Unicode version…

အခု တစ်ခါတော့ ကျွန်တော်တို့ ပြည်တွင်းမှာ အစီးရေ အများဆုံး ရှိနေတဲ့ ဆိုင်ကယ်ရပ်ဝန်းတွေထဲက အသစ် အနေနဲ့လည်း ရနိုင်မယ့် ကမ္ဘာကျော် မော်ဒယ်တွေ အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်နော်။ ဒီနေရာမှာ ဆိုင်ကယ် အမျိုးအစား တစ်ခုချင်းစီ အတွက် မော်ဒယ် တစ်ခုစီကို ရွေးထုတ်ပြီး ပြောချင်ပါတယ်ဗျာ။ ရန်ကုန်မှာ ဆိုင်ကယ်တွေ ပြန်ပြီး စီးနင်းခွင့်ပေးမယ့် အနေအထားနဲ့လည်း အဆင်ပြေမယ်လို့ ယူဆမိပါတယ်နော်။ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။

Sport Bike – CBR1000RR

တန်ကြေးနည်း Sport Bikeတန်းဝင် မော်ဒယ်တွေထဲမှာတော့ ပြည်တွင်းမှာ လူကြိုက်အများဆုံးကို ပြပါဆိုရင် Honda CBRနဲ့ Yamaha FZတွေကို ပြောရမှာပါ။ ဒါပေမယ့် FZကတော့ ဂျပန်ထုတ်တင် မဟုတ်ပဲ အိန္ဒိယထုတ်ပါ စျေးကွက်ဝင်လို့ ထုတ်လုပ်တဲ့ နိုင်ငံအပေါ်ကို မူတည်ပြီး စျေးနှုန်း ကွာခြားသလို ပျမ်းမျှ အနေနဲ့ CBRထက် စျေးချိုပါတယ်။ CBRကတော့ ထိုင််းနဲ့ ဂျပန်ထုတ်တွေပဲ အများဆုံး စျေးကွက် ၀င်ပြီး ထိုင်းနိုင်ငံထုတ် ဆိုရင်တောင် FZထက် စျေးများတာ တွေ့နိုင်ပါတယ်။ အခု ပြောချင်တာကတော့ CBRရဲ့ မော်ဒယ်ခွဲ တစ်ခု ဖြစ်တဲ့ CBR1000RRအကြောင်းလေးပါ။ တချို့စျေးကွက်မှာ Firebaldeလို့ နာမည်ကျော်ကြားပြီးတော့ ပြိုင်ပွဲဝင် မော်ဒယ််အဖြစ် ထုတ်လုပ်ရင်းကနေ အောင်မြင်လာတာကြောင့် နောက်ပိုင်း စျေးကွက်ကိုပါ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ကာ ၂၀၀၄ခုနှစ်ကတည်းက ဒီမော်ဒယ်က ထွက်ရှိနေခဲ့တာပါ။ CBR954RRရဲ့ နောက်ဆက်တွဲ မော်ဒယ်ဖြစ်ပြီး အင်ဂျင်စနစ်ကို အရွယ်အစားပြောင်းလဲ ထုတ်လုပ်မှုနဲ့ အတူ CBR1000RRအဖြစ် ထွက်ရှိလာခဲ့တာပါ။ ဒါပေမယ့် အင်ဂျင်စနစ်က ၁.၀လီတာသုံး ဖြစ်လို့ စွမ်းဆောင််ရည် ကောင်းပေမယ့် ဆီစားလည်း များသလို လမ်းကြောင်းတိုင်းနဲ့ အဆင်ပြေအောင် မောင်းနှင်နိုင်ဖို့ ခက်တာကြောင့် အခု မော်ဒယ်ရဲ့ နောက်ဆက်တွဲ အဖြစ် CBR600RRမော်ဒယ် ထွက်ရှိထားသေးတာ တွေ့ရပါတယ်။

CBRမော်ဒယ်ဆိုတာကတော့ Hondaရဲ့ သက်တမ်းရင့် မော်ဒယ် ဖြစ်ပြီး အခု CBR1000RRက မျိုးဆက် ရဆက်မြောက်ပြောင်းလဲ ထုတ်လုပ်မှု အဖြစ် ထွက်ရှိထားတာပါ။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က အရည်အအေးခံစနစ်ပါတဲ့ လေးလုံးထိုး ၁.၀လီတာသုံး အင်ဂျင်ဖြစ်ပြီးတော့ သူက မော်တော်ကားတွေမှာ ပါရှိတဲ့ အဆို့ရှင်စနစ်လိုပဲ DOHCနဲ့သွားပါတယ်။ ဆီထိုးသွင်းခြင်းစနစ်က Dualပုံစံနဲ့ သွားပြီး မြင်းကောင်ရေ ၁၇၁ကောင်အားထိအောင် ထုတ်ပေးနိုင်ပါတယ်။ အင်ဂျင်က အမြင့်ဆုံး အနေနဲ့ တစ်မိနစ်ကို အပတ်ရေ ၁၀၆၇၀ထိအောင် လည်ပတ်မှာ ဖြစ်ပြီး ဆိုင်ကယ်ရဲ့ အလေးချိန်က ဆီမပါပဲ ၄၄၀ပေါင် ရှိပါတယ်။ တပ်ဆင် ဆီတိုင်ကီကတော့ ၄.၇ဂါလံ ဆံ့မှာ ဖြစ်ပြီး ကိုယ်ထည် အရှေ့ခြမ်း အလေးချိန်များပြီး ဘီးထောင်မှုတွေမှာ အဆင်ပြေအောင် တိုင်ကီကို ကြီးမားထားတာ တွေ့ရပါတယ်။

CBR1000RRနောက်ဆုံးထုတ်မော်ဒယ်ရဲ့ စွမ်းဆောင်ရည် တချို့ကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၂.၆စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နို်င်မှာ ဖြစ်ပြီး တစ်မိုင်ရဲ့ လေးချိုးတချိုးဖြစ်တဲ့ ၀.၄၀ကီလိုမီတာကိုတော့ ၉.၈၂ စက္ကန့်နဲ့ ရောက်မှာပါ။ အမြန်ဆုံးနှုန်း အနေနဲ့ တစ်နာရီ ၁၇၄မိုင် (၂၈၀ကီလိုမီတာ)ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ကာ တကယ်လို့ တစ်နာရီ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင်တော့ ၁၂၃ပေ( ၃၇မီတာ)အရောက်မှာ ရပ်ပါလိမ့်မယ်။ အင်ဂျင်စနစ် အကြီးစား တပ်ဆင်ထားတယ် ဆိုပေမယ့် မော်ဒယ်က ဆီစားနှုန်းမှာတော့ ချိုသာတာ တွေ့့ရပြီး ဆီတစ်ဂါလံကို ၄၆မိုင်ထိအောင် စီးနင်းနိုင်မှာပါ။ စျေးကွက် အတွင်းမှာတော့ ၂၀၀၆ခုနှစ်ထုတ် CBR1000RRကို အသစ် အနေအထားနဲ့ ရနိုင်ပြီးတော့ အဆိုပါ မော်ဒယ်ဆိုရင်တော့ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၃စက္ကန့်ယူမယ်၊ တစ်နာရီ ၁၇၇မိုင်လောက်ထိအောင် မောင်းနိုင်မယ်၊ မိုင် ၆၀နှုန်းက ရပ်မယ် ဆိုရင် ၁၁၇ပေပဲ ယူမယ်၊ ဆီစားနှုန်းတော့ နည်းနည်းပိုများပြီး ၃၆မိုင်လောက်ပဲ စီးနင်းနိုင်မှာပါ။ စျေးနှုန်းကတော့ သိန်း ၁၁၀နဲ့ အောက်ဖက်မှာပဲ ရှိနိုင်ပါတယ်နော်။

Sportster – Harley Davidson Sportster Forty Eight

တကယ်တမ်းဆိုရင်တော့ မော်ဒယ်ရဲ့ နာမည်က Sportsterပါပဲ။ အမေရိကန် အခြေစိုက် နာမည်ကျော် Harley Davidsonရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ သူ့ကို XLမော်ဒယ်လို့လည်း စျေးကွက် တချို့မှာ လူသိများပါတယ်။ Sportsterတန်းဝင် မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားပြီး မော်ဒယ်ရဲ့ နာမည်ကိုပါ အမျိုးအစားနဲ့ အတူတူ မှတ်ရလွယ်အောင် မှည့်ခေါ်ထားတာ တွေ့ရပါတယ်။ ၁၉၅၇ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တဲ့ မော်ဒယ် ဖြစ်လို့ ဆိုင်ကယ်စျေးကွက်မှာတင် မဟုတ်ပဲ မော်တော်ကားလို ထုတ်လုပ်မှုမျိုးနဲ့ပါ ယှဉ်ကြည့်မယ် ဆိုရင်တောင်မှ တကယ်ကို သက်တမ်းရင့် မော်ဒယ် တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်း စျေးကွက်မှာတော့ နောက်ဆုံး ၂၀၁၆ခုနှစ်ထုတ် အသစ်စက်စက် Forty Eightမော်ဒယ်ကို ရနိုင်ပါတယ်။ သူကတော့ Sportsterရဲ့ နောက်ဆက်တွဲ မော်ဒယ်ပါပဲ။ သက်တမ်းရှည်ကြာ ထုတ်လုပ်လာခဲ့တာ ဖြစ်လို့ မော်ဒယ်ခွဲ ထုတ်လုပ်မှုနဲ့ အတူ မျိုးဆက် အဆင့်မြှင့်ထုတ်လုပ်မှုတွေ အကြိမ်ကြိမ် ထုတ်လုပ်ထားတာလည်း တွေ့ရပါတယ်။ ဒီထဲကမှ အထင်ကရဖြစ်မယ့် မော်ဒယ် တချို့ကို ပြောပြချင်ပါတယ်။

ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကိုတော့ XL900အဖြစ် သတ်မှတ်ပါတယ်။ သူ့နောက်မှာ XLC900ကို လမ်းကြမ်းမောင်း မော်ဒယ်အဖြစ် ထုတ်လုပ်ခဲ့သို အောင်မြင်မှုလည်း ရခဲ့ပါတယ်။ ၁၉၇၇အရောက်မှာတော့ XLT1000မော်ဒယ်ထွက်လာပြီး သူက ဇိမ်ခံ အလှစီး မော်ဒယ် အဖြစ်နဲ့ အောင်မြင်မှု ရခဲ့တာပါ။ XL883ဆိုရင်တော့ ပထမဆုံး Spoke ၁၃ချောင်းဘီးနဲ့ စတင် ထုတ်လုပ်လာခဲ့တဲ့ မော်ဒယ် ဖြစ်ပြီး ဘီးရဲ့ ထူးခြားမှုက လူကြိုက်များစေခဲ့ပါတယ်။ XL883Rဆိုရင် Exhaustပိုက် နှစ်ချောင်းပုံစံနဲ့ ပွဲထွက်ခဲ့လို့ စျေးကွက်မှာ အမြင်ဆန်းပြီး အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့တာပါ။ ၂၀၀၇ခုနှစ်မှာတော့ XL50မော်ဒယ်ကို သက်တမ်း နှစ်၅၀ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခု ပြည်တွင်းမှာ ရနိုင်နေတဲ့ Forty Eightမော်ဒယ်ကတော့ ၁၉၄၈ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေရဲ့ ပုံစံမျိုး ချိုးဆစ်ထားတာ ဖြစ်ပြီးတော့ ဆီတိုင်ကီကို သေးထားပါတယ်၊ ကိုယ်ထည်ကို နှိမ့်ထားပါတယ်၊ ထိုင်ခုံက တစ်ယောက်တည်းထိုင် ပုံစံနဲ့ ဖြစ်ပါတယ်။ စတင် ထုတ်လုပ်ခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ Sportsterမော်ဒယ်ပေါင်း ၃၃မျိုးထုတ်လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

အခု စျေးကွက်မှာ ရနိုင်နေတဲ့ Forty Eightအကြောင်း နည်းနည်း ပြောချင်ပါတယ်။ ကိုယ်ထည်အလျားက ၈၅လက်မ တိတိပါ။ ထိုင်ခုံက မြေပြင်ကနေ ၂၆.၂လက်မအကွာမှာရှိပါတယ်။ အင်ဂျင်နဲ့ မြေပြင်က ၃.၉လက်မပဲ ကွာလို့လမ်းကြမ်းပိုင်း မောင်းနှင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ တပ်ဆင်ဆီတိုင်ကီက ရှေ့ထွက် မော်ဒယ်တွေထက် သေးထားတာ တွေ့ရပြီး ၂.၁ဂါလံပဲ ဆံ့ဝင်နိုင်ပါတယ်။ ဒါပေမယ့် အင်ဂျင်က ဆီစားသက်သာလို့ ဆီတစ်ဂါလံကို ၄၈မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ လေကို အင်ဂျင်အအေးခံစနစ်အဖြစ် အဝင်အား အသုံးပြု အအေးခံမှာ ဖြစ်ပြီး ၀.၇၄ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားတာပါ။ ဒီအင်ဂျင်က တစ်မိနစ်မှာ အမြင့်ဆုံး အနေနဲ့ အပတ်ရေ ၃၅၀၀ထိအောင် လည်ပတ်နိုင်မှာ ဖြစ်ပြီး ရုန်းအား ရ၀.၈ပေါင်-ပေရှိသလို မြင်းကောင်ရေ ၈၂ကောင်အားကို ထုတ်လုပ်ပေးနိုင်မှာပါ။ ဆိုင်ကယ်က အလေးချိန် ကီလို ၂၅၀ရှိပြီး မောင်းနှင်သူ လိုက်ပါပြီး အနေအထားနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၄စက္ကန့်ဝန်းကျင်ပဲ ယူပါတယ်။ စွမ်းဆောင်ရည်ထက် တည်ငြိမ်မှုနဲ့ အလှစီးပိုင်းကို ဦးစားပေးထားတာကြောင့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းတော့ ဒီလောက် မကောင်းလှပါဘူး။ ပြည်တွင်း စျေးကွက်မှာတော့ Forty Eightမော်ဒယ် ၂၀၁၆ကို ၂၅၅သိန်း ခေါ်စျေးရှိပြီး အနည်းငယ်တော့ အကျဘက်မှာ ရှိနိုင်ပါတယ်။

Dual Purpose – Kawasaki KLX 250

Kawasakiဆိုတာကတော့ မသိသူ မရှိလောက်အောင် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လူသိများတဲ့ အမှတ်တံဆိပ်ပါနော်။ ဒါပေမယ့် အစီးအရေအတွက် အများကြီးတော့ မစီးကြ၊ မရှိကြဘူးပေါ့။ ဒါကလည်း အိမ်စီး မော်တော်ဆိုင်ကယ်မျိုးတွေ ထုတ်လုပ်မှု မရှိတာကြောင့် စွမ်းဆောင်ရည်မြင့် Sportမော်ဒယ်တွေပဲ ထုတ်လုပ်နေတာကြောင့်ပါ။ ဒီနေ့တော့ ကျွန်တော်က ပြည်တွင်း စျေးကွက်မှာ ၂၀၁၅ခုနှစ် မော်ဒယ်မြင့်ကို အသစ် အနေအထားနဲ့ စျေးချိုချိုလေး ရနိုင်မယ့် မော်ဒယ် KLX 250နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထုတ်လုပ်မှု အပိုင်းမှာ ၂၀၀၆ခုနှစ်ကတည်းက ထုတ်လုပ်လာတာ ဖြစ်ပြီး သက်တမ်း ၁၀နှစ်ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ DTလို့ လူသိများပေမယ့် နိုင်ငံတကာ သတ်မှတ်ချက်မှာတော့ Dual Purposeလို့ ခေါ်တဲ့ လမ်းကြမ်းသုံး အတွက်ရော မြို့တွင်းစီးဖို့ အတွက်ပါ အဆင်ပြေတဲ့ ဆိုင်ကယ်အမျိုးအစားတန်းဝင် ဖြစ်ပါတယ်။ KLX 250ရဲ့ အောင်မြင်မှုက ဒီမော်ဒယ်နဲ့တင် ရပ်တန့်မသွားသေးပဲ နောက်ဆက်တွဲ အနေနဲ့ KLR250ပါ ထွက်ရှိထားသေးတာလည်း တွေ့နိုင်ပါတယ်။

အရင်ဆုံး အခု မော်ဒယ်ကို ပြည်တွင်းမှာ လက်ခံနိုင်စရာ အချက်လေး နည်းနည်းလောက် ပြောချင်ပါတယ်။ ဒီနေ့ ပြည်တွင်းမှာ လူကြိုက်အများဆုံး အင်ဂျင် အရွယ်က အိမ်စီးဆိုရင် ၁၂၅စီစီသုံး ဖြစ်ပြီး အလှစီး Sportဆိုရင် ၂၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေကို လက်ခံနေကြပါတယ်။ အခု KLX 250မှာက ၂၅၀ စီစီသုံး အင်ဂျင်ဖြစ်လို့ အရွယ်အစား ဒီလောက် မကြီးမားသလို စွမ်းဆောင်ရည်လည်း သင့်တင့်ကောင်းမွန်နေတာ တစ်ချက်က ပြည်တွင်း လမ်းကြောင်းတွေနဲ့ အံကျနေစေတာ ဖြစ်ပါတယ်။ နောက်တစ်ချက် ဆီစားနှုန်းပါ၊ အာရှထုတ် မော်ဒယ်ပီပီ ဆီစားနှုန်း အထူးသက်သာတာ တွေ့ရပါတယ်။ ပျမ်းမျှ ဆီတစ်ဂါလံကို ၄၃မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ ဒါတင်ပဲလားဆိုတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုနဲ့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းတွေက တစ်နာရီ မိုင်၆၀အတွက် အချိန် ၅စက္ကန့်ကျော်ကျော်လေးနဲ့ ရောက်မယ့် အပြင် တစ်နာရီ ကီလို ၁၄၄အထိပဲ မောင်းနှင်နိုင်မယ့် အချက်တွေက လူငယ်ကြိုက်ဖြစ်စေနိုင်သလို သူ့ထက် စွမ်းဆောင်ရည်မြင့်တဲ့ မော်ဒယ်တွေနဲ့စာရင် စွမ်းဆောင်ရည်က ပြည်တွင်းက လမ်းအနေအထားမှာ အနေတော် ဖြစ်နေစေတာပဲ ဖြစ်ပါတယ်။

အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ချက်ပါ၊ အင်ဂျင်က 4-Strokeဖြစ်ပြီး Yamahaရဲ့ 2-Strokeတွေထက် 2Tအသုံးပြုရမှု မလိုတော့သလို မီးခိုးလည်း မထွက်တော့ပဲ အင်ဂျင်သံ သိသိသာသာ ငြိမ်သွားပါတယ်။ ဒါပေမယ့် တစ်ခု သတိပေးလိုတာကတော့ လူငယ်ကြိုက်ဖြစ်လို့ မြန်နှုန်းမြင့် မောင်းနှင်ခြင်း မပြုလုပ်စေချင်တာပဲ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၆၂(ကီလိုမီတာ ၁၀၀)ထိအောင် လက်ကိုင်၊ ကိုယ်ထည်နဲ့ အင်ဂျင်သံ အားလုံး တည်ငြိမ်ပေမယ့် အဲဒီထက် ပိုပြီး မြန်လာချိန်မှာတော့ လမ်းကြောင်း အနေအထားကို ထည့်တွက်ရပါလိမ့်မယ်။ မြန်နှုန်းလည်းမြင့်နေချိန်ဖြစ်လို့ လမ်းမကောင်းရင် အမှားမခံနိုင်တဲ့ အနေအထားမှာ မိုင် ၆၀နှုန်းထက် ပိုပြီး မမောင်းတာ အကောင်းဆုံးပါလို့ သတိပေးပါရစေ။ စျေးကွက်မှာတော့ ၂၀၁၅ခုနှစ်ထုတ် KLX 250ကို အရောင်၄ရောင်ထိအောင် ရွေးချယ်နို်င်တာ တွေ့ရပြီး ပေါက်စျေး ရ၅သိန်းရှိနေပြီး လူကြိုက်များ အရောင် အနက်၊ အနီမျိုး မဟုတ်ရင် စျေးနည်းနည်းချိုနို်င်ပါတယ်နော်။

လင်းထက် (IA)

Zawgyi version..

အခု တစ္ခါေတာ့ ကၽြန္ေတာ္တို႔ ျပည္တြင္းမွာ အစီးေရ အမ်ားဆံုး ရွိေနတဲ့ ဆိုင္ကယ္ရပ္၀န္းေတြထဲက အသစ္ အေနနဲ႔လည္း ရႏုိင္မယ့္ ကမာၻေက်ာ္ ေမာ္ဒယ္ေတြ အေၾကာင္းကို နည္းနည္းေလာက္ ေျပာျပခ်င္ပါတယ္ေနာ္။ ဒီေနရာမွာ ဆိုင္ကယ္ အမ်ိဳးအစား တစ္ခုခ်င္းစီ အတြက္ ေမာ္ဒယ္ တစ္ခုစီကို ေရြးထုတ္ၿပီး ေျပာခ်င္ပါတယ္ဗ်ာ။ ရန္ကုန္မွာ ဆိုင္ကယ္ေတြ ျပန္ၿပီး စီးနင္းခြင့္ေပးမယ့္ အေနအထားနဲ႔လည္း အဆင္ေျပမယ္လို႔ ယူဆမိပါတယ္ေနာ္။ ေကာင္းပါၿပီ၊ ဆက္ၾကည့္ရေအာင္ပါ။

Sport Bike – CBR1000RR

တန္ေၾကးနည္း Sport Bikeတန္း၀င္ ေမာ္ဒယ္ေတြထဲမွာေတာ့ ျပည္တြင္းမွာ လူႀကိဳက္အမ်ားဆံုးကုိ ျပပါဆိုရင္ Honda CBRနဲ႔ Yamaha FZေတြကို ေျပာရမွာပါ။ ဒါေပမယ့္ FZကေတာ့ ဂ်ပန္ထုတ္တင္ မဟုတ္ပဲ အိႏိၵယထုတ္ပါ ေစ်းကြက္၀င္လို႔ ထုတ္လုပ္တဲ့ ႏုိင္ငံအေပၚကို မူတည္ၿပီး ေစ်းႏႈန္း ကြာျခားသလို ပ်မ္းမွ် အေနနဲ႔ CBRထက္ ေစ်းခ်ိဳပါတယ္။ CBRကေတာ့ ထုိင္္းနဲ႔ ဂ်ပန္ထုတ္ေတြပဲ အမ်ားဆံုး ေစ်းကြက္ ၀င္ၿပီး ထုိင္းႏုိင္ငံထုတ္ ဆိုရင္ေတာင္ FZထက္ ေစ်းမ်ားတာ ေတြ႔ႏုိင္ပါတယ္။ အခု ေျပာခ်င္တာကေတာ့ CBRရဲ႕ ေမာ္ဒယ္ခြဲ တစ္ခု ျဖစ္တဲ့ CBR1000RRအေၾကာင္းေလးပါ။ တခ်ိဳ႕ေစ်းကြက္မွာ Firebaldeလို႔ နာမည္ေက်ာ္ၾကားၿပီးေတာ့ ၿပိဳင္ပြဲ၀င္ ေမာ္ဒယ္္အျဖစ္ ထုတ္လုပ္ရင္းကေန ေအာင္ျမင္လာတာေၾကာင့္ ေနာက္ပိုင္း ေစ်းကြက္ကိုပါ ထုတ္လုပ္ေရာင္းခ်ေနတာ ျဖစ္ကာ ၂၀၀၄ခုႏွစ္ကတည္းက ဒီေမာ္ဒယ္က ထြက္ရွိေနခဲ့တာပါ။ CBR954RRရဲ႕ ေနာက္ဆက္တြဲ ေမာ္ဒယ္ျဖစ္ၿပီး အင္ဂ်င္စနစ္ကို အရြယ္အစားေျပာင္းလဲ ထုတ္လုပ္မႈနဲ႔ အတူ CBR1000RRအျဖစ္ ထြက္ရွိလာခဲ့တာပါ။ ဒါေပမယ့္ အင္ဂ်င္စနစ္က ၁.၀လီတာသံုး ျဖစ္လုိ႔ စြမ္းေဆာင္္ရည္ ေကာင္းေပမယ့္ ဆီစားလည္း မ်ားသလို လမ္းေၾကာင္းတိုင္းနဲ႔ အဆင္ေျပေအာင္ ေမာင္းႏွင္ႏုိင္ဖို႔ ခက္တာေၾကာင့္ အခု ေမာ္ဒယ္ရဲ႕ ေနာက္ဆက္တြဲ အျဖစ္ CBR600RRေမာ္ဒယ္ ထြက္ရွိထားေသးတာ ေတြ႔ရပါတယ္။

CBRေမာ္ဒယ္ဆိုတာကေတာ့ Hondaရဲ႕ သက္တမ္းရင့္ ေမာ္ဒယ္ ျဖစ္ၿပီး အခု CBR1000RRက မ်ိဳးဆက္ ၇ဆက္ေျမာက္ေျပာင္းလဲ ထုတ္လုပ္မႈ အျဖစ္ ထြက္ရွိထားတာပါ။ ေမာ္ဒယ္မွာ တပ္ဆင္ထားတဲ့ အင္ဂ်င္စနစ္က အရည္အေအးခံစနစ္ပါတဲ့ ေလးလံုးထိုး ၁.၀လီတာသံုး အင္ဂ်င္ျဖစ္ၿပီးေတာ့ သူက ေမာ္ေတာ္ကားေတြမွာ ပါရွိတဲ့ အဆို႔ရွင္စနစ္လိုပဲ DOHCနဲ႔သြားပါတယ္။ ဆီထိုးသြင္းျခင္းစနစ္က Dualပံုစံနဲ႔ သြားၿပီး ျမင္းေကာင္ေရ ၁၇၁ေကာင္အားထိေအာင္ ထုတ္ေပးႏိုင္ပါတယ္။ အင္ဂ်င္က အျမင့္ဆံုး အေနနဲ႔ တစ္မိနစ္ကို အပတ္ေရ ၁၀၆၇၀ထိေအာင္ လည္ပတ္မွာ ျဖစ္ၿပီး ဆိုင္ကယ္ရဲ႕ အေလးခ်ိန္က ဆီမပါပဲ ၄၄၀ေပါင္ ရွိပါတယ္။ တပ္ဆင္ ဆီတိုင္ကီကေတာ့ ၄.၇ဂါလံ ဆံ့မွာ ျဖစ္ၿပီး ကိုယ္ထည္ အေရွ႕ျခမ္း အေလးခ်ိန္မ်ားၿပီး ဘီးေထာင္မႈေတြမွာ အဆင္ေျပေအာင္ တိုင္ကီကို ႀကီးမားထားတာ ေတြ႔ရပါတယ္။

CBR1000RRေနာက္ဆံုးထုတ္ေမာ္ဒယ္ရဲ႕ စြမ္းေဆာင္ရည္ တခ်ိဳ႕ကို ၾကည့္မယ္ ဆိုရင္ တစ္နာရီ မိုင္ ၆၀ႏႈန္းကို အခ်ိန္ ၂.၆စကၠန္႔တည္းနဲ႔ ေရာက္ရွိေအာင္ ေမာင္းႏွင္ႏုိ္င္မွာ ျဖစ္ၿပီး တစ္မိုင္ရဲ႕ ေလးခ်ိဳးတခ်ိဳးျဖစ္တဲ့ ၀.၄၀ကီလိုမီတာကိုေတာ့ ၉.၈၂ စကၠန္႔နဲ႔ ေရာက္မွာပါ။ အျမန္ဆံုးႏႈန္း အေနနဲ႔ တစ္နာရီ ၁၇၄မိုင္ (၂၈၀ကီလိုမီတာ)ထိေအာင္ ေမာင္းႏွင္ႏုိင္မွာ ျဖစ္ကာ တကယ္လို႔ တစ္နာရီ မုိင္ ၆၀ႏႈန္းကေန ရပ္တန္႔မယ္ ဆိုရင္ေတာ့ ၁၂၃ေပ( ၃၇မီတာ)အေရာက္မွာ ရပ္ပါလိမ့္မယ္။ အင္ဂ်င္စနစ္ အႀကီးစား တပ္ဆင္ထားတယ္ ဆိုေပမယ့္ ေမာ္ဒယ္က ဆီစားႏႈန္းမွာေတာ့ ခ်ိဳသာတာ ေတြ႔႔ရၿပီး ဆီတစ္ဂါလံကို ၄၆မိုင္ထိေအာင္ စီးနင္းႏုိင္မွာပါ။ ေစ်းကြက္ အတြင္းမွာေတာ့ ၂၀၀၆ခုႏွစ္ထုတ္ CBR1000RRကို အသစ္ အေနအထားနဲ႔ ရႏုိင္ၿပီးေတာ့ အဆိုပါ ေမာ္ဒယ္ဆိုရင္ေတာ့ တစ္နာရီ မုိင္ ၆၀ႏႈန္းကို အခ်ိန္ ၃စကၠန္႔ယူမယ္၊ တစ္နာရီ ၁၇၇မိုင္ေလာက္ထိေအာင္ ေမာင္းႏုိင္မယ္၊  မိုင္ ၆၀ႏႈန္းက ရပ္မယ္ ဆိုရင္ ၁၁၇ေပပဲ ယူမယ္၊ ဆီစားႏႈန္းေတာ့ နည္းနည္းပိုမ်ားၿပီး ၃၆မိုင္ေလာက္ပဲ စီးနင္းႏုိင္မွာပါ။ ေစ်းႏႈန္းကေတာ့ သိန္း ၁၁၀နဲ႔ ေအာက္ဖက္မွာပဲ ရွိႏုိင္ပါတယ္ေနာ္။

Sportster – Harley Davidson Sportster Forty Eight

တကယ္တမ္းဆိုရင္ေတာ့ ေမာ္ဒယ္ရဲ႕ နာမည္က Sportsterပါပဲ။ အေမရိကန္ အေျခစိုက္ နာမည္ေက်ာ္ Harley Davidsonရဲ႕ ထုတ္လုပ္မႈ ျဖစ္ၿပီးေတာ့ သူ႔ကို XLေမာ္ဒယ္လို႔လည္း ေစ်းကြက္ တခ်ိဳ႕မွာ လူသိမ်ားပါတယ္။ Sportsterတန္း၀င္ ေမာ္ဒယ္ အေနနဲ႔ ထုတ္လုပ္ထားၿပီး ေမာ္ဒယ္ရဲ႕ နာမည္ကိုပါ အမ်ိဳးအစားနဲ႔ အတူတူ မွတ္ရလြယ္ေအာင္ မွည့္ေခၚထားတာ ေတြ႔ရပါတယ္။ ၁၉၅၇ခုႏွစ္ကတည္းက ထုတ္လုပ္လာခဲ့တဲ့ ေမာ္ဒယ္ ျဖစ္လုိ႔ ဆိုင္ကယ္ေစ်းကြက္မွာတင္ မဟုတ္ပဲ ေမာ္ေတာ္ကားလို ထုတ္လုပ္မႈမ်ိဳးနဲ႔ပါ ယွဥ္ၾကည့္မယ္ ဆိုရင္ေတာင္မွ တကယ္ကို သက္တမ္းရင့္ ေမာ္ဒယ္ တစ္ခုပဲ ျဖစ္ပါတယ္။ လက္ရွိ ျပည္တြင္း ေစ်းကြက္မွာေတာ့ ေနာက္ဆံုး ၂၀၁၆ခုႏွစ္ထုတ္ အသစ္စက္စက္ Forty Eightေမာ္ဒယ္ကို ရႏုိင္ပါတယ္။ သူကေတာ့ Sportsterရဲ႕ ေနာက္ဆက္တြဲ ေမာ္ဒယ္ပါပဲ။ သက္တမ္းရွည္ၾကာ ထုတ္လုပ္လာခ့ဲတာ ျဖစ္လုိ႔ ေမာ္ဒယ္ခြဲ ထုတ္လုပ္မႈနဲ႔ အတူ မ်ိဳးဆက္ အဆင့္ျမွင့္ထုတ္လုပ္မႈေတြ အႀကိမ္ႀကိမ္ ထုတ္လုပ္ထားတာလည္း ေတြ႔ရပါတယ္။ ဒီထဲကမွ အထင္ကရျဖစ္မယ့္ ေမာ္ဒယ္ တခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။

ပထမဆံုး ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ကိုေတာ့ XL900အျဖစ္ သတ္မွတ္ပါတယ္။ သူ႔ေနာက္မွာ XLC900ကို လမ္းၾကမ္းေမာင္း ေမာ္ဒယ္အျဖစ္ ထုတ္လုပ္ခဲ့သို ေအာင္ျမင္မႈလည္း ရခဲ့ပါတယ္။ ၁၉၇၇အေရာက္မွာေတာ့ XLT1000ေမာ္ဒယ္ထြက္လာၿပီး သူက ဇိမ္ခံ အလွစီး ေမာ္ဒယ္ အျဖစ္နဲ႔ ေအာင္ျမင္မႈ ရခ့ဲတာပါ။ XL883ဆိုရင္ေတာ့ ပထမဆံုး Spoke ၁၃ေခ်ာင္းဘီးနဲ႔ စတင္ ထုတ္လုပ္လာခဲ့တဲ့ ေမာ္ဒယ္ ျဖစ္ၿပီး ဘီးရဲ႕ ထူးျခားမႈက လူႀကိဳက္မ်ားေစခဲ့ပါတယ္။ XL883Rဆိုရင္ Exhaustပိုက္ ႏွစ္ေခ်ာင္းပံုစံနဲ႔ ပြဲထြက္ခဲ့လုိ႔ ေစ်းကြက္မွာ အျမင္ဆန္းၿပီး ေအာင္ျမင္မႈကို ဆက္လက္ထိန္းထားႏိုင္ခဲ့တာပါ။ ၂၀၀၇ခုႏွစ္မွာေတာ့ XL50ေမာ္ဒယ္ကို သက္တမ္း ႏွစ္၅၀ျပည့္ အထိမ္းအမွတ္အျဖစ္ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ အခု ျပည္တြင္းမွာ ရႏုိင္ေနတဲ့ Forty Eightေမာ္ဒယ္ကေတာ့ ၁၉၄၈ခုႏွစ္က ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ေတြရဲ႕ ပံုစံမ်ိဳး ခ်ိဳးဆစ္ထားတာ ျဖစ္ၿပီးေတာ့ ဆီတိုင္ကီကို ေသးထားပါတယ္၊ ကိုယ္ထည္ကို ႏွိမ့္ထားပါတယ္၊ ထိုင္ခံုက တစ္ေယာက္တည္းထိုင္ ပံုစံနဲ႔ ျဖစ္ပါတယ္။ စတင္ ထုတ္လုပ္ခဲ့တဲ့ အခ်ိန္ကေန အခုခ်ိန္ထိ Sportsterေမာ္ဒယ္ေပါင္း ၃၃မိ်ဳးထုတ္လုပ္ထားခဲ့တာလည္း ျဖစ္ပါတယ္။

အခု ေစ်းကြက္မွာ ရႏိုင္ေနတဲ့ Forty Eightအေၾကာင္း နည္းနည္း ေျပာခ်င္ပါတယ္။ ကိုယ္ထည္အလ်ားက ၈၅လက္မ တိတိပါ။ ထိုင္ခံုက ေျမျပင္ကေန ၂၆.၂လက္မအကြာမွာရွိပါတယ္။ အင္ဂ်င္နဲ႔ ေျမျပင္က ၃.၉လက္မပဲ ကြာလုိ႔လမ္းၾကမ္းပိုင္း ေမာင္းႏွင္ႏုိင္ဖို႔ မျဖစ္ႏုိင္ပါဘူး။ တပ္ဆင္ဆီတိုင္ကီက ေရွ႕ထြက္ ေမာ္ဒယ္ေတြထက္ ေသးထားတာ ေတြ႔ရၿပီး ၂.၁ဂါလံပဲ ဆံ့၀င္ႏုိင္ပါတယ္။ ဒါေပမယ့္ အင္ဂ်င္က ဆီစားသက္သာလို႔ ဆီတစ္ဂါလံကို ၄၈မိုင္ေလာက္ထိေအာင္ စီးနင္းႏုိင္မွာလည္း ျဖစ္ပါတယ္။ ေလကို အင္ဂ်င္အေအးခံစနစ္အျဖစ္ အ၀င္အား အသံုးျပဳ အေအးခံမွာ ျဖစ္ၿပီး ၀.၇၄ စီစီသံုး အင္ဂ်င္ကို တပ္ဆင္ထားတာပါ။ ဒီအင္ဂ်င္က တစ္မိနစ္မွာ အျမင့္ဆံုး အေနနဲ႔ အပတ္ေရ ၃၅၀၀ထိေအာင္ လည္ပတ္ႏုိင္မွာ ျဖစ္ၿပီး ရုန္းအား ၇၀.၈ေပါင္-ေပရွိသလို ျမင္းေကာင္ေရ ၈၂ေကာင္အားကို ထုတ္လုပ္ေပးႏုိင္မွာပါ။ ဆိုင္ကယ္က အေလးခ်ိန္ ကီလို ၂၅၀ရွိၿပီး ေမာင္းႏွင္သူ လိုက္ပါၿပီး အေနအထားနဲ႔ အျမန္ႏႈန္း ျမွင့္တင္ႏုိင္မႈက တစ္နာရီ မိုင္ ၆၀ႏႈန္းအတြက္ အခ်ိန္ ၄စကၠန္႔၀န္းက်င္ပဲ ယူပါတယ္။ စြမ္းေဆာင္ရည္ထက္ တည္ၿငိမ္မႈနဲ႔ အလွစီးပိုင္းကို ဦးစားေပးထားတာေၾကာင့္ အျမန္ဆံုး ေမာင္းႏွင္ႏိုင္မႈႏႈန္းေတာ့ ဒီေလာက္ မေကာင္းလွပါဘူး။ ျပည္တြင္း ေစ်းကြက္မွာေတာ့ Forty Eightေမာ္ဒယ္ ၂၀၁၆ကို ၂၅၅သိန္း ေခၚေစ်းရွိၿပီး အနည္းငယ္ေတာ့ အက်ဘက္မွာ ရွိႏုိင္ပါတယ္။

Dual Purpose – Kawasaki KLX 250

Kawasakiဆိုတာကေတာ့ မသိသူ မရွိေလာက္ေအာင္ ႏုိင္ငံတကာမွာေရာ ျပည္တြင္းမွာပါ လူသိမ်ားတဲ့ အမွတ္တံဆိပ္ပါေနာ္။ ဒါေပမယ့္ အစီးအေရအတြက္ အမ်ားႀကီးေတာ့ မစီးၾက၊ မရွိၾကဘူးေပါ့။ ဒါကလည္း အိမ္စီး ေမာ္ေတာ္ဆိုင္ကယ္မ်ိဳးေတြ ထုတ္လုပ္မႈ မရွိတာေၾကာင့္ စြမ္းေဆာင္ရည္ျမင့္ Sportေမာ္ဒယ္ေတြပဲ ထုတ္လုပ္ေနတာေၾကာင့္ပါ။ ဒီေန႔ေတာ့ ကၽြန္ေတာ္က ျပည္တြင္း ေစ်းကြက္မွာ ၂၀၁၅ခုႏွစ္ ေမာ္ဒယ္ျမင့္ကုိ အသစ္ အေနအထားနဲ႔ ေစ်းခ်ိဳခ်ိဳေလး ရႏိုင္မယ့္ ေမာ္ဒယ္ KLX 250နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ထုတ္လုပ္မႈ အပိုင္းမွာ ၂၀၀၆ခုႏွစ္ကတည္းက ထုတ္လုပ္လာတာ ျဖစ္ၿပီး သက္တမ္း ၁၀ႏွစ္ျပည့္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ ျပည္တြင္းမွာေတာ့ DTလို႔ လူသိမ်ားေပမယ့္ ႏုိင္ငံတကာ သတ္မွတ္ခ်က္မွာေတာ့ Dual Purposeလုိ႔ ေခၚတဲ့ လမ္းၾကမ္းသံုး အတြက္ေရာ ၿမိဳ႕တြင္းစီးဖို႔ အတြက္ပါ အဆင္ေျပတဲ့ ဆိုင္ကယ္အမ်ိဳးအစားတန္း၀င္ ျဖစ္ပါတယ္။ KLX 250ရဲ႕ ေအာင္ျမင္မႈက ဒီေမာ္ဒယ္နဲ႔တင္ ရပ္တန္႔မသြားေသးပဲ ေနာက္ဆက္တြဲ အေနနဲ႔ KLR250ပါ ထြက္ရွိထားေသးတာလည္း ေတြ႔ႏုိင္ပါတယ္။

အရင္ဆံုး အခု ေမာ္ဒယ္ကို ျပည္တြင္းမွာ လက္ခံႏုိင္စရာ အခ်က္ေလး နည္းနည္းေလာက္ ေျပာခ်င္ပါတယ္။ ဒီေန႔ ျပည္တြင္းမွာ လူႀကိဳက္အမ်ားဆံုး အင္ဂ်င္ အရြယ္က အိမ္စီးဆိုရင္ ၁၂၅စီစီသံုး ျဖစ္ၿပီး အလွစီး Sportဆိုရင္ ၂၀၀ စီစီသံုး အင္ဂ်င္တပ္ ေမာ္ဒယ္ေတြကို လက္ခံေနၾကပါတယ္။ အခု KLX 250မွာက ၂၅၀ စီစီသံုး အင္ဂ်င္ျဖစ္လုိ႔ အရြယ္အစား ဒီေလာက္ မႀကီးမားသလို စြမ္းေဆာင္ရည္လည္း သင့္တင့္ေကာင္းမြန္ေနတာ တစ္ခ်က္က ျပည္တြင္း လမ္းေၾကာင္းေတြနဲ႔ အံက်ေနေစတာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ ဆီစားႏႈန္းပါ၊ အာရွထုတ္ ေမာ္ဒယ္ပီပီ ဆီစားႏႈန္း အထူးသက္သာတာ ေတြ႔ရပါတယ္။ ပ်မ္းမွ် ဆီတစ္ဂါလံကို ၄၃မိုင္ေလာက္ထိေအာင္ စီးနင္းနုိင္မွာပါ။ ဒါတင္ပဲလားဆိုေတာ့ အျမန္ႏႈန္း ျမွင့္တင္ေမာင္းႏွင္ႏုိင္မႈနဲ႔ အျမန္ဆံုး ေမာင္းႏွင္နုိင္မႈႏႈန္းေတြက တစ္နာရီ မိုင္၆၀အတြက္ အခ်ိန္ ၅စကၠန္႔ေက်ာ္ေက်ာ္ေလးနဲ႔ ေရာက္မယ့္ အျပင္ တစ္နာရီ ကီလို ၁၄၄အထိပဲ ေမာင္းႏွင္ႏုိင္မယ့္ အခ်က္ေတြက လူငယ္ႀကိဳက္ျဖစ္ေစႏိုင္သလို သူ႔ထက္ စြမ္းေဆာင္ရည္ျမင့္တဲ့ ေမာ္ဒယ္ေတြနဲ႔စာရင္ စြမ္းေဆာင္ရည္က ျပည္တြင္းက လမ္းအေနအထားမွာ အေနေတာ္ ျဖစ္ေနေစတာပဲ ျဖစ္ပါတယ္။

အသံုးျပဳ ေမာင္းႏွင္နုိင္မယ့္ ဂီယာခ်က္က ၆ခ်က္ပါ၊ အင္ဂ်င္က 4-Strokeျဖစ္ၿပီး Yamahaရဲ႕ 2-Strokeေတြထက္ 2Tအသံုးျပဳရမႈ မလိုေတာ့သလို မီးခိုးလည္း မထြက္ေတာ့ပဲ အင္ဂ်င္သံ သိသိသာသာ ၿငိမ္သြားပါတယ္။ ဒါေပမယ့္ တစ္ခု သတိေပးလိုတာကေတာ့ လူငယ္ႀကိဳက္ျဖစ္လုိ႔ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ျခင္း မျပဳလုပ္ေစခ်င္တာပဲ ျဖစ္ပါတယ္။ တစ္နာရီ မိုင္ ၆၂(ကီလိုမီတာ ၁၀၀)ထိေအာင္ လက္ကိုင္၊ ကိုယ္ထည္နဲ႔ အင္ဂ်င္သံ အားလံုး တည္ၿငိမ္ေပမယ့္ အဲဒီထက္ ပိုၿပီး ျမန္လာခ်ိန္မွာေတာ့ လမ္းေၾကာင္း အေနအထားကို ထည့္တြက္ရပါလိမ့္မယ္။ ျမန္ႏႈန္းလည္းျမင့္ေနခ်ိန္ျဖစ္လုိ႔ လမ္းမေကာင္းရင္ အမွားမခံႏုိင္တဲ့ အေနအထားမွာ မိုင္ ၆၀ႏႈန္းထက္ ပုိၿပီး မေမာင္းတာ အေကာင္းဆံုးပါလို႔ သတိေပးပါရေစ။ ေစ်းကြက္မွာေတာ့ ၂၀၁၅ခုႏွစ္ထုတ္ KLX 250ကို အေရာင္၄ေရာင္ထိေအာင္ ေရြးခ်ယ္ႏုိ္င္တာ ေတြ႔ရၿပီး ေပါက္ေစ်း ၇၅သိန္းရွိေနၿပီး လူႀကိဳက္မ်ား အေရာင္ အနက္၊ အနီမ်ိဳး မဟုတ္ရင္ ေစ်းနည္းနည္းခ်ိဳႏုိ္င္ပါတယ္ေနာ္။

လင္းထက္ (IA)