Zawgyi Version…
Insurance Institute for Highway Safety မွႏွစ္စဥ္ခ်ီးျမွင့္ေနၾကျဖစ္သည့္ လံုၿခံဳစိတ္ခ်ရသည့္ အေကာင္းဆံုး ကားဆု TOP SAFETYPICK+ ကို ရရိွသည့္ ကားမ်ားထဲတြင္ BMW 3 series 4-door Sedan လည္းပါဝင္ခဲ့သည္။
IIHS သည္ TOP SAFETY PICK+ အတြက္ ကားမ်ားကို လိုက္ပါစီးနင္းသူအားလံုး၏ ေနရာအသီးသီးအတြက္ Crash Test မ်ား စမ္းသပ္ကာ အဆင့္သတ္မွတ္ၿပီး ဆုခ်ီးျမွင့္ျခင္းျဖစ္သည္။
BMW 3 series သည္ IIHS ၏ စမ္းသပ္မႈမ်ားကို အေကာင္းဆံုးၾကံ့ၾက့ံခံႏုိင္ခဲ့ၿပီး BMW ၏စံသတ္မွတ္ခ်က္ႏွင့္ အေရွ႕ဘက္ယာဥ္တုိက္မႈ ကာကြယ္ေသာ စနစ္မ်ားေၾကာင့္ ပိုေကာင္းသည့္ အဆင့္သတ္မွတ္ခ်က္ကို ရရိွကာ TOP SAFETY PICK+ ဆုကို ရရိွခဲ့ျခင္းျဖစ္ပါသည္။
အေရွ႕ဘက္ယာဥ္တုိက္မႈ ကာကြယ္သည့္စနစ္မွာ IIHS ၏ 12mph ႏွင့္ 25 mph အျမန္ႏႈန္းျဖင့္ စမ္းသပ္ေမာင္းႏွင္ရာတြင္ ယာဥ္တုိက္မႈကို ေရွာင္လြႊဲႏိုင္ခဲ့ၿပီး သတိေပးစနစ္၏ တံု႔ျပန္မႈက ထိေရာက္စြာ အႏၱရာယ္ကို ဟန္႔တားေပးႏုိင္ခဲ့သည္။
BMW 3 series ၏ three headlight options ကလည္း ကား၏စြမ္းေဆာင္ရည္ပိုင္းႏွင့္ IIHS ၏ အဆင့္သတ္မွတ္ခ်က္ကို အားသာေစခဲ့ၿပီး LED Projector ကို အေျခခံထားသည့္ headlight မ်ားသည္ အျခားတစ္ဖက္က ယာဥ္မ်ားအေျခအေနေပၚ မူတည္ကာ အလိုအေလ်ာက္ အေပၚမီး၊ ေအာက္မီး ေျပာင္းလဲေပးႏိုင္သည္။
IIHS မွ သတ္မွတ္ ခ်ီးျမွင့္ခဲ့သည့္ TOP SAFETY PICK+ ဆုရကားမ်ားတြင္ BMW 3 series ႏွင့္အတူ Genesis G70၊ Lexus ES 350၊ Mercedes-Benz C-Class တုိ႔လည္း ပါဝင္ခဲ့သည္။





Unicode Version…
အမြင့်ဆုံးလုံခြုံရေးဆုကို ရရှိခဲ့သည့် BMW 3 series 4-door Sedan
Insurance Institute for Highway Safety မှနှစ်စဉ်ချီးမြှင့်နေကြဖြစ်သည့် လုံခြုံစိတ်ချရသည့် အကောင်းဆုံး ကားဆု TOP SAFETYPICK+ ကို ရရှိသည့် ကားများထဲတွင် BMW 3 series 4-door Sedan လည်းပါဝင်ခဲ့သည်။
IIHS သည် TOP SAFETY PICK+ အတွက် ကားများကို လိုက်ပါစီးနင်းသူအားလုံး၏ နေရာအသီးသီးအတွက် Crash Test များ စမ်းသပ်ကာ အဆင့်သတ်မှတ်ပြီး ဆုချီးမြှင့်ခြင်းဖြစ်သည်။
BMW 3 series သည် IIHS ၏ စမ်းသပ်မှုများကို အကောင်းဆုံးကြံ့ကြံ့ခံနိုင်ခဲ့ပြီး BMW ၏စံသတ်မှတ်ချက်နှင့် အရှေ့ဘက်ယာဉ်တိုက်မှု ကာကွယ်သော စနစ်များကြောင့် ပိုကောင်းသည့် အဆင့်သတ်မှတ်ချက်ကို ရရှိကာ TOP SAFETY PICK+ ဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။
အရှေ့ဘက်ယာဉ်တိုက်မှု ကာကွယ်သည့်စနစ်မှာ IIHS ၏ 12mph နှင့် 25 mph အမြန်နှုန်းဖြင့် စမ်းသပ်မောင်းနှင်ရာတွင် ယာဉ်တိုက်မှုကို ရှောင်လွှဲနိုင်ခဲ့ပြီး သတိပေးစနစ်၏ တုံ့ပြန်မှုက ထိရောက်စွာ အန္တရာယ်ကို ဟန့်တားပေးနိုင်ခဲ့သည်။
BMW 3 series ၏ three headlight options ကလည်း ကား၏စွမ်းဆောင်ရည်ပိုင်းနှင့် IIHS ၏ အဆင့်သတ်မှတ်ချက်ကို အားသာစေခဲ့ပြီး LED Projector ကို အခြေခံထားသည့် headlight များသည် အခြားတစ်ဖက်က ယာဉ်များအခြေအနေပေါ် မူတည်ကာ အလိုအလျောက် အပေါ်မီး၊ အောက်မီး ပြောင်းလဲပေးနိုင်သည်။
IIHS မှ သတ်မှတ် ချီးမြှင့်ခဲ့သည့် TOP SAFETY PICK+ ဆုရကားများတွင် BMW 3 series နှင့်အတူ Genesis G70၊ Lexus ES 350၊ Mercedes-Benz C-Class တို့လည်း ပါဝင်ခဲ့သည်။