BMW သည် New 4 Series ၏ Diesel Version အား ဥရောပဈေးကွက်တွင် ရောင်းချမည် ဖြစ်ကာ ၎င်းသည် M-Branded Model ဖြစ်သည်။ M 440 d x Drive အား New Diesel Flagship 4 Series အနေဖြင့် ဖန်တီးထားပြီး ၎င်းတွင် BMW ၏ နာမည်ကျော် M Performance Division ၏ ပြယုဂ်များဖြစ်သည့် M Sport Package နှင့် M Sport Differential ကဲ့သို့ Sporty Accents များလည်း ပေါင်းစပ်ထည့်သွင်းထားပါသည်။ BMW အနေဖြင့် Diesel Version ဖြစ်သည့် M 440d x Drive တွင် ( 3.0 L I 6 Diesel Engine ) ၊ ( 340 hp ) ၊ ( 250 kw ) အင်ဂျင်နှင့် 8 Speed Torque Converter Automatic Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပြီး x Drive AWD System လည်း Standard ပါဝင်ပါသည်။ ( BMW တွင် AWD System အား x Drive ဟု၎င်း ၊ 2WD System s Drive ဟု၎င်း ခေါ်ဆိုပါသည်။ ) M 440D x Drive Sport Coupe တွင် Performance အနေဖြင့် ( 0 to 100 km per hour ) အား ( 4.6 Seconds ) ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်သည့်အတွက် Performance ကောင်းသည့် Model ဟု ဆိုရပါသည်။ ဥရောပ၏ WLTP Cycle တိုင်းတာချက်အရ ကား၏ ဆီစားနှုန်းသည် Per 100 km အတွက် 5.7 Liter နှင့် 6.3 Liter အကြား ဆီစားနှုန်းရှိပါသည်။ ထို့ကြောင့် အင်ဂျင် Size မကြီးသော်လည်း အဆင်ပြေသည့် ဆီစားနှုန်းဟု ဆိုရပါမည်။ BMW 430d x Drive Coupe တွင်မူ ( 3.0 L I 6 Diesel Engine ) ၊ ( 286 hp ) Engine ပါဝင်ပါမည်။ BMW 4 Series Coupe ၏ ( 3.0 L Diesel Engine ) Model များတွင် ( Mild-Hybrid System ) ပါဝင်မည်ဖြစ်ကာ ၎င်းတွင် ( 48 Volt Starter – gearbox ) ပေါင်းစပ်ထားပါမည်။ BMW 4 Series M 440 dx Drive သည် ထူးခြားသည့် အခင်းအကျင်းနှင့် စွမ်းဆောင်ရည်တို့ ပေါင်းစပ်ထားသည့် Sport Model ဟု သတ်မှတ်ရပါမည်။

18 Feb 2021
0