Unicode version…

အခုတစ်လတော့ ကျွန်တော်က ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာတင် စျေးကွက် ၀င်နေပြီး ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ အရည်အသွေး၊ စတာတွေကြောင့် စျေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဇိုင်းပိုင်း လှပသေသပ်မှုနဲ့ အတူ လူကြိုက်များနေတဲ့ မော်ဒယ်တွေပဲ ဖြစ်ပါတယ်။

2018 Kawasaki Z125 Pro …

Z Seriesဆိုတာက ကုမဏီကနေ ထုတ်လုပ်နေတာ နှစ်ပေါင်း ရာစုနှစ်ဝက်နီးပါးလောက်ထိအောင် ရှိနေပြီ ဖြစ်တဲ့ မော်ဒယ်တွေ၊ ၄လုံးထိုး အင်ဂျင်တွေ၊ ၂လုံးထိုး အင်ဂျင်တွေနဲ့ပါ မော်ဒယ်တွေထွက်တယ်၊ အခု မိတ်ဆက်ပေးချင်တဲ့ Z125 Proကတော့ တစ်လုံးထိုး အသေးစား ၁၂၅ စီစီသုံး အင်ဂျင်နဲ့ ဖြစ်ပြီး ပြည်တွင်း လမ်းကြောင်းအနေအထားနဲ့ အပျော်စီးသမားတွေ အတွက် အံကိုက်ပါပဲ။

အင်ဂျင်က Four Storokeအင်ဂျင် အမျိုးအစား ဖြစ်ပါတယ်၊ လေအားလုံး အအေးခံစနစ်နဲ့ ဖြစ်ပြီး ရေတိုက်ီလို ပြစ်ချက် ဖြစ်တတ်တဲ့ အပိုင်း မပါဘူး၊ Two Strokeမဟုတ်လို့ မီးခိုး မထွက်ဘူး၊ သဘောကျစရာပါ။ အင်ဂျင် အရွယ်က ၁၂၅ စီစီသုံး၊ နောက်ပိုင်းထုတ် အင်ဂျင်တွေက နည်းပညာ အားကောင်းလာပြီး ဆီစားချိုလာလို့ စိတ်ကြိုက်ပါပဲ။ ဂီယာချက်ပိုင်းက ၄ချက်ဖြစ်ပါတယ်၊ Manualနဲ့သွားပါတယ်။ ကျွန်တော်ကတော့ မော်ဒယ်က miniဖြစ်ပေမယ့် ဂီယာကို ၅ချက်လောက် ထည့်ထားသင့်တယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် တစ်ခု ကောင်းတာက ဂီယာပိုင်းမှာ ၅ချက် ဖြစ်သွားရင် ဂီယာပြောင်းလဲ မောင်းနှင်ရမှု အပိုင်းက Autoဘီးတွေလို ရှေ့ဘက်နင်းရင် ဂီယာတက်မယ်၊ နောက်ဖက် ပြန်နင်းရင် ဂီယာချက် လျော့မယ် ဆိုတဲ့ ပုံစံ မရနိုင်တော့ပဲ ရှေ့တချက်နင်း ဂီယာ၁၊ ကျန် ၂-၃-၄-၅တွေက နောက်ကို နင်းရဖို့ ရှိလာလို့ သုံးနေကျ ဂီယာအထိုင် အတိုင်းတော့လည်း အဆင်ပြေစေပါတယ်။

Suspensionစနစ်အပိုင်းမှာ ရှေ့ဖက်က Telescopic Forkနဲ့ လာပါတယ်၊ နောက်ဖက်က Swingarmဖြစ်ပြီး Singleဖြစ်ပါတယ်။ လမ်းကြမ်းစွမ်းဆောင်ရည် ပိုကောင်းလာစေပေမယ့် တည်ငြိမ်မှုကတော့ Double Forkကို မီဖို့တော့ မရှိချင်ဘူး။ ရှေ့တာယာက 100/90-12ဖြစ်ပြီး နောက်ဖက်က 120/70-12ဖြစ်ပါတယ်။ နောက်ဘီးကို အခုထက်ပိုကြီးထားရင်တော့ Sportရုပ်ထွက် ပိုပြီး ပီပြင်စေနိုင်ပါတယ်။ ဘရိတ်တွေကတော့ ရှေ့ရော နောက်ရော Discတွေနဲ့ ဖြစ်ပါတယ်။

ကိုယ်ထည်က မြေပြင်နဲ့ ၆.၁လက်မ အထိအောင် လွတ်ပါတယ်၊ လက်ရှိ စျေးကွက်ထဲက miniမော်ဒယ်တွေနဲ့ စာရင် လမ်းကြမ်းပိုင်း မောင်းနှင်နိုင်မှု ပိုကောင်းလာစေပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၃၁.၇လက်မ အမြင့်မှာပါ။ ဆိုင်ကယ်ရဲ့ အလေးချိ်န်က ၂၂၅ပေါင် ဖြစ်ပါတယ်။ ဆီတိုင်ကီက ၂ဂါလံ ဆံ့ပါတယ်။ အလေးချိန် ၃၅၃ပေါင်ထိအောင် တင်ဆောင်ပြီး အကောင်းဆုံး သွားလာနိုင်မှာပါ။ ဆီတစ်ဂါလံကို မိုင် ၈၀ကျော်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တစ်နာရီ ကီလို ၈၀နှုန်းကို အချိန် ၆စက္ကန့် ၀န်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပါလိမ့်မယ်။ တာယာနဲ့ Suspensionတွေရဲ့ အနေအထားအရတော့ မော်ဒယ်ကို တစ်နာရီ ကီလို ၁၀၀ထက် ပိုမို မစီးနင်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်နော်။

2018 Harley-Davidson Softail Breakout 114 …

အင်ဂျင်က V Twinအမျိုးအစားပါ၊ ကားတွေထဲက ပြိုင်ကားတွေမှာ တပ်ဆင် အသုံးပြုတဲ့ အင်ဂျင်စနစ်မျိုး ဖြစ်ပါတယ်။ အင်ဂျင်် အရွယ်က ၁၉၀၀ စီစီသုံး အရွယ်ပါ။ တော်ရုံ ကားတွေရဲ့ အင်ဂျင်တွေကို ခေါက်ထားလို့ ရလောက်အောင် ကြီးမားပါတယ်။ အလွယ်ဆုံး ပြောရရင် ပြည်တွင်းမှာ လူကြိုက်များ ၁.၅လီတာသုံး ကားတွေရဲ့ အင်ဂျင်ထက် အရွယ် ပိုကြီးသေးတာ ဖြစ်ပါတယ်။

အင်ဂျင်စက်နှိုးစနစ်က လျှပ်စစ်နဲ့ လာပါတယ်၊ ဂီယာက ၆ချက်သုံးဖြစ်ပါတယ်။ ပုံမှန် Manualစနစ်နဲ့ ဖြစ်ပြီး ထူးခြားချက်က Clutchစနစ်မှာ Slipperစနစ်နဲ့ဖြစ်လို့ ဂီယာချက် တစ်ချက်ကနေ နောက်တစ်ချက် ပြောင်းလဲ မောင်းနှင်ရမှု အပိုင်းမှာ မြန်ဆန်တယ်၊ မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေမှာ ကလပ်စနစ်က Freeရိုက်လို့ လွယ်အောင် အထိုင်ပုံစံနဲ့ လာတယ်၊ အမြန်နှုန်းလျော့ချမှုမှာ ဘရိတ်တစ်ခုတည်းကနေ အားမယူပဲ ကလပ်ကနေပါ ကူညီ ထိန်းချုပ်ပေးနိင်အောင် ဖန်တီးထားခြင်းတွေက သဘောကျစရာ ကောင်းပါတယ်။

ဘီးတွေကတော့ ရှေ့ဘီးတွေက 130/60 R21 63Hဖြစ်ပြီး နောက်ဘီးတွေက 240/40 R18 79Vကို တပ်ဆင်ထားပါတယ်။ လက်ကိုင်မြင့်မြင့်နဲ့ ထိန်းချုပ်မောင်းနှင်ရမှု ပိုမို တည်ငြိမ်အောင် နောက်ဘီးအရွယ်အစားကို သေးထားတာ ဖြစ်ပြီး ရှေ့ဘီးက ၂၁လက်မဖြစ်ပေမယ့် နောက်ဘီးကတော့ ၁၈လက်မပဲ ရှိပါလိမ့်မယ်။ ဒါက ခရီးဝေး မောင်းနှင်မှုမှာ မောင်းနှင်သူကို ခါးကိုင်းပြီး မောင်းနှင်ရမှုကို ကင်းလွတ်စေပြီး အချိ်န်ကြာ မောင်းနှင်လာလို့ ခါးညောင်းညာမှုကို လျော့နည်းစေတာ ဖြစ်ပါတယ်။

ဘရိတ်ပိုင်းမှာက ရှေ့ရော နောက်ပါ ဟိုက်ဒရောလစ်နဲ့ ဖိအားပေး Discဘရိတ်စနစ်တွေပဲ ဖြစ်ပါတယ်။ Suspensionစနစ်က လမ်းကြောင်း အနေအထားကို လိုက်ပြီး Suspensionစနစ် အတွင်းက လေကို အတိုး၊ အလျော့ ချိန်ပြီး စီးနင်းနိုင်တယ်၊ ရှေ့ဖက် စနစ်က Inverted Forkနဲ့ လာပြီး နောက်ဖက် အထိုင်ကတော့ Twin Sided Swing Armနဲ့ ဖြစ်ပါတယ်။ Dualမော်ဒယ်တွေမှာလို နောက်Forkက Singleမဟုတ်လို့ ပိုမို တည်ငြိမ်တဲ့ လက်ကိုင်စနစ်ရအောင် အကူအညီပေးနိုင်တာလည်း တွေ့ရပါတယ်။

မော်ဒယ်ရဲ့ ထို်င်ခုံက မြေပြင်ကနေ ၂၆.၂လက်မ အကွာမှာ ရှိပါတယ်။ မော်ဒယ်က လမ်းကြမ်းစီး မော်ဒယ် မဟုတ်လို့ မြေပြင်နဲ့ ကိုယ်ထည်က ၅လက်မ ၀န်းကျင်ပဲ ကင်းလွတ်ပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၃.၅လီတာထိအောင် ဆံ့ပါတယ်။ တိုင်ကီ်ရဲ့ ပုံစံက မော်ဒယ်ရဲ့ တဖက် တချက်စီကို အညီအမျှ ဖြန့်ချထားပြီး အသည်းပုံစံ တိုင်ကီ ဖြစ်ပါတယ်။ မောင်းနှင်နေချိ်န် အလေးချိန် ဟန်ချက်ညီမှု ညီမျှအောင် ဖန်တီးထားတာပါ။ မော်ဒယ်က ပုံမှန် အလေးချိန် ၆၄၈ပေါင်ထိအောင် လေးပါတယ်၊ ဆီအပြည့်နဲ့ ဆိုရင်တော့ ၆၇၂ပေါင်ထိအေင် လေးပါလိမ့်မယ်။

2018 Ducati XDiavel S Iceberg White …

မော်ဒယ်ရဲ့ အင်ဂျင်က နှစ်လုံးထိုး အင်ဂျင်စနစ် ဖြစ်ပြီး ၁၂၅၀ စီစီသုံး အရွယ်ပါ။ ပြည်တွင်းမှာ လူကြိုက်များ အိမ်စီးကားတွေရဲ့အင်ဂျင်နဲ့ အရွယ်တူပဲ ဖြစ်ပါတယ်။ တချို့သော ၆၆၀နဲ့ ၁၀၀၀ စီစီ ၀န်းကျင်သုံး ကားတွေနဲ့ စာရင် XDiavel S Iceberg Whiteရဲ့ အင်ဂျင်က အရွယ််တောင် ပိုကြီးနေပါသေးတယ်။ ဒါပေမယ့် ကားအင်ဂျင်လောက်ရှိလို့ အရမ်းတော့ လေးတယ် မထင်ပါနဲ့၊ စီးနင်းသူ အလေးချိန် မပါပဲ ဆိုင်ကယ်က အလေးချိန် ၄၈၅ပေါင်ပဲ လေးပါတယ်။

L-twinအင်ဂျင်စနစ်နဲ့ ဖြစ်ပြီး အင်ဂျင်က ရုန်းအား ၉၃ပေါင်-ပေမှာ မြင်းကောင်ရေ ၁၅၂ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီနှုန်းက အင်ဂျင် အရွယ်တူ တပ်ဆင်ထားတဲ့ Sport Sedanကားတိုင်းမှာတောင် မရှိတဲ့ စွမ်းအင်ထွက်ရှိမှုနှုန်း ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၅၀၀၀ဖြစ်ပြီး အမြင့်ဆုံး လည်ပတ်နှုန်းကတော့ ၉၅၀၀ထိအောင်ပဲ ဖြစ်ပါတယ်။ Exhaustက Singleပုံစံ ဖြစ်ပြီး အင်ဂျင်က အထွက်မှာ Doubleဖြစ်ပေမယ့် နောက်ဆုံး အထွက်ပိုင်းမှာ Singleအဖြစ် ပြန်စုထားပါတယ်။ ၆ချက်သုံး ဂီယာနဲ့ သွားပြီး Manualဖြစ်ပါတယ်။ Clutchပိုင်းမှာပုံမှန် လက်နဲ့ ထိန်းချုပ် အသုံးပြုရမှုကို ပေါ့ပါးသွက်လက်အောင် ရည်ရွယ်ပြီးတော့ ဟိုက်ဒရောလစ် ဖိအားပေးစနစ် အကူထည့်ထားပါသေးတယ်။ ဒီစနစ်က သင့် အနေနဲ့ ကလပ် အသုံးပြုရမှု အတွက် အားထည့်မောင်းနှင်စရာ လုံးဝ မလိုစေတော့ပါဘူး။

Suspensionပိုင်းမှာ ရှေ့ဖက်က DLC Forkနဲ့ ဖြစ်ပြီး သူက လမ်းအနေအထားအပေါ် မူတည်ပြီး ချိန်ညှိပေးမယ့် စနစ် ပါရှိပါတယ်။ နောက်ဖက်ကတော့ Single Shock Absorberကိုပဲ ပင်မ အနေနဲ့ ထိုင်ထားပြီး Swingarmတွေ အကူထိုင်ထားသလို သူလည်း လမ်းအနေအထားအလိုက် စိတ်ကြိုက် ချိန်ညှိနိုင်မှာပါ။

တာယာတွေကတော့ အီတလီတာယာတွေပဲ ထည့်ထားပြီး Pirellioတွေ ဖြစ်ကာ အရွယ်အစားက ရှေ့ဖက် 120/70 ZR17နဲ့ နောက်ဖက်က 240/45 ZR17တွေပဲ ဖြစ်ပါတယ်။ နောက်ဘီးကို ZR18အဖြစ် ထားမယ် ဆိုရင် ရုပ်ထွက် ပိုလှလာနိုင်ပေမယ့် ခရီးဝေး မောင်းနှင်မှု အပိုင်းမှာက ကိုုယ်ထည် တည်ငြိမ်မှု အတွက် အခုလို ဘီးအရွယ်တူ တပ်ဆင်ထားခြင်းက ပိုကောင်းလို့ အရွယ်တူပဲ ထည့်ထားတာ တွေ့ရပါတယ်။

မော်ဒယ်က အလျား ၉၀.၉လက်မ ရှည်ပါတယ်။ အမြင့် ၄၄.၆လက်မရှိပြီး မျက်နှာစာ အကျယ် ၃၉.၈ လက်မ ရှိပါတယ်။ ထိုင်ခုံက မြေပြင်ကနေ ၂၉.၇၂လက်မမှာ ရှိပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၁၈ လီတာ (၄.၇၅ ဂါလံ) ထိအောင် ဆံ့ပါတယ်။ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ စက်သုံးဆီတွေ ထည့်လိုက်မယ် ဆိုရင်တော့ ဆိုင်ကယ်က ၅၄၅ပေါင်ထိအောင် လေးသွားပါလိမ့်မယ်။ ဘရိတ်တွေကတော့ ရှေ့ရော နောက်ပါ Discတွေပဲ ဖြစ်ပါတယ်။ မော်ဒယ်က အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုမှာ တစ်နာရီ ကီလိုမီတာ ၁၀၀အတွက် အချိန် ၆စက္ကန့် ၀န်းကျင်လောက်ပဲ ယူပြီး တန်းတူ မော်ဒယ်တွေနဲ့ စွမ်းဆောင်ရည် သိပ်မကွာပါဘူး။ ဆီစားနှုန်းက တစ်ဂါလံကို မိုင်၅၀ကျော် ရမှာပါ။

ကျော်နန္ဒ (မြေလတ်သား)

2018 FXBRS ANX Breakout 114 Anniversary. Softail.

Zawgyi version…

အခုတစ္လေတာ့ ကၽြန္ေတာ္က ၂၀၁၈ခုႏွစ္ ႏွစ္ဆန္းပုိင္းမွာတင္ ေစ်းကြက္ ၀င္ေနၿပီး ဒီဇုိင္း၊ စြမ္းေဆာင္ရည္၊ အရည္အေသြး၊ စတာေတြေၾကာင့္ ေစ်းကြက္မွာ လူႀကိဳက္မ်ားေနတဲ့ ေမာ္ဒယ္ေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အထူးသျဖင့္ေတာ့ ဒီဇိုင္းပိုင္း လွပေသသပ္မႈနဲ႔ အတူ လူႀကိဳက္မ်ားေနတဲ့ ေမာ္ဒယ္ေတြပဲ ျဖစ္ပါတယ္။

2018 Kawasaki Z125 Pro …

Z Seriesဆိုတာက ကုမဏီကေန ထုတ္လုပ္ေနတာ ႏွစ္ေပါင္း ရာစုႏွစ္၀က္နီးပါးေလာက္ထိေအာင္ ရွိေနၿပီ ျဖစ္တဲ့ ေမာ္ဒယ္ေတြ၊ ၄လံုးထိုး အင္ဂ်င္ေတြ၊ ၂လံုးထိုး အင္ဂ်င္ေတြနဲ႔ပါ ေမာ္ဒယ္ေတြထြက္တယ္၊ အခု မိတ္ဆက္ေပးခ်င္တဲ့ Z125 Proကေတာ့ တစ္လံုးထိုး အေသးစား ၁၂၅ စီစီသံုး အင္ဂ်င္နဲ႔ ျဖစ္ၿပီး ျပည္တြင္း လမ္းေၾကာင္းအေနအထားနဲ႔ အေပ်ာ္စီးသမားေတြ အတြက္ အံကုိက္ပါပဲ။

အင္ဂ်င္က Four Storokeအင္ဂ်င္ အမိ်ဳးအစား ျဖစ္ပါတယ္၊ ေလအားလံုး အေအးခံစနစ္နဲ႔ ျဖစ္ၿပီး ေရတိုက္ီလို ျပစ္ခ်က္ ျဖစ္တတ္တဲ့ အပိုင္း မပါဘူး၊ Two Strokeမဟုတ္လို႔ မီးခိုး မထြက္ဘူး၊ သေဘာက်စရာပါ။ အင္ဂ်င္ အရြယ္က ၁၂၅ စီစီသံုး၊ ေနာက္ပိုင္းထုတ္ အင္ဂ်င္ေတြက နည္းပညာ အားေကာင္းလာၿပီး ဆီစားခ်ိဳလာလုိ႔ စိတ္ႀကိဳက္ပါပဲ။ ဂီယာခ်က္ပိုင္းက ၄ခ်က္ျဖစ္ပါတယ္၊ Manualနဲ႔သြားပါတယ္။ ကၽြန္ေတာ္ကေတာ့ ေမာ္ဒယ္က miniျဖစ္ေပမယ့္ ဂီယာကို ၅ခ်က္ေလာက္ ထည့္ထားသင့္တယ္လုိ႔ ယူဆမိပါတယ္။ ဒါေပမယ့္ တစ္ခု ေကာင္းတာက ဂီယာပိုင္းမွာ ၅ခ်က္ ျဖစ္သြားရင္ ဂီယာေျပာင္းလဲ ေမာင္းႏွင္ရမႈ အပိုင္းက Autoဘီးေတြလို ေရွ႕ဘက္နင္းရင္ ဂီယာတက္မယ္၊ ေနာက္ဖက္ ျပန္နင္းရင္ ဂီယာခ်က္ ေလ်ာ့မယ္ ဆိုတဲ့ ပံုစံ မရႏုိင္ေတာ့ပဲ ေရွ႕တခ်က္နင္း ဂီယာ၁၊ က်န္ ၂-၃-၄-၅ေတြက ေနာက္ကို နင္းရဖို႔ ရွိလာလို႔ သံုးေနက် ဂီယာအထုိင္ အတုိင္းေတာ့လည္း အဆင္ေျပေစပါတယ္။

Suspensionစနစ္အပိုင္းမွာ ေရွ႕ဖက္က Telescopic Forkနဲ႔ လာပါတယ္၊ ေနာက္ဖက္က Swingarmျဖစ္ၿပီး Singleျဖစ္ပါတယ္။ လမ္းၾကမ္းစြမ္းေဆာင္ရည္ ပိုေကာင္းလာေစေပမယ့္ တည္ၿငိမ္မႈကေတာ့ Double Forkကို မီဖို႔ေတာ့ မရွိခ်င္ဘူး။ ေရွ႕တာယာက 100/90-12ျဖစ္ၿပီး ေနာက္ဖက္က 120/70-12ျဖစ္ပါတယ္။ ေနာက္ဘီးကို အခုထက္ပိုႀကီးထားရင္ေတာ့ Sportရုပ္ထြက္ ပိုၿပီး ပီျပင္ေစႏုိင္ပါတယ္။ ဘရိတ္ေတြကေတာ့ ေရွ႕ေရာ ေနာက္ေရာ Discေတြနဲ႔ ျဖစ္ပါတယ္။

ကိုယ္ထည္က ေျမျပင္နဲ႔ ၆.၁လက္မ အထိေအာင္ လြတ္ပါတယ္၊ လက္ရွိ ေစ်းကြက္ထဲက miniေမာ္ဒယ္ေတြနဲ႔ စာရင္ လမ္းၾကမ္းပိုင္း ေမာင္းႏွင္ႏိုင္မႈ ပိုေကာင္းလာေစပါတယ္။ ထိုင္ခံုက ေျမျပင္ကေန ၃၁.၇လက္မ အျမင့္မွာပါ။ ဆိုင္ကယ္ရဲ႕ အေလးခ်ိ္န္က ၂၂၅ေပါင္ ျဖစ္ပါတယ္။ ဆီတိုင္ကီက ၂ဂါလံ ဆံ့ပါတယ္။ အေလးခ်ိန္ ၃၅၃ေပါင္ထိေအာင္ တင္ေဆာင္ၿပီး အေကာင္းဆံုး သြားလာနုိင္မွာပါ။ ဆီတစ္ဂါလံကို မိုင္ ၈၀ေက်ာ္ထိေအာင္ စီးနင္းႏုိင္မွာ ျဖစ္ၿပီး အျမန္ႏႈန္း ျမွင့္တင္ေမာင္းႏွင္ႏုိင္မႈ အပိုင္းမွာ တစ္နာရီ ကီလို ၈၀ႏႈန္းကို အခ်ိန္ ၆စကၠန္႔ ၀န္းက်င္နဲ႔ ေရာက္ေအာင္ ေမာင္းႏွင္ႏုိင္ပါလိမ့္မယ္။ တာယာနဲ႔ Suspensionေတြရဲ႕ အေနအထားအရေတာ့ ေမာ္ဒယ္ကို တစ္နာရီ ကီလို ၁၀၀ထက္ ပိုမို မစီးနင္းတာ အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္ေနာ္။

2018 Harley-Davidson Softail Breakout 114 …

အင္ဂ်င္က V Twinအမ်ိဳးအစားပါ၊ ကားေတြထဲက ၿပိဳင္ကားေတြမွာ တပ္ဆင္ အသံုးျပဳတဲ့ အင္ဂ်င္စနစ္မ်ိဳး ျဖစ္ပါတယ္။ အင္ဂ်င္္ အရြယ္က ၁၉၀၀ စီစီသံုး အရြယ္ပါ။ ေတာ္ရံု ကားေတြရဲ႕ အင္ဂ်င္ေတြကို ေခါက္ထားလို႔ ရေလာက္ေအာင္ ႀကီးမားပါတယ္။ အလြယ္ဆံုး ေျပာရရင္ ျပည္တြင္းမွာ လူႀကိဳက္မ်ား ၁.၅လီတာသံုး ကားေတြရဲ႕ အင္ဂ်င္ထက္ အရြယ္ ပိုႀကီးေသးတာ ျဖစ္ပါတယ္။

အင္ဂ်င္စက္ႏိႈးစနစ္က လွ်ပ္စစ္နဲ႔ လာပါတယ္၊ ဂီယာက ၆ခ်က္သံုးျဖစ္ပါတယ္။ ပံုမွန္ Manualစနစ္နဲ႔ ျဖစ္ၿပီး ထူးျခားခ်က္က Clutchစနစ္မွာ Slipperစနစ္နဲ႔ျဖစ္လုိ႔ ဂီယာခ်က္ တစ္ခ်က္ကေန ေနာက္တစ္ခ်က္ ေျပာင္းလဲ ေမာင္းႏွင္ရမႈ အပိုင္းမွာ ျမန္ဆန္တယ္၊ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ခ်ိန္ေတြမွာ ကလပ္စနစ္က Freeရိုက္လုိ႔ လြယ္ေအာင္ အထုိင္ပံုစံနဲ႔ လာတယ္၊ အျမန္ႏႈန္းေလ်ာ့ခ်မႈမွာ ဘရိတ္တစ္ခုတည္းကေန အားမယူပဲ ကလပ္ကေနပါ ကူညီ ထိန္းခ်ဳပ္ေပးနိင္ေအာင္ ဖန္တီးထားျခင္းေတြက သေဘာက်စရာ ေကာင္းပါတယ္။

ဘီးေတြကေတာ့ ေရွ႕ဘီးေတြက 130/60 R21 63Hျဖစ္ၿပီး ေနာက္ဘီးေတြက 240/40 R18 79Vကို တပ္ဆင္ထားပါတယ္။ လက္ကိုင္ျမင့္ျမင့္နဲ႔ ထိန္းခ်ဳပ္ေမာင္းႏွင္ရမႈ ပိုမို တည္ၿငိမ္ေအာင္ ေနာက္ဘီးအရြယ္အစားကို ေသးထားတာ ျဖစ္ၿပီး ေရွ႕ဘီးက ၂၁လက္မျဖစ္ေပမယ့္ ေနာက္ဘီးကေတာ့ ၁၈လက္မပဲ ရွိပါလိမ့္မယ္။ ဒါက ခရီးေ၀း ေမာင္းႏွင္မႈမွာ ေမာင္းႏွင္သူကို ခါးကိုင္းၿပီး ေမာင္းႏွင္ရမႈကို ကင္းလြတ္ေစၿပီး အခ်ိ္န္ၾကာ ေမာင္းႏွင္လာလုိ႔ ခါးေညာင္းညာမႈကို ေလ်ာ့နည္းေစတာ ျဖစ္ပါတယ္။

ဘရိတ္ပိုင္းမွာက ေရွ႕ေရာ ေနာက္ပါ ဟိုက္ဒေရာလစ္နဲ႔ ဖိအားေပး Discဘရိတ္စနစ္ေတြပဲ ျဖစ္ပါတယ္။ Suspensionစနစ္က လမ္းေၾကာင္း အေနအထားကို လုိက္ၿပီး Suspensionစနစ္ အတြင္းက ေလကို အတိုး၊ အေလ်ာ့ ခ်ိန္ၿပီး စီးနင္းႏုိင္တယ္၊ ေရွ႕ဖက္ စနစ္က Inverted Forkနဲ႔ လာၿပီး ေနာက္ဖက္ အထုိင္ကေတာ့ Twin Sided Swing Armနဲ႔ ျဖစ္ပါတယ္။ Dualေမာ္ဒယ္ေတြမွာလုိ ေနာက္Forkက Singleမဟုတ္လုိ႔ ပိုမို တည္ၿငိမ္တ့ဲ လက္ကိုင္စနစ္ရေအာင္ အကူအညီေပးႏုိင္တာလည္း ေတြ႔ရပါတယ္။

ေမာ္ဒယ္ရဲ႕ ထုိ္င္ခံုက ေျမျပင္ကေန ၂၆.၂လက္မ အကြာမွာ ရွိပါတယ္။ ေမာ္ဒယ္က လမ္းၾကမ္းစီး ေမာ္ဒယ္ မဟုတ္လုိ႔ ေျမျပင္နဲ႔ ကိုယ္ထည္က ၅လက္မ ၀န္းက်င္ပဲ ကင္းလြတ္ပါတယ္။ တပ္ဆင္ ဆီတိုင္ကီက ၃.၅လီတာထိေအာင္ ဆံ့ပါတယ္။ တိုင္ကီ္ရဲ႕ ပံုစံက ေမာ္ဒယ္ရဲ႕ တဖက္ တခ်က္စီကို အညီအမွ် ျဖန္႔ခ်ထားၿပီး အသည္းပံုစံ တိုင္ကီ ျဖစ္ပါတယ္။ ေမာင္းႏွင္ေနခ်ိ္န္ အေလးခ်ိန္ ဟန္ခ်က္ညီမႈ ညီမွ်ေအာင္ ဖန္တီးထားတာပါ။ ေမာ္ဒယ္က ပံုမွန္ အေလးခ်ိန္ ၆၄၈ေပါင္ထိေအာင္ ေလးပါတယ္၊ ဆီအျပည့္နဲ႔ ဆိုရင္ေတာ့ ၆၇၂ေပါင္ထိေအင္ ေလးပါလိမ့္မယ္။

2018 Ducati XDiavel S Iceberg White …

ေမာ္ဒယ္ရဲ႕ အင္ဂ်င္က ႏွစ္လံုးထိုး အင္ဂ်င္စနစ္ ျဖစ္ၿပီး ၁၂၅၀ စီစီသံုး အရြယ္ပါ။ ျပည္တြင္းမွာ လူႀကိဳက္မ်ား အိမ္စီးကားေတြရဲ႕အင္ဂ်င္နဲ႔ အရြယ္တူပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ေသာ ၆၆၀နဲ႔ ၁၀၀၀ စီစီ ၀န္းက်င္သံုး ကားေတြနဲ႔ စာရင္ XDiavel S Iceberg Whiteရဲ႕ အင္ဂ်င္က အရြယ္္ေတာင္ ပိုႀကီးေနပါေသးတယ္။ ဒါေပမယ့္ ကားအင္ဂ်င္ေလာက္ရွိလုိ႔ အရမ္းေတာ့ ေလးတယ္ မထင္ပါနဲ႔၊ စီးနင္းသူ အေလးခ်ိန္ မပါပဲ ဆုိင္ကယ္က အေလးခ်ိန္ ၄၈၅ေပါင္ပဲ ေလးပါတယ္။

L-twinအင္ဂ်င္စနစ္နဲ႔ ျဖစ္ၿပီး အင္ဂ်င္က ရုန္းအား ၉၃ေပါင္-ေပမွာ ျမင္းေကာင္ေရ ၁၅၂ေကာင္အားထိေအာင္ ထြက္ရွိမွာ ျဖစ္ပါတယ္။ ဒီႏႈန္းက အင္ဂ်င္ အရြယ္တူ တပ္ဆင္ထားတဲ့ Sport Sedanကားတိုင္းမွာေတာင္ မရွိတ့ဲ စြမ္းအင္ထြက္ရွိမႈႏႈန္း ျဖစ္ပါတယ္။ အင္ဂ်င္က အေျခခံ လည္ပတ္အား တစ္မိနစ္ အပတ္ေရ ၅၀၀၀ျဖစ္ၿပီး အျမင့္ဆံုး လည္ပတ္ႏႈန္းကေတာ့ ၉၅၀၀ထိေအာင္ပဲ ျဖစ္ပါတယ္။ Exhaustက Singleပံုစံ ျဖစ္ၿပီး အင္ဂ်င္က အထြက္မွာ Doubleျဖစ္ေပမယ့္ ေနာက္ဆံုး အထြက္ပိုင္းမွာ Singleအျဖစ္ ျပန္စုထားပါတယ္။ ၆ခ်က္သံုး ဂီယာနဲ႔ သြားၿပီး Manualျဖစ္ပါတယ္။ Clutchပိုင္းမွာပံုမွန္ လက္နဲ႔ ထိန္းခ်ဳပ္ အသံုးျပဳရမႈကို ေပါ့ပါးသြက္လက္ေအာင္ ရည္ရြယ္ၿပီးေတာ့ ဟိုက္ဒေရာလစ္ ဖိအားေပးစနစ္ အကူထည့္ထားပါေသးတယ္။ ဒီစနစ္က သင့္ အေနနဲ႔ ကလပ္ အသံုးျပဳရမႈ အတြက္ အားထည့္ေမာင္းႏွင္စရာ လံုး၀ မလိုေစေတာ့ပါဘူး။

Suspensionပိုင္းမွာ ေရွ႕ဖက္က DLC Forkနဲ႔ ျဖစ္ၿပီး သူက လမ္းအေနအထားအေပၚ မူတည္ၿပီး ခ်ိန္ညွိေပးမယ့္ စနစ္ ပါရွိပါတယ္။ ေနာက္ဖက္ကေတာ့ Single Shock Absorberကိုပဲ ပင္မ အေနနဲ႔ ထုိင္ထားၿပီး Swingarmေတြ အကူထုိင္ထားသလို သူလည္း လမ္းအေနအထားအလိုက္ စိတ္ႀကိဳက္ ခ်ိန္ညွိႏုိင္မွာပါ။

တာယာေတြကေတာ့ အီတလီတာယာေတြပဲ ထည့္ထားၿပီး Pirellioေတြ ျဖစ္ကာ အရြယ္အစားက ေရွ႕ဖက္ 120/70 ZR17နဲ႔ ေနာက္ဖက္က 240/45 ZR17ေတြပဲ ျဖစ္ပါတယ္။ ေနာက္ဘီးကို ZR18အျဖစ္ ထားမယ္ ဆိုရင္ ရုပ္ထြက္ ပိုလွလာႏုိင္ေပမယ့္ ခရီးေ၀း ေမာင္းႏွင္မႈ အပိုင္းမွာက ကိုုယ္ထည္ တည္ၿငိမ္မႈ အတြက္ အခုလို ဘီးအရြယ္တူ တပ္ဆင္ထားျခင္းက ပိုေကာင္းလို႔ အရြယ္တူပဲ ထည့္ထားတာ ေတြ႔ရပါတယ္။

ေမာ္ဒယ္က အလ်ား ၉၀.၉လက္မ ရွည္ပါတယ္။ အျမင့္ ၄၄.၆လက္မရွိၿပီး မ်က္ႏွာစာ အက်ယ္ ၃၉.၈ လက္မ ရွိပါတယ္။ ထိုင္ခံုက ေျမျပင္ကေန ၂၉.၇၂လက္မမွာ ရွိပါတယ္။ တပ္ဆင္ ဆီတိုင္ကီက ၁၈ လီတာ (၄.၇၅ ဂါလံ) ထိေအာင္ ဆံ့ပါတယ္။ အင္ဂ်င္၀ိုင္၊ ဘရိတ္ဆီ၊ စက္သံုးဆီေတြ ထည့္လိုက္မယ္ ဆိုရင္ေတာ့ ဆုိင္ကယ္က ၅၄၅ေပါင္ထိေအာင္ ေလးသြားပါလိမ့္မယ္။ ဘရိတ္ေတြကေတာ့ ေရွ႕ေရာ ေနာက္ပါ Discေတြပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္က အျမန္ႏႈန္း ျမွင့္တင္ ေမာင္းႏွင္ႏုိင္မႈမွာ တစ္နာရီ ကီလိုမီတာ ၁၀၀အတြက္ အခ်ိန္ ၆စကၠန္႔ ၀န္းက်င္ေလာက္ပဲ ယူၿပီး တန္းတူ ေမာ္ဒယ္ေတြနဲ႔ စြမ္းေဆာင္ရည္ သိပ္မကြာပါဘူး။ ဆီစားႏႈန္းက တစ္ဂါလံကို မိုင္၅၀ေက်ာ္ ရမွာပါ။

ေက်ာ္နႏၵ (ေျမလတ္သား)