BMW သည် ထူးခြားချက်များစွာပါဝင်သည့် EV Prototype အား 2022 တွင် မိတ်ဆက်ခဲ့ပြီး ၎င်းတွင် – Pioneering Quad-motor Millisecond အထိ အတိအကျ Power ပို့လွှတ်ပေးသည့် 4WD Technology စသည်တို့ ပါဝင်ခဲ့သည်။ ထို့အတူ လက်ရှိ မိတ်ဆက်ထားသည့် New BMW M2 Coupe နှင့် နောက်ထပ် ထွက်ရှိမည့် New Generation တို့တွင်လည်း အဆိုပါ နည်းပညာများကို မိတ်ဆက် ထည့်သွင်းထားပါသည်။
ထူးခြားသည့် Radical 4WD Tech အား F 90 – Gen BMW M5X Drive တွင် စတင်ပေါင်းစပ်မည်ဟု M Division ၏ CEO Frank Van မှ ပြောကြားထားပါသည်။ အဆိုပါ Model တွင် Power Adopting အား ကားအရှေ့ဝန်ရိုးမှ ပြုလုပ်မည်ဖြစ်ပြီး ရလဒ်အနေဖြင့် Handling Performance အကောင်းဆုံး Sedan အနေဖြင့် M မှ ရည်ရွယ်ခြင်းဖြစ်သည်။ BMW သည် အဆိုပါ ECU စနစ်အား ( Hand of God ) ဟု တင်စားထားပြီး အဆိုပါနည်းပညာအား BMW i8 တွင် ပထမဆုံး Developed ပြုလုပ်ခဲ့ကာ ထူးခြားမှုများအနေဖြင့် – Petrol နှင့် Electric Power Plants များ အတွက် မျှခြေရှိသည့် Power Output ကို ရရှိခြင်း၊ Advanced Torque Vectoring ကို ဖော်ဆောင်နိုင်ခြင်းနှင့် Handling ဆိုင်ရာ ထိုအထူး ကောင်းမွန်စေခြင်းတို့ ပါဝင်ပါမည်။
BMW သည် Radical 4WD Technology အား BMW ix M 60 SUV , Upcoming BMW i7 M 70 Sedan စသည့် Unique M Model များတွင်လည်း ထည့်သွင်း အသုံးပြုမည် ဖြစ်သည်။ Radical 4WD Tech သည် Central Controller Type ဖြစ်ပြီး Front-to-Rear Differential နှင့် DSC System ကဲ့သို့ Assistant Techs များစွာလည်း ပေါင်းစပ်ပါဝင်မည် ဖြစ်ကာ BMW M သည် Performance ဦးစားပေးသည့် Special Division အဖြစ်မြင်တွေ့ရပါသည်။
#DriveMediaMyanmar







