Zawgyi Version…
၁၀။ Volvo XC90
Price – $83,000.
၉။ Audi Q7
Price – $55,000.
၈။ Tesla Model X
Price – $80,000
Price – -$90,000
၆။ BMW 740i
Price – $80,000
၅။ Force 1
Price – $230,000
၎။ Bentley Flying Spurs
Price – $200,000
Price – $567,000
၂။ Bentley Bentayga
Price – $200,000
၁။ Rolls Royce Phantom
Price – $200,000.
Unicode Version…
ထိပ်တန်းဇိမ်ခံကား(၁၀)စီးရဲ့ အတွင်းခန်းအပြင်အဆင်များ
ကမ္ဘာကျော်ကားကုမ္ပဏီအများစုဟာ အမျိုးအစားစုံလင်တဲ့ ကားမော်ဒယ်အမျိုးမျိုးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အပြိုင်ထုတ်လုပ်လျက်ရှိနေပါတယ်။ ဒီကားမော်ဒယ်အမျိုးမျိုးမှာ ဇိမ်ခံကားတွေရဲ့ အခန်းကဏ္ဍဟာ ကားထုတ်လုပ်မှုအတွက် အရေးပါတဲ့ ဂုဏ်သတတင်းကို ပိုင်ဆိုင်နိုင်စေသလို ကား ပရိတ်သတ်တွေကို အမြဲစွဲဆောင်ထားနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိပ်တန်းဇိမ်ခံကားတွေမှာ မဖြစ်မနေအရေးပါတဲ့ အတွင်းခန်းအပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁၀။ Volvo XC90
Price – $83,000.
နည်းပညာမြင့် SUV ဇိမ်ခံကားတစ်စီးဖြစ်တဲ့ Volvo XC90 ဟာ အပြင်ဒီဇိုင်းပိုင်းဟာ ခန့်ညားသလို အတွင်းဒီဇိုင်းပိုင်းကလည်း သက်တောင့်သက်သာ စီးနင်းနိုင်တဲ့ အနေအထားဖြစ်အောင် ဖွဲ့စည်းထား တာပါ။ ခုံသုံးတန်းပါဝင်ပေမယ့် ခြေဆန့်ဖို့ ခုံတွေကို အနောက်ကို ရွေ့လျားနိုင်မှာဖြစ်ပါတယ်။ လိုက်ပါစီးနင်းသူတိုင်း အပူချိန်နဲ့ Fan Speed ကို လိုသလို ချိန်ညှိနိုင်တဲ့ Touch Screen ပါဝင်မှာဖြစ် ပြီး ရှေ့ဘက်မှာ အဖျော်ယမကာ ထည့်နိုင်တဲ့ Dashboard ပါဝင်ပါတယ်။
၉။ Audi Q7
Price – $55,000.
Driver Assistant စနစ်ပါဝင်တဲ့ Audi Q7 ဟာ စီးနင်းသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင် တဲ့ ကားတစ်စီးဖြစ်ပြီး အတွင်းပိုင်းကလည်း အဆင့်မြင့် နည်းပညာတွေနဲ့ ဇိမ်ခံကားတစ်စီးအဖြစ် ထည်ဝါတာကိုတွေ့ရမှာပါ။
ရှေ့ခုံတွေကို အပူပေးစနစ်နဲ့အတူ Leather နဲ့ ချုပ်လုပ်ထားတာဖြစ်ပြီး massage ပါ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ အသံစနစ်ပိုင်းမှာလည်း 23 channel amplifier ထောက်ပံ့ပေးထားတဲ့ 23 channel Speakers ပါဝင်တာကြောင့် ဖျော်ဖြေရေးကို အကောင်းဆုံးခံစားနိုင်မှာဖြစ်ပြီး နောက် ခုံတွေကို လိုသလို သက်တောင့်သက်သာဖြစ်အောင် နေရာချနိုင်မှာပါ။
၈။ Tesla Model X
Price – $80,000
သိမ်းငှက်တောင်ပံ တံခါးနဲ့ ပွဲထွက်လာခဲ့တဲ့ Tesla Model X ဟာ ကားပရိတ်သတ်တွေကို အကောင်း ဆုံး ဆွဲဆောင်ထားနိုင်ခဲ့သလို အတွင်းပိုင်းကလည်း စွဲမက်စရာပါ။ ခုံသုံးတန်း ပါဝင်ပေမယ့် 77 Cubic Feet အကျယ်ရှိတာကြောင့် စီးနင်းသူတွေအတွက် အဆင်ပြေသလို HEFA(High Efficiency Particulate Air) Filter စနစ် ပါဝင်တာကြောင့် သန့်စင်တဲ့လေကို ကားအတွင်းက ရရှိနိုင်မှာဖြစ်ပါ တယ်။
၇။ Land Rover SV Autobiography
Price – -$90,000
Land Rover SV Autobioraphy ဟာ ခမ်းနားတဲ့ အတွင်းပိုင်းဒီဇိုင်းနဲ့ Classic ဆန်မှုကို ခံစားစေရမယ့် ဇိမ်ခံကားတစ်စီးပါ။ ရှေ့ခုံတွေကတော့ နောက်ကိုလှန်ချနိုင်သလို massage ပါဝင်ပြီး 29 speakers surround sound စနစ်တပ်ဆင်ထားတာကြောင့် အနားယူစီးနင်းနိုင်ပါတယ်။
အဓိက ထိန်းချုပ်နိုင်တဲ့ ခလုတ်တွေကိုတော့ သစ်သားနဲ့ ပြုလုပ်ထားပြီး နောက်ခန်းအလယ်မှာ ထားရှိ ထားကာ ဝိုင်၊ ရှန်ပိုင်စတာတွေ ထားရှိမယ့်နေရာလည်း ထည့်သွင်းပေးထားပါတယ။်
၆။ BMW 740i
Price – $80,000
အပြင်ဒီဇိုင်းမှာတင် ဇိမ်ခံကားတစ်စီးအဖြစ်ပေါ်လွင်တဲ့ BMW 740i ရဲ့ အတွင်းပိုင်းကလည်း အဆင့်မြင့် နည်းပညာတွေပါဝင်တဲ့ ဇိမ်ခံကားတစ်စီးဖြစ်ပါတယ်။ နောက်ခုံနဲ့ ရှေ့ခုံတွေကို လိုသလို ချိန်ညှိနိုင်သလို အပူ၊ အအေးစနစ်၊ massage တွေ ပါဝင်တာကြောင့် အဆင်ပြေစွာ စီးနင်းနိုင်မှာဖြစ်ပါတယ်။
လိုက်ပါစီးနင်းသူတိုင်းအတွက် မြေပုံဖော်ပြထားမယ့် Touch screen တပ်ဆင်ပေးထားသလို Ambient Air Package က ကားအတွင်း ကွဲပြားတဲ့ မွေးရနံ့(၈) မျိုးကို ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။
၅။ Force 1
Price – $230,000
နာမည်ကျော် ကားဒီဇိုင်နာ Henrik Fisker ရဲ့ ဖန်တီးမှုနဲ့ ထုတ်လုပ်ထားတဲ့ Force 1 ရဲ့ အပြင်ဘက် ဒီဇိုင်း ပိုင်းဟာ Sport ဆန်ပြီး အတွင်းပိုင်းကတော့ Leather Seat တွေနဲ့ ဇိမ်ခံကားတစ်စီးအဖြစ် မြင်တွေ့ရမှာပါ။
Center Console နေရာကိုလည်း Leather နဲ့ ဖန်တီးထားတာကြောင့် ခန့်ညားမှုကို ပေးစွမ်းပြီး ရှန်ပိုင်၊ ဝိုင်ထား ဖို့အတွက် သီးသန့်နေရာပေးထားတာကို မြင်တွေ့ရမှာပါ။ ပြီးတော့ ဖုန်းအားသွင်းရင်ထည့်ဖို့ အိတ်ကိုလည်း အကောင်းစားလည်သာနဲ့ပဲဖန်တီးထားတာပါ။
၄။ Bentley Flying Spurs
Price – $200,000
သေသပ်လှပစွာ ဖွဲ့စည်းထားတဲ့ Bentley Flying Spurs ရဲ့ အတွင်းပိုင်းဟာ ဇိမ်ခံကားတစ်စီးရဲ့ အသွင်အပြင် ကို မြင်တွေ့ရမှာပါ။ နောက်ခုံမှာ ယမကာပုလင်းတွေကို အအေးခံနိုင်သလို ကြီးမားတဲ့ခုံတွေကြောင့်ငြိမ့် ညောင်းစွာ စီးနင်းနိုင်မှာဖြစ်ပါတယ်။ အတွင်းပိုင်းဒီဇိုင်းကို (၂)ရောင် ရရှိနိုင်ပြီး အနီနဲ့ ချောကလက်အညိုရောင်ပဲ ဖြစ်ပါတယ်။
၃။ Mercedes-Maybach S-Class Pullman
Price – $567,000
ဇိမ်ခံကားတွေ ထုတ်လုပ်ရာမှာ နာမည်ရပြီးသားဖြစ်တဲ့ Mercedes ရဲ့ Maybach S-Class Pullman နောက် ခုံတွေကို မျက်နှာချင်းဆိုင် အနေအထားနဲ့ ဖန်တီးထားပြီး ဇိမ်ခံမှန်လုံကားတစ်စီးလို ခံစားစေရမှာပါ။
အတွင်းပိုင်းမှာ LED မီးလုံးပေါင်း ၃၀၀ ကို တပ်ဆင်ထားပြီး အရောင်(၇)ရောင် ရွေးချယ်နိုင်မှာဖြစ်ကာ စီးနင်းသူတွေအတွက် သက်သောင့်သက်သာရှိစေဖို့ ခေါင်းအုံးတွေကိုလည်း ထည့်ပေးထားပါတယ်။
၂။ Bentley Bentayga
Price – $200,000
ဒီစာရင်းမှာနောက်ထပ် ပါဝင်လာတာကတော့ Bentley ရဲ့ Bentayga ပါ။ Bentayga ရဲ့ အတွင်းပိုင်းဟာ massage၊ refrigerator၊ အစားအသောက်တွေထားဖို့အတွက် နေရာတွေ စနစ်တကျပါဝင်ပါတယ်။
ခုံတွေကို Leather နဲ့ ချုပ်လုပ်ထားပြီး Hand Made နဲ့တပ်ဆင်ထားတဲ့ သစ်သား Trim ၊ Touchscreen တွေ ပါဝင်တာကြောင့် ခမ်းနားတဲ့ ဇိမ်ခံကားတစ်စီးအဖြစ်မြင်တွေ့ရမှာပါ။
၁။ Rolls Royce Phantom
Price – $200,000.
သိုးမွှေးနဲ့ ပြုလုပ်ထားတဲ့ ခုံတွေနဲ့ အတွင်းဒီဇိုင်းပိုင်း ခြယ်သမှုက သင့်ကို ဂျပန်ဥယျာဉ်တစ်ခုထဲ ရောက် သွားအောင် ဖမ်းစားထားမှာပါ။ က်နဲ့ယက်လုပ်ထားတဲ့ သိုးမွှေးနဲ့ ခြယ်သမှုဟာ နာရီ(၆၀၀) ကြာအောင် အ သေးစိတ် ဖန်တီးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကားရဲ့ Dashboard ပိုင်းက ရှေးကျတဲ့ပုံစံကို ပြန်ယူထားပြီး ကျယ်ပြန်တဲ့ အတွင်းပိုင်းမှာ ခန္ဓာကိုယ်ရော စိတ်ပါ ဇိမ်ကျကျ လိုက်ပါစီးနင်းနိုင်မှာပါ။