Unicode version…
၂၀၁၇ခုနှစ် နှစ်ဆန်းပို်င်းအတွင်း ပြည်တွင်း ဆိုင်ကယ် စျေးကွက် နည်းနည်းအေးနေပေမယ့် တန်ကြေးနည်း မော်ဒယ်တွေကတော့ အရောင်းအဝယ် ကောင်းနေဆဲပါ။ အထူးသဖြင့်တော့ အခုနှစ် မော်ဒယ် အများစုက ဖေဖော်ဝါရီလဆန်းကနေ စတင်ပြီး ဧပြီလကုန်ပိုင်းလောက်အတွင်းမှ စျေးကွက် ၀င်ရောက်တတ်တာ ကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်သစ် လိုချင်သူတွေက ခဏစောင့်နေတာမို့ စျေးကွက်နည်း နည်းအေးနေတာ ဖြစ်ပါတယ်။ လက်ရှိ စျေးကွက်အတွင်းမှာ လူကြိုက်များ မော်ဒယ်တွေကို နည်းနည်း ပြောပြချင်ပါတယ်။
Naked Bike – KTM Duke 690 …
အရင်ဆုံး ကျွန်တော်က အမှတ်တံဆိပ်အသစ် KTMအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ သြစတြီးယားနိုင်ငံ၊ မာတီဟိုဖန်မှာ အခြေစိုက်ထားတဲ့ မော်တော်ဆိုင်ကယ်ထုတ် ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီကို ၁၉၈၁ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ၁၉၃၄ခုနှစ်လောက်ကတည်းက လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ကုမ္ပဏီဟာ အပိုင်း လေးပိုင်း ကွဲထွက်သွားပေမယ့် KTMဆိုင်ကယ်တွေဟာ လူသိများ နာမည်ကြီးတာကြောင့် ဒီနာမည်နဲ့ပဲ ဆိုင်ကယ်ထုတ်လုပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ လမ်းကြမ်းမောင်း ဆိုင်ကယ်ထုတ်လုပ်မှုမှာ နာမည်ကြီးတာ ဖြစ်ပြီး 2-Strokeအနေနဲ့ရော 4-Stokeပါ ထုတ်လုပ်တာ တွေ့ရပါတယ်။ ဒါ့အပြင် မော်တော်ကား ထုတ်လုပ်မှုလည်း ရှိသေးပြီး လမ်းကြမ်းပြိုင်ပွဲဝင်ကား X-Bowဟာ ဆိုရင် တစ်နာရီ ၁၃၅မိုင် (၂၁၇ကီလိုမီတာ)ထိအောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။
ကောင်းပါပြီ၊ ကျွန်တော်တို့ အခု ပြောမယ့် Duke 690အကြောင်း ဆက်ကြည့်ရအောင်ပါ။ 620ကနေ 640, 690ဆိုပြီး မော်ဒယ်အစဉ်လိုက် ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး မျိုးဆက် ပြောင်းလဲ ထုတ်လုပ်မှု ပုံစံ အနေနဲ့ ၁၉၉၄ခုနှစ်ကနေ ၁၉၉၇ခုနှစ်ထိအောင် တစ်ကြိမ်၊ ၁၉၉၈ခုနှစ်ကနေ ၂၀၀၇ခုနှစ်ထိအောင် တစ်ကြိမ်၊ ၂၀၀၈ခုနှစ်ကနေ ၂၀၁၁ခုနှစ်ထိအောင် တစ်ကြိမ်၊ ၂၀၁၂ခုနှစ်ကနေ လက်ရှိ အချိန်ထိအောင် တစ်ကြိမ် မျိုးဆက် ပြောင်းလဲ ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။ Supermotoလို့လည်း ခေါ်ကြသလို Nakedအဖြစ်လည်း သတ်မှတ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကိုယ်ထည် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ထူးခြားချက် အနေနဲ့ကတော့ အခုလို စွမ်းဆောင်ရည်မြင့်မော်ဒယ် အများစုမှာ အင်ဂျင်က ထိုးပြွန်စနစ် ၂လုံး၊၄လုံး စသဖြင့် ထုတ်လုပ်တတ်ပေမယ့် အခု Duke 690မှာတော့ ထိုးပြွန် တစ်ခုတည်းနဲ့ အင်ဂျင်စနစ်ကို ထည့်သွင်း ဖန်တီးထားတာတွေ့နို်င်ပါတယ်။ အင်ဂျင်စနစ်က ၀.၇လီတာသုံး အင်ဂျင်စနစ် ဖြစ်ပြီး Hijetအင်ဂျင်ထက် အရွယ် အနည်းငယ် ပိုပြီး ကြီးပါသေးတယ်။ လျှပ်စစ် မော်တာကနေ အင်ဂျင်ကို ခလုတ်နဲ့ စက်နှိုးနို်င်ပါတယ်၊ Plugကို ပုံမှန် ထိုးပြွန်တစ်ခု၊ Plugတစ်လုံးပုံစံ မထိုင်ပဲ အခု Plugနှစ်လုံး ထည့်ထားပါတယ်။ ဒီစနစ်ရဲ့ အားသာချက်က မီးတောက်စနစ် ပိုမိုတိကျကောင်းမွန်စေပြီး မြန်နှုန်းမြင့် မောင်းနှင်လာနိုင်စေပါတယ်။
ဂီယာချက် ၆ချက်ကို Manualပုံစံနဲ့ သွားပြီး Clutchစနစ်က သွက်လက် ပေါ့ပါးတာ တွေ့ရပါတယ်။ ဘီးအရွယ်က ၁၇လက်မ ဖြစ်ပြီး Spokeဘီးတွေပါ၊ ခွေကတော့ Aluminumဖြစ်ပါတယ်။ သံချေးမတက်ပေမယ့် အကြမ်းခံနိုင်မှုကိုတော့ စိတ်ကြိုက် မဖြစ်မိပါဘူး။ အင်ဂျင်က ရုန်းအား ၅၅ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ရ၃ကောင်အား ထွက်ရှိမှာပါ။ ဆီတစ်ဂါလံကို မိုင် ၅၀ ၀န်းကျင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး တပ်ဆင် ဆီတိုင်ကီက ၁၃.၅ဂါလံ ၀င်ဆံ့မှာ ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှုအနေနဲ့ တစ်နာရီ မိုင် ၁၁၀ (ကီလိုမီတာ ၁၈၀) ၀န်းကျင် ရနိုင်မှာပါ။ တစ်နာရီ မိုင် ၆၂(ကီလိုတစ်ရာနှုန်း) အတွက်က အချိန် ၄စက္ကန့် စွန်းစွန်းလေးပဲ ယူမှာပါ။ အဆိုပါ မြန်နှုန်းကနေ အရှိန် လျော့ချ ရပ်တန့်ဖို့ အတွက်ကိုတော့ အကွာအဝေး မီတာ ၄၀ယူပါတယ်။ ပြည်တွင်း စျေးကွက်မှာတော့ ၂၀၁၅ခုနှစ်ထုတ် Duke 690ကို အရောင်စုံ အနေအထားနဲ့ ရနိုင်ပြီး စျေးနှုန်းက ၁၅၅သိန်း ၀န်းကျင် ရှိနေတာလည်း ဖြစ်ပါတယ်။
Scooter – Honda Moove
ကျွန်တော်တို့ ပြည်တွင်းမှာ နောက်ပိုင်း လူကြိုက်များနေတဲ့ Scooter တန်းဝင် ဆိုင်ကယ်ဖြစ်တဲ့ Yamaha Finoအတွက်တော့ ပြိုင်ဖက်ကောင်း မော်ဒယ်တစ်ခု ထွက်လာပါပြီ။ Hondaရဲ့ Mooveဖြစ်ပြီး သူက Finoထက် စျေးနည်းနည်း များချင်ပေမယ့် အင်ဂျင်ပိုင်း ပိုငြိမ်တယ်၊ စွမ်းဆောင်ရည် ပိုကောင်းပြီး ရုပ်ထွက် ပိုတည်ငြိမ်လာပါတယ်။ အထူးသဖြင့်တော့ Finoနဲ့ သူ့ရဲ့ နောက်ဆက်တွဲ မော်ဒယ်တွေက မိန်းကလေးစီး ဆိုင်ကယ်မျိုး ဖန်တီးထားတာပါ၊ ဆွဲဆောင်မှု ကောင်းတာထက် ချစ်စရာကောင်းတာပါ၊ ဒါပေမယ့် လူကြီးပိုင်းနဲ့ အမျိုးသားဆိုင်ကယ်စီးသူတွေ အတွက် အဆင်မပြေ လူကြိုက်နည်းတာကြောင့် Clickတွေ ခေတ်စားလာခဲ့တာ၊ အမျိုးသား စီးနင်းသူတွေက Clickကို ရွေးပြီး Finoတွေက အမျိုးသမီးတွေ အစီးများတာ တွေ့နိုင်ပါတယ်။ အခုတော့ Clickလို အမျိုးသားစီး ဒီဇိုင်းနဲ့ပါ အောင်မြင်မှု ရလာခဲ့ပြီး နောက်ထပ် ခြေလှမ်းအနေနဲ့ Mooveကို ထုတ်လုပ်လာပြန်ပါပြီ။ အခု မော်ဒယ်က ကိုယ်ထည်ပိုင်း နည်းနည်း သေးတာကြောင့် အမျိုးသမီး စီးနင်းသူတွေ အတွက်ပါ Clickတွေထက် ပိုကောင်းပါလိမ့်မယ်။
အင်ဂျင်က 4 Strokeအင်ဂျင်ဖြစ်ပြီး ၁၁၀ စီစီသုံး ဖြစ်ပါတယ်။ ဒါက မြို့တွင်းသုံး ဆိုင်ကယ်တွေ အတွက် အကောင်းဆုံး အင်ဂျင် အရွယ်အစားပါ။ ဆီစားလည်း နည်းပြီး စွမ်းဆောင်ရည်လည်း သင့်မှာပါ။ ၁၂၅ စီစီ အနေနဲ့တော့ ခရီးဝေးပါ မောင်းနှင်လို့ ကောင်းပေမယ့် Exhaustစနစ်မှာ အနည်းငယ် ပြင်ဆင် ဖန်တီးလာရတာတွေ့ရသလို အင်ဂျင်သံလည်း နည်းနည်း ပိုဆူချင်လာပါတယ်။ အခု ၁၁၀ စီစီ အနေနဲ့တော့ မြို့တွင်းသုံး အတွက် အဆင်ပြေပါတယ်။ Scooter ကိုယ်ထည် အနေအထားမှာ ၀န်တင်ဆောင်နိုင်ဖို့တော့ အနည်းငယ် အဆင်မပြေချင်ပါဘူး။ Autoစနစ်နဲ့ သွားမယ့် Clutchစနစ်ပါ။ မြန်နှုန်း အတင်၊ အချ အတိုင်း ဂီယာက လိုက်လံပြောင်းလဲမှာ ဖြစ်ပြီး ပုံမှန် အိမ်စီး မော်ဒယ်တွေလိုတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုနဲ့ အရုန်းပိုင်း အားနည်းမှာ ဖြစ်ပေမယ့် ဂီယာချက် ပြောင်းလဲ မောင်းနှင်ရမှု မရှိတာတော့ မောင်းလို့ လွယ်သွားသလို အလုပ်ရှုပ်လည်း သက်သာသွားပါတယ်။ ခလုတ်နှိပ်ပုံစံနဲ့လည်း စက်နှိုးနိုင်သလို Kickနဲ့လည်း ရပါတယ်။ ဆီိတိုင်ကီက ၃.၇လီတာ ၀င်ဆံ့မှာ ဖြစ်ပြီး ဆီတစ်ဂါလံကို မိုင် ၈၀ကျော်လောက်ထိအောင် ရပါလိမ့်မယ်။ Suspensionပိုင်းမှာ ရှေ့ဖက်က Telescopicဖြစ်ပေမယ့် နောက်ဖက်က monoshockဖြစ်လို့ ၀န်အများကြီး မတင်ပါနဲ့၊ အဆင်ပြေမှာ မဟုတ်ပါဘူး။ ထည့်သွင်းစီးနင်းဖို့ အကောင်းဆုံး ဆီအမျိုးအစားက 95 ဒါမှမဟုတ် 91ဖြစ်ပြီး သေချာတာကတော့ Alcohol ရာခိုင်နှုန်း ၂၀ထက် ပိုပါမယ့် ဆီတွေကို မသုံးပါနဲ့။ ပြည်တွင်းမှာတော့ ၂၀၁၆ခုနှစ် မော်ဒယ်ကို အရောင်စုံ အနေအထားနဲ့ ရနိုင်ပြီး စျေးနှုန်းက ကျပ် ၁၉၃၅၀၀၀ရှိမှာ ဖြစ်ပါတယ်။
Kawasaki Z1000 …
ဒီနေ့ ပြည်တွင်းစျေးကွက်မှာ Branad Newအနေနဲ့ ရနိုင်နေတဲ့ Standardတန်းဝင် မော်ဒယ်တွေထဲက စျေးအကြီးဆုံး ဆိုင်ကယ် တစ်စီးပါ၊ စွမ်းဆောင်ရည်လည်း အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါက တပ်ဆင် အင်ဂျင်ကြောင့်လည်း စွမ်းဆောင်ရည် အထူးကောင်းသွားတာလို့ ဆိုနိုင်ပါတယ်။ ၁၀၀၀ စီစီဆိုတဲ့ အင်ဂျင်က ဒီနေ့ ပြည်တွင်းက လူကြိုက်များ အိမ်စီးကားလေးတွေရဲ့ အင်ဂျင် အရွယ်လောက်ထိအောင် ရှိနေပါတယ်။ မော်ဒယ်က ပြည်တွင်းမှာ ၂၀၁၅ခုနှစ်ထုတ် အသစ်အနေနဲ့ ရနိုင်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီမော်ဒယ်က လာမယ့် ၂၀၁၇ခုနှစ်မှာ ထုတ်လုပ်မှု ရှိလာမှာ မဟုတ်တော့ပါဘူး။ အင်ဂျင် အရွယ်ကြီးမားခြင်းနဲ့ အတူ စွမ်းဆောင်ရည်မြင့်မားလွန်းနေတဲ့ အချက်က လမ်းတိုင်း၊ နေရာတိုင်းမှာ အဆင်မပြေတာကြောင့် Z1000ရဲ့ နောက်ဆက်တွဲ Z750နဲ့ Z800 မော်ဒယ်တွေကို လူကြိုက်များလာတာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Standardတန်းဝင် မော်ဒယ်ပါ။
မော်ဒယ်ကို မျိုးဆက် အဆင့်မြှင့်တင် ထုတ်လုပ်မှု ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပြီး ၂၀၀၃ခုနှစ်ကနေ ၂၀၀၆ခုနှစ်ထိအောင်တော့ ကနဦး ၁၉၇၁ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Z1နဲ့ Z900 အင်ဂျင်တွေရဲ့ အထိုင်တွေ အတိုင်း တပ်ဆင် ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် အင်ဂျင်ကြီးသလောက် စွမ်းအင် ထုတ်လုပ်မှု အားနည်းလို့ ပြန်လည် ပြင်ဆင်ခဲ့တာ တွေ့လာရပါတယ်။ ပထမဆုံး အကြိမ် ပြင်ဆင်ထုတ်လုပ်မှုက ၂၀၀၇ခုနှစ်မှာ ဖြစ်ပြီး အင်ဂျင်က လည်ပတ်ရေ နည်းနည်းနဲ့ စွမ်းအင် ထုတ်လုပ်မှု ကောင်းလာပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကတော့ အားနည်းနေပါသေးတယ်။ ဒုတိယ အကြိမ်ပြန်လည် ပြင်ဆင်ထုတ်လုပ်မှုက ၂၀၁၀ခုနှစ်မှာ ထွက်ရှိလာပါတယ်။ Z မော်ဒယ်ထွက်ရှိမှု နှစ်၄၀ပြည့် အနေနဲ့ Special Editionကိုတောင်ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၄ခုနှစ်မှာတော့ တတိယ အကြိမ်ပြင်ဆင်ထုတ်လုပ်မှု ရှိခဲ့ပြီး ကိုယ်ထည် ဒီဇိုင်း အနည်းငယ် ပြောင်းလဲကာ ဆွဲဆောင်မှု ကောင်းအောင် ဖန်တီးလာခဲ့ပါတယ်။ နောက်ပြီး ဆီတိုင်ကီလည်းနည်းနည်း ကြီးလာသလို စွမ်းဆောင်ရည်လည်း နည်းနည်း တက်လာခဲ့တာပါ။
အခု ပြည်တွင်းမှာ ရနိုင်နေတဲ့ ၂၀၁၅ခုနှစ် မော်ဒယ်ကတော့ ၁၀၅၄ စီစီသုံး အင်ဂျင် တပ်ဆင်ထားပါတယ်၊ Four-Strokeအင်ဂျင်စနစ် ဖြစ်ပြီး အင်ဂျင်အအေးခံစနစ်က အရည်နဲ့ သွားပါတယ်၊ လေးလုံးထိုး အင်ဂျင်ပါ၊ အင်ဂျင်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ရ၃၀၀မှာ ရုန်းအား ရ၄.၉ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၁၂၅.၈ကောင်အား ထွက်ရှိပါတယ်။ Clutchစနစ်နဲ့ ဖြစ်ပြီး ဂီယာချက် ၆ချက် အသုံးပြု မောင်းနှင်နိုင်မှာပါ။ တစ်မိနစ်ကို အပတ်ရေ ၁၀၀၀၀ ထိအောင် အမြင့်ဆုံး လည်ပတ်နိုင်တာကြောင့် တစ်နာရီ မိုင် ၁၁၀ထိအောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄စက္ကန့်ကျော်ကျော်ပဲ ယူပါတယ်။ ဆီတိုင်ကီက ၅ဂါလံ ၀င်ဆံ့ပြီးတော့ ဆီတစ်ဂါလံကို မိုင် ၃၀ ၀န်းကျင် စီးနင်းနိုင်ပါတယ်။ ပြည်တွင်း စျေးကွက်မှာတော့ အရောင် ရွေးချယ်နိုင်စရာနည်းပေမယ့် ၂၀၁၅ခုနှစ် Z1000အသစ်ကို ၂၇၂သိန်းနဲ့ ရနိုင်မှာလည်း ဖြစ်ပါတယ်။
သက်နိုင်ဦး
Zawgyi version…
၂၀၁၇ခုႏွစ္ ႏွစ္ဆန္းပို္င္းအတြင္း ျပည္တြင္း ဆိုင္ကယ္ ေစ်းကြက္ နည္းနည္းေအးေနေပမယ့္ တန္ေၾကးနည္း ေမာ္ဒယ္ေတြကေတာ့ အေရာင္းအ၀ယ္ ေကာင္းေနဆဲပါ။ အထူးသျဖင့္ေတာ႔ အခုႏွစ္ ေမာ္ဒယ္ အမ်ားစုက ေဖေဖာ္၀ါရီလဆန္းကေန စတင္ၿပီး ဧၿပီလကုန္ပိုင္းေလာက္အတြင္းမွ ေစ်းကြက္ ၀င္ေရာက္တတ္တာ ေၾကာင့္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ေမာ္ဒယ္သစ္ လုိခ်င္သူေတြက ခဏေစာင့္ေနတာမို႔ ေစ်းကြက္နည္း နည္းေအးေနတာ ျဖစ္ပါတယ္။ လက္ရွိ ေစ်းကြက္အတြင္းမွာ လူႀကိဳက္မ်ား ေမာ္ဒယ္ေတြကို နည္းနည္း ေျပာျပခ်င္ပါတယ္။
Naked Bike – KTM Duke 690 …
အရင္ဆံုး ကၽြန္ေတာ္က အမွတ္တံဆိပ္အသစ္ KTMအေၾကာင္း နည္းနည္းေလာက္ ေျပာျပခ်င္ပါတယ္။ ၾသစၾတီးယားႏုိင္ငံ၊ မာတီဟိုဖန္မွာ အေျခစိုက္ထားတဲ့ ေမာ္ေတာ္ဆိုင္ကယ္ထုတ္ ကုမၸဏီ ျဖစ္ပါတယ္။ ကုမၸဏီကို ၁၉၈၁ခုႏွစ္မွာ တည္ေထာင္ခဲ့တယ္လုိ႔ ဆိုႏိုင္ေပမယ့္ ၁၉၃၄ခုႏွစ္ေလာက္ကတည္းက လုပ္ငန္းေတြ လုပ္ကိုင္ေနခဲ့တာလည္း ျဖစ္ပါတယ္။ ၁၉၉၂ခုႏွစ္မွာ ဘ႑ာေရး အက်ပ္အတည္းေၾကာင့္ ကုမၸဏီဟာ အပိုင္း ေလးပိုင္း ကြဲထြက္သြားေပမယ့္ KTMဆိုင္ကယ္ေတြဟာ လူသိမ်ား နာမည္ႀကီးတာေၾကာင့္ ဒီနာမည္နဲ႔ပဲ ဆိုင္ကယ္ထုတ္လုပ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ လမ္းၾကမ္းေမာင္း ဆိုင္ကယ္ထုတ္လုပ္မႈမွာ နာမည္ႀကီးတာ ျဖစ္ၿပီး 2-Strokeအေနနဲ႔ေရာ 4-Stokeပါ ထုတ္လုပ္တာ ေတြ႔ရပါတယ္။ ဒါ့အျပင္ ေမာ္ေတာ္ကား ထုတ္လုပ္မႈလည္း ရွိေသးၿပီး လမ္းၾကမ္းၿပိဳင္ပြဲ၀င္ကား X-Bowဟာ ဆိုရင္ တစ္နာရီ ၁၃၅မိုင္ (၂၁၇ကီလိုမီတာ)ထိေအာင္ ေမာင္းႏွင္ႏိုင္တာ ေတြ႔ရပါတယ္။
ေကာင္းပါၿပီ၊ ကၽြန္ေတာ္တုိ႔ အခု ေျပာမယ့္ Duke 690အေၾကာင္း ဆက္ၾကည့္ရေအာင္ပါ။ 620ကေန 640, 690ဆိုၿပီး ေမာ္ဒယ္အစဥ္လုိက္ ထုတ္လုပ္လာခဲ့တာ ျဖစ္ပါတယ္။ ၁၉၉၄ခုႏွစ္ကေန စတင္ ထုတ္လုပ္ခဲ့တာ ျဖစ္ၿပီး မ်ိဳးဆက္ ေျပာင္းလဲ ထုတ္လုပ္မႈ ပံုစံ အေနနဲ႔ ၁၉၉၄ခုႏွစ္ကေန ၁၉၉၇ခုႏွစ္ထိေအာင္ တစ္ႀကိမ္၊ ၁၉၉၈ခုႏွစ္ကေန ၂၀၀၇ခုႏွစ္ထိေအာင္ တစ္ႀကိမ္၊ ၂၀၀၈ခုႏွစ္ကေန ၂၀၁၁ခုႏွစ္ထိေအာင္ တစ္ႀကိမ္၊ ၂၀၁၂ခုႏွစ္ကေန လက္ရွိ အခ်ိန္ထိေအာင္ တစ္ႀကိမ္ မိ်ဳးဆက္ ေျပာင္းလဲ ထုတ္လုပ္ေနခ့ဲတာျဖစ္ပါတယ္။ Supermotoလို႔လည္း ေခၚၾကသလို Nakedအျဖစ္လည္း သတ္မွတ္ႏိုင္တဲ့ စြမ္းေဆာင္ရည္ျမင့္ ကိုယ္ထည္ ဒီဇိုင္းနဲ႔ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။
ထူးျခားခ်က္ အေနနဲ႔ကေတာ့ အခုလို စြမ္းေဆာင္ရည္ျမင့္ေမာ္ဒယ္ အမ်ားစုမွာ အင္ဂ်င္က ထိုးျပြန္စနစ္ ၂လံုး၊၄လံုး စသျဖင့္ ထုတ္လုပ္တတ္ေပမယ့္ အခု Duke 690မွာေတာ့ ထိုးျပြန္ တစ္ခုတည္းနဲ႔ အင္ဂ်င္စနစ္ကို ထည့္သြင္း ဖန္တီးထားတာေတြ႔ႏုိ္င္ပါတယ္။ အင္ဂ်င္စနစ္က ၀.၇လီတာသံုး အင္ဂ်င္စနစ္ ျဖစ္ၿပီး Hijetအင္ဂ်င္ထက္ အရြယ္ အနည္းငယ္ ပိုၿပီး ႀကီးပါေသးတယ္။ လွ်ပ္စစ္ ေမာ္တာကေန အင္ဂ်င္ကို ခလုတ္နဲ႔ စက္ႏိႈးႏုိ္င္ပါတယ္၊ Plugကို ပံုမွန္ ထုိးျပြန္တစ္ခု၊ Plugတစ္လံုးပံုစံ မထုိင္ပဲ အခု Plugႏွစ္လံုး ထည့္ထားပါတယ္။ ဒီစနစ္ရဲ႕ အားသာခ်က္က မီးေတာက္စနစ္ ပိုမိုတိက်ေကာင္းမြန္ေစၿပီး ျမန္ႏႈန္းျမင့္ ေမာင္းႏွင္လာႏိုင္ေစပါတယ္။
ဂီယာခ်က္ ၆ခ်က္ကို Manualပံုစံနဲ႔ သြားၿပီး Clutchစနစ္က သြက္လက္ ေပါ့ပါးတာ ေတြ႔ရပါတယ္။ ဘီးအရြယ္က ၁၇လက္မ ျဖစ္ၿပီး Spokeဘီးေတြပါ၊ ေခြကေတာ့ Aluminumျဖစ္ပါတယ္။ သံေခ်းမတက္ေပမယ့္ အၾကမ္းခံႏုိင္မႈကိုေတာ့ စိတ္ႀကိဳက္ မျဖစ္မိပါဘူး။ အင္ဂ်င္က ရုန္းအား ၅၅ေပါင္-ေပ ရွိၿပီး ျမင္းေကာင္ေရ ၇၃ေကာင္အား ထြက္ရွိမွာပါ။ ဆီတစ္ဂါလံကို မိုင္ ၅၀ ၀န္းက်င္ ေမာင္းႏွင္ႏုိင္မွာ ျဖစ္ၿပီး တပ္ဆင္ ဆီတိုင္ကီက ၁၃.၅ဂါလံ ၀င္ဆံ့မွာ ျဖစ္ပါတယ္။ အျမန္ဆံုး ေမာင္းႏွင္ႏုိင္မႈအေနနဲ႔ တစ္နာရီ မိုင္ ၁၁၀ (ကီလိုမီတာ ၁၈၀) ၀န္းက်င္ ရႏုိင္မွာပါ။ တစ္နာရီ မိုင္ ၆၂(ကီလိုတစ္ရာႏႈန္း) အတြက္က အခ်ိန္ ၄စကၠန္႔ စြန္းစြန္းေလးပဲ ယူမွာပါ။ အဆိုပါ ျမန္ႏႈန္းကေန အရွိန္ ေလ်ာ့ခ် ရပ္တန္႔ဖို႔ အတြက္ကိုေတာ့ အကြာအေ၀း မီတာ ၄၀ယူပါတယ္။ ျပည္တြင္း ေစ်းကြက္မွာေတာ့ ၂၀၁၅ခုႏွစ္ထုတ္ Duke 690ကို အေရာင္စံု အေနအထားနဲ႔ ရႏုိင္ၿပီး ေစ်းႏႈန္းက ၁၅၅သိန္း ၀န္းက်င္ ရွိေနတာလည္း ျဖစ္ပါတယ္။
Scooter – Honda Moove
ကၽြန္ေတာ္တုိ႔ ျပည္တြင္းမွာ ေနာက္ပိုင္း လူႀကိဳက္မ်ားေနတဲ့ Scooter တန္း၀င္ ဆိုင္ကယ္ျဖစ္တဲ့ Yamaha Finoအတြက္ေတာ့ ၿပိဳင္ဖက္ေကာင္း ေမာ္ဒယ္တစ္ခု ထြက္လာပါၿပီ။ Hondaရဲ႕ Mooveျဖစ္ၿပီး သူက Finoထက္ ေစ်းနည္းနည္း မ်ားခ်င္ေပမယ့္ အင္ဂ်င္ပိုင္း ပိုၿငိမ္တယ္၊ စြမ္းေဆာင္ရည္ ပိုေကာင္းၿပီး ရုပ္ထြက္ ပိုတည္ၿငိမ္လာပါတယ္။ အထူးသျဖင့္ေတာ့ Finoနဲ႔ သူ႔ရဲ႕ ေနာက္ဆက္တြဲ ေမာ္ဒယ္ေတြက မိန္းကေလးစီး ဆိုင္ကယ္မ်ိဳး ဖန္တီးထားတာပါ၊ ဆြဲေဆာင္မႈ ေကာင္းတာထက္ ခ်စ္စရာေကာင္းတာပါ၊ ဒါေပမယ့္ လူႀကီးပိုင္းနဲ႔ အမ်ိဳးသားဆုိင္ကယ္စီးသူေတြ အတြက္ အဆင္မေျပ လူႀကိဳက္နည္းတာေၾကာင့္ Clickေတြ ေခတ္စားလာခဲ့တာ၊ အမိ်ဳးသား စီးနင္းသူေတြက Clickကို ေရြးၿပီး Finoေတြက အမ်ိဳးသမီးေတြ အစီးမ်ားတာ ေတြ႔ႏုိင္ပါတယ္။ အခုေတာ့ Clickလုိ အမ်ိဳးသားစီး ဒီဇိုင္းနဲ႔ပါ ေအာင္ျမင္မႈ ရလာခဲ့ၿပီး ေနာက္ထပ္ ေျခလွမ္းအေနနဲ႔ Mooveကို ထုတ္လုပ္လာျပန္ပါၿပီ။ အခု ေမာ္ဒယ္က ကိုယ္ထည္ပိုင္း နည္းနည္း ေသးတာေၾကာင့္ အမ်ိဳးသမီး စီးနင္းသူေတြ အတြက္ပါ Clickေတြထက္ ပိုေကာင္းပါလိမ့္မယ္။
အင္ဂ်င္က 4 Strokeအင္ဂ်င္ျဖစ္ၿပီး ၁၁၀ စီစီသံုး ျဖစ္ပါတယ္။ ဒါက ၿမိဳ႕တြင္းသံုး ဆိုင္ကယ္ေတြ အတြက္ အေကာင္းဆံုး အင္ဂ်င္ အရြယ္အစားပါ။ ဆီစားလည္း နည္းၿပီး စြမ္းေဆာင္ရည္လည္း သင့္မွာပါ။ ၁၂၅ စီစီ အေနနဲ႔ေတာ့ ခရီးေ၀းပါ ေမာင္းႏွင္လုိ႔ ေကာင္းေပမယ့္ Exhaustစနစ္မွာ အနည္းငယ္ ျပင္ဆင္ ဖန္တီးလာရတာေတြ႔ရသလို အင္ဂ်င္သံလည္း နည္းနည္း ပိုဆူခ်င္လာပါတယ္။ အခု ၁၁၀ စီစီ အေနနဲ႔ေတာ့ ၿမိဳ႕တြင္းသံုး အတြက္ အဆင္ေျပပါတယ္။ Scooter ကိုယ္ထည္ အေနအထားမွာ ၀န္တင္ေဆာင္ႏုိင္ဖို႔ေတာ့ အနည္းငယ္ အဆင္မေျပခ်င္ပါဘူး။ Autoစနစ္နဲ႔ သြားမယ့္ Clutchစနစ္ပါ။ ျမန္ႏႈန္း အတင္၊ အခ် အတိုင္း ဂီယာက လုိက္လံေျပာင္းလဲမွာ ျဖစ္ၿပီး ပံုမွန္ အိမ္စီး ေမာ္ဒယ္ေတြလိုေတာ့ အျမန္ႏႈန္း ျမွင့္တင္ေမာင္းႏွင္ႏုိင္မႈနဲ႔ အရုန္းပိုင္း အားနည္းမွာ ျဖစ္ေပမယ့္ ဂီယာခ်က္ ေျပာင္းလဲ ေမာင္းႏွင္ရမႈ မရွိတာေတာ့ ေမာင္းလို႔ လြယ္သြားသလို အလုပ္ရႈပ္လည္း သက္သာသြားပါတယ္။ ခလုတ္ႏွိပ္ပံုစံနဲ႔လည္း စက္ႏိႈးႏုိင္သလို Kickနဲ႔လည္း ရပါတယ္။ ဆီိတိုင္ကီက ၃.၇လီတာ ၀င္ဆံ့မွာ ျဖစ္ၿပီး ဆီတစ္ဂါလံကို မိုင္ ၈၀ေက်ာ္ေလာက္ထိေအာင္ ရပါလိမ့္မယ္။ Suspensionပိုင္းမွာ ေရွ႕ဖက္က Telescopicျဖစ္ေပမယ့္ ေနာက္ဖက္က monoshockျဖစ္လု႔ိ ၀န္အမ်ားႀကီး မတင္ပါနဲ႔၊ အဆင္ေျပမွာ မဟုတ္ပါဘူး။ ထည့္သြင္းစီးနင္းဖို႔ အေကာင္းဆံုး ဆီအမ်ိဳးအစားက 95 ဒါမွမဟုတ္ 91ျဖစ္ၿပီး ေသခ်ာတာကေတာ့ Alcohol ရာခိုင္ႏႈန္း ၂၀ထက္ ပိုပါမယ့္ ဆီေတြကို မသံုးပါနဲ႔။ ျပည္တြင္းမွာေတာ့ ၂၀၁၆ခုႏွစ္ ေမာ္ဒယ္ကို အေရာင္စံု အေနအထားနဲ႔ ရႏုိင္ၿပီး ေစ်းႏႈန္းက က်ပ္ ၁၉၃၅၀၀၀ရွိမွာ ျဖစ္ပါတယ္။
Kawasaki Z1000 …
ဒီေန႔ ျပည္တြင္းေစ်းကြက္မွာ Branad Newအေနနဲ႔ ရႏုိင္ေနတဲ့ Standardတန္း၀င္ ေမာ္ဒယ္ေတြထဲက ေစ်းအႀကီးဆံုး ဆိုင္ကယ္ တစ္စီးပါ၊ စြမ္းေဆာင္ရည္လည္း အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။ ဒါက တပ္ဆင္ အင္ဂ်င္ေၾကာင့္လည္း စြမ္းေဆာင္ရည္ အထူးေကာင္းသြားတာလို႔ ဆိုႏုိင္ပါတယ္။ ၁၀၀၀ စီစီဆိုတဲ့ အင္ဂ်င္က ဒီေန႔ ျပည္တြင္းက လူႀကိဳက္မ်ား အိမ္စီးကားေလးေတြရဲ႕ အင္ဂ်င္ အရြယ္ေလာက္ထိေအာင္ ရွိေနပါတယ္။ ေမာ္ဒယ္က ျပည္တြင္းမွာ ၂၀၁၅ခုႏွစ္ထုတ္ အသစ္အေနနဲ႔ ရႏုိင္ပါတယ္။ ထူးျခားတာတစ္ခုကေတာ့ ဒီေမာ္ဒယ္က လာမယ့္ ၂၀၁၇ခုႏွစ္မွာ ထုတ္လုပ္မႈ ရွိလာမွာ မဟုတ္ေတာ့ပါဘူး။ အင္ဂ်င္ အရြယ္ႀကီးမားျခင္းနဲ႔ အတူ စြမ္းေဆာင္ရည္ျမင့္မားလြန္းေနတဲ့ အခ်က္က လမ္းတိုင္း၊ ေနရာတိုင္းမွာ အဆင္မေျပတာေၾကာင့္ Z1000ရဲ႕ ေနာက္ဆက္တြဲ Z750နဲ႔ Z800 ေမာ္ဒယ္ေတြကို လူႀကိဳက္မ်ားလာတာေၾကာင့္ ထုတ္လုပ္မႈ ရပ္ဆိုင္းေတာ့မွာ ျဖစ္ပါတယ္။ ၂၀၀၃ခုႏွစ္ကေန စတင္ ထုတ္လုပ္ခ့ဲတာ ျဖစ္ၿပီး Standardတန္း၀င္ ေမာ္ဒယ္ပါ။
ေမာ္ဒယ္ကို မ်ိဳးဆက္ အဆင့္ျမွင့္တင္ ထုတ္လုပ္မႈ ပံုစံမ်ိဳးေတြ လုပ္ေဆာင္ခဲ့တာ ေတြ႔ရၿပီး ၂၀၀၃ခုႏွစ္ကေန ၂၀၀၆ခုႏွစ္ထိေအာင္ေတာ့ ကနဦး ၁၉၇၁ခုႏွစ္က မိတ္ဆက္ခဲ့တဲ့ Z1နဲ႔ Z900 အင္ဂ်င္ေတြရဲ႕ အထုိင္ေတြ အတိုင္း တပ္ဆင္ ထုတ္လုပ္ခဲ့တာပါ။ ဒါေပမယ့္ အင္ဂ်င္ႀကီးသေလာက္ စြမ္းအင္ ထုတ္လုပ္မႈ အားနည္းလို႔ ျပန္လည္ ျပင္ဆင္ခဲ့တာ ေတြ႔လာရပါတယ္။ ပထမဆံုး အႀကိမ္ ျပင္ဆင္ထုတ္လုပ္မႈက ၂၀၀၇ခုႏွစ္မွာ ျဖစ္ၿပီး အင္ဂ်င္က လည္ပတ္ေရ နည္းနည္းနဲ႔ စြမ္းအင္ ထုတ္လုပ္မႈ ေကာင္းလာေပမယ့္ အျမန္ဆံုး ေမာင္းႏွင္ႏုိင္မႈႏႈန္းကေတာ့ အားနည္းေနပါေသးတယ္။ ဒုတိယ အႀကိမ္ျပန္လည္ ျပင္ဆင္ထုတ္လုပ္မႈက ၂၀၁၀ခုႏွစ္မွာ ထြက္ရွိလာပါတယ္။ Z ေမာ္ဒယ္ထြက္ရွိမႈ ႏွစ္၄၀ျပည့္ အေနနဲ႔ Special Editionကိုေတာင္ထုတ္လုပ္ခဲ့ပါေသးတယ္။ ၂၀၁၄ခုႏွစ္မွာေတာ့ တတိယ အႀကိမ္ျပင္ဆင္ထုတ္လုပ္မႈ ရွိခဲ့ၿပီး ကိုယ္ထည္ ဒီဇိုင္း အနည္းငယ္ ေျပာင္းလဲကာ ဆြဲေဆာင္မႈ ေကာင္းေအာင္ ဖန္တီးလာခဲ့ပါတယ္။ ေနာက္ၿပီး ဆီတိုင္ကီလည္းနည္းနည္း ႀကီးလာသလို စြမ္းေဆာင္ရည္လည္း နည္းနည္း တက္လာခဲ့တာပါ။
အခု ျပည္တြင္းမွာ ရႏုိင္ေနတဲ့ ၂၀၁၅ခုႏွစ္ ေမာ္ဒယ္ကေတာ့ ၁၀၅၄ စီစီသံုး အင္ဂ်င္ တပ္ဆင္ထားပါတယ္၊ Four-Strokeအင္ဂ်င္စနစ္ ျဖစ္ၿပီး အင္ဂ်င္အေအးခံစနစ္က အရည္နဲ႔ သြားပါတယ္၊ ေလးလံုးထိုး အင္ဂ်င္ပါ၊ အင္ဂ်င္က အေျခခံ လည္ပတ္အား တစ္မိနစ္ အပတ္ေရ ၇၃၀၀မွာ ရုန္းအား ၇၄.၉ေပါင္-ေပ ရွိၿပီး ျမင္းေကာင္ေရ ၁၂၅.၈ေကာင္အား ထြက္ရွိပါတယ္။ Clutchစနစ္နဲ႔ ျဖစ္ၿပီး ဂီယာခ်က္ ၆ခ်က္ အသံုးျပဳ ေမာင္းႏွင္ႏုိင္မွာပါ။ တစ္မိနစ္ကို အပတ္ေရ ၁၀၀၀၀ ထိေအာင္ အျမင့္ဆံုး လည္ပတ္ႏုိင္တာေၾကာင့္ တစ္နာရီ မိုင္ ၁၁၀ထိေအာင္ ေမာင္းႏွင္ႏိုင္တာ ေတြ႔ရပါတယ္။ အျမန္ႏႈန္း ျမွင့္တင္ႏိုင္မႈက တစ္နာရီ မုိင္ ၆၀ႏႈန္းကို အခ်ိန္ ၄စကၠန္႔ေက်ာ္ေက်ာ္ပဲ ယူပါတယ္။ ဆီတိုင္ကီက ၅ဂါလံ ၀င္ဆံ့ၿပီးေတာ့ ဆီတစ္ဂါလံကို မိုင္ ၃၀ ၀န္းက်င္ စီးနင္းႏုိင္ပါတယ္။ ျပည္တြင္း ေစ်းကြက္မွာေတာ့ အေရာင္ ေရြးခ်ယ္ႏုိင္စရာနည္းေပမယ့္ ၂၀၁၅ခုႏွစ္ Z1000အသစ္ကို ၂၇၂သိန္းနဲ႔ ရႏုိင္မွာလည္း ျဖစ္ပါတယ္။
သက္ႏိုင္ဦး