Unicode  version….

၁၉၇၆ခုနှစ်ကနေ စတင်ပြီး နှစ်စဉ် ထုတ်ပြန်လာတဲ့ Cycle Worldကနေ နောက်ဆုံး ဖော်ပြထားတဲ့ ကို်ယ်ထည် အမျိုးအစား အလိုက် အကောင်းဆုံး ဆိုင်ကယ်တွေကို နည်းနည်း မိတ်ဆက်ပေးချင်ပါတယ်။ အဓိက အနေနဲ့တော့ ကိုယ်ထည် အမျိုးအစား ၁၀ခု ခွဲခြားပြီး အကေင်းဆုံး မော်ဒယ်ကို ပြောထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြည်တွင်းမှာလည်း လူကြိုက်များမယ့် ကိုယ်ထည် အမျိုးအစားတွေကိုပဲ ပြန်ပြီး ဖောက်သည်ချပြချင်ပါတယ်။

(၁) Cruiser – Harley-Davidson Low Rider S

စျေးနှုန်း ဒေါ်လာ ၁၇၀၀၀ ရှိပါတယ်။ ရိုးရှင်းတယ်၊ တည်ငြိမ်တယ်၊ စွမ်းဆောင်ရည်သင့်တယ်၊ ဆီစားရော ဓါတ်ငွေ့ထုတ်လွှတ်မှုပါ ချိုသာတာကြောင့် ရွေးချယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Harleyထုတ် မော်ဒယ်တွေထဲမှာလည်း အခု Low Rider Sက Cruiserထဲမှာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကုမဏီကိုပါ စျေးကွက်မှာရော လူကြိုက်ပါ ပိုလာစေတဲ့ မော်ဒယ်ပါ။ အင်ဂျင်က ၁၁၀ စီစီသုံး Eagle Twinအင်ဂျင်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ 4 Strokeအင်ဂျင်စနစ်ပဲ ဖြစ်ပြီး ရုန်းအား ၁၁၄ပေါင်-ပေ ရှိပါတယ်။ ကလပ်စနစ်က Web multi-plateနဲ့ လာပြီး ဂီယာချက် ၆ချက်ထိအောင် အသုံးပြု မောင်းနှင်နို်င်မှာ ဖြစ်ပါတယ်။ ရှေ့ဖက် Suspensionစနစ်က ၄၉ မီလီ Cartridge Forkနဲ့ ဖြစ်ပြီး နောက်ဖက်စနစ်က Emulsion Shockနဲ့ ဖြစ်ပါတယ်။ လမ်းကြမ်းထက် လမ်းချောမှာ တည်ငြိမ်မှု အပြည့်နဲ့ စီးနင်းနိုင်အောင် အထူး ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပြီး လူငယ်တွေ အကြိုက် စတန့်ကွက်တွေ ထွင်ပြီး စီးနင်းနို်င်မှုထက် Dragonကွေ့လို့ ပြည်တွင်းမှာ ခေါ်တဲ့ ခေါက်ချိုးကွေ့ပုံစံတွေ၊ လက်နှစ်ဖက်လွှတ်ပြီး စီးနင်းမှု ပုံစံတွေကို အကောင်းဆုံး လုပ်ဆောင်နို်င်စေမှာ ဖြစ်ပါတယ်။

မော်ဒယ်က မြေပြင်နဲ့ ထိုင်ခုံကို ၂၇လက်မ အကွာမှာ ရှိ်အောင် ဖန်တီးထားတယ်၊ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ၆၄.၂လက်မ ရှိပြီး ဟန်ချက်ညီ မောင်းနှင်နို်င်မှု အားကောင်းလာစေတယ်၊ ဆီမပါပဲ ဆိုင်ကယ်ရဲ့ အလေးချိိန်က ၆၇၂ပေါင်ထိအောင် လေးမယ်၊ တပ်ဆင် ဆီတိုင်ကီက ၄.၇ ဂါလံထိအောင် ဆံ့နိုင်မှာ ဖြစ်ပြီး ဆီရဲ့ အလေးချိန်၊ မော်ဒယ်ရဲ့ အလေးချိန် အနေအထားတွေကတော့ လူကောင်သေးတဲ့ မောင်းနှင်စီးနင်းမယ့်သူတွေအတွက် သိပ်တော့ အဆင်ပြေစေနိုင်မှာ မဟုတ်ပဘူး။ ဆီစားနှုန်းကတော့ ပျမ်းမျှ တစ်ဂါလံကို ၄၄မိုင်လောက် စီးနင်းနိုင်မှာ ဖြစ်ပြီး တပ်ဆင် အင်ဂျင် အရွယ်နဲ့ စာရင်တော့ နည်းနည်း များချင်နေပေမယ့် တန်ဖိုးမြင့် မော်ဒယ်တစ်စီးကို စီးချင်သူ အတွက်တော့ အခု ဆီစားနှုန်းက အဆင်ပြေပါတယ်။ မော်ဒယ်က စွမ်းဆောင်ရည်ပိုင်းမှာတော့ မိုင် ၆၀နှုန်းကို အချိန် ၄စက္ကန့် ၀န်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

(၂) Dual-sport – Yamaha YZ450FZ

သူလည်း တန်ဖိုးနည်း မော်ဒယ်ပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၈၉၀၀နဲ့ ရနိုင်ပါတယ်။ အထက်က Kawasaki KX450Fနဲ့ ကို်ယ်ထည်ချင်း ဆင်ပေမယ့် အခု မော်ဒယ်က လမ်းကြမ်းသုံး အတွက်ပါ အဆင်ပြေအောင် ဖန်တီးထားပြီး ခရီးသည် ၂ယောက် လိုက်စီးနိုင်လာပါတယ်။ ဥရောပ စျေးကွက်မှာ အထူးလူကြိုက်များပါတယ်။ ၄၅၀ စီစီသုံး စွမး်ဆောင်ရည်မြင့် အင်ဂျင်ကို အကြိုက်ဆုံး ဖြစ်ပြီး လက်ကိုင်ပိုင်းက တည်ငြိမ်မှုထက် စိတ်ကြိုက် ကွေ့လမ်းကို ချိုးကွေ့နိုင်မှုက ကမ္ဘာ့ အကောင်းဆုံး အနေအထားပါ။ မော်ဒယ်က အင်ဂျင်ပိုင်းမှာ ၄၄၉ စီစီ အရွယ်ရှိ အလတ်တန်းဝင် အင်ဂျင်တွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်မယ့် အင်ဂျင်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ သူလည်း 4 Strokeအင်ဂျင်စနစ်နဲ့ပဲ ဖြစ်ပါတယ်။ အရင်က Dual Purposeတွေ အနေနဲ့ 2 Strokeနဲ့ ခေတ်စားခဲ့ပေမယ့် အသံ ဆူညံမှုနဲ့ မီးခိုးထွက် များမှုတွေက အခုတော့ 4 Strokeအင်ဂျင်တွေနဲ့ ဖြစ်လာစေပါတယ်။

Suspensionစနစ်မှာ ရှေ့ဖက်ကို Speed-Sensitive Systemနဲ့ Forkကို ထိုင်ထားပြီး လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင်နိုင်မှု အကောင်းဆုံး ဖြစ်လာစေပါတယ်။ နောက်ဖက် စနစ်ကတော့ ၁၂.၅လက်မ အရွယ် လမ်းကြောင်း အနေအထားကို အာရုံခံ စနစ် မပါပေမယ့် အလိုက်သင့် ပြောင်းလဲနေမယ့် Shockနဲ့ ဖြစ်ပါတယ်။ လမ်းကြမး်စီး မော်ဒယ် ဖြစ်တဲ့ အတွက် ထိုင်ခုံက မြေပြင်နဲ့ ၃၈.၆လက်မထိအောင် မြင့်နေပါတယ်၊ အရပ်နိမ့်သူတွေ အတွက်တော့ စီးနင်းလို့ အဆင်မပြေစေနိုင်ပါဘူး။ အင်ဂျင်က မြေပြင်နဲ့ ၁၃လက်မထိအောင် ကင်းလွတ်ပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၁.၆ဂါလံပဲ ၀င်ဆံ့ပါတယ်။ ဆီပါ အပြည့်ထည့်ထားမယ် ဆိုရင် မောည်ဒယ်က အလေးချိန် ၂၄၅ပေါင်လောက်ပဲ လေးပါတယ်။ လူငယ်ကြိုက် မော်ဒယ် ဖြစ်ပြီး စတန့်ကွက်တွေ၊ ရှေ့ဘီး၊ နောက်ဘီးထောင်ချင်သူတွေ အတွက် စိတ်ကြိုက်ဖြစ်စေနိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှုလည်း အားကောင်းပြီး မိုင် ၆၀နှုန်းကို အချိန် ၅စက္ကန့် ၀န်းကျင်နဲ့ ရောက်နိုင်ပါတယ်။

(၃) Lightweight Streetbike – KTM 390 Duke

လက်ရှိ် ပြည်တွင်းမှာပါ စျေးကွက်ဝင်နေတဲ့ အမှတ်တံဆိပ်နဲ့ မော်ဒယ်ပါ။ စျေးနှုန်း ဒေါ်လာ ၅၀၀၀ ရှိပါတယ်။ ကိုယ်ထည်က ပေါ့ပါးအောင် ဖန်တီးထားတယ်၊ ကိုယ်ထည် အရွယ်အစားက သေးငယ်ပြီး မောင်းနှင်သူ စိတ်ကြိုက် ထိန်းချုပ်နိုင်လောက်အောင် ကောင်းတယ်၊ စွမ်းအင် ထုတ်လုပ်မှုလည်း ကောင်းတယ်၊ လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှု အကောင်းဆုံး ပေးနိုင်တာ တွေ့ရပါတယ်။ အပျော်စီး သမားတွေ အတွက် အကောင်းဆုံး မော်ဒယ်အဖြစ် ဆိုချင်ပါတယ်။ မော်ဒယ်က ၂၀၁၃ခုနှစ်ကမှ စတင် ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပြီး အိန္ဒိယမှာ တပ်ဆင် ထုတ်လုပ်သလို ဆိုင်ကယ် စျေးကွက် အကြီးဆုံး ရှိနေတဲ့ အိန္ဒိယ စျေးကွက်မှာ အောင်မြင်မှု ရဖို့ ကြိုးစားထားတာ တွေ့ရပါတယ်။ အင်ဂျင်က ၃၇၃စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး 4 Strokeအင်ဂျင်စနစ်နဲ့ပဲ ဖြစ်ပါတယ်။ မော်ဒယ်က တစ်နာရီ ၁၀၅မိုင်(၁၆၉ကီလိုမီတာ)နှုန်းလောက်ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်တဲ့ မော်ဒယ်ကောင်း တစ်ခုပါ။

တပ်ဆင် အင်ဂျင်က မြင်းကောင်ရေ ၄၃ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ ရုန်းအားကတော့ ၂၆ပေါင်-ပေပဲ ရှိပါတယ်။ လမ်းကြမ်းရော လမ်းချောအတွက်ပါ အဆင်ပြေပါတယ်။ လူငယ်ကြိုက် မော်ဒယ် ဖြစ်ပြီး ၆ချက်သုံး ကလပ်စနစ်နဲ့ သွားပါတယ်။ ထိ်ုင်ခုံက မြေပြင်ကနေ ၃၁လက်မ အမြင့်မှာ ရှိပါတယ်။ ဆီအပြည့်ဖြည့်ထားချိန် ၃၃၈ပေါင်ထိအောင် လေးပါလိမ့်မယ်။ တပ်ဆင် ဆီတိုင်ကီက ၁၁ လီတာ ဆံ့ပါတယ်။ ဆီတစ်ဂါလံကို မိုင် ၆၀လောက်ထိအောင် စီးနင်းနိုင်မှာပါ။ သဘောကျစရာပါ။ တကယ်လို့ အခု အင်ဂျင်နဲ့ ကိုယ်ထည်က နည်းနည်း ကြီးချင်နေရင် Duke 200လည်း ရှိပါတယ်။ ရွေးချယ်နို်င်စရာ များများနဲ့ သဘောကျစရာ မော်ဒယ်ကောင်းတစ်ခုပါ။

(၄) Superbike – Yamaha YZF-R1

ပတ်လမ်းမောင်းပြိုင်ပွဲတွေထိအောင်ပါ ၀င်နိုင်မယ့် မော်ဒယ်ပါ။ စျေးနှုန်းကလည်း ဒေါ်လာ ၁၆၅၀၀ရှိပါတယ်။ အမြန်ဆုံး မောင်းနှင်နို်င်မှု အပိုင်းမှာ စျေးကွက်ဝင် မော်ဒယ်တွေထဲမှာ အမြန်ဆုံးလို့ ဆိုနိုင်လောက်အောင် ကောင်းပါ၊ မြန်ပါတယ်။ ကိုုယ်ထည် အထိုင်က ပတ်လမ်းတွေမှာ ၄၅ ဒီဂရီလောက်ထိအောင် စောင်းသွားအောင် မောင်းနှင်ဖို့က လွယ်လွယ်ကူကူ မောင်းနှင်နိုင်အောင် ဖန်တီးထားနို်င်တာ တွေ့ရပါတယ်။ ကမ္ဘာ့ အဆင့် အကောင်းဆုံး အနေအထား လုံခြုံရေး စနစ်လောက်ထိအောင် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တချို့ကလည်း R1အဖြစ်ပဲ ခေါ်တာ တွေ့ရပါတယ်။ ၁၉၉၈ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပြီး ဒီမော်ဒယ်က ကမ္ဘာအနှံ့အပြားက ပတ်လမ်းမောင်း ဆို်င်ကယ် ပြိုင်ပွဲတွေမှာ အောင်မြင် ဗိုလ်စွဲမှု အများအပြား ရှိထားတာ တွေ့ရပါတယ်။ ၁၀၀၀ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး လေးလုံးထိုး အင်ဂျင်စနစ်နဲ့ ဖြစ်ပါတယ်။ မော်ဒယ်က မြင်းကောင်ရေ ၁၉၀အားထိအောင် အမြင့်ဆုံး ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပြီး ဒီစွမ်းအင် ပမာဏက အသေးစား ပြိုင်ကားတွေရဲ့ စွမ်းအင်ထုတ်လုပ်နို်င်မှုထက်အောင် ပိုများနေတာလည်း ဖြစ်ပါတယ်။

တပ်ဆင် ဆီတိုင်ကီက ၁၇လီတာထိအောင် ဆံ့ပါတယ်။ ဆီအပြည့်နဲ့ အချိန်မှာ အလေးချိန် ၄၃၉ပေါင်ထိအောင် လေးနေပါလိမ့်မယ်။ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၃စက္ကန့် မပြည့်ခင်မှာပဲ ရောက်အောင် မောင်းနှင်နိုင်ပါတယ်။ အမြန်ဆုံးနှုန်း အနေနဲ့လည်း တစ်နာရီကို ၁၈၂မိုင် (၂၉၃ကီလိုမီတာ)ထိအောင် မောင်းနှင်နို်င်လို့ လက်ရှိ စျေးကွက်ထဲက ဆိုင်ကယ်တွေထဲမှာ အမြန်ဆုံးစာရင်းဝင် မော်ဒယ် တစ်ခုပါ။ တစ်မိုင်ရဲ့ လေးချိုး တချိုး အကွာအဝေးကို အချိန် ၁၀စက္ကန့်ခွဲနဲ့ ရောက်အောင် မောင်းနှင်နိုင်ပါတယ်။ ဘရိတ်ပိုင်းလည်း အားကောင်းပြီး တစ်နာရီ မိုင် ၆၀နှုန်း မောင်းနှင်နေရာကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၂၆ပေမှာ ရပ်ပါလိမ့်မယ်။

ကျော်နန္ဒ (မြေလတ်သား)

Zawgyi version..

၁၉၇၆ခုႏွစ္ကေန စတင္ၿပီး ႏွစ္စဥ္ ထုတ္ျပန္လာတဲ့ Cycle Worldကေန ေနာက္ဆံုး ေဖာ္ျပထားတဲ့ ကို္ယ္ထည္ အမ်ိဳးအစား အလုိက္ အေကာင္းဆံုး ဆုိင္ကယ္ေတြကို နည္းနည္း မိတ္ဆက္ေပးခ်င္ပါတယ္။ အဓိက အေနနဲ႔ေတာ့ ကိုယ္ထည္ အမ်ိဳးအစား ၁၀ခု ခြဲျခားၿပီး အေကင္းဆံုး ေမာ္ဒယ္ကို ေျပာထားတာ ေတြ႔ရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ျပည္တြင္းမွာလည္း လူႀကိဳက္မ်ားမယ့္ ကိုယ္ထည္ အမ်ိဳးအစားေတြကိုပဲ ျပန္ၿပီး ေဖာက္သည္ခ်ျပခ်င္ပါတယ္။

(၁) Cruiser – Harley-Davidson Low Rider S

ေစ်းႏႈန္း ေဒၚလာ ၁၇၀၀၀ ရွိပါတယ္။ ရိုးရွင္းတယ္၊ တည္ၿငိမ္တယ္၊ စြမ္းေဆာင္ရည္သင့္တယ္၊ ဆီစားေရာ ဓါတ္ေငြ႔ထုတ္လႊတ္မႈပါ ခ်ိဳသာတာေၾကာင့္ ေရြးခ်ယ္ထားတာ ျဖစ္တယ္လုိ႔ သိရပါတယ္။ Harleyထုတ္ ေမာ္ဒယ္ေတြထဲမွာလည္း အခု Low Rider Sက Cruiserထဲမွာ အေကာင္းဆံုး အျဖစ္ သတ္မွတ္ခံထားရပါတယ္။ ကုမဏီကိုပါ ေစ်းကြက္မွာေရာ လူႀကိဳက္ပါ ပိုလာေစတဲ့ ေမာ္ဒယ္ပါ။ အင္ဂ်င္က ၁၁၀ စီစီသံုး Eagle Twinအင္ဂ်င္စနစ္ကို တပ္ဆင္ထားတာ ေတြ႔ရပါတယ္။ 4 Strokeအင္ဂ်င္စနစ္ပဲ ျဖစ္ၿပီး ရုန္းအား ၁၁၄ေပါင္-ေပ ရွိပါတယ္။ ကလပ္စနစ္က Web multi-plateနဲ႔ လာၿပီး ဂီယာခ်က္ ၆ခ်က္ထိေအာင္ အသံုးျပဳ ေမာင္းႏွင္ႏုိ္င္မွာ ျဖစ္ပါတယ္။ ေရွ႕ဖက္ Suspensionစနစ္က ၄၉ မီလီ Cartridge Forkနဲ႔ ျဖစ္ၿပီး ေနာက္ဖက္စနစ္က Emulsion Shockနဲ႔ ျဖစ္ပါတယ္။ လမ္းၾကမ္းထက္ လမ္းေခ်ာမွာ တည္ၿငိမ္မႈ အျပည့္နဲ႔ စီးနင္းႏိုင္ေအာင္ အထူး ရည္ရြယ္ ဖန္တီးထားတာ ျဖစ္ၿပီး လူငယ္ေတြ အႀကိဳက္ စတန္႔ကြက္ေတြ ထြင္ၿပီး စီးနင္းႏုိ္င္မႈထက္ Dragonေကြ႔လို႔ ျပည္တြင္းမွာ ေခၚတဲ့ ေခါက္ခ်ိဳးေကြ႔ပံုစံေတြ၊ လက္ႏွစ္ဖက္လႊတ္ၿပီး စီးနင္းမႈ ပံုစံေတြကို အေကာင္းဆံုး လုပ္ေဆာင္ႏုိ္င္ေစမွာ ျဖစ္ပါတယ္။

ေမာ္ဒယ္က ေျမျပင္နဲ႔ ထိုင္ခံုကို ၂၇လက္မ အကြာမွာ ရွိ္ေအာင္ ဖန္တီးထားတယ္၊ ေရွ႕ဘီးနဲ႔ ေနာက္ဘီးေထာက္ၾကား ပမာဏကို ၆၄.၂လက္မ ရွိၿပီး ဟန္ခ်က္ညီ ေမာင္းႏွင္ႏုိ္င္မႈ အားေကာင္းလာေစတယ္၊ ဆီမပါပဲ ဆိုင္ကယ္ရဲ႕ အေလးခ်ိိန္က ၆၇၂ေပါင္ထိေအာင္ ေလးမယ္၊ တပ္ဆင္ ဆီတိုင္ကီက ၄.၇ ဂါလံထိေအာင္ ဆံ့ႏုိင္မွာ ျဖစ္ၿပီး ဆီရဲ႕ အေလးခ်ိန္၊ ေမာ္ဒယ္ရဲ႕ အေလးခ်ိန္ အေနအထားေတြကေတာ့ လူေကာင္ေသးတဲ့ ေမာင္းႏွင္စီးနင္းမယ့္သူေတြအတြက္ သိပ္ေတာ့ အဆင္ေျပေစႏုိင္မွာ မဟုတ္ပဘူး။ ဆီစားႏႈန္းကေတာ့ ပ်မ္းမွ် တစ္ဂါလံကို ၄၄မိုင္ေလာက္ စီးနင္းႏုိင္မွာ ျဖစ္ၿပီး တပ္ဆင္ အင္ဂ်င္ အရြယ္နဲ႔ စာရင္ေတာ့ နည္းနည္း မ်ားခ်င္ေနေပမယ့္ တန္ဖိုးျမင့္ ေမာ္ဒယ္တစ္စီးကို စီးခ်င္သူ အတြက္ေတာ့ အခု ဆီစားႏႈန္းက အဆင္ေျပပါတယ္။ ေမာ္ဒယ္က စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ မိုင္ ၆၀ႏႈန္းကို အခ်ိန္ ၄စကၠန္႔ ၀န္းက်င္နဲ႔ ေရာက္ေအာင္ ေမာင္းႏွင္ႏုိင္မွာ ျဖစ္ပါတယ္။

(၂) Dual-sport – Yamaha YZ450FZ

သူလည္း တန္ဖုိးနည္း ေမာ္ဒယ္ပဲ ျဖစ္ပါတယ္။ ေဒၚလာ ၈၉၀၀နဲ႔ ရႏုိင္ပါတယ္။ အထက္က Kawasaki KX450Fနဲ႔ ကို္ယ္ထည္ခ်င္း ဆင္ေပမယ့္ အခု ေမာ္ဒယ္က လမ္းၾကမ္းသံုး အတြက္ပါ အဆင္ေျပေအာင္ ဖန္တီးထားၿပီး ခရီးသည္ ၂ေယာက္ လိုက္စီးႏိုင္လာပါတယ္။ ဥေရာပ ေစ်းကြက္မွာ အထူးလူႀကိဳက္မ်ားပါတယ္။ ၄၅၀ စီစီသံုး စြမး္ေဆာင္ရည္ျမင့္ အင္ဂ်င္ကို အႀကိဳက္ဆံုး ျဖစ္ၿပီး လက္ကိုင္ပိုင္းက တည္ၿငိမ္မႈထက္ စိတ္ႀကိဳက္ ေကြ႔လမ္းကို ခ်ိဳးေကြ႔ႏုိင္မႈက ကမာၻ႔ အေကာင္းဆံုး အေနအထားပါ။ ေမာ္ဒယ္က အင္ဂ်င္ပိုင္းမွာ ၄၄၉ စီစီ အရြယ္ရွိ အလတ္တန္း၀င္ အင္ဂ်င္ေတြထဲမွာ အႀကီးဆံုးလုိ႔ ဆိုႏုိင္မယ့္ အင္ဂ်င္စနစ္ကို တပ္ဆင္ထားတာ ေတြ႔ရပါတယ္။ သူလည္း 4 Strokeအင္ဂ်င္စနစ္နဲ႔ပဲ ျဖစ္ပါတယ္။ အရင္က Dual Purposeေတြ အေနနဲ႔ 2 Strokeနဲ႔ ေခတ္စားခဲ့ေပမယ့္ အသံ ဆူညံမႈနဲ႔ မီးခိုးထြက္ မ်ားမႈေတြက အခုေတာ့ 4 Strokeအင္ဂ်င္ေတြနဲ႔ ျဖစ္လာေစပါတယ္။

Suspensionစနစ္မွာ ေရွ႕ဖက္ကို Speed-Sensitive Systemနဲ႔ Forkကို ထိုင္ထားၿပီး လမ္းၾကမ္းပိုင္း စိတ္ႀကိဳက္ ေမာင္းႏွင္နုိင္မႈ အေကာင္းဆံုး ျဖစ္လာေစပါတယ္။ ေနာက္ဖက္ စနစ္ကေတာ့ ၁၂.၅လက္မ အရြယ္ လမ္းေၾကာင္း အေနအထားကို အာရံုခံ စနစ္ မပါေပမယ့္ အလုိက္သင့္ ေျပာင္းလဲေနမယ့္ Shockနဲ႔ ျဖစ္ပါတယ္။ လမ္းၾကမး္စီး ေမာ္ဒယ္ ျဖစ္တဲ့ အတြက္ ထုိင္ခံုက ေျမျပင္နဲ႔ ၃၈.၆လက္မထိေအာင္ ျမင့္ေနပါတယ္၊ အရပ္နိမ့္သူေတြ အတြက္ေတာ့ စီးနင္းလို႔ အဆင္မေျပေစႏုိင္ပါဘူး။ အင္ဂ်င္က ေျမျပင္နဲ႔ ၁၃လက္မထိေအာင္ ကင္းလြတ္ပါတယ္။ တပ္ဆင္ ဆီတုိင္ကီက ၁.၆ဂါလံပဲ ၀င္ဆံ့ပါတယ္။ ဆီပါ အျပည့္ထည့္ထားမယ္ ဆုိရင္ ေမာည္ဒယ္က အေလးခ်ိန္ ၂၄၅ေပါင္ေလာက္ပဲ ေလးပါတယ္။ လူငယ္ႀကိဳက္ ေမာ္ဒယ္ ျဖစ္ၿပီး စတန္႔ကြက္ေတြ၊ ေရွ႕ဘီး၊ ေနာက္ဘီးေထာင္ခ်င္သူေတြ အတြက္ စိတ္ႀကိဳက္ျဖစ္ေစႏုိင္ပါတယ္။ အျမန္ႏႈန္း ျမွင့္တင္ႏုိင္မႈလည္း အားေကာင္းၿပီး မိုင္ ၆၀ႏႈန္းကို အခ်ိန္ ၅စကၠန္႔ ၀န္းက်င္နဲ႔ ေရာက္ႏုိင္ပါတယ္။

(၃) Lightweight Streetbike – KTM 390 Duke

လက္ရွိ္ ျပည္တြင္းမွာပါ ေစ်းကြက္၀င္ေနတဲ့ အမွတ္တံဆိပ္နဲ႔ ေမာ္ဒယ္ပါ။ ေစ်းႏႈန္း ေဒၚလာ ၅၀၀၀ ရွိပါတယ္။ ကိုယ္ထည္က ေပါ့ပါးေအာင္ ဖန္တီးထားတယ္၊ ကိုယ္ထည္ အရြယ္အစားက ေသးငယ္ၿပီး ေမာင္းႏွင္သူ စိတ္ႀကိဳက္ ထိန္းခ်ဳပ္ႏုိင္ေလာက္ေအာင္ ေကာင္းတယ္၊ စြမ္းအင္ ထုတ္လုပ္မႈလည္း ေကာင္းတယ္၊ လမ္းေၾကာင္းေပၚမွာ တည္ၿငိမ္မႈ အေကာင္းဆံုး ေပးႏိုင္တာ ေတြ႔ရပါတယ္။ အေပ်ာ္စီး သမားေတြ အတြက္ အေကာင္းဆံုး ေမာ္ဒယ္အျဖစ္ ဆိုခ်င္ပါတယ္။ ေမာ္ဒယ္က ၂၀၁၃ခုႏွစ္ကမွ စတင္ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ေမာ္ဒယ္ ျဖစ္ၿပီး အိႏိၵယမွာ တပ္ဆင္ ထုတ္လုပ္သလို ဆိုင္ကယ္ ေစ်းကြက္ အႀကီးဆံုး ရွိေနတဲ့ အိႏိၵယ ေစ်းကြက္မွာ ေအာင္ျမင္မႈ ရဖုိ႔ ႀကိဳးစားထားတာ ေတြ႔ရပါတယ္။ အင္ဂ်င္က ၃၇၃စီစီသံုး အင္ဂ်င္ကို တပ္ဆင္ထားတာ ျဖစ္ၿပီး 4 Strokeအင္ဂ်င္စနစ္န႔ဲပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္က တစ္နာရီ ၁၀၅မိုင္(၁၆၉ကီလိုမီတာ)ႏႈန္းေလာက္ထိေအာင္ အျမန္ဆံုး ေမာင္းႏွင္ႏိုင္တဲ့ ေမာ္ဒယ္ေကာင္း တစ္ခုပါ။

တပ္ဆင္ အင္ဂ်င္က ျမင္းေကာင္ေရ ၄၃ေကာင္အား ထုတ္လုပ္ေပးႏုိင္ပါတယ္။ ရုန္းအားကေတာ့ ၂၆ေပါင္-ေပပဲ ရွိပါတယ္။ လမ္းၾကမ္းေရာ လမ္းေခ်ာအတြက္ပါ အဆင္ေျပပါတယ္။ လူငယ္ႀကိဳက္ ေမာ္ဒယ္ ျဖစ္ၿပီး ၆ခ်က္သံုး ကလပ္စနစ္နဲ႔ သြားပါတယ္။ ထိ္ုင္ခံုက ေျမျပင္ကေန ၃၁လက္မ အျမင့္မွာ ရွိပါတယ္။ ဆီအျပည့္ျဖည့္ထားခ်ိန္ ၃၃၈ေပါင္ထိေအာင္ ေလးပါလိမ့္မယ္။ တပ္ဆင္ ဆီတုိင္ကီက ၁၁ လီတာ ဆံ့ပါတယ္။ ဆီတစ္ဂါလံကို မိုင္ ၆၀ေလာက္ထိေအာင္ စီးနင္းႏုိင္မွာပါ။ သေဘာက်စရာပါ။ တကယ္လို႔ အခု အင္ဂ်င္နဲ႔ ကုိယ္ထည္က နည္းနည္း ႀကီးခ်င္ေနရင္ Duke 200လည္း ရွိပါတယ္။ ေရြးခ်ယ္ႏုိ္င္စရာ မ်ားမ်ားနဲ႔ သေဘာက်စရာ ေမာ္ဒယ္ေကာင္းတစ္ခုပါ။

(၄) Superbike – Yamaha YZF-R1

ပတ္လမ္းေမာင္းၿပိဳင္ပြဲေတြထိေအာင္ပါ ၀င္ႏုိင္မယ့္ ေမာ္ဒယ္ပါ။ ေစ်းႏႈန္းကလည္း ေဒၚလာ ၁၆၅၀၀ရွိပါတယ္။ အျမန္ဆံုး ေမာင္းႏွင္နုိ္င္မႈ အပိုင္းမွာ ေစ်းကြက္၀င္ ေမာ္ဒယ္ေတြထဲမွာ အျမန္ဆံုးလုိ႔ ဆိုႏိုင္ေလာက္ေအာင္ ေကာင္းပါ၊ ျမန္ပါတယ္။ ကိုုယ္ထည္ အထုိင္က ပတ္လမ္းေတြမွာ ၄၅ ဒီဂရီေလာက္ထိေအာင္ ေစာင္းသြားေအာင္ ေမာင္းႏွင္ဖုိ႔က လြယ္လြယ္ကူကူ ေမာင္းႏွင္ႏိုင္ေအာင္ ဖန္တီးထားႏုိ္င္တာ ေတြ႔ရပါတယ္။ ကမာၻ႔ အဆင့္ အေကာင္းဆံုး အေနအထား လံုၿခံဳေရး စနစ္ေလာက္ထိေအာင္ ေကာင္းတယ္လုိ႔ ဆိုႏုိင္ပါတယ္။ တခ်ိဳ႕ကလည္း R1အျဖစ္ပဲ ေခၚတာ ေတြ႔ရပါတယ္။ ၁၉၉၈ခုႏွစ္ကတည္းက ထုတ္လုပ္ေရာင္းခ်ေနတာ ျဖစ္ၿပီး ဒီေမာ္ဒယ္က ကမာၻအႏွံ႔အျပားက ပတ္လမ္းေမာင္း ဆို္င္ကယ္ ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္ ဗိုလ္စြဲမႈ အမ်ားအျပား ရွိထားတာ ေတြ႔ရပါတယ္။ ၁၀၀၀ စီစီသံုး အင္ဂ်င္ကို တပ္ဆင္ထားၿပီး ေလးလုံးထိုး အင္ဂ်င္စနစ္န႔ဲ ျဖစ္ပါတယ္။ ေမာ္ဒယ္က ျမင္းေကာင္ေရ ၁၉၀အားထိေအာင္ အျမင့္ဆံုး ထုတ္လုပ္ေပးႏုိင္မွာ ျဖစ္ၿပီး ဒီစြမ္းအင္ ပမာဏက အေသးစား ၿပိဳင္ကားေတြရဲ႕ စြမ္းအင္ထုတ္လုပ္ႏုိ္င္မႈထက္ေအာင္ ပိုမ်ားေနတာလည္း ျဖစ္ပါတယ္။

တပ္ဆင္ ဆီတိုင္ကီက ၁၇လီတာထိေအာင္ ဆံ့ပါတယ္။ ဆီအျပည့္နဲ႔ အခ်ိန္မွာ အေလးခ်ိန္ ၄၃၉ေပါင္ထိေအာင္ ေလးေနပါလိမ့္မယ္။ တစ္နာရီ မိုင္ ၆၀ႏႈန္းကို အခ်ိန္ ၃စကၠန္႔ မျပည့္ခင္မွာပဲ ေရာက္ေအာင္ ေမာင္းႏွင္ႏုိင္ပါတယ္။ အျမန္ဆံုးႏႈန္း အေနနဲ႔လည္း တစ္နာရီကို ၁၈၂မိုင္ (၂၉၃ကီလိုမီတာ)ထိေအာင္ ေမာင္းႏွင္နုိ္င္လုိ႔ လက္ရွိ ေစ်းကြက္ထဲက ဆိုင္ကယ္ေတြထဲမွာ အျမန္ဆံုးစာရင္း၀င္ ေမာ္ဒယ္ တစ္ခုပါ။ တစ္မိုင္ရဲ႕ ေလးခ်ိဳး တခ်ိဳး အကြာအေ၀းကို အခ်ိန္ ၁၀စကၠန္႔ခြဲန႔ဲ ေရာက္ေအာင္ ေမာင္းႏွင္နုိင္ပါတယ္။ ဘရိတ္ပိုင္းလည္း အားေကာင္းၿပီး တစ္နာရီ မုိင္ ၆၀ႏႈန္း ေမာင္းႏွင္ေနရာကေန ရပ္တန္႔မယ္ဆိုရင္ အကြာအေ၀း ၁၂၆ေပမွာ ရပ္ပါလိမ့္မယ္။

ေက်ာ္နႏၵ (ေျမလတ္သား)