(Special Edition Car) ဆိုသည်မှာ သာမန်ထက်ထူးခြားစွာ ပြုလုပ်ဖန်တီးထားသည့် ကားများကို ဆိုလိုခြင်းဖြစ်ပြီး ၄င်းတို့တွင် ထူးခြားသည့် အရောင်များ/ ပါ၀င်မှုများနှင့် စွမ်းအားမြင့်အင်ဂျင်စနစ်များကို ထည့်သွင်းထားလေ့ရှိပါသည်.အဆိုပါ (Special Edition) ကားများ၏ အပြင်အရောင်များသည် ဆန်းကျယ် လှပမှုရှိကြသော်လည်း အချို့ကားများတွင်မူ (ရယ်ဖွယ်)ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အကောင်းဆုံးဆေးရောင်နှင့် အညံ့ဆုံးဆေးရောင်များရှိကြသည့် (Special Edition Car) များအားရေးသား ပါမည်။
အကောင်းဆုံးကားများ
(2008 Mazda Miata Special Edition : Icy Blue)
(2008)ထုတ် (Mazda)၏ (Miata Special Edition) တွင် အလွန်လှပသည့် (Icy Blue) အားအသုံးပြုထားပြီး အဆိုပါ အရောင်သည် (1990)ခုနှစ်များတွင် လွန်စွာထင်ရှားခဲ့သည့် (Nintendo) ၏ (Game Boy Pocket) အရောင်အားအသုံးပြုထားခြင်းဖြစ်ပါသည်။ ၄င်းတွင် အတွင်းခန်းကိုလည်း (Saddle brown Leather upholstery) ဖြင့် လှပစွာဖန်တီးထားပါသည်။
(Bullitt Ford Mustangs : Dark Highland Green)
(Mustang Bullitt Editions) သည် (Mustang) ၏ (SN – 95) နှင့် (S – 197)တို့၏ မျိုးဆက်ကား ဖြစ်ပြီး ၄င်းတွင် (Dark Highland Green Color)အား အသုံးပြုထားပါသည်။ ထိုအရောင်အား (19689)တွင် ရိုက်ကူးခဲ့သည့် (Bullitt Movie)တွင် (Steven Mc Queen)အသုံးပြုခဲ့သည့် (Mustang GT)အား အမှတ်တရ ဖြစ်စေရန် ရည်ရွယ်ထည့်သွင်းထားခြင်းဖြစ်ပြီး အဆိုပါ (Dark High land Green) သည် (Bullitt Mustang) နှင့်များစွာ လိုက်ဖက်သည်ဟု (ကားချစ်သူ) များမှ သတ်မှတ်ကြပါသည်။
(Nissan Juke Special Edition : Midnight Purple IV)
(Nissan) ၏ နာမည်ကျော် (JUKE) ၏ (Special Edition) တွင် (Multicolor paint job) အနေဖြင့် ဖန်တီးထားသည့် (Midnight Purple IV) အားခြယ်မှုန်းထားပါသည်။ အဆိုပါကားအား (Japan) စျေးကွက် သီးသန့်တွင်သာထုတ်လုပ်ပြီး အစင်းရေ (300)ခန့်သာ ထုတ်လုပ်ပါသည်။ အဆိုပါ Juke Special Edition တွင် လှပသည့် အရောင်အပြင် ၄င်းအား ပုံမှန်မဟုတ်သည့် ဒီဇိုင်းနှင့် (Odd Angels )တို့ဖြင့် ဆန်းကျယ်စွာ ဖန်တီးထားပါသည်။
အညံ့ဆုံးကားများ
(Ford F – Series Harley – Davidson Editions : Various Colors)
(Ford) ၏နာမည်ကျော် (F-Series Truck)များ၏ အထူးထုတ် ဖြစ်သည့် (Harley Davidson Edition) အား (2000-2012) ကာလများအတွင်း မျိုးဆက်(၃)ဆက်အနေဖြင့် ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါ ကားများတွင် ဆေးရောင်တစ်မျိုးတည်းပါသည့်အရောင်နှင့် ဆေးရောင်(၂)ရောင်စပ် ဟူ၍ ပုံစံ(၂)မျိုး တွေ့ရ မည်ဖြစ်ပြီး နာမည်ကျော် (Harley-Davidson)မော်တော်ဆိုင်ကယ်များ၏ အရောင်များအတိုင်းဖန်တီးထားပါ သည်။ထိုအချက်သည် (ကြီးမားသောထရပ်ကား)အနေဖြင့် များစွာရယ်ဖွယ်ဖြစ်ပြီး အချို့(၂)ရောင်စပ်အရောင် များသည် ကား၏အလှအား များစွာအကျည်းတန်စေပါသည်။
20 Jul 2017
0
The Best and Worst Special Edition Car Colors
Unicode version..
Zawgyi version…
အကောင်းဆုံးကားများ
အညံ့ဆုံးကားများ