Unicode version…
လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ ဂျာမနီအခြေစိုက် (BMW)၏ ပြန်လည်မွေးဖွားလာမည့် (8-Series Coupe )နှင့်ပတ်သက်သည့် အကြောင်းအရာများအား Spy Shots များနှင့် မရေရာသည့် လက်ဆင့်ကမ်း စကားများမှတဆင့် ကားချစ်သူများမှ ကျေနပ်ခဲ့ရပါသည်။
သို့သော် ယခုအခါ BMW မှ ၄င်း၏ New 8- Series ၏ ပထမဆုံးမိတ်ဆက်ပွဲအား 2017 May 26 တွင် ကျင်းပပြုလုပ်မည်ဟု ကြေငြာလိုက်ပါသည်။ BMW အနေဖြင့် (New 8- Series)အား (2018 Model) အနေဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။
New 8- Series ၏ အသေးစိတ်အချက်အလက်များအား BMW မှကြေငြာထားခြင်းမရှိသေးသော် လည်း ၄င်းအား ရှည်လျားပြီး ခန့်ညားလှပသည့် Stylized Coupe အဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။ ကားဒီဇိုင်းနှင့် ခန့်ထည်မှုများအား Bentley Continental GT ကဲ့သို့ ခေတ်ဆန်မှုနှင့် ဂန္တဝင်ဆန်မှုတို့ အားပေါင်းစပ်ဖန်တီးထားမည်ဟု ထင်မြင်မိပါသည်။ ၄င်းသည် ယခုလက်ရှိ (6-Series Coupe)ကိုယ်စား ထုတ်လုပ်မည်(သို့) အသစ်ထွက်ရှိမည့်ကားဖြစ်မည်ကို အသေအချာမသိရသော်လည်း BMW 7-Series အားအဓိကအခြေခံကာ ဖန်တီးထားသည်ဟု သုံးသပ်မိပါသည်။ ယခု New 8- Series သည် အသစ်တဖန် ပြန်လည် မွေးဖွားလာသည့် Reborn Model ဖြစ်ပြီး BMW 8-Series အား 1999 တွင် နောက်ဆုံးထုတ်လုပ် ခဲ့ပါသည်။ယခု New Model တွင် Line 6 Engine မှ Twin turbo V12 Engine အထိ ပြည့်စုံစွာ ထည့်သွင်း ထားမည်ဟု ယုံကြည်မိပါသည်။ ၄င်း၏စျေးကွက် ယှဉ်ပြိုင်ဖက်မှာ (Mercedes- Benz) (S-Class Coupe) (Bentley Continental GT) တို့ပင် ဖြစ်ပါသည်။
Zawgyi version…