(AGL – Automotive Grade Linux)သည် ထင်ရှားသည့် နည်းပညာဆိုင်ရာ (Brand)ဖြစ်ပြီးအရေအတွက် (100)ခန့်ရှိသည့် နည်းပညာကုမ္ပဏီနှင့် (Automakers)များနှင့် ပူးပေါင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ Toyota အနေဖြင့် (AGL)၏ (Open-Source Software)ဖြစ်သည့် (Entune 3.0 Console)အား ၎င်း၏ (2018 Toyota Camry)တွင် ပထမဆုံးစတင်အသုံးပြုမည် ဖြစ်ပါသည်။ အထက်ပါ အချက်နှင့် စပ်လျဉ်း၍ ကမ္ဘ်ာကျော် (Black Berry)မှ (Chief Operation Office)ဖြစ်သူ (Marty Beard) မှ (AGL သည် ၎င်း၏ ပုံမှန် Linux နှင့် Android Automotive Infotainment ဈေးကွက်သို့ မျှဝေခြင်းတွင် Black Berry ၏ (QNX)သည် သြဇာကြီးမားသည့် Supplier တစ်ခုဖြစ်ပါသည်)ဟု ၎င်း၏ (Blog)တွင် ရေးသားခဲ့ပါသည်။ ထို့အပြင် (Black Berry QNXသည် Modern Software နည်းပညာသုံးကားများအတွက် အရေးကြီးသည့် Safety Module ဖြစ်ပြီး ၎င်းသည် ဗွီဒီယိုဖိုင်များပို့လွှတ်ခြင်း/ရုပ်လုံးဖော်ခြင်း/ Hands-face calling / အင်တာနက်ဝန်ဆောင်မှုများ စသည့်အသုံးပြုမှုများအတွက် အဓိကဦးဆောင်သည့် Supplier လည်းဖြစ်ပါသည်)ဟု (Mr Beard)မှ ထပ်လောင်းပြောကြားခဲ့ပါသည်။
(QNX)သည် (Entune)၏ (Main Platform)မဟုတ်သော်လည်း ၎င်း၏ (Software)ဆိုင်ရာအရန် ပစ္စည်းအချို့အားထောက်ပံ့ပေးခြင်းဖြစ်သည်)ဟု (Black Berry)၏ ပြောရေးဆိုခွင့်ရှိသူ (Ms Sarah Mckinney)မှ ပြောကြားခဲ့ပါသည်။ (Toyota)သည် (AGL)အာအဓိကအသုံးပြုသည့် (Automaker)ဖြစ်ပြီး (2011)မှ စတင်ကာအဆိုပါ (Project)အားစတင်ခဲ့ပါသည်။ (AGL)နှင့် အကျိုးတူပူးပေါင်းသည့် (Automakers)များမှာ (Toyota/Ford/Honda/Mazada/Mercedes-Benz/Nissan/Suzuki/Subuaru)သို့ ဖြစ်ကြပြီးအခြားသော (Chipmakers)များနှင့် (Auto Suppliers)များလည်း ပါဝင်ကြပါသည်။ (QNX)အနေဖြင့် ယခုလာမည့် (October)တွင် (Ford)နှင့် ပူးပေါင်း၍ (Automated Vehicles)များဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာများကိုဆောင်ရွက်ရန်ရှိသည်ဟုပြောကြားထားပါသည်။

28 Jun 2017
0