Unicode version…

အလှစီး မော်ဒယ်၊ ဒါမှမဟုတ် အပျော်စီး မော်ဒယ်လို့ ဆိုနိုုင်မှာပါ။ ဒီဇိုင်းလှလှနဲ့ စျေးသင့်သင့်ရမယ့် မော်ဒယ်တွေပါ။

2018 Suzuki RM-Z 250 …

ပုံမှန် ဆိုရင် Dual Purposeတန်းဝင် မော်ဒယ်တွေက အင်ဂျင် ကြီးတယ်၊ အထူးသဖြင့် အခု ပြောပြမယ့် RM-Zမော်ဒယ်က ပြိုင်ပွဲဝင် အနေအထားထိအောင် သုံးနိုင်အောင် ထုတ်လုပ်ထားတာပါ။ ဒီမော်ဒယ်နဲ့လည်း လမ်းကြမ်းမောင်း ပြိုင်ပွဲ အများစုမှာ အနိုင်ရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီလို အင်ဂျင် အကြီးစားတွေက ပြိုင်ပွဲတွေမှာ အဆင်ပြေမယ့် ပုံမှန် လမ်းကြောင်းမှာ စီးနင်းချင်သူတွေ အတွက်ကတော့ အင်ဂျင်ကြီးတာနဲ့ အမျှ ဆီစားလည်း များမယ်၊ ထုတ်လုပ်စရိတ်လည်း များလို့ စျေးလည်းကြီးတယ်၊ ဒီတော့ လူတိုင်း မစီးနိုင်တော့ဘူးပေါ့။ ဒါကြောင့် အခုနှစ်မှာ အင်ဂျင် အသေးစားလေးနဲ့ မော်ဒယ်ကို ရောင်းချလာတာပါ။ စျေးနှုန်းကလည်း ဒေါ်လာ ရ၇၅၀ပဲ ရှိပါတယ်။

အင်ဂျင်က ၂၅၀ စီစီပဲ ရှိလို့ သိပ်တော့ အထင်မသေးနဲ့နော်။ 4 Strokeအင်ဂျင်စနစ်၊ အရင်က Yamahaမော်ဒယ်တွေမှာလို 2 Strokeမဟုတ်ဘူး။ 2Tလည်း ထည့်စရာ မလိုဘူး။ ရလဒ်က မီးခိုးလည်း မထွက်တော့ဘူး။ အင်ဂျင်သံလည်း အရမ်း ငြိမ်သွားတယ်။ သဘောကျစရာပါနော်။

အင်ဂျင် အအေးခံစနစ်က အရည်သုံးစနစ်ပါ။ ရေတိုင်ကီနဲ့ပေါ့။ တစ်လုံးထိုး အင်ဂျင်ပါ။ အင်ဂျင် စက်နှိုးရမှု အပိုင်းမှာ အားနည်းချက် တစ်ခု တွေ့ရပါတယ်။ အဲဒါကတော့ ပုံမှန် လျှပ်စစ်မော်တာနဲ့ ဘက်ထရီကို သုံးပြီး Startခလုတ်ကနေ စက်နှိုးလို့ မရတာပဲ ဖြစ်ပါတယ်။ Kickကနေပဲ စက်နှိုးလို့ ရပါတယ်။ တကယ်တမ်း ဆိုင်ကယ်ရဲ့ အရသာ အမှန်ကို စီးနင်းချင်သူတွေ အတွက်ကတော့ အခုလို Kickနဲ့ သွားတာ ပိုကြိုက်ကြပေမယ့် ခေတ်မီအောင် Startလေးနဲ့ပါ လာရင် ပိုကောင်းမယ်လို့ ထင်မိတာပါ။ ဂီယာပိုင်းကတော့ ၅ချက်တည်းပါ။ Sportနဲ့ Cruiserတွေ မဟုတ်လို့ ၆ချက် အဖြစ် ဖန်တီးထားခြင်း မတွေ့ရပါဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ Manualနဲ့ သွားပါတယ်။

ဘီးတွေက ရှေ့ဘီး ၂၁လက်မနဲ့ နောက်ဘီးက ၁၉လက်မပါ။ ရှေ့ဘီးကို လမ်းကြမ်းမှာ စိတ်ကြိုက် မောင်းနိုင်အောင် အရွယ်ကြီထားတာ ဖြစ်ပြီး တာယာကတော့ MX52 80/100အရွယ်ကို ထည့်ထားပါတယ်။ နောက်ဘီးကတော့ အရွယ်ငယ်ပေမယ့် ပုံမှန် အတိုင်း မျက်နှာပြင် ပိုကြီးပြီး MX52 100/90အရွယ်ကို သုံးထားတာ တွေ့ရပါတယ်။ ဘရိတ်ပိုင်းကတော့ ဟိုက်ဒရောလဒ် အထိုင်တွေနဲ့ပဲ ဖြစ်ပြီး ဘရိတ်စနစ်က ပြိုင်ပွဲဝင် မော်ဒယ်တွေက စနစ်ကို သုံးထားတယ်လို့ ဆိုပါတယ်။

Suspensionစနစ်မှာတော့ ရှေ့ဖက်မှာ Inverted Forkကို ထိုင်ထားတယ်၊ နောက်ဖက်မှာတော့ Twin Sided Swing Armကို ထိုင်ထားပါတယ်။ နောက်ဖက်မှာ ပုံမှန် Singleထိုင်နေရာကနေ Doubleထိုင်ထားတာက တစ်ခုက မြန်နှုန်းမြင့် မောင်းနှင်မှုတွေမှာ ပိုမို တည်ငြိမ်မှု ပေးလာနိုင်တာပါ။ ထိုင်ခုံက မြေပြင်ကနေ ၃၇.၆ လက်မ အမြင့်မှာ ရှိပါတယ်။ အရပ် နည်းနည်းပုနေသူတွေ အတွက်တော့ နည်းနည်း စဉ်းစားစရာပါ။ ဒါပေမယ့် Dual Purposeစီးမယ် ဆိုကတည်းက အရပ်အမောင်း ကောင်းကောင်းနဲ့ ဆရာကြီးတွေပဲ စဉ်းစားမှာ ဖြစ်လို့ အဆင်ပြေပါလိ်မ့်မယ်။

တပ်ဆင် ဆီတိုင်ကီက ၁.၇ ဂါလံထိအောင် ဆံ့ပါတယ်။ ဆီတစ်လီတာကို ၁၆မိုင်လောက် စီးနင်းနိုင်မယ် ဆိုတော့ ၁ဂါလံကို မိုင် ၆၀ကျော်လောက်ထိအောင် ရမှာပါ။ ဂျပန်ကနေပဲ ထုတ်လုပ်တယ်လို့ သိရပြီး တခြား စက်ရုံခွဲတွေမှာ ထုတ်လုပ်မှု မရှိဘူးလို့ သိရတာကြောင့် အရည်အသွေးပိုင်းလည်း စိတ်ချရမှာပါ။ မော်ဒယ်က အလေးချိန် ၂၃၄ပေါင်ပဲ လေးပါတယ်။ ပေါ့ပါတယ်။ အင်ဂျင်လည်း အနေတော်တယ်။ ဒီဇိုင်းကတော့ အလှဆုံးပါပဲ။

2018 Kawasaki Versys 300 …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်က ၂လုံးထိုး အင်ဂျင်ပါ၊ 4-Strokeအမျိုးအစား ဖြစ်ပြီး ဆီကို တိုက်ရိုက်ထိုးသွင်း ပေါက်ကွဲစေတဲ့ စနစ် DOHCနဲ့ ဖန်တီးထားပါတယ်။ အင်ဂျင် အအေးခံစနစ် အတွက် ရေတိုင်ကီပါတယ်။ သူက ခရီးဝေး တဆက်တည်း မောင်းနှင်မှုကို မိုင် ၁၀၀ကျော်ထိအောင် ရအောင် အကောင်းဆုံး အအေးခံစနစ် အဖြစ် ထည့်သွင်းထားတာလည်း တွေ့ရပါတယ်။

အင်ဂျင် အရွယ်အစားကတော့ ၂၉၆ စီစီသုံးပါ။ အင်ဂျင်ပေါက်ကွဲခန်း အတွက် မီးတောက်စနစ်က Digitalနဲ့ သွားပြီး TCBIအထိုင်နဲ့ ဖြစ်ပါတယ်။ ဂီယာပို်င်းကတော့ ၆ချက်သုံးပါ။ လက်ရှိ ပြည်တွင်းမှာ လူကြိုက်များ FZ မော်ဒယ်လိုပဲ ဂီယာချက် ၁က နင်းရမယ်၊ နောက်ထက် ၂၊ ၃၊ ၄၊ ၅၊ ၆တွေကတော့ နောက်ကို ပင့်တင်ပေးရမှာပါ။ ဂီယာချက် များနေမှုက မော်ဒယ်ကို တာထွက်နှုန်း သိပ်မကောင်းစေချင်ပေမယ့် ခရီးဝေး မောင်းနှင်မှု အတွက်တော့ စိတ်ကြိုက် ဖြစ်လာစေပါတယ်။

ဒီနေရာမှာလည်း မော်ဒယ်နဲ့ အသားကျသွားပြီး ကလပ်ကို ကောင်းကောင်း နိုင်ရင်တော့ ဂီယာချက် စိပ်မှုက အမြန်နှုန်း မြှင့်တင်နိုင်မှုကို ပိုကောင်းစေပါလိမ့်မယ်။ Suspensionပိုင်းမှာတော့ ရှေ့ဘက်က ၅.၁လက်မ အမြင့်ရှိ Telescopicကို ထိုင်ထားတယ်၊ နောက်ဖက်က ၅.၈လက်မ အမြင့်ရှိ Uni-trakဖြစ်ပါတယ်။ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ကောင်းမွန်အောင် Uniပုံစံ ထိုင်ထားတာ သဘောကျစရာပါ။

ဘီးတွေမှာ ရှေ့ဘီးကို ၁၉လက်မ ထည့်ထားပြီး နောက်ဘီးကတော့ ၁၇လက်မပဲ ရှိပါတယ်။ ရှေ့တာယာက 100/90အရွယ် ဖြစ်ပြီး နောက်တာယာက 13/80အရွယ်ပါ။ ဘရိတ်တွေက ABSတွေ ဖြစ်ပြီး Single Discအထိုင်နဲ့ ဖြစ်ပါတယ်။ Pistonများများ ထိုင်မထားလို့ စိတ်ကြိုက်တော့ မဖြစ်ပေမယ့် အပျော်စီး မော်ဒယ် အနေနဲ့တော့ အဆင်ပြေပါတယ်။

မော်ဒယ်က ရှေ့၊ နောက် ၈၅.၄လက်မ ရှိပါတယ်။ မျက်နှာစာက ၃၄လက်မပါ။ အမြင့် ၅၄.၇လက်မရှိပါတယ်။ မြေပြင်ကနေ ရ.၁လက်မတောင် ကင်းလွတ်ပါတယ်။ လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင်နိုင်မှာပါ။ ထိုင်ခုံက မြေပြင်ကနေ ၃၂.၁လက်မ အမြင့်မှာပါ။ ကျွန်တော်တို့ အရပ်အမောင်းတွေနဲ့ အဆင်ပြေပါတယ်။ မော်ဒယ်က ပေါင် ၃၉၀လောက်ပဲ လေးပါတယ်။ တပ်ဆင် ဆီတိုုင်ကီကတော့ ၄.၅ဂါလံထိအောင် ဆံ့ပါတယ်။ ပုံမှန်ထက်တော့ တိုင်ကီက နည်းနည်း ကြီးနေတာပါ။ ဒါပေမယ့် ဆီများများ ဖြည့်ထားရင် လက်ကိုင် ပိုငြိမ်တဲ့ အချက်လေး တွေ့ရလို့ သဘောကျစရာပါ။ ဆီတစ်ဂါလံကို မိုင် ၅၀နဲ့ အထက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

2018 Honda CTX700N DCT …

ဒီဇိုင်းက လှတယ် ဆို်တာထက် ဆန်းတယ်၊ ကိုယ်ထည််ပိုင်း တောင့််တင်းတယ်၊ လက်ကိုင် တည်ငြိမ်တယ်၊ အင်ဂျင်စွမ်းဆောင်ရည် အထူးကောင်းတယ််၊ ခရီးဝေး မောင်းနှင်မှုတွေပါ စိတ်ကြိုက် သုံးနိုုင်မယ့် မော်ဒယ်ပါ။ လမ်းကြမ်းစစ်စစ်တော့ မရပေမယ့် တောင်တက်လမ်းတွေ၊ ၀န်တင်ဆောင်မှုတွေ အတွက် အဆင်ပြေ ကောင်းမွန်ပါတယ်။

အခု မော်ဒယ်မှာ ထူးခြားချက်က ဂီယာပိုင််းပါ။ များသောအားဖြင့် အခုလို Touringမော်ဒယ်တွေမှာ Manualနဲ့ပဲ ဂီယာပိုင်းကို ဖန်တီးထားပေမယ့် အခုု မော်ဒယ်ကတော့ Dual-Clutchနဲဲ့ ဖြစ်ပါတယ်။ လက်တဖက် မအားလို့ Autoနဲ့ မောင်းနှင်ချင်တယ်် ဆိုရင်လည်း ရမယ်၊ ဒါပေမယ့် စွမ်းဆောင်ရည်တော့ ပုံမှန် ဖြစ်သွားမယ်၊ Clutchနဲ့ ဆိုင်ကယ် မောင်းနှင်စီးနင််းရမှု အရသာ ကောင်းကောင်း ခံစားချင်တယ် ဆိုရင်လည်း ရနိုင်မယ့် မော်ဒယ်ပါ။

အင်ဂျင်စနစ်မှာ အဆို့ရှင် ၈ခုနဲ့ပဲ ဖန်တီးထားတဲဲ့ ၆၇၀ စီစီသုံး အင်ဂျင်ကို Parallel-Twinပုံစံ ထိုင်ထားတယ်။ ဂီယာပိုင်းက ၆ချက် အထိအောင် သုံးနိုင်မယ်။ ဟိုက်ဒရောလစ်စနစ်ကို ၂ဆင့်ခံထားပြီး ကလပ်နဲ့ သွားနေချိန်မှာတောင် ဂီယာချက်ပြောင်းလဲ မောင်းနှင်ရမှုမှာ ပေါ့ပါး သွက်လက်အောင် ဖန်တီးထားပါတယ်။

Manualနဲဲ့ သွားမှာလား၊ Autoနဲ့ သွားမှာလား ဆိုတာကိုတော့ ခလုတ်ကနေ Modeအဖြစ် ရွေးချယ် အသုုံးပြုရမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဂီယာစနစ်် အတွက် Manualလား Autoလား ရွေးချယ်နု်ိင်သေးသလို ကားတွေမှာလိုပဲ မောင်းနှင်မှု အပိုင်းမှာလည်း Sportလို့ ဆိုတဲ့ Sနဲ့ Dလို့ ဆိုတဲဲ့ ပုံမှန် အနေအထားအတွက် Modeနှစ်ခု ရွေးချယ်မောင်းနှင်နိုင်ဦးမှာပါ။

Sportကတော့ စွမ်းဆောင်ရည် ဦးစားပေး အနေအထား ဖြစ်မှာပါ။ဆီစားတော့ နည်းနည်း ပိုများပေမယ့် စီးနင််းလို့ မြန်ဆန်သွက်လက်သွားပါလိမ့်မယ်။ တပ်ဆင် ဆီတိုင်ကီက ၃.၂၇ လီတာထိအောင် ဆံ့ပါတယ်။ ကိုယ်ထည် အထို်င်ဘောင်က သံမဏိသားကို သုံးထားပါတယ်။ Suspensionစနစ်မှာ ရှေ့ဖက်က ၄.၂လက်မ အရွယ် Forkကို ထိုင်ထားပြီး နောက်ဖက်က ၄.၃လက်မ မြင့်ပါတယ်။ ဘီးတွေက ရှေ့နောက် ရွယ်တူ ဖြစ်ပြီး ၁၇လက်မပါ။ ရှေ့တာယာက 120/70အရွယ်ဖြစ်ပြီး နောက်တာယာကိုတော့ ကိုယ်ထည် တည်ငြိမ်မှု အတွက် မျက်နှာပြင် ပိုကြီးထားပြီး 160/60အရွယ် ရှိမှာပါ။ ထိ််ုင်ခုံက မြေပြင်ကနေ ၂၈.၃ လက်မ အမြင့်မှာ ရှိပါတယ်။ ဆီအပြည့်နဲ့ တောင်မှ အလေးချိန်က ၄၇၈ပေါင်ပဲ လေးပါတယ်။ ဆီတစ်ဂါလံကိုတော့ မိုင် ၄၀ကျော်ထိအောင် စီးနင်းနိုင်ဖိုု့ ရှိတယ်လုုိ့ သိရပါတယ်။

ကျော်နန္ဒ (မြေလတ်သား)

Zawgyi version…

အလွစီး ေမာ္ဒယ္၊ ဒါမွမဟုတ္ အေပ်ာ္စီး ေမာ္ဒယ္လို႔ ဆိုႏုိုင္မွာပါ။ ဒီဇိုင္းလွလွနဲ႔ ေစ်းသင့္သင့္ရမယ့္ ေမာ္ဒယ္ေတြပါ။

2018 Suzuki RM-Z 250 …

ပံုမွန္ ဆိုရင္ Dual Purposeတန္း၀င္ ေမာ္ဒယ္ေတြက အင္ဂ်င္ ႀကီးတယ္၊ အထူးသျဖင့္ အခု ေျပာျပမယ့္ RM-Zေမာ္ဒယ္က ၿပိဳင္ပြဲ၀င္ အေနအထားထိေအာင္ သံုးႏုိင္ေအာင္ ထုတ္လုပ္ထားတာပါ။ ဒီေမာ္ဒယ္နဲ႔လည္း လမ္းၾကမ္းေမာင္း ၿပိဳင္ပြဲ အမ်ားစုမွာ အႏုိင္ရထားတာ ေတြ႔ရပါတယ္။ ဒါေပမယ့္ ဒီလို အင္ဂ်င္ အႀကီးစားေတြက ၿပိဳင္ပြဲေတြမွာ အဆင္ေျပမယ့္ ပံုမွန္ လမ္းေၾကာင္းမွာ စီးနင္းခ်င္သူေတြ အတြက္ကေတာ့ အင္ဂ်င္ႀကီးတာနဲ႔ အမွ် ဆီစားလည္း မ်ားမယ္၊ ထုတ္လုပ္စရိတ္လည္း မ်ားလို႔ ေစ်းလည္းႀကီးတယ္၊ ဒီေတာ့ လူတိုင္း မစီးႏုိင္ေတာ့ဘူးေပါ့။ ဒါေၾကာင့္ အခုႏွစ္မွာ အင္ဂ်င္ အေသးစားေလးနဲ႔ ေမာ္ဒယ္ကို ေရာင္းခ်လာတာပါ။ ေစ်းႏႈန္းကလည္း ေဒၚလာ ၇၇၅၀ပဲ ရွိပါတယ္။

အင္ဂ်င္က ၂၅၀ စီစီပဲ ရွိလုိ႔ သိပ္ေတာ့ အထင္မေသးနဲ႔ေနာ္။ 4 Strokeအင္ဂ်င္စနစ္၊ အရင္က Yamahaေမာ္ဒယ္ေတြမွာလို 2 Strokeမဟုတ္ဘူး။ 2Tလည္း ထည့္စရာ မလိုဘူး။ ရလဒ္က မီးခုိးလည္း မထြက္ေတာ့ဘူး။ အင္ဂ်င္သံလည္း အရမ္း ၿငိမ္သြားတယ္။ သေဘာက်စရာပါေနာ္။

အင္ဂ်င္ အေအးခံစနစ္က အရည္သံုးစနစ္ပါ။ ေရတိုင္ကီနဲ႔ေပါ့။ တစ္လံုးထိုး အင္ဂ်င္ပါ။ အင္ဂ်င္ စက္ႏိႈးရမႈ အပိုင္းမွာ အားနည္းခ်က္ တစ္ခု ေတြ႔ရပါတယ္။ အဲဒါကေတာ့ ပံုမွန္ လွ်ပ္စစ္ေမာ္တာနဲ႔ ဘက္ထရီကို သံုးၿပီး Startခလုတ္ကေန စက္ႏိႈးလို႔ မရတာပဲ ျဖစ္ပါတယ္။ Kickကေနပဲ စက္ႏိႈးလို႔ ရပါတယ္။ တကယ္တမ္း ဆိုင္ကယ္ရဲ႕ အရသာ အမွန္ကို စီးနင္းခ်င္သူေတြ အတြက္ကေတာ့ အခုလို Kickနဲ႔ သြားတာ ပိုႀကိဳက္ၾကေပမယ့္ ေခတ္မီေအာင္ Startေလးနဲ႔ပါ လာရင္ ပိုေကာင္းမယ္လုိ႔ ထင္မိတာပါ။ ဂီယာပိုင္းကေတာ့ ၅ခ်က္တည္းပါ။ Sportနဲ႔ Cruiserေတြ မဟုတ္လုိ႔ ၆ခ်က္ အျဖစ္ ဖန္တီးထားျခင္း မေတြ႔ရပါဘူး။ ဒါေပမယ့္ အဆင္ေျပပါတယ္။ Manualနဲ႔ သြားပါတယ္။

ဘီးေတြက ေရွ႕ဘီး ၂၁လက္မနဲ႔ ေနာက္ဘီးက ၁၉လက္မပါ။ ေရွ႕ဘီးကို လမ္းၾကမ္းမွာ စိတ္ႀကိဳက္ ေမာင္းႏုိင္ေအာင္ အရြယ္ႀကီထားတာ ျဖစ္ၿပီး တာယာကေတာ့ MX52 80/100အရြယ္ကို ထည့္ထားပါတယ္။ ေနာက္ဘီးကေတာ့ အရြယ္ငယ္ေပမယ့္ ပံုမွန္ အတုိင္း မ်က္ႏွာျပင္ ပိုႀကီးၿပီး MX52 100/90အရြယ္ကို သံုးထားတာ ေတြ႔ရပါတယ္။ ဘရိတ္ပိုင္းကေတာ့ ဟိုက္ဒေရာလဒ္ အထုိင္ေတြနဲ႔ပဲ ျဖစ္ၿပီး ဘရိတ္စနစ္က ၿပိဳင္ပြဲ၀င္ ေမာ္ဒယ္ေတြက စနစ္ကို သံုးထားတယ္လုိ႔ ဆိုပါတယ္။

Suspensionစနစ္မွာေတာ့ ေရွ႕ဖက္မွာ Inverted Forkကို ထုိင္ထားတယ္၊ ေနာက္ဖက္မွာေတာ့ Twin Sided Swing Armကို ထုိင္ထားပါတယ္။ ေနာက္ဖက္မွာ ပံုမွန္ Singleထိုင္ေနရာကေန Doubleထုိင္ထားတာက တစ္ခုက ျမန္ႏႈန္းျမင့္ ေမာင္းႏွင္မႈေတြမွာ ပိုမို တည္ၿငိမ္မႈ ေပးလာႏုိင္တာပါ။ ထိုင္ခံုက ေျမျပင္ကေန ၃၇.၆ လက္မ အျမင့္မွာ ရွိပါတယ္။ အရပ္ နည္းနည္းပုေနသူေတြ အတြက္ေတာ့ နည္းနည္း စဥ္းစားစရာပါ။ ဒါေပမယ့္ Dual Purposeစီးမယ္ ဆိုကတည္းက အရပ္အေမာင္း ေကာင္းေကာင္းနဲ႔ ဆရာႀကီးေတြပဲ စဥ္းစားမွာ ျဖစ္လုိ႔ အဆင္ေျပပါလိ္မ့္မယ္။

တပ္ဆင္ ဆီတိုင္ကီက ၁.၇ ဂါလံထိေအာင္ ဆံ့ပါတယ္။ ဆီတစ္လီတာကို ၁၆မိုင္ေလာက္ စီးနင္းႏုိင္မယ္ ဆိုေတာ့ ၁ဂါလံကို မိုင္ ၆၀ေက်ာ္ေလာက္ထိေအာင္ ရမွာပါ။ ဂ်ပန္ကေနပဲ ထုတ္လုပ္တယ္လို႔ သိရၿပီး တျခား စက္ရံုခြဲေတြမွာ ထုတ္လုပ္မႈ မရွိဘူးလို႔ သိရတာေၾကာင့္ အရည္အေသြးပိုင္းလည္း စိတ္ခ်ရမွာပါ။ ေမာ္ဒယ္က အေလးခ်ိန္ ၂၃၄ေပါင္ပဲ ေလးပါတယ္။ ေပါ့ပါတယ္။ အင္ဂ်င္လည္း အေနေတာ္တယ္။ ဒီဇုိင္းကေတာ့ အလွဆံုးပါပဲ။

2018 Kawasaki Versys 300 …

ေမာ္ဒယ္မွာ တပ္ဆင္ထားတဲ့ အင္ဂ်င္က ၂လံုးထိုး အင္ဂ်င္ပါ၊ 4-Strokeအမ်ိဳးအစား ျဖစ္ၿပီး ဆီကုိ တုိက္ရိုက္ထိုးသြင္း ေပါက္ကြဲေစတဲ့ စနစ္ DOHCနဲ႔ ဖန္တီးထားပါတယ္။ အင္ဂ်င္ အေအးခံစနစ္ အတြက္ ေရတုိင္ကီပါတယ္။ သူက ခရီးေ၀း တဆက္တည္း ေမာင္းႏွင္မႈကို မိုင္ ၁၀၀ေက်ာ္ထိေအာင္ ရေအာင္ အေကာင္းဆံုး အေအးခံစနစ္ အျဖစ္ ထည့္သြင္းထားတာလည္း ေတြ႔ရပါတယ္။

အင္ဂ်င္ အရြယ္အစားကေတာ့ ၂၉၆ စီစီသံုးပါ။ အင္ဂ်င္ေပါက္ကြဲခန္း အတြက္ မီးေတာက္စနစ္က Digitalနဲ႔ သြားၿပီး TCBIအထုိင္နဲ႔ ျဖစ္ပါတယ္။ ဂီယာပို္င္းကေတာ့ ၆ခ်က္သံုးပါ။ လက္ရွိ ျပည္တြင္းမွာ လူႀကိဳက္မ်ား FZ ေမာ္ဒယ္လိုပဲ ဂီယာခ်က္ ၁က နင္းရမယ္၊ ေနာက္ထက္ ၂၊ ၃၊ ၄၊ ၅၊ ၆ေတြကေတာ့ ေနာက္ကို ပင့္တင္ေပးရမွာပါ။ ဂီယာခ်က္ မ်ားေနမႈက ေမာ္ဒယ္ကို တာထြက္ႏႈန္း သိပ္မေကာင္းေစခ်င္ေပမယ့္ ခရီးေ၀း ေမာင္းႏွင္မႈ အတြက္ေတာ့ စိတ္ႀကိဳက္ ျဖစ္လာေစပါတယ္။

ဒီေနရာမွာလည္း ေမာ္ဒယ္နဲ႔ အသားက်သြားၿပီး ကလပ္ကို ေကာင္းေကာင္း ႏုိင္ရင္ေတာ့ ဂီယာခ်က္ စိပ္မႈက အျမန္ႏႈန္း ျမွင့္တင္ႏုိင္မႈကို ပိုေကာင္းေစပါလိမ့္မယ္။ Suspensionပိုင္းမွာေတာ့ ေရွ႕ဘက္က ၅.၁လက္မ အျမင့္ရွိ Telescopicကို ထိုင္ထားတယ္၊ ေနာက္ဖက္က ၅.၈လက္မ အျမင့္ရွိ Uni-trakျဖစ္ပါတယ္။ လမ္းၾကမ္းပိုင္း စြမ္းေဆာင္ရည္ပါ ေကာင္းမြန္ေအာင္ Uniပံုစံ ထိုင္ထားတာ သေဘာက်စရာပါ။

ဘီးေတြမွာ ေရွ႕ဘီးကို ၁၉လက္မ ထည့္ထားၿပီး ေနာက္ဘီးကေတာ့ ၁၇လက္မပဲ ရွိပါတယ္။ ေရွ႕တာယာက 100/90အရြယ္ ျဖစ္ၿပီး ေနာက္တာယာက 13/80အရြယ္ပါ။ ဘရိတ္ေတြက ABSေတြ ျဖစ္ၿပီး Single Discအထုိင္နဲ႔ ျဖစ္ပါတယ္။ Pistonမ်ားမ်ား ထုိင္မထားလို႔ စိတ္ႀကိဳက္ေတာ့ မျဖစ္ေပမယ့္ အေပ်ာ္စီး ေမာ္ဒယ္ အေနနဲ႔ေတာ့ အဆင္ေျပပါတယ္။

ေမာ္ဒယ္က ေရွ႕၊ ေနာက္ ၈၅.၄လက္မ ရွိပါတယ္။ မ်က္ႏွာစာက ၃၄လက္မပါ။ အျမင့္ ၅၄.၇လက္မရွိပါတယ္။ ေျမျပင္ကေန ၇.၁လက္မေတာင္ ကင္းလြတ္ပါတယ္။ လမ္းၾကမ္းပိုင္း စိတ္ႀကိဳက္ ေမာင္းႏွင္ႏုိင္မွာပါ။ ထုိင္ခံုက ေျမျပင္ကေန ၃၂.၁လက္မ အျမင့္မွာပါ။ ကၽြန္ေတာ္တု႔ိ အရပ္အေမာင္းေတြနဲ႔ အဆင္ေျပပါတယ္။ ေမာ္ဒယ္က ေပါင္ ၃၉၀ေလာက္ပဲ ေလးပါတယ္။ တပ္ဆင္ ဆီတုိုင္ကီကေတာ့ ၄.၅ဂါလံထိေအာင္ ဆံ့ပါတယ္။ ပံုမွန္ထက္ေတာ့ တုိင္ကီက နည္းနည္း ႀကီးေနတာပါ။ ဒါေပမယ့္ ဆီမ်ားမ်ား ျဖည့္ထားရင္ လက္ကိုင္ ပိုၿငိမ္တဲ့ အခ်က္ေလး ေတြ႔ရလုိ႔ သေဘာက်စရာပါ။ ဆီတစ္ဂါလံကို မိုင္ ၅၀နဲ႔ အထက္ထိေအာင္ စီးနင္းႏိုင္မွာ ျဖစ္ပါတယ္။

2018 Honda CTX700N DCT …

ဒီဇိုင္းက လွတယ္ ဆုိ္တာထက္ ဆန္းတယ္၊ ကိုယ္ထည္္ပိုင္း ေတာင့္္တင္းတယ္၊ လက္ကိုင္ တည္ၿငိမ္တယ္၊ အင္ဂ်င္စြမ္းေဆာင္ရည္ အထူးေကာင္းတယ္္၊ ခရီးေ၀း ေမာင္းႏွင္မႈေတြပါ စိတ္ႀကိဳက္ သံုးနုိုင္မယ့္ ေမာ္ဒယ္ပါ။ လမ္းၾကမ္းစစ္စစ္ေတာ့ မရေပမယ့္ ေတာင္တက္လမ္းေတြ၊ ၀န္တင္ေဆာင္မႈေတြ အတြက္ အဆင္ေျပ ေကာင္းမြန္ပါတယ္။

အခု ေမာ္ဒယ္မွာ ထူးျခားခ်က္က ဂီယာပိုင္္းပါ။ မ်ားေသာအားျဖင့္ အခုလို Touringေမာ္ဒယ္ေတြမွာ Manualနဲ႔ပဲ ဂီယာပိုင္းကို ဖန္တီးထားေပမယ့္ အခုု ေမာ္ဒယ္ကေတာ့ Dual-Clutchနဲဲ႔ ျဖစ္ပါတယ္။ လက္တဖက္ မအားလုိ႔ Autoနဲ႔ ေမာင္းႏွင္ခ်င္တယ္္ ဆိုရင္လည္း ရမယ္၊ ဒါေပမယ့္ စြမ္းေဆာင္ရည္ေတာ့ ပံုမွန္ ျဖစ္သြားမယ္၊ Clutchနဲ႔ ဆုိင္ကယ္ ေမာင္းႏွင္စီးနင္္းရမႈ အရသာ ေကာင္းေကာင္း ခံစားခ်င္တယ္ ဆိုရင္လည္း ရႏုိင္မယ့္ ေမာ္ဒယ္ပါ။

အင္ဂ်င္စနစ္မွာ အဆို႔ရွင္ ၈ခုနဲ႔ပဲ ဖန္တီးထားတဲဲ့ ၆၇၀ စီစီသံုး အင္ဂ်င္ကို Parallel-Twinပံုစံ ထုိင္ထားတယ္။ ဂီယာပိုင္းက ၆ခ်က္ အထိေအာင္ သံုးႏိုင္မယ္။ ဟိုက္ဒေရာလစ္စနစ္ကို ၂ဆင့္ခံထားၿပီး ကလပ္နဲ႔ သြားေနခ်ိန္မွာေတာင္ ဂီယာခ်က္ေျပာင္းလဲ ေမာင္းႏွင္ရမႈမွာ ေပါ့ပါး သြက္လက္ေအာင္ ဖန္တီးထားပါတယ္။

Manualနဲဲ႔ သြားမွာလား၊ Autoနဲ႔ သြားမွာလား ဆိုတာကိုေတာ့ ခလုတ္ကေန Modeအျဖစ္ ေရြးခ်ယ္ အသံုုးျပဳရမွာပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ ဂီယာစနစ္္ အတြက္ Manualလား Autoလား ေရြးခ်ယ္နု္ိင္ေသးသလို ကားေတြမွာလိုပဲ ေမာင္းႏွင္မႈ အပိုင္းမွာလည္း Sportလို႔ ဆိုတဲ့ Sနဲ႔ Dလို႔ ဆိုတဲဲ့ ပံုမွန္ အေနအထားအတြက္ Modeႏွစ္ခု ေရြးခ်ယ္ေမာင္းႏွင္နုိင္ဦးမွာပါ။

Sportကေတာ့ စြမ္းေဆာင္ရည္ ဦးစားေပး အေနအထား ျဖစ္မွာပါ။ဆီစားေတာ့ နည္းနည္း ပိုမ်ားေပမယ့္ စီးနင္္းလို႔ ျမန္ဆန္သြက္လက္သြားပါလိမ့္မယ္။ တပ္ဆင္ ဆီတိုင္ကီက ၃.၂၇ လီတာထိေအာင္ ဆံ့ပါတယ္။ ကိုယ္ထည္ အထုိ္င္ေဘာင္က သံမဏိသားကို သံုးထားပါတယ္။ Suspensionစနစ္မွာ ေရွ႕ဖက္က ၄.၂လက္မ အရြယ္ Forkကုိ ထိုင္ထားၿပီး ေနာက္ဖက္က ၄.၃လက္မ ျမင့္ပါတယ္။ ဘီးေတြက ေရွ႕ေနာက္ ရြယ္တူ ျဖစ္ၿပီး ၁၇လက္မပါ။ ေရွ႕တာယာက 120/70အရြယ္ျဖစ္ၿပီး ေနာက္တာယာကိုေတာ့ ကိုယ္ထည္ တည္ၿငိမ္မႈ အတြက္ မ်က္ႏွာျပင္ ပိုႀကီးထားၿပီး 160/60အရြယ္ ရွိမွာပါ။ ထိ္္ုင္ခံုက ေျမျပင္ကေန ၂၈.၃ လက္မ အျမင့္မွာ ရွိပါတယ္။ ဆီအျပည့္နဲ႔ ေတာင္မွ အေလးခိ်န္က ၄၇၈ေပါင္ပဲ ေလးပါတယ္။ ဆီတစ္ဂါလံကိုေတာ့ မိုင္ ၄၀ေက်ာ္ထိေအာင္ စီးနင္းႏုိင္ဖုို႔ ရွိတယ္လုုိ႔ သိရပါတယ္။

ေက်ာ္နႏၵ (ေျမလတ္သား)