Unicode version…..
လာမည့် မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ကျင်းပမည့် ၃၉ ကြိမ် မြောက် ဘန်ကောက်နိုင်ငံတကာကားပြပွဲ္ပ၌ ကားကုမ္ပဏီပေါင်း ၃၀ ကျော်နှင့် ဆိုင်ကယ်ကုမ္ပဏီ ၁၅ ခုကျော် ဝင်ရောက်ပြသသွားမည်ဖြစ်သည့်အပြင် ယာဉ်အပိုပစ္စည်းများ၊ဆက်စပ်ပစ္စည်း ပြခန်းများ၊ Concept Car နဲ့ Concept Bike များ ၊ Car Audio ပြခန်းများ နှင့် ယခုနှစ်မှ စတင်ပါဝင်လာသော မော်တော်ယာဉ်ဆိုင်ရာစီးပွား ရေးစွန့်စားသူများအစည်းအရုံး၏ပြခန်းများပြသသွားမည်ဖြစ်ကြောင်း အဆိုပါပွဲမတိုင်မီပြုလုပ်သော သတင်း စာရှင်းလင်းပွဲမှသိရသည်။ သတင်းစာရှင်းလင်းပွဲတွင် ပြိုင်ပွဲကျင်းပရေး၏ သဘာပတိနှင့် Grand Prix International PLC ၏ CEO ဖြစ်သူ Dr. Prachin Eamlumnow နှင့် ပြိုင်ပွဲကျင်းပရေးဒုဥက္ကဌ Mr. Jaturont Komolmis တို့မှ ပွဲ၏ရည်ရွယ်ချက်၊ပြင်ဆင်ထားမှု၊မျှော်လင့်ချက်များနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားသွားခဲ့သည်။
နိုင်ငံတကာအဆင့်မီပြုလုပ်သော ဘန်ကောက်နိုင်ငံတကာကားပြပွဲသည် အာဆီယံ ဒေသအတွင်း အကြီးဆုံးကားပြပွဲတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်က လာရောက်ကြည့်ရှုသူပေါင်း ၁.၆ သန်းခန့်ရှိခဲ့ သည်။ ယခုနှစ်ကားပြပွဲတွင် ဂျပန်ကားကုမ္ပဏီများဖြစ်သော Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Suzuki ၊ ကိုရီးယားအခြေစိုက် KIA နှင့် Hyundai ၊ ဥရောပနှင့် အမေရိကမှ Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati, Chevrolet စသည်တို့ပါဝင်ကြမည်ဖြစ်သည်။ ထို့အပြင် Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Royal Enfield စသည့်မော်တော်ဆိုင်ကယ်ကုမ္ပဏီ များလည်းပါဝင်ပြသကြ မည်ဖြစ်ပါ သည်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံမှတစ်ဦးတည်းသောဖိတ်ကြားခံရသည့် Drive Media အပါအဝင်နိုင် ငံတကာမှ Auto media များတက်ရောက်ကြမည်ဟုသိရသည်။ မီဒီယာများနှင့် ဖိတ်ကြားခံရသောအထူးဧည့်သည်များမှ လွဲ၍ ကျန်အပြင်လူများမှာတစ်ဦးလျှင် ဝင်ကြေးဘတ် ၁၀၀ နှုန်းဖြင့်လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
Zawgyi version…
လာမည့္ မတ္လ ၂၆ ရက္ေန႔မွ ဧျပီလ ၈ ရက္ေန႔အထိထုိင္းႏိုင္ငံ၊ဘန္ေကာက္ျမိဳ႕တြင္ က်င္းပမည့္ ၃၉ ၾကိမ္ ေျမာက္ ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြၸ၌ ကားကုမၸဏီေပါင္း ၃၀ ေက်ာ္ႏွင့္ ဆုိင္ကယ္ကုမၸဏီ ၁၅ ခုေက်ာ္ ဝင္ေရာက္ျပသသြားမည္ျဖစ္သည္႔အျပင္ ယာဥ္အပုိပစၥည္းမ်ား၊ဆက္စပ္ပစၥည္း ျပခန္းမ်ား၊ Concept Car နဲ႔ Concept Bike မ်ား ၊ Car Audio ျပခန္းမ်ား ႏွင့္ ယခုႏွစ္မွ စတင္ပါဝင္လာေသာ ေမာ္ေတာ္ယာဥ္ဆုိင္ရာစီးပြား ေရးစြန္႕စားသူမ်ားအစည္းအရုံး၏ျပခန္းမ်ားျပသသြားမည္ျဖစ္ေၾကာင္း အဆုိပါပဲြမတုိင္မီျပဳလုပ္ေသာ သတင္း စာရွင္းလင္းပဲြမွသိရသည္။ သတင္းစာရွင္းလင္းပဲြတြင္ ျပိဳင္ပဲြက်င္းပေရး၏ သဘာပတိႏွင့္ Grand Prix International PLC ၏ CEO ျဖစ္သူ Dr. Prachin Eamlumnow ႏွင့္ ျပိဳင္ပဲြက်င္းပေရးဒုဥကၠဌ Mr. Jaturont Komolmis တုိ႔မွ ပဲြ၏ရည္ရြယ္ခ်က္၊ျပင္ဆင္ထားမွဳ၊ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ပတ္သက္ျပီး ရွင္းလင္း ေျပာၾကားသြားခဲ့သည္။
ႏုိင္ငံတကာအဆင့္မီျပဳလုပ္ေသာ ဘန္ေကာက္ႏိုင္ငံတကာကားျပပဲြသည္ အာဆီယံ ေဒသအတြင္း အၾကီးဆုံးကားျပပဲြတစ္ခုျဖစ္ျပီး ျပီးခဲ့သည့္ႏွစ္က လာေရာက္ၾကည့္ရွဳသူေပါင္း ၁.၆ သန္းခန္႕ရွိခဲ့ သည္။ ယခုႏွစ္ကားျပပဲြတြင္ ဂ်ပန္ကားကုမၸဏီမ်ားျဖစ္ေသာ Toyota, Lexus, Nissan, Honda, Mitsubishi, Isuzu, Mazda, Suzuki ၊ ကုိရီးယားအေျခစုိက္ KIA ႏွင့္ Hyundai ၊ ဥေရာပႏွင့္ အေမရိကမွ Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati, Chevrolet စသည္တုိ႔ပါဝင္ၾကမည္ျဖစ္သည္။ ထုိ႔အျပင္ Honda, Yamaha, Suzuki, Kawasaki, Harley-Davidson, Triumph, Royal Enfield စသည့္ေမာ္ေတာ္ဆုိင္ကယ္ကုမၸဏီ မ်ားလည္းပါဝင္ျပသၾက မည္ျဖစ္ပါ သည္။ အဆုိပါပဲြသုိ႔ ျမန္မာႏိုင္ငံမွတစ္ဦးတည္းေသာဖိတ္ၾကားခံရသည့္ Drive Media အပါအဝင္ႏိုင္ ငံတကာမွ Auto media မ်ားတက္ေရာက္ၾကမည္ဟုသိရသည္။ မီဒီယာမ်ားႏွင့္ ဖိတ္ၾကားခံရေသာအထူးဧည့္သည္မ်ားမွ လဲြ၍ က်န္အျပင္လူမ်ားမွာတစ္ဦးလွ်င္ ဝင္ေၾကးဘတ္ ၁၀၀ ႏွဳန္းျဖင့္လာေရာက္ၾကည့္ရွဳႏိုင္ေၾကာင္း သိရသည္။