Suzuki သည် One – Top အမျိုးအစား 2 – Seater Concept အသစ်တမျိုးအားမိတ်ဆက်လိုက်ပြီး ၎င်းတွင် Innovative Hybrid Trim ပါဝင်ပါမည်။ တမူထူးခြားစွာဖန်တီးထားသည့် Concept အား Suzuki Vision  Gran Turismo ဟုအမည်သတ်မှတ်ထားပြီး  4 WD Sport Car ပုံစံဖန်တီးထားပါသည်။ အဆိုပါ Concept Model ၏နည်းပညာများအား Suzuki Bike နှင့် Suzuki Car Divisions တို့ထံမှရယူထားကြောင်း SUZUKI မှပြောထားပါသည်။ ထို့အပြင်လှပပြီး ခေတ်ရှေ့ပြေးသည့် Design Concept ဖြင့်ဦးစားပေး ဖန်တီးထားပါသည်။ ၎င်းတွင်အင်ဂျင်အနေဖြင့် – Hayabusa Sport Bike ထံမှရယူထားသည့် – 1.3 L I 4 Engine ၊ 187 bhp အင်ဂျင်ပါဝင်ပါသည်။ Suzuki သည် 2001 တွင်မိတ်ဆက်ခဲ့သည့် – Suzuki GSX – R/4 Concept နှင့် 2021 တွင်မိတ်ဆက်ခဲ့သည့် Suzuki Misano EV Concept တို့တွင်လည်း Hayabusa Sport Bike Engine ကိုရယူခဲ့ပါသည်။

 

အဆိုပါအင်ဂျင်သည် Hybrid Type ဖြစ်ပြီး ( 450 lb – Ft of Torque ) ရရှိကာအရှေ့ဘီးများတွင် လျှပ်စစ်မော်တာ ( ၃ ) ခုပါဝင်မည်ဖြစ်သည်။ လှပသပ်ရပ်စွာခင်းကျင်းထားသည့် အတွင်းခန်းတွင် – Yoke – Style Steering ၊ Digital Mirror Screen ၊ စသည့်နည်းပညာနှင့် ဆန်းသစ်မှုများစွာပါဝင်မည်ဖြစ်သည်။ Concept အား  ( 970 kg ) ခန့်အထိအလွန်ပေါ့ပါးစွာ ဖန်တီးထားသည်ဟုလည်း Suzuki မှဆိုထားပြီး ( Cutting – Edge Weight – Reduction Technology ) ကိုအထူးဖွံ့ဖြိုးစေရန် ပေါင်းစပ်ဖန်တီးထားသည်ဟုလည်း Suzuki မှဆိုထားပြီး Pure Sport Model များ၏ကနဦး Concept ဖြစ်သည့်ယခု Model ၏နည်းပညာ ၊ ဒီဇိုင်းနှင့်အခြားပါဝင်မှုများကို အနာဂတ်ထုတ်လုပ်မည့် Suzuki Model များတွင်ပေါင်းစပ်ထည့်သွင်းရန် Suzuki မှရည်မှန်းထားပါသည်။

#DriveMediaMyanmar