinetta Hybrid အားထုတ်လုပ်
Puritalia Automobile အား ( 2014 ) မတိုင်ခင်အထိ ကမ္ဘာ့ကားလောကတွင် သိရှိသူမရှိသလောက်ဖြစ်ခဲ့သည်။ အီတလီနိုင်ငံ ၊ နေပယ်မြို့အခြေစိုက် Puritalia သည် အီတလီကားထုတ်လုပ်ခြင်း၏ ထင်ရှားသည့် ဒီဇိုင်းလက်ရာများနှင့် အဆင့်မြင့်နည်းပညာများဖြင့် အဓိကဖန်တီးပုံဖော်သည့် ကားများကို ထုတ်လုပ် မည်ဖြစ်ပြီး ပထမဆုံး Model သည် 427 Roadster ဖြစ်ကာ နာမည်ကျော် Shelby Cobra မှ မှီငြမ်း ထားပါသည်။ ဒုတိယမြောက်ကားဖြစ်သည့် Berlinetta အား ယခုနှစ် March တွင် ကျင်းပမည့် Geneva ကားပြပွဲတွင် မိတ်ဆက်မည်ဖြစ်ပြီး ၎င်းသည် 427 Model အား Hardtop ပုံစံပြုလုပ် ထားကာ ( 965 hp Hybrid ) စနစ်လည်းပါရှိမည်။ အင်ဂျင်သည် ( V 8 Engine 427 hp ) အင်ဂျင် အား Supercharged Version အနေဖြင့်တပ်ဆင်ထားမည်။ လျှပ်စစ်မော်တာနှင့် အင်ဂျင်တို့ ပေါင်းစပ် မှုသည် ( 920 Ib – ft of Torque ) ဖြစ်ကာ ( e Mozione ) စနစ်ကို အသုံးပြုပါက ( 272 Ib – ft of Torque ) အား ယာယီဖန်တီးနိုင်ရန် တီထွင်ထားသည်။ Sporty ဆန်သည့်ခံစားမှုအတွက် Titanium Exhaust များမှ ဆောင်ရွက်ပေးပါမည်။ ထူးခြားမှုမှာ Berlinetta ၏ ကိုယ်ထည်အား ( 50 : 50 ) Weight Balance ပုံစံဖြင့် ဖန်တီးထားခြင်းဖြစ်၍ ယာဉ်ကိုတည်ငြိမ်စေမည်ဖြစ်ပြီး Aluminum Suspension များထည့်သွင်းထားသည့်အတွက် ပေါ့ပါးသွက်လက်သည့်ခံစားမှုကို ရရှိစေပါမည်။ Berlinetta ၏ ပထမဆုံးဝယ်ယူသူ ( ၁၅၀ ) အတွက် Personal Design Team မှ ၎င်းတို့ စိတ်ကြိုက် ဖန်တီးမှုများကို ဆွေးနွေးဖန်တီးပေးသည့် ဝန်းဆောင်မှုလည်း ပါရှိမည်ဖြစ်ပါသည်။