ကားတွေကို ဆောင်းပါးတွေ၊ ရုပ်သံအစီအစဉ်တွေထဲမှာသာမက ရုပ်ရှင်တွေထဲမှာလည်း ကျွန်တော်တို့မကြာခဏမြင်ဖူး‌ကြပါတယ်။ သူတို့ဟာ ရုပ်ရှင်ထဲမှာ ဇာတ်ဆောင်ကို ဟိုသည်ပို့‌ေဆာင်ပေးရတဲ့အသုံးချခံယာဥ်သတ်သတ်မဟုတ်ဘဲ အဓိကဇာတ်ရုပ်အနေနဲ့‌ေတာင်ပါဝင်ခွင့်ရတဲ့ ယာဉ်တွေပါ။ ဒါပေမဲ့ ဒီအစီအစဉ်တွေထဲမှာ ကားအကြောင်းစိတ်ဝင်စားသူ‌ေတွ သ‌ေဘာကျရ‌ေလာက်တာမျိုးက‌ေတာ့ သိပ်များများစားစားမရှိလှပါဘူး။ ဒါ‌ေကြာင့် ကားဝါသနာရှင်တိုင်း ကြည့်ဖူးသင့်တဲ့ ထာဝရအကောင်းဆုံးစာရင်းဝင် ကားလောကနောက်ခံရုပ်ရှင်ကား (၅) ကားကို Drive Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ သက်ဆိုင်အညွှန်းတွေ‌ကို ပုံနဲ့တွဲပြီး‌ေဖာ်ပြထားလို့ ပုံတစ်ပုံချင်းစီမှာ ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျ။

Ford Vs Ferrari

ဒီနေ့ခေတ် ကျွန်တော်တို့တွေ့မြင်ရတဲ့ Ford GT Supercar ဆိုတာဟာ အမေရိကန်ကားကုမ္ပဏီ Ford နဲ့ အီတာလျံကားကုမ္ပဏီ Ferrari တို အသည်းအသန် ပြိုင်ဆိုင်ခဲ့မှုကနေ ထွက်ပေါ်လာခဲ့တာပါ။ 1960 ကာလတွေတစ်လျှောက်လုံးလိုလို Ford နဲ့ Ferrari တို့ဟာ Carroll Shelby နဲ့ Enzo Ferrari တို့ရဲ့ အပြုအမူတွေ၊ စကားလုံးတွေကတစ်ဆင့် တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်တိုက်ခိုက်ထိုးနှက်‌ေနခဲ့ကြတာဖြစ်ပါတယ်။ Ford v Ferrari ဟာ 2010 ခုနှစ်အလွန်ကာလရဲ့ အကောင်းဆုံးကားလောကနောက်ခံရုပ်ရှင်လို့ဆိုနိုင်ပြီး ဇာတ်လမ်းဇာတ်ကွက်အရလည်း လူတွေရဲ့ အာရုံထားစိတ်ဝင်စားမှုကိုရရှိထားသလို ရုပ်ရှင်တည်းဖြတ်မှုနဲ့ အသံတည်းဖြတ်မှုဆိုင်ရာ ထူးချွန်ဆုတွေကိုလည်း ရရှိထားပါတယ်။

Rush

Rush 1970 ခုနှစ်ကာလ‌ေတွတုန်းက ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ဘုရင်နှစ်ပါးလို့ဆိုရမယ့် James Hunt နဲ့ Niki Lauda တို့အကြားက ခါးသီးတဲ့ပြိုင်ဆိုင်မှုအကြောင်း တကယ့်ဖြစ်ရပ်အပေါ်အ‌ေခြခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Lauda ကို အသက်ဆုံးလုနီးပါးဖြစ်ရစေခဲ့တဲ့ 1976 accident ကိုပြတဲ့အခန်းကတော့ ဇာတ်ရှိန်အမြင့်ဆုံးလို့ဆိုနိုင်ပြီး အရက်စက်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး‌ေသာ Formula One ခေတ်ကိုပြန်ရောက်သွားသလိုတောင်ခံစားရပါလိမ့်မယ်။

Le Mans

ဒီရုပ်ရှင်ကတော့ ကြည့်ရှုသူတွေကို 1971 ကာလဆီက Le Mans 24 hours ကားပြိုင်ပွဲဆီ ပြန်ခေါ်ဆောင်သွားမှာပါ။ ကားမောင်းသူနဲ့ ကား အတူတွဲပြီး တစ်ရက်တာပြိုင်ပွဲခရီးကြမ်းကို ဘယ်လိုဖြတ်သန်းခဲ့ကြသလဲဆိုတာကိုလည်း ရှုစားရမှာဖြစ်ပါတယ်။ ထာဝရအကောင်းဆုံး‌ပြိုင်ကားစာရင်းဝင်ထားတဲ့ Ferrari 512LM နဲ့ Porsche 917 ကားတွေကိုလည်း ဇာတ်လမ်းရဲ့အဓိကဇာတ်ရုပ်တွေအဖြစ် မြင်‌ေတွ့ရပါလိမ့်မယ်။

Fast & Furious

2001 ခုနှစ်မှာ စထွက်ရှိခဲ့တဲ့ Fast & Furious ရုပ်ရှင်ကားတွေက‌ေတာ့ လူတိုင်းနဲ့ မရင်းနှီးတဲ့ မော်တော်ကားလောကအကြောင်းကို အသားပေးတင်ဆက်ပြထားတဲ့ ရုပ်ရှင်တွေဖြစ်ပါတယ်။ လူတိုင်းရဲ့အကြိုက်နဲ့ကိုက်ညီနေတာမျိုးမဟုတ်ပေမဲ့လည်း ကားလောကအကြောင်းကို (တခြားရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထက်) လူ‌တန်းစား‌ေပါင်းစုံရဲ့ စိတ်ထဲမှာ စွဲစွဲထင်ထင်ဖြစ်‌ေစခဲ့တာကတော့ ဘယ်လိုမှငြင်းလို့မရတဲ့အချက်ပါ။ ဒီရုပ်ရှင်တွေထဲမှာ Toyota Supra လို Dodge Challenger လိုကားတွေကိုမြင်‌ေတွ့ခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ရုပ်ရှင်ကြည့်ရှုသူ‌ေတွဆိုရင် တမဟုတ်ချင်း ကား crazy တွေဖြစ်သွားကြတဲ့ထိ လွှမ်းမိုးနိုင်စွမ်းကြီးမားခဲ့ပါတယ်။

Bullitt

Bullitt က‌ေတာ့ ကားတွေအကြောင်းကို ထဲထဲဝင်ဝင်ရိုက်ထားတဲ့ရုပ်ရှင်မျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ Steve McQueen ရဲ့ Green Ford Mustang ကတော့ ဒီရုပ်ရှင်ထဲမှာ အဓိကနေရာကနေ ပါဝင်ထားပါတယ်။ San Francisco မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကိုအ‌ခြေခံရိုက်ကူးထားတာဖြစ်ပြီး, မှာ ထင်ရှားတဲ့ ကားလောကနောက်ခံရုပ်ရှင်တွေထဲမှာလည်း တစ်ကားအပါအဝင်ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ အခုစာရင်းမှာပါဝင်‌ေနတာပါ။

Ref: DigitalTrends

Thiha