LEVC သည် London တွင် အလွန်ထင်ရှားသည့် Taxi ကုမ္ပဏီဖြစ်ပြီး ယခုအခါ ကားများအား PHEV သို့ ပြောင်းလဲမည်ဖြစ်သည်။ VN 5 အမည်ရသည့် Model အသစ်အား 2020 နှစ်ကုန်တွင် တွေရမည်ဖြစ်ကာ Van အမျိုးအစားဖြစ်ပြီး ( 176 – cubic Feet ) အထိ ပစ္စည်းထည့်ရန် Cargo Space ပါရှိသည်။ TX Taxi မှ Share ထားသည့် အပြင်ဖက်ဒီဇိုင်းဖန်တီးမှုနှင့် အတူ Boxy Body သည် ပစ္စည်းများ ပို့ရန်အတွက် အထူးသင့်တော်ပါသည်။ ၎င်း၏ Size သည် Mercedes – Benz Metris နှင့် VW Transporter တို့နှင့် တူညီပါသည်။ VN 5 တွင် ( 1.5 L Turbocharged I 3 Engine ) နှင့် ( 33 kWh ) ရှိသည့် Lithium – ion battery park တို့ တွဲဖက်ထားပြီး ( 110 – kW ) Motor မှ လျှပ်စစ်ကို ထုတ်လုပ်ပေးမည်။ လျှပ်စစ်သီးသန့်ဖြင့် – ( ၆၃ မိုင် ) အထိအသုံးပြုနိုင်ကာ London ၏ လေထု ညစ်ညမ်းမှုကင်းမဲ့ဇုန် ဖေါ်ဆောင်မှုကိုလည်း ကူညီပေးနိုင်မည်ဖြစ်သည်။ LEVC အား တရုတ်နိုင်ငံရှိ Geely မှ ပိုင်ဆိုင်ထားပြီး VN5 အား အင်္ဂလန် ၊ Ansty ရှိ စက်ရုံမှ 2020 နှစ်လည်ခန့်တွင် စတင် ထုတ်လုပ်ရန် လျာထားပါသည်။ VN 5 ကို U.S.A သို့ တင်ပို့ရန်လည်း LEVC မှ စီစဉ်ထားပါသည်။

London ၏ သင်္ကေတဖြစ်သည့် Black Cab အား PHEV Van အနေဖြင့် ဥရောပတွင် တွေ့မြင်ရမည်
