Unicode version…
၂၀၁၇ခုနှစ် နှစ်လယ်ပိုင်းကာလမှ စျေးကွက် အတွင်း လူစီးများနေတဲ့ ဆိုင်ကယ်တွေ အကြောင်းကို နည်းနည်းလောက် မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ ဆိုင်ကယ် အမျိုးအစား တစ်ခုချင်း အပေါ်ကို မူတည်ပြီးတော့ လူကြိုက်များ မော်ဒယ်တွေကို ပြောပါရစေဗျာ။
Underbone – Honda Wave 125
တန်ကြေးသင့်ထဲကမှ တန်ကြေးနည်း ပြန်ပြီး ဆွဲထုတ်ရင် အင်ဂျင်လည်း စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ Honda Wave 125ကို ပြောရပါလိမ့်မယ်။ သိန်း ၂၀ ၀န်းကျင်လောက်ထိအောင် စျေးပေါက်ခဲ့ပြီး နောက်ပိုင်း Smashတွေ လူကြိုက် ပိုများလာလို့ မော်ဒယ်က နည်းနည်း အစီးနည်းချင်ပေမယ့် ပြည်တွင်းမှာ အစီးရေ အများအပြား ရှိနေဆဲပါ။ ၀န်တင်ဆောင်နို်င်မှု၊ ရေရှည်စိတ်ချရမှု၊ အပိုပစ္စည်း ပေါများမှုနဲ့ ရုပ်ထွက်ပိုင်း ဆွဲဆောင်မှု ကောင်းခြင်းတွေက မော်ဒယ်ကို လူကြိုက်များစေတာ တွေ့ရပါတယ်။ အင်ဂျင်က 4-Strokeပဲ ဖြစ်ပြီး အင်ဂျင်သံ အထူးငြိမ်ပါတယ်။ ပြောရရင် ၂၀၀၀ပြည့်နှစ် ၀န်းကျင်က လူကြိုက်များခဲ့တဲ့ Super Cupတွေလိုပဲ အင်ဂျင်သံက မထွက်သလောက်ပါပဲ။ တရုတ်စျေးကွက်ကနေ ပုံစံတူ ၀င်ပေမယ့် အင်ဂျင်သံမှာတင် ကွဲပြားတာ သိနိုင်ပါတယ်။ လျှပ်စစ်စနစ်နဲ့ အင်ဂျင်ကို စက်နှိုးနိုင်ပေမယ့် မော်ဒယ်နိမ့် တချို့မှာ Startပျောက်နေတတ်ပါတယ်၊ ဒီနေရာမှာ သတ်ိပြုစရာ တစ်ချက် Startပျောက် မော်ဒယ်တွေကို Start Motorထိုင်ပြီး ပြန်ုပြင်ထည့်ထားတာတွေ ရှိပါတယ်။ ဒီအတွက်ကတော့ Startခလုတ်နဲ့ Wirering ပိုင်းမှာ ပြန်ဆင်ထားတာလား ဆိုတာ စစ်ကြည့်ရင် သိနိုင်ပါတယ်။
မော်ဒယ်က ဂီယာချက် ၄ချက်ကို သုံးပြီး မောင်းနှင်နိုင်မှာပါ၊ ပြီးတော့ Hondaအစစ်နဲ့ တရုတ်ဘီး ကွဲပြားချက်မှာ ဂီယာပိုင်းကလည်း အထူးတလည် စကားပြောပါတယ်။ သိသာတဲ့ အချက်ကတော့ ဂီယာချက် တစ်ချက်ကနေ တစ်ချက် ပြောင်းလဲ မောင်းနှင်မှု အပိုင်းမှာ Honda အစစ်က အသံထွက် ညင်သာတယ်၊ ဂီယာချက် ပျော့တယ်၊ နောက်ဖက် ဂီယာနင်းတံကို မနင်းရပဲ ရှေ့ဖက် ဂီယာကိုပဲ ခြေထောက်နဲ့ ကော်လိုက်ပြီး ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်။ တရုတ်ဘီးတွေကတော့ ဂီယာချက် ပြောင်းလဲမှု အသံလည်း ပြင်းသလို အားယူ နင်းချရမှုလည်း ရှိပါတယ်။ ခရီးသည် ၂ယောက်စီး ဖြစ်ပေမယ့် ခုံတန်းရှည်လျားတာကြောင့် နယ်ဝေး စိတ်ကြိုက်မောင်းနှင်နိုင်ပါတယ်၊ Waveအမျိုးအစား ဖြစ်လို့ ဆွဲဆောင်မှု ကောင်းတယ်၊ ရုပ်ထွက်လှတယ်၊ ၀န်တင်ဆောင်နိုင်မှု၊ လမ်းကြမ်း ရုန်းကန်နိုင်မှု အားကောင်းပါတယ်၊ ဆိုင်ကယ်က ၉၅ကီလိုလေးပြီး ၀န်တင်ဆောင်နိုင်မှုလည်း ကီလို ၁၀၀ ၀န်းကျင်ပဲ ဖြစ်ပါတယ်။ ဘက်ထရီက 12 Vထွက်ကို သုံးထားပြီး Dreamတွေမှာ တွေ့ရတဲ့ ဘက်ထရီထက်ကိုပဲ သဘောကျမိသလို သက်တမ်းရှည် အသုံးနိုင်ဆုံး ဘက်ထရီလို့ ဆိုရမှာပါ။ မော်ဒယ်အတွက် စက်သုံးဆီ အနေနဲ့ 95နဲ့ 91တွေကို သုံးတာ အကောင်းဆုံး ဖြစ်ပြီး သတိပြုစရာတစ်ချက် အနေနဲ့ အီသိုင်း ၁၀ရာခိုင်နှုန်းထက် ပိုမို ပါရှိတဲ့ စက်သုံးဆီကို ထည့်သွင်း မောင်းနှင်ခြင်း မပြုဖို့ပဲ ဖြစ်ပါတယ်။
Sport Bike – Kawasaki Ninja 300
ပုံမှန်ဆိုရင် Kawasakiတွေက စျေးမြောက်တတ်ပေမယ့် အခု Ninja 300 ကိုတော့ တန်ဖိုးနည်းနည်းနဲ့ လူတိုင်း လက်လှမ်းမီနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဥရောပ၊ မြောက်အမေရိက၊ သြတြေးလျနဲ့ အာရှစျေးကွက် အတွက် ရည်ရွယ်ဖန်တီးလာတာ ဖြစ်ပြီး အင်ဂျင်ပိုင်းမှာကိုပဲ အသေးစားအင်ဂျင်စနစ်ကိုတပ်ဆင် ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ EX300လို့လည်း တချို့စျေးကွက်တွေမှာ ခေါ်ပြီး သူက စွမ်းဆောင်ရည် သင့် အနေအထားနဲ့ မော်ဒယ်ပါ။ ၂၀၁၂ခုနှစ်ကနေမှ စတင် ထုတ်လုပ်လာခဲ့တာဖြစ်ပေမယ့် သက်တမ်းတိုကာလအတွင်းမှာကိုပဲ စျေးကွက် အောင်မြင်မှု အကောင်းဆုံးရနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ Sport Bikeတန်းဝင် စစ်စစ်ဖြစ်ပြီးတော့ ဒီနေ့ ပြည်တွင်းမှာ Standard အနေနဲ့ Sport Bikeပုံစံ ပြင်ဆင်ထုတ်လုပ်ထားတဲ့ FZလို မော်ဒယ်တွေထက် စီးနက်းရမှု အပိုင်းမှာရော ဒီဇိုင်းပိုင်းမှာပါ ပိုမို ဆွဲဆောင်မှုကောင်းပြီး စိတ်ကြိုက်ဖြစ်စေမှာ အမှန်ပါ။ အင်ဂျင်ပိုင်းမှာက အရည်အအေးခံစနစ်ကို အကူယူထားတဲ့ DOHCအမျိုးအစား Parallel-twin အမျိုးအစား အင်ဂျင် ဖြစ်ပါတယ်။ ၃၀၀ စီစီသုံး အင်ဂျင် အနေနဲ့ Sport Bikeတစ်စီးအတွက် အနေတော်ပါပဲ။ ဒီနေ့ စျေးကွက်မှာလည်း ၁၂၅ စီစီသုံး မော်ဒယ်တွေကို အိမ်စီးမော်ဒယ် အဖြစ် အကောင်းဆုံး လက်ခံ နှစ်သက်နေတဲ့ အနေအထားမှာ ၃၀၀ စီစီက Sport Bikeတစ်စီးအတွက် အနေတော်ပါပဲ။
တကယ်လို့ အခုထက် ကြီးုသွားမယ်ဆိုရင်လည်း ပြည်တွင်း လမ်းကြောင်း အနေအထားနဲ့ အဆင်မပြေချင်သလို ၂၀၀ စီစီနဲ့ အောက်ဖက်ဖြစ်သွားမယ်ဆိုရင်လည်း Sport Bikeဖြစ်နေသည့်တို်င်အောင် အိမ်စီး မော်ဒယ်တွေထက် သိသာလောက်တဲ့ စွမ်းဆောင်ရည်ကောင်းပြနိုင်ဖို့ မလွယ်တော့မှာလည်း ဖြစ်ပါတယ်။ အင်ဂျင်က စွမ်းဆောင်ရည်ကောင်း အနေနဲ့တော့ တစ်နာရီ ၁၂၄မိုင်ထိ အမြန်ဆုံးနှုန်းနဲ့ မောင်းနှင်နိုင်မှာပါ။ အင်ဂျင် အနေနဲ့ အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၉၇၅၀မှာတင် ရုန်းအား ၁၇.၄၅ပေါင်-ပေရှိပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၃၄.၇၇ကောင်အားပါ။ အင်ဂျင်က အမြန်ဆုံး လည်ပတ်နှုန်း အနေနဲ့ တစ်မိနစ် အပတ်ရေ ၁၁၀၀၀ ထိအောင် ရနိုင်ပြီး တကယ်လို့ အခုထက် လည်ပတ်နိုင်နှုန်း မြင့်ထားနိုင်မယ်ဆိုရင်တော့ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်း ပိုကောင်းလာမှာပါ။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်နှုန်းအတွင်း အင်ဂျင်က ရုန်းအား ၂၀ပေါင်-ပေ ရှိလာနိုင်းပြီး မြင်းကောင်ရေ ၃၉ကောင်အားထိ ရှိလာမှာ ဖြစ်ပါတယ်။
CDIအသုံးပြု မီးခတ်စနစ်နဲ့ဖြစ်ကာ အင်ဂျင်နဲ့ မီးပိုင်း အထိုင်တွေကတော့ နောက်ဆုံးပေါ် ဖန်တီး တည်ဆောက်ပုံမျိုး မဟုတ်ပါဘူး။ ဂီယာချက် ၆ချက်ကို Clutchစနစ်နဲ့ သုံးပြီး မောင်းနိုင်မှာ ဖြစ်ကာ ကိုယ်ထည်ရဲ့ ပင်မ အထိုင်ကို မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာ အတည်ငြိမ်ဆုံး ဖြစ်အောင် သံမဏိပိုက် အထိုင်နဲ့ ဖန်တီးထားတာပါ။ ထိုင်ခုံက မြေပြင်ကနေ ၃၀.၉လက်မ အမြင့်မှာ ရှိပြီး ဆိုင်ကယ်က ဆီအပြည့်ဖြည့်ထားချိန်မှာ ၃၈၅ပေါင် တိတိရှိမှာပါ။ တပ်ဆင်ဆီတိုင်ကီကတော့ ၁၇ဂါလံ ဆံ့ဝင်မှာ ဖြစ်ပြီး ဆီတစ်ဂါလံကို ၅၄မိုင်ခန့် မောင်းနှင်နို်င်မှာပါ။ Ninja 250R မော်ဒယ်နဲ့ တည်ဆောက်ပုံချင်း တူပြီးအခု Ninja 300က စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ တစ်နာရီ မိုင် ၆၀နှုန်းအတွက်ကတော့ အချိန် ၅.၆စက္ကန့်ကနေ ၆.၄၁စက္ကန့်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ အမြန်နှုန်းကနေ ရပ်တန့်မယ်ဆိုရင်တော့ အကွာအဝေး ၃၈မီတာကနေ ၄၁မီတာအတွင်း လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း စျေးကွက်မှာတော့ ၂၀၁၅ခုနှစ် မော်ဒယ် အသစ်ကို အလွယ်ရနိုင်ပြီး စျေးနှုန်းက ရ၂သိန်းလောက်ပဲ ရှိပါတယ်။
Cruiser – Honda Shadow Phantom
ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့ အာရှ အခြေစိုက် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူတွေ ဖြစ်တဲ့ နာမည်ကျော် Yamahaတို့ Hondaတို့က Sportတန်းဝင် မော်ဒယ်တွေပဲ ထုတ်လုပ်လေ့ရှိတာ ဖြစ်ပေမယ့် အမေရိက ဆိုင်ကယ်စျေးကွက်ရဲ့ အကြိုက် Cruiserတန်းဝင်တချို့ကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးလာနိုင်တာ တွေ့ရပါတယ်။ ဒီထဲကမှ အခု ကျွန်တော့် အနေနဲ့ ပြည်တွင်းမှာပါ ရနိုင်မယ့် မော်ဒယ် Shadow Phantomအကြောင်းကို ပြောချင်ပါတယ်။ တကယ်တမ်း မော်ဒယ်ရဲ့ နာမည်က Shadowပါပဲ။ နောက်က Phantomက မော်ဒယ်ခွဲ ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တဲ့ ဒီမော်ဒယ်က သက်တမ်းရင့်နေပြီ ဖြစ်သလို ၁၂၅စီစီသုံး အင်ဂျင်တပ်ကနေ ၁၁၀၀ စီစီသုံး (၁.၁လီတာ) မော်ဒယ်ထိအောင် ထွက်ရှိထားတာပါ။
၁၂၅စီစီ မော်ဒယ်တွေကိုတော့ အင်္ဂလန်အပါအဝင် ဥရောပစျေးကွက်အတွက် အဓိက ထုတ်လုပ်ရောင်းချနေတာ တွေ့နိုင်ပြီး ၅၀၀စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေကတော့ ၁၉၈၃ခုနှစ်လို အစောပိုင်းထုတ် မော်ဒယ်တွေ ဖြစ်ပါတယ်။ ၆၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေက ၁၉၈၈ခုနှစ်လောက်မှာ စတင် စျေကွက်ဝင်လာပြီး ရ၀၀-၈၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေကတော့ ၁၉၈၅ခုနှစ်ဝန်းကျင်ကနေ အခုချိန်ထိအောင် မော်ဒယ်နှစ် အမျိုးမျိုးနဲ့ ထုတ်လုပ်နေဆဲပါ။ ၁၁၀၀ စီစီသုံး မော်ဒယ်တွေကတော့ ၁၉၈၅ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး စျေးကွက်ဝင်ခဲ့သလို ၁၉၉၂ခုနှစ်လောက်ထိ တွေ့ရပါသေးတယ်။ ဒီထဲမှာ Cruiser တန်းဝင်တွေကို အထူး နှစ်သက်တဲ့ အမေရိကန် စျေးကွက်အတွက် ACEလို့ခေါ်တဲ့ American Classic Edition အဖြစ်နဲ့ သီးခြား ထုတ်လုပ်ရောင်းချတာလည်း တွေ့ရပါတယ်။ ဟုတ်ပါပြီ၊ ဒါက Shadow Phantomနဲ့ပတ်သတ်တဲ့ သမိုင်းကြောင်း တချို့ပါ။
အခု ပြည်တွင်းမှာ ရနိုင်နေတဲ့ Shadow Phantomကတော့ အသစ် အနေအထားနဲ့ ဖြစ်ပေမယ့် နောက်ဆုံးထုတ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ခုနှစ်ထုတ် မော်ဒယ်ပါ။ စျေးကတော့ ၁၁၀သိန်း ရှိပါတယ်။ တပ်ဆင်အင်ဂျင်က အရေအအေးခံစနစ် ထည့်ထားတဲ့ V-Twinအမျိုးအစား ၀.၇၅လီတာသုံး အင်ဂျင်ပါ။ ဒါဟာ Hijetအင်ဂျင်(၀.၆၆လီတာ)တွေထက် အရွယ်ပိုပြီး ကြီးမားပါတယ်။ အင်ဂျင်အတွင်းခန်း ပေါက်ကွဲမှုအတွက် မီးတောက်စနစ်ကို လျှပ်စစ်နဲ့ ထိန်းချုပ်ထားပါတယ်၊ ထိုးပြွန်တစ်လုံးမှာ အဆို့ရှင် သုံးခုထိုင်ထားပြီး SOHCစနစ်နဲ့ သွားပါတယ်။ ဂီယာချက် ၅ချက်ကို သုံးနိုင်မှာ ဖြစ်ပြီး အမြန်ဆုံး အရှိန်မြှင့််တင်နိုင်မှု ဦးစားပေး ပုံစံ မဟုတ်လို့ စွမ်းဆောင်ရည် ပြောလောက်အောင် မကောင်းတာကြောင့် ထည့်မပြောတော့ပါဘူးနော်။ ကိုယ်ထည်ရဲ့ တည်ငြိမ်မှုကို ဦးစားပေး ဖန်တီးထားတာ ဖြစ်ပြီး Bon Joviရဲ့ Miracle MTVထဲကလိုမျိုး လမ်းကျယ်ကျယ်မှာ စိတ်ကြိုက် စီးနင်းနိုင်မယ့် မော်ဒယ်မျိုးပါ။
တာယာတွေက ရှေ့ဖက်မှာ ၁၂၀/၉၀-၁၇နဲ့ နောက်ဖက်မှာ ၁၆၀/၈၀-၁၅တွေကို ထည့်ထားပါတယ်။ မျက်နှာပြင်ကြီး ဦးစားပေး တာယာပုံစံ ဖြစ်ပြီး လမ်းအနေအထားမျိုးစုံမှာ ကိုယ်ထည်ကို ဟန်ချက် မပျက်စေဖို့ Suspensionစနစ်မှာ ရှေ့ဖက်က ၄၁မီလီရှိတဲ့ Forkနဲ့ ၄.၆လက်မရှိတဲ့ Travelကိုသုံးထားပြီး နောက်ဖက်မှာ ၃.၅လက်မ Travelနဲ့ Shockကို Dualပုံစံထိုင်ထားပါတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏက ၆၄.၅လက်မရှိပြီး ထိုင်ခုံရဲ့ အမြင့်က မြေပြင်ကနေ ၂၅.၉လက်မရှိမှာပါ။ တပ်ဆင်ဆီတိုင်ကီက ၃.၇ဂါလံ ဆံ့မှာ ဖြစ်ပြီး ဆီတစ်ဂါလံကို ပျမ်းမျှ ၅၆မိုင်လောက် စီးနင်းနိုင်ပါလိမ့်မယ်။
ကျော်နန္ဒ (မြေလတ်သား)
Zawgyi version…
၂၀၁၇ခုႏွစ္ ႏွစ္လယ္ပိုင္းကာလမွ ေစ်းကြက္ အတြင္း လူစီးမ်ားေနတဲ့ ဆိုင္ကယ္ေတြ အေၾကာင္းကို နည္းနည္းေလာက္ မိတ္ဆက္ေပးခ်င္ပါတယ္ဗ်ာ။ ဆိုင္ကယ္ အမ်ိဳးအစား တစ္ခုခ်င္း အေပၚကို မူတည္ၿပီးေတာ့ လူႀကိဳက္မ်ား ေမာ္ဒယ္ေတြကို ေျပာပါရေစဗ်ာ။
Underbone – Honda Wave 125
တန္ေၾကးသင့္ထဲကမွ တန္ေၾကးနည္း ျပန္ၿပီး ဆြဲထုတ္ရင္ အင္ဂ်င္လည္း စြမ္းေဆာင္ရည္ ေကာင္းေကာင္းနဲ႔ Honda Wave 125ကို ေျပာရပါလိမ့္မယ္။ သိန္း ၂၀ ၀န္းက်င္ေလာက္ထိေအာင္ ေစ်းေပါက္ခဲ့ၿပီး ေနာက္ပိုင္း Smashေတြ လူႀကိဳက္ ပိုမ်ားလာလို႔ ေမာ္ဒယ္က နည္းနည္း အစီးနည္းခ်င္ေပမယ့္ ျပည္တြင္းမွာ အစီးေရ အမ်ားအျပား ရွိေနဆဲပါ။ ၀န္တင္ေဆာင္ႏုိ္င္မႈ၊ ေရရွည္စိတ္ခ်ရမႈ၊ အပိုပစၥည္း ေပါမ်ားမႈနဲ႔ ရုပ္ထြက္ပိုင္း ဆြဲေဆာင္မႈ ေကာင္းျခင္းေတြက ေမာ္ဒယ္ကို လူႀကဳိက္မ်ားေစတာ ေတြ႔ရပါတယ္။ အင္ဂ်င္က 4-Strokeပဲ ျဖစ္ၿပီး အင္ဂ်င္သံ အထူးၿငိမ္ပါတယ္။ ေျပာရရင္ ၂၀၀၀ျပည့္ႏွစ္ ၀န္းက်င္က လူႀကိဳက္မ်ားခဲ့တဲ့ Super Cupေတြလုိပဲ အင္ဂ်င္သံက မထြက္သေလာက္ပါပဲ။ တရုတ္ေစ်းကြက္ကေန ပံုစံတူ ၀င္ေပမယ့္ အင္ဂ်င္သံမွာတင္ ကြဲျပားတာ သိႏုိင္ပါတယ္။ လွ်ပ္စစ္စနစ္နဲ႔ အင္ဂ်င္ကို စက္ႏိႈးႏုိင္ေပမယ့္ ေမာ္ဒယ္နိမ့္ တခ်ိဳ႕မွာ Startေပ်ာက္ေနတတ္ပါတယ္၊ ဒီေနရာမွာ သတ္ိျပဳစရာ တစ္ခ်က္ Startေပ်ာက္ ေမာ္ဒယ္ေတြကို Start Motorထုိင္ၿပီး ျပန္ုျပင္ထည့္ထားတာေတြ ရွိပါတယ္။ ဒီအတြက္ကေတာ့ Startခလုတ္နဲ႔ Wirering ပိုင္းမွာ ျပန္ဆင္ထားတာလား ဆိုတာ စစ္ၾကည့္ရင္ သိႏုိင္ပါတယ္။
ေမာ္ဒယ္က ဂီယာခ်က္ ၄ခ်က္ကို သံုးၿပီး ေမာင္းႏွင္နုိင္မွာပါ၊ ၿပီးေတာ့ Hondaအစစ္နဲ႔ တရုတ္ဘီး ကြဲျပားခ်က္မွာ ဂီယာပိုင္းကလည္း အထူးတလည္ စကားေျပာပါတယ္။ သိသာတဲ့ အခ်က္ကေတာ့ ဂီယာခ်က္ တစ္ခ်က္ကေန တစ္ခ်က္ ေျပာင္းလဲ ေမာင္းႏွင္မႈ အပိုင္းမွာ Honda အစစ္က အသံထြက္ ညင္သာတယ္၊ ဂီယာခ်က္ ေပ်ာ့တယ္၊ ေနာက္ဖက္ ဂီယာနင္းတံကို မနင္းရပဲ ေရွ႕ဖက္ ဂီယာကိုပဲ ေျခေထာက္နဲ႔ ေကာ္လိုက္ၿပီး ေျပာင္းလဲ ေမာင္းႏွင္ႏုိင္ပါတယ္။ တရုတ္ဘီးေတြကေတာ့ ဂီယာခ်က္ ေျပာင္းလဲမႈ အသံလည္း ျပင္းသလို အားယူ နင္းခ်ရမႈလည္း ရွိပါတယ္။ ခရီးသည္ ၂ေယာက္စီး ျဖစ္ေပမယ့္ ခံုတန္းရွည္လ်ားတာေၾကာင့္ နယ္ေ၀း စိတ္ႀကိဳက္ေမာင္းႏွင္ႏုိင္ပါတယ္၊ Waveအမ်ိဳးအစား ျဖစ္လုိ႔ ဆြဲေဆာင္မႈ ေကာင္းတယ္၊ ရုပ္ထြက္လွတယ္၊ ၀န္တင္ေဆာင္ႏုိင္မႈ၊ လမ္းၾကမ္း ရုန္းကန္ႏုိင္မႈ အားေကာင္းပါတယ္၊ ဆိုင္ကယ္က ၉၅ကီလိုေလးၿပီး ၀န္တင္ေဆာင္ႏုိင္မႈလည္း ကီလို ၁၀၀ ၀န္းက်င္ပဲ ျဖစ္ပါတယ္။ ဘက္ထရီက 12 Vထြက္ကို သံုးထားၿပီး Dreamေတြမွာ ေတြ႔ရတဲ့ ဘက္ထရီထက္ကိုပဲ သေဘာက်မိသလို သက္တမ္းရွည္ အသံုးႏုိင္ဆံုး ဘက္ထရီလို႔ ဆိုရမွာပါ။ ေမာ္ဒယ္အတြက္ စက္သံုးဆီ အေနနဲ႔ 95နဲ႔ 91ေတြကို သံုးတာ အေကာင္းဆံုး ျဖစ္ၿပီး သတိျပဳစရာတစ္ခ်က္ အေနနဲ႔ အီသိုင္း ၁၀ရာခိုင္ႏႈန္းထက္ ပိုမို ပါရွိတဲ့ စက္သံုးဆီကို ထည့္သြင္း ေမာင္းႏွင္ျခင္း မျပဳဖို႔ပဲ ျဖစ္ပါတယ္။
Sport Bike – Kawasaki Ninja 300
ပံုမွန္ဆိုရင္ Kawasakiေတြက ေစ်းေျမာက္တတ္ေပမယ့္ အခု Ninja 300 ကိုေတာ့ တန္ဖိုးနည္းနည္းနဲ႔ လူတိုင္း လက္လွမ္းမီႏုိင္ေအာင္ ဖန္တီးထားတာ ေတြ႔ရပါတယ္။ အထူးသျဖင့္ေတာ့ ဥေရာပ၊ ေျမာက္အေမရိက၊ ၾသေၾတးလ်နဲ႔ အာရွေစ်းကြက္ အတြက္ ရည္ရြယ္ဖန္တီးလာတာ ျဖစ္ၿပီး အင္ဂ်င္ပိုင္းမွာကိုပဲ အေသးစားအင္ဂ်င္စနစ္ကိုတပ္ဆင္ ထုတ္လုပ္လာတာ ျဖစ္ပါတယ္။ EX300လုိ႔လည္း တခ်ိဳ႕ေစ်းကြက္ေတြမွာ ေခၚၿပီး သူက စြမ္းေဆာင္ရည္ သင့္ အေနအထားနဲ႔ ေမာ္ဒယ္ပါ။ ၂၀၁၂ခုႏွစ္ကေနမွ စတင္ ထုတ္လုပ္လာခဲ့တာျဖစ္ေပမယ့္ သက္တမ္းတိုကာလအတြင္းမွာကိုပဲ ေစ်းကြက္ ေအာင္ျမင္မႈ အေကာင္းဆံုးရႏုိင္ခဲ့တာလည္း ေတြ႔ရပါတယ္။ Sport Bikeတန္း၀င္ စစ္စစ္ျဖစ္ၿပီးေတာ့ ဒီေန႔ ျပည္တြင္းမွာ Standard အေနနဲ႔ Sport Bikeပံုစံ ျပင္ဆင္ထုတ္လုပ္ထားတဲ့ FZလို ေမာ္ဒယ္ေတြထက္ စီးနက္းရမႈ အပိုင္းမွာေရာ ဒီဇိုင္းပိုင္းမွာပါ ပိုမုိ ဆြဲေဆာင္မႈေကာင္းၿပီး စိတ္ႀကိဳက္ျဖစ္ေစမွာ အမွန္ပါ။ အင္ဂ်င္ပိုင္းမွာက အရည္အေအးခံစနစ္ကို အကူယူထားတဲ့ DOHCအမ်ဳိးအစား Parallel-twin အမ်ိဳးအစား အင္ဂ်င္ ျဖစ္ပါတယ္။ ၃၀၀ စီစီသံုး အင္ဂ်င္ အေနနဲ႔ Sport Bikeတစ္စီးအတြက္ အေနေတာ္ပါပဲ။ ဒီေန႔ ေစ်းကြက္မွာလည္း ၁၂၅ စီစီသံုး ေမာ္ဒယ္ေတြကို အိမ္စီးေမာ္ဒယ္ အျဖစ္ အေကာင္းဆံုး လက္ခံ ႏွစ္သက္ေနတဲ့ အေနအထားမွာ ၃၀၀ စီစီက Sport Bikeတစ္စီးအတြက္ အေနေတာ္ပါပဲ။
တကယ္လို႔ အခုထက္ ႀကီးုသြားမယ္ဆိုရင္လည္း ျပည္တြင္း လမ္းေၾကာင္း အေနအထားနဲ႔ အဆင္မေျပခ်င္သလို ၂၀၀ စီစီနဲ႔ ေအာက္ဖက္ျဖစ္သြားမယ္ဆိုရင္လည္း Sport Bikeျဖစ္ေနသည့္တို္င္ေအာင္ အိမ္စီး ေမာ္ဒယ္ေတြထက္ သိသာေလာက္တဲ့ စြမ္းေဆာင္ရည္ေကာင္းျပႏုိင္ဖု႔ိ မလြယ္ေတာ့မွာလည္း ျဖစ္ပါတယ္။ အင္ဂ်င္က စြမ္းေဆာင္ရည္ေကာင္း အေနနဲ႔ေတာ့ တစ္နာရီ ၁၂၄မိုင္ထိ အျမန္ဆံုးႏႈန္းနဲ႔ ေမာင္းႏွင္ႏုိင္မွာပါ။ အင္ဂ်င္ အေနနဲ႔ အေျခခံလည္ပတ္အား တစ္မိနစ္ အပတ္ေရ ၉၇၅၀မွာတင္ ရုန္းအား ၁၇.၄၅ေပါင္-ေပရွိၿပီးေတာ့ စြမ္းအင္ ထြက္ရွိမႈက ျမင္းေကာင္ေရ ၃၄.၇၇ေကာင္အားပါ။ အင္ဂ်င္က အျမန္ဆံုး လည္ပတ္ႏႈန္း အေနနဲ႔ တစ္မိနစ္ အပတ္ေရ ၁၁၀၀၀ ထိေအာင္ ရႏုိင္ၿပီး တကယ္လို႔ အခုထက္ လည္ပတ္ႏုိင္ႏႈန္း ျမင့္ထားႏုိင္မယ္ဆိုရင္ေတာ့ အျမန္ဆံုးေမာင္းႏွင္ႏုိင္မႈႏႈန္း ပိုေကာင္းလာမွာပါ။ အင္ဂ်င္ရဲ႕ အျမန္ဆံုး လည္ပတ္ႏုိင္ႏႈန္းအတြင္း အင္ဂ်င္က ရုန္းအား ၂၀ေပါင္-ေပ ရွိလာႏိုင္းၿပီး ျမင္းေကာင္ေရ ၃၉ေကာင္အားထိ ရွိလာမွာ ျဖစ္ပါတယ္။
CDIအသံုးျပဳ မီးခတ္စနစ္န႔ဲျဖစ္ကာ အင္ဂ်င္နဲ႔ မီးပိုင္း အထုိင္ေတြကေတာ့ ေနာက္ဆံုးေပၚ ဖန္တီး တည္ေဆာက္ပုံမ်ိဳး မဟုတ္ပါဘူး။ ဂီယာခ်က္ ၆ခ်က္ကို Clutchစနစ္နဲ႔ သံုးၿပီး ေမာင္းႏုိင္မွာ ျဖစ္ကာ ကိုယ္ထည္ရဲ႕ ပင္မ အထုိင္ကုိ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ခ်ိန္မွာ အတည္ၿငိမ္ဆံုး ျဖစ္ေအာင္ သံမဏိပိုက္ အထုိင္နဲ႔ ဖန္တီးထားတာပါ။ ထိုင္ခံုက ေျမျပင္ကေန ၃၀.၉လက္မ အျမင့္မွာ ရွိၿပီး ဆိုင္ကယ္က ဆီအျပည့္ျဖည့္ထားခ်ိန္မွာ ၃၈၅ေပါင္ တိတိရွိမွာပါ။ တပ္ဆင္ဆီတုိင္ကီကေတာ့ ၁၇ဂါလံ ဆံ့၀င္မွာ ျဖစ္ၿပီး ဆီတစ္ဂါလံကို ၅၄မိုင္ခန္႔ ေမာင္းႏွင္ႏုိ္င္မွာပါ။ Ninja 250R ေမာ္ဒယ္နဲ႔ တည္ေဆာက္ပံုခ်င္း တူၿပီးအခု Ninja 300က စြမ္းေဆာင္ရည္ ပိုေကာင္းပါတယ္။ တစ္နာရီ မုိင္ ၆၀ႏႈန္းအတြက္ကေတာ့ အခ်ိန္ ၅.၆စကၠန္႔ကေန ၆.၄၁စကၠန္႔အတြင္း ေရာက္ရွိေအာင္ ေမာင္းႏွင္နိုင္မွာ ျဖစ္ပါတယ္။ တကယ္လို႔ အဆိုပါ အျမန္ႏႈန္းကေန ရပ္တန္႔မယ္ဆိုရင္ေတာ့ အကြာအေ၀း ၃၈မီတာကေန ၄၁မီတာအတြင္း လမ္းေၾကာင္း အေနအထားအေပၚ မူတည္ၿပီး ရပ္တန္႔ႏုိင္မွာ ျဖစ္ပါတယ္။ ျပည္တြင္း ေစ်းကြက္မွာေတာ့ ၂၀၁၅ခုႏွစ္ ေမာ္ဒယ္ အသစ္ကို အလြယ္ရႏုိင္ၿပီး ေစ်းႏႈန္းက ၇၂သိန္းေလာက္ပဲ ရွိပါတယ္။
Cruiser – Honda Shadow Phantom
ပံုမွန္ဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔ အာရွ အေျခစိုက္ ေမာ္ေတာ္ဆိုင္ကယ္ ထုတ္လုပ္သူေတြ ျဖစ္တဲ့ နာမည္ေက်ာ္ Yamahaတို႔ Hondaတို႔က Sportတန္း၀င္ ေမာ္ဒယ္ေတြပဲ ထုတ္လုပ္ေလ့ရွိတာ ျဖစ္ေပမယ့္ အေမရိက ဆိုင္ကယ္ေစ်းကြက္ရဲ႕ အႀကိဳက္ Cruiserတန္း၀င္တခ်ိဳ႕ကိုလည္း အေကာင္းဆံုး ျဖစ္ေအာင္ ဖန္တီးလာႏိုင္တာ ေတြ႔ရပါတယ္။ ဒီထဲကမွ အခု ကၽြန္ေတာ့္ အေနနဲ႔ ျပည္တြင္းမွာပါ ရႏုိင္မယ့္ ေမာ္ဒယ္ Shadow Phantomအေၾကာင္းကို ေျပာခ်င္ပါတယ္။ တကယ္တမ္း ေမာ္ဒယ္ရဲ႕ နာမည္က Shadowပါပဲ။ ေနာက္က Phantomက ေမာ္ဒယ္ခြဲ ျဖစ္ပါတယ္။ ၁၉၈၃ခုႏွစ္ကတည္းက ထုတ္လုပ္လာခဲ့တဲ့ ဒီေမာ္ဒယ္က သက္တမ္းရင့္ေနၿပီ ျဖစ္သလို ၁၂၅စီစီသံုး အင္ဂ်င္တပ္ကေန ၁၁၀၀ စီစီသံုး (၁.၁လီတာ) ေမာ္ဒယ္ထိေအာင္ ထြက္ရွိထားတာပါ။
၁၂၅စီစီ ေမာ္ဒယ္ေတြကိုေတာ့ အဂၤလန္အပါအ၀င္ ဥေရာပေစ်းကြက္အတြက္ အဓိက ထုတ္လုပ္ေရာင္းခ်ေနတာ ေတြ႔ႏုိင္ၿပီး ၅၀၀စီစီသံုး အင္ဂ်င္တပ္ ေမာ္ဒယ္ေတြကေတာ့ ၁၉၈၃ခုႏွစ္လို အေစာပိုင္းထုတ္ ေမာ္ဒယ္ေတြ ျဖစ္ပါတယ္။ ၆၀၀ စီစီသံုး အင္ဂ်င္တပ္ ေမာ္ဒယ္ေတြက ၁၉၈၈ခုႏွစ္ေလာက္မွာ စတင္ ေစ်ကြက္၀င္လာၿပီး ၇၀၀-၈၀၀ စီစီသံုး အင္ဂ်င္တပ္ ေမာ္ဒယ္ေတြကေတာ့ ၁၉၈၅ခုႏွစ္၀န္းက်င္ကေန အခုခ်ိန္ထိေအာင္ ေမာ္ဒယ္ႏွစ္ အမ်ိဳးမ်ိဳးနဲ႔ ထုတ္လုပ္ေနဆဲပါ။ ၁၁၀၀ စီစီသံုး ေမာ္ဒယ္ေတြကေတာ့ ၁၉၈၅ခုႏွစ္မွာ မိတ္ဆက္ခဲ့ၿပီး ေစ်းကြက္၀င္ခဲ့သလို ၁၉၉၂ခုႏွစ္ေလာက္ထိ ေတြ႔ရပါေသးတယ္။ ဒီထဲမွာ Cruiser တန္း၀င္ေတြကို အထူး ႏွစ္သက္တဲ့ အေမရိကန္ ေစ်းကြက္အတြက္ ACEလို႔ေခၚတဲ့ American Classic Edition အျဖစ္နဲ႔ သီးျခား ထုတ္လုပ္ေရာင္းခ်တာလည္း ေတြ႔ရပါတယ္။ ဟုတ္ပါၿပီ၊ ဒါက Shadow Phantomနဲ႔ပတ္သတ္တဲ့ သမိုင္းေၾကာင္း တခ်ိဳ႕ပါ။
အခု ျပည္တြင္းမွာ ရႏိုင္ေနတဲ့ Shadow Phantomကေတာ့ အသစ္ အေနအထားနဲ႔ ျဖစ္ေပမယ့္ ေနာက္ဆံုးထုတ္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၀ခုႏွစ္ထုတ္ ေမာ္ဒယ္ပါ။ ေစ်းကေတာ့ ၁၁၀သိန္း ရွိပါတယ္။ တပ္ဆင္အင္ဂ်င္က အေရအေအးခံစနစ္ ထည့္ထားတဲ့ V-Twinအမ်ိဳးအစား ၀.၇၅လီတာသံုး အင္ဂ်င္ပါ။ ဒါဟာ Hijetအင္ဂ်င္(၀.၆၆လီတာ)ေတြထက္ အရြယ္ပိုၿပီး ႀကီးမားပါတယ္။ အင္ဂ်င္အတြင္းခန္း ေပါက္ကြဲမႈအတြက္ မီးေတာက္စနစ္ကို လွ်ပ္စစ္နဲ႔ ထိန္းခ်ဳပ္ထားပါတယ္၊ ထုိးျပြန္တစ္လံုးမွာ အဆို႔ရွင္ သံုးခုထိုင္ထားၿပီး SOHCစနစ္နဲ႔ သြားပါတယ္။ ဂီယာခ်က္ ၅ခ်က္ကို သံုးႏုိင္မွာ ျဖစ္ၿပီး အျမန္ဆံုး အရွိန္ျမွင့္္တင္ႏုိင္မႈ ဦးစားေပး ပံုစံ မဟုတ္လုိ႔ စြမ္းေဆာင္ရည္ ေျပာေလာက္ေအာင္ မေကာင္းတာေၾကာင့္ ထည့္မေျပာေတာ့ပါဘူးေနာ္။ ကိုယ္ထည္ရဲ႕ တည္ၿငိမ္မႈကို ဦးစားေပး ဖန္တီးထားတာ ျဖစ္ၿပီး Bon Joviရဲ႕ Miracle MTVထဲကလိုမ်ိဳး လမ္းက်ယ္က်ယ္မွာ စိတ္ႀကိဳက္ စီးနင္းႏုိင္မယ့္ ေမာ္ဒယ္မ်ိဳးပါ။
တာယာေတြက ေရွ႕ဖက္မွာ ၁၂၀/၉၀-၁၇နဲ႔ ေနာက္ဖက္မွာ ၁၆၀/၈၀-၁၅ေတြကို ထည့္ထားပါတယ္။ မ်က္ႏွာျပင္ႀကီး ဦးစားေပး တာယာပံုစံ ျဖစ္ၿပီး လမ္းအေနအထားမ်ိဳးစံုမွာ ကိုယ္ထည္ကို ဟန္ခ်က္ မပ်က္ေစဖုိ႔ Suspensionစနစ္မွာ ေရွ႕ဖက္က ၄၁မီလီရွိတဲ့ Forkနဲ႔ ၄.၆လက္မရွိတဲ့ Travelကိုသံုးထားၿပီး ေနာက္ဖက္မွာ ၃.၅လက္မ Travelနဲ႔ Shockကို Dualပံုစံထိုင္ထားပါတယ္။ ေရွ႕ဘီးနဲ႔ ေနာက္ဘီးေထာက္ၾကား ပမာဏက ၆၄.၅လက္မရွိၿပီး ထုိင္ခံုရဲ႕ အျမင့္က ေျမျပင္ကေန ၂၅.၉လက္မရွိမွာပါ။ တပ္ဆင္ဆီတိုင္ကီက ၃.၇ဂါလံ ဆံ့မွာ ျဖစ္ၿပီး ဆီတစ္ဂါလံကို ပ်မ္းမွ် ၅၆မိုင္ေလာက္ စီးနင္းႏုိင္ပါလိမ့္မယ္။
ေက်ာ္နႏၵ (ေျမလတ္သား)