ဗြိတိန်မှာတော့ ရုပ်ကြွင်းလောင်စာသုံးကားတွေအစား လျှပ်စစ်စွမ်းအင်သုံးကားတွေကို ပြောင်းလဲဝယ်ယူလာမှုတွေက (၂၀၂၀ ကစပြီး) အရှိန်ကောင်းလာတဲ့အလျောက် အခုဆိုရင် ဗြိတိန်က Electric Vehicle (EV)ဈေးကွက်က ပိုကျယ်ပြန့်လာသလို ဈေးနှုန်းတွေကလည်း အလွယ်လက်လှမ်းမီနိုင်တဲ့ပမာဏထိ တဖြည်းဖြည်းကျဆင်းလာပါပြီ။
ပြီးခဲ့တဲ့နှစ်ရဲ့ ဗြိတိန်ကားဈေးကွက်အတွင်းက EV ရောင်းအားကလည်း အရင်နှစ်တွေကထက် ၂ ဆထိပိုတိုးတက်လာခဲ့တာပါ။ ကာဘွန်လောင်စာအသုံးပြုမှုကိုစွန့်လွှတ်ပြီး EV တွေကိုအသုံးပြုမှုတွေများပြားလာခြင်းက ကမ္ဘာမြေပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိအောင် အထောက်အကူပြုပေးရာလည်းရောက်ပါတယ်။
ကားအမျိုးအစားပြောင်းလဲဝယ်ယူမှုရာခိုင်နှုန်း
FUEL TYPE 2019 2018 % CHANGE
Petrol cars 1,498,640 1,466,024 +2%
Diesel cars 583,488 746,332 -22%
BEV pure electric 37,850 15,510 +144%
PHEV plug-in hybrids 34,734 42,232 -18%
Hybrid cars 97,850 83,528 +17%
ဒီအချက်အလက်တွေကိုကြည့်လိုက်ရင်တော့ ဗြိတိန်ကားထုတ်လုပ်သူတွေဟာ Diesel နဲ့ Petrol လောင်စာသုံးကားတွေထုတ်လုပ်မှုဆီက တဖြည်းဖြည်းစွန့်ခွာနေကြပြီး Battery Electric Vehicle (BEV)၊ Hybrid နဲ့ Plug-in Hyrid (PHEV) အမျိုးအစားတွေကိုပြောင်းလဲထုတ်လုပ်ရင်း နောက်တစ်ဆင့်မှာ လျှပ်စစ်စွမ်းအင်ကို လုံးလုံးလျားလျားသုံးစွဲတဲ့ကားတွေဖန်တီးဖို့ထိ ခြေလှမ်းတွေပြင်နေပြီဆိုတာက သိသာနေပါတယ်။
အခု ဖော်ပြပေးထားတဲ့ပုံတွေကတော့ Electric SUV, Family car, Hatchback နဲ့ sporty EV စသဖြင့် အမျိုးအစားစုံပါဝင်နေတဲ့ Car Magazine ရဲ့ Britain’s Best EV Selection ကားတွေပဲဖြစ်ပါတယ်။ လေ့လာကြည့်လိုက်ပါဦး။
(Zawgyi)
ၿဗိတိန္မွာေတာ့ ႐ုပ္ႂကြင္းေလာင္စာသုံးကားေတြအစား လွ်ပ္စစ္စြမ္းအင္သုံးကားေတြကို ေျပာင္းလဲဝယ္ယူလာမႈေတြက (၂၀၂၀ ကစၿပီး) အရွိန္ေကာင္းလာတဲ့အေလ်ာက္ အခုဆိုရင္ ၿဗိတိန္က Electric Vehicle (EV)ေဈးကြက္က ပိုက်ယ္ျပန႔္လာသလို ေဈးႏႈန္းေတြကလည္း အလြယ္လက္လွမ္းမီႏိုင္တဲ့ပမာဏထိ တျဖည္းျဖည္းက်ဆင္းလာပါၿပီ။
ၿပီးခဲ့တဲ့ႏွစ္ရဲ႕ ၿဗိတိန္ကားေဈးကြက္အတြင္းက EV ေရာင္းအားကလည္း အရင္ႏွစ္ေတြကထက္ ၂ ဆထိပိုတိုးတက္လာခဲ့တာပါ။ ကာဘြန္ေလာင္စာအသုံးျပဳမႈကိုစြန႔္လႊတ္ၿပီး EV ေတြကိုအသုံးျပဳမႈေတြမ်ားျပားလာျခင္းက ကမာၻေျမပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈမရွိေအာင္ အေထာက္အကူျပဳေပးရာလည္းေရာက္ပါတယ္။
ကားအမ်ိဳးအစားေျပာင္းလဲဝယ္ယူမႈရာခိုင္ႏႈန္း
FUEL TYPE 2019 2018 % CHANGE
Petrol cars 1,498,640 1,466,024 +2%
Diesel cars 583,488 746,332 -22%
BEV pure electric 37,850 15,510 +144%
PHEV plug-in hybrids 34,734 42,232 -18%
Hybrid cars 97,850 83,528 +17%
ဒီအခ်က္အလက္ေတြကိုၾကည့္လိုက္ရင္ေတာ့ ၿဗိတိန္ကားထုတ္လုပ္သူေတြဟာ Diesel နဲ႔ Petrol ေလာင္စာသုံးကားေတြထုတ္လုပ္မႈဆီက တျဖည္းျဖည္းစြန႔္ခြာေနၾကၿပီး Battery Electric Vehicle (BEV)၊ Hybrid နဲ႔ Plug-in Hyrid (PHEV) အမ်ိဳးအစားေတြကိုေျပာင္းလဲထုတ္လုပ္ရင္း ေနာက္တစ္ဆင့္မွာ လွ်ပ္စစ္စြမ္းအင္ကို လုံးလုံးလ်ားလ်ားသုံးစြဲတဲ့ကားေတြဖန္တီးဖို႔ထိ ေျခလွမ္းေတြျပင္ေနၿပီဆိုတာက သိသာေနပါတယ္။
အခု ေဖာ္ျပေပးထားတဲ့ပုံေတြကေတာ့ Electric SUV, Family car, Hatchback နဲ႔ sporty EV စသျဖင့္ အမ်ိဳးအစားစုံပါဝင္ေနတဲ့ Car Magazine ရဲ႕ Britain’s Best EV Selection ကားေတြပဲျဖစ္ပါတယ္။ ေလ့လာၾကည့္လိုက္ပါဦး။
Ref: Car Magazine
Thiha