အိမ်တွင်းအောင်းနေကြရတဲ့ ကားချစ်သူ ပရိသတ်တွေ တစ်ရက်တစ်ရက် ဘာလုပ်လို့ ဘာကိုင်ရမလဲ စဉ်းစားရင်းနဲ့ ပျင်းနေကြလောက်ပြီလို့ ထင်ပါတယ်။ အဲဒါကြောင့် Netflix မှာ ရှိတဲ့ ကားနဲ့ပတ်သတ်တဲ့ ဇာတ်ကားလေးတွေကြည့်ရင်းနဲ့ စိတ်အပန်းဖြေလို့ရအောင် စာရင်းလေးလုပ်ပြီး တင်ပေးလိုက်ပါတယ်။ ဇာတ်ကားတွေရဲ့ Trailer တွေကိုလည်း နမူနာကြည့်နိုင်စေဖို့အတွက် စုပေါင်းပေးလိုက်ပါတယ်။
(၁) Drive
Drive Media ကနေပြီး ပထမဦးဆုံး ရွေးပေးလိုက်တဲ့ကားလေးကတော့ Drive လို့ပဲ တိုက်တိုက်ဆိုင်ဆိုင် နာမည်လာတူနေပါတယ်။ ၂၀၁၁ ကတည်းက ထွက်ရှိထားပြီး ပရိသတ်ကြိုက် မှုခင်းအက်ရှင်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ တခြားအက်ရှင်တွေလို တစ်ချိန်လုံး ပစ်နေခတ်နေကြတာမဟုတ်ပေမဲ့ မူရင်းဇာတ်ကောင်နေရာမှာ နာမည်ကျော်မင်းသား Ryan Gosling က ဟောလီးဝုဒ်စတန့်ကားမောင်းရင်းနဲ့ ဒုစရိုက်မှုတွေမှာပါ ကားလိုက်မောင်းပေးတဲ့သူတစ်ယောက်ဘဝကနေမှ အိမ်နီးချင်းကောင်မလေးတစ်ယောက်ရဲ့ အခက်အခဲတစ်ခုမှာ လိုက်ကူညီရင်း အရှုပ်ထုတ်ထဲမှာ ဝင်ပါမိသွားတဲ့သူတစ်ယောက်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။
(၂) The Rover
ဒီဇာတ်ကားဟာလည်း အက်ရှင်ကားဆိုပေမဲ့ ဇာတ်အိမ်ဖွဲ့စည်းထားပုံက ရိုးရှင်းကျစ်လစ်ပြီး character အသားပေး ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အနာဂါတ် ခေတ်ပျက်ကြီးတစ်ခုထဲမှာ သူ့ကားကို ခိုးသွားတဲ့ လူဆိုးတစ်ဖွဲ့နောက်ကို မရမကလိုက်တဲ့ တစ်ကိုယ်တည်းသမား စစ်သားဟောင်းတစ်ဦးအဖြစ် မင်းသားကြီး Guy Pearce က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ပို့နေရာမှာလည်း Robert Pattinson က လူဆိုးတွေထားခဲ့လို့ ကျန်နေခဲ့ရတဲ့ ခပ်တုံးတုံးလူငယ်တစ်ယောက်အဖြစ် အကောင်းဆုံးဖြည့်ဆည်းပေးထားခဲ့ပြီး ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။
(၃) The 24 Hour War
Ford နဲ့ Ferrari တို့ရဲ့ ပြိုင်ဆိုင်မှု ဇာတ်လမ်းအကြောင်းကို ဟိုတလောကပဲ မင်းသားကြီး ၂လက်ဖြစ်တဲ့ Matt Damon နဲ့ Christian Bale တို့ပါဝင်တဲ့ Ford v Ferrari ဇာတ်ကားမှာ မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီကားကို Netflix မှာ တင်မထားသေးပေမဲ့ အဲဒီအကြောင်းကိုပဲ ရိုက်ကူးထားတဲ့ The 24 Hour War ဆိုတဲ့ ၂၀၁၆ ခုနှစ်ထုတ် Documentary ကိုတော့ ပရိသတ်များ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ Le Mans ပြိုင်ကွင်းပေါ်က Henry Ford II နဲ့ Enzo Ferrari တို့ရဲ့ ရင်သပ်ရှုမောဖွယ် ပြိုင်ဆိုင်မှုက နောင်အနာဂါတ်ကားပြိုင်ပွဲတွေကို ဘယ်လိုပြောင်းလဲပစ်ခဲ့သလဲဆိုတာကို ကားချစ်သူများ ကျေနပ်အားရစွာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
(၄) APEX: The Story of the Hypercar
Hypercar သို့မဟုတ် Supercar ဆိုတာ အကောင်းဆုံး အမိုက်ဆုံး အမြန်ဆုံးဆိုတဲ့ ကားအမျိုးအစားတွေကို ခေါ်တဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Koenigsegg One:1 ရဲ့ ကမ္ဘာ့စံချိန်ကို Hypercar အမျိုးမျိုးနဲ့ ချိုးဖျက်ကြည့်ကြဖို့ ကြိုးစားကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ Documentary တစ်ကားဖြစ်ပါတယ်။ Ferrari LaFerrari, Porsche 918 Spyder, McLaren P1, Bugatti Veyron, Koenigsegg Agera အစရှိတဲ့ ကားအမျိုးမျိုးကို မောင်းနှင်စမ်းသပ်ကြတာကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက် ကားချစ်သူပရိသတ်များ လက်မလွှတ်သင့်တဲ့ Documentary ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
(၅) Shelby American
The 24 Hour War ကို ရိုက်ကူးခဲ့တဲ့ အဖွဲ့ကပဲ ရိုက်ကူးထားတာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ Le Mans ပြိုင်ပွဲကို ကိုယ်တိုင်မောင်းသူအနေနဲ့ကော ကားထုတ်လုပ်သူအနေနဲ့ပါ အနိုင်ရရှိခဲ့ဖူးသူအဖြစ် သမိုင်းတစ်လျှောက်မှာ တစ်ဦးပဲ ရှိခဲ့ဖူးတဲ့ အမေရိကန် နာမည်ကျော် ပြိုင်ကားမောင်းသမား နဲ့ ကားထုတ်လုပ်သူ Carroll Shelby အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ကားချစ်သူများအနေနဲ့ Shelby Mustang ကားများကို ကြိုက်နှစ်သက်တယ်ဆိုရင် သူတို့ကို ထုတ်လုပ်မောင်းနှင်ခဲ့သူ Carroll Shelby ဟာ ကြက်မွေးတဲ့ဘဝကနေ အခုလို သမိုင်းဝင် ကားထုတ်လုပ်သူ နဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။
——–
Zawgyi
အိမ္တြင္းေအာင္းေနၾကရတဲ့ ကားခ်စ္သူ ပရိသတ္ေတြ တစ္ရက္တစ္ရက္ ဘာလုပ္လို႕ ဘာကိုင္ရမလဲ စဥ္းစားရင္းနဲ႕ ပ်င္းေနၾကေလာက္ၿပီလို႕ ထင္ပါတယ္။ အဲဒါေၾကာင့္ Netflix မွာ ရွိတဲ့ ကားနဲ႕ပတ္သတ္တဲ့ ဇာတ္ကားေလးေတြၾကည့္ရင္းနဲ႕ စိတ္အပန္းေျဖလို႕ရေအာင္ စာရင္းေလးလုပ္ၿပီး တင္ေပးလုိက္ပါတယ္။ ဇာတ္ကားေတြရဲ႕ Trailer ေတြကိုလည္း နမူနာၾကည့္ႏိုင္ေစဖို႕အတြက္ စုေပါင္းေပးလုိက္ပါတယ္။
(၁) Drive
Drive Media ကေနၿပီး ပထမဦးဆုံး ေရြးေပးလိုက္တဲ့ကားေလးကေတာ့ Drive လို႕ပဲ တိုက္တိုက္ဆိုင္ဆိုင္ နာမည္လာတူေနပါတယ္။ ၂၀၁၁ ကတည္းက ထြက္ရွိထားၿပီး ပရိသတ္ၾကိဳက္ မႈခင္းအက္ရွင္ကားေကာင္းတစ္ကားလည္း ျဖစ္ပါတယ္။ တျခားအက္ရွင္ေတြလို တစ္ခ်ိန္လုံး ပစ္ေနခတ္ေနၾကတာမဟုတ္ေပမဲ့ မူရင္းဇာတ္ေကာင္ေနရာမွာ နာမည္ေက်ာ္မင္းသား Ryan Gosling က ေဟာလီး၀ုဒ္စတန္႕ကားေမာင္းရင္းနဲ႕ ဒုစရိုက္မႈေတြမွာပါ ကားလိုက္ေမာင္းေပးတဲ့သူတစ္ေယာက္ဘ၀ကေနမွ အိမ္နီးခ်င္းေကာင္မေလးတစ္ေယာက္ရဲ႕ အခက္အခဲတစ္ခုမွာ လိုက္ကူညီရင္း အရႈပ္ထုတ္ထဲမွာ ၀င္ပါမိသြားတဲ့သူတစ္ေယာက္အျဖစ္ ပီျပင္စြာ သရုပ္ေဆာင္ထားပါတယ္။
(၂) The Rover
ဒီဇာတ္ကားဟာလည္း အက္ရွင္ကားဆိုေပမဲ့ ဇာတ္အိမ္ဖြဲ႕စည္းထားပုံက ရိုးရွင္းက်စ္လစ္ၿပီး character အသားေပး ဇာတ္ကားေကာင္းတစ္ခုျဖစ္ပါတယ္။ အနာဂါတ္ ေခတ္ပ်က္ႀကီးတစ္ခုထဲမွာ သူ႕ကားကို ခိုးသြားတဲ့ လူဆိုးတစ္ဖြဲ႕ေနာက္ကို မရမကလိုက္တဲ့ တစ္ကိုယ္တည္းသမား စစ္သားေဟာင္းတစ္ဦးအျဖစ္ မင္းသားႀကီး Guy Pearce က သရုပ္ေဆာင္ထားပါတယ္။ ဇာတ္ပို႕ေနရာမွာလည္း Robert Pattinson က လူဆိုးေတြထားခဲ့လို႕ က်န္ေနခဲ့ရတဲ့ ခပ္တုံးတုံးလူငယ္တစ္ေယာက္အျဖစ္ အေကာင္းဆုံးျဖည့္ဆည္းေပးထားခဲ့ၿပီး ၾကည့္လို႕ေကာင္းမဲ့ဇာတ္ကားတစ္ကားအျဖစ္ ညႊန္းလိုက္ပါတယ္။
(၃) The 24 Hour War
Ford နဲ႕ Ferrari တို႕ရဲ႕ ျပိဳင္ဆိုင္မႈ ဇာတ္လမ္းအေၾကာင္းကို ဟိုတေလာကပဲ မင္းသားႀကီး ၂လက္ျဖစ္တဲ့ Matt Damon နဲ႕ Christian Bale တို႕ပါ၀င္တဲ့ Ford v Ferrari ဇာတ္ကားမွာ ျမင္ေတြ႕ခဲ့ၾကရပါတယ္။ အဲဒီကားကို Netflix မွာ တင္မထားေသးေပမဲ့ အဲဒီအေၾကာင္းကိုပဲ ရိုက္ကူးထားတဲ့ The 24 Hour War ဆိုတဲ့ ၂၀၁၆ ခုႏွစ္ထုတ္ Documentary ကိုေတာ့ ပရိသတ္မ်ား ၾကည့္ရႈႏိုင္ၿပီ ျဖစ္ပါတယ္။ Le Mans ၿပိဳင္ကြင္းေပၚက Henry Ford II နဲ႕ Enzo Ferrari တို႕ရဲ႕ ရင္သပ္ရႈေမာဖြယ္ ျပဳိင္ဆိုင္မႈက ေနာင္အနာဂါတ္ကားၿပိဳင္ပြဲေတြကို ဘယ္လိုေျပာင္းလဲပစ္ခဲ့သလဲဆိုတာကို ကားခ်စ္သူမ်ား ေက်နပ္အားရစြာ ၾကည့္ရႈေလ့လာႏိုင္မွာျဖစ္ပါတယ္။
(၄) APEX: The Story of the Hypercar
Hypercar သို႕မဟုတ္ Supercar ဆိုတာ အေကာင္းဆုံး အမိုက္ဆုံး အျမန္ဆုံးဆိုတဲ့ ကားအမ်ိဳးအစားေတြကို ေခၚတဲ့ နာမည္တစ္ခုျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ Koenigsegg One:1 ရဲ႕ ကမၻာ့စံခ်ိန္ကို Hypercar အမ်ိဳးမ်ိဳးနဲ႕ ခ်ိဳးဖ်က္ၾကည့္ၾကဖို႕ ၾကိဳးစားၾကတဲ့အေၾကာင္း ရိုက္ကူးထားတဲ့ Documentary တစ္ကားျဖစ္ပါတယ္။ Ferrari LaFerrari, Porsche 918 Spyder, McLaren P1, Bugatti Veyron, Koenigsegg Agera အစရွိတဲ့ ကားအမ်ိဳးမ်ိဳးကို ေမာင္းႏွင္စမ္းသပ္ၾကတာကိုျမင္ေတြ႕ရမွာျဖစ္တဲ့အတြက္ ကားခ်စ္သူပရိသတ္မ်ား လက္မလႊတ္သင့္တဲ့ Documentary ရုပ္ရွင္တစ္ကားျဖစ္ပါတယ္။
(၅) Shelby American
The 24 Hour War ကို ရိုက္ကူးခဲ့တဲ့ အဖြဲ႕ကပဲ ရိုက္ကူးထားတာျဖစ္ၿပီး ဒီတစ္ေခါက္မွာေတာ့ Le Mans ၿပိဳင္ပြဲကို ကိုယ္တိုင္ေမာင္းသူအေနနဲ႕ေကာ ကားထုတ္လုပ္သူအေနနဲ႕ပါ အႏိုင္ရရွိခဲ့ဖူးသူအျဖစ္ သမိုင္းတစ္ေလွ်ာက္မွာ တစ္ဦးပဲ ရွိခဲ့ဖူးတဲ့ အေမရိကန္ နာမည္ေက်ာ္ ၿပိဳင္ကားေမာင္းသမား နဲ႕ ကားထုတ္လုပ္သူ Carroll Shelby အေၾကာင္းကို ေလ့လာႏိုင္မွာျဖစ္ပါတယ္။ ကားခ်စ္သူမ်ားအေနနဲ႕ Shelby Mustang ကားမ်ားကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ သူတို႕ကို ထုတ္လုပ္ေမာင္းႏွင္ခဲ့သူ Carroll Shelby ဟာ ၾကက္ေမြးတဲ့ဘ၀ကေန အခုလို သမိုင္း၀င္ ကားထုတ္လုပ္သူ နဲ႕ ၿပိဳင္ကားေမာင္းသူတစ္ေယာက္ျဖစ္လာေအာင္ ဘယ္လိုၾကိဳးစားခဲ့တယ္ဆိုတာကို ေလ့လာႏိုင္မွာျဖစ္ပါတယ္။