BMW သည် Level 3 အဆင့်ရှိသည့် အလိုလျောက်မောင်းနှင်ခြင်း နည်းပညာအသစ်အား Next Gen Automated Driving Tech အနေဖြင့် 2025 တွင် မိတ်ဆက်မည်ဟု ကြေငြာလိုက်ပါသည်။ ၎င်းနည်းပညာအား BMW နှင့်အတူ Qualcomm နှင့် Arriver တို့ အကျိူးတူ ပူးပေါင်းဖန်တီးပါမည်။ BMW အနေဖြင့် Level 3 အဆင့်ရှိသည့် Autonomous Driving ကို မိတ်ဆက်ပြီးပါက Level 4 အဆင့် ရှိသည့် Autonomous Driving Tech တို့လည်း ဆက်လက်မိတ်ဆက်မည် ဖြစ်သည်။ Level 3 အဆင့်ရှိသည့် အလိုအလျောက်မောင်းနှင်ခြင်း အဆင့်တွင် ယာဉ်မောင်းသည် Steering ကို ကိုင်ထားရန် မလိုအပ် ( သု့ိမဟုတ်) Highway မောင်းနှင်ရာတွင် အရှေ့သို့ အစဉ်အမြဲ သတိပြုရန် မလိုအပ်သည့် အဆင့်ဖြစ်သည်။ သို့သော် ယာဉ်မောင်းသည် Driver Seat တွင် အစဉ်အမြဲ ထိုင်နေရမည်အပြင် Standby အနေဖြင့် သတိထားမောင်းနှင်ရန် လိုအပ်သည်။ BMW သည် Qualcomm ၏ Snapdragon Ride Vision System – on – a – chip ( Soc ) နှင့် Arriver ၏ Computer Vision Tech တို့အား 2021 November တွင် မိတ်ဆက်ခဲ့သည်။
အဆိုပါ အကျိုးတူ ဖက်စပ်ဆောင်ရွက်ခြင်း ဖြင့် Automated Driving နည်းပညာပါဝင်သည့် 2021 BMW iX အား မိတ်ဆက်ခဲ့ပြီး မကြာခင် မိတ်ဆက်မည့် New 7 – Series Sedan တွင်လည်း ဆက်လက် အသုံးပြုပါမည်။ QUALCOMM ၏ SRA Driving Assist နည်းပညာများကို အဓိက အခြေခံကာ ဖန်တီးခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ ကုမ္ပဏီ ( ၃ ) ခု ပူးပေါင်းပြီး အထူး ကောင်းမွန်သည့် Autonomous Driving Ecosystem တို့လည်း စီစဉ်မည်ဖြစ်သည်။ BMW သည် Level 3 Autonomous Driving နည်းပညာအား BMW အပြင် Mini နှင့် Rolls – Royce Brands များကိုလည်း Sharing လုပ်မည်ဖြစ်သည်။
#DriveMediaMyanmar