
Unicode version…

( O – 62 mph ) အား ( 4.9 Seconds ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့် I4 Engine သည် များစွာ အံ့သြဖွယ်ဖြစ်သည်။ BMW သည် ၎င်း၏ Performance Version ဖြစ်သည့် X 2 M35i Crossover အား မိတ်ဆက်လိုက်ပြီး ၎င်းသည် BMW ( M Performance Division ) အတွင်းသို့ ပထမဆုံး ၀င်ရောက်ခြင်း လည်းဖြစ်သည်။ ထို့အတူ M Performance ၏ ပထမဆုံး ( I4 Engine ) နှင့် BMW ၏ စွမ်းအား အမြင့်ဆုံး ( I4 Engine ) စနစ်တို့လည်း ၎င်းတွင် တပ်ဆင်ထားမည်ဖြစ်ပါသည်။ အဆိုပါ အင်ဂျင်သည် ( 2.0 L Twin – turbo I 4 Engine ) ( 306 hp ) ( 322 lb – ft of Torque ) အင်ဂျင် ဖြစ်ပြီး စွမ်းဆောင်ရည်သည် ( 0 to 62 mph ) အား ( 4 . 9 Seconds ) ဖြင့် အမြန်ဆုံးရောက်နိုင်မှုမှာ ထိပ်တန်းအဆင့်ရှိသည့် Speed ဟု ဆိုရပါမည်။ ၎င်းတွင် ဂီယာစနစ်အနေဖြင့် – ( 8 – Speed Steptroic Auto Gearbox ) ကိုတပ်ဆင်ထည့်သွင်းထား ပြီး ( Sport Differential ) စနစ်အား ကားအရှေ့ဖက်ဝန်ရိုးတွင် တပ်ဆင်ထားပါသည်။ ထို့အတူ ဘရိတ်စနစ် ၊ Suspension နှင့် Cooling စနစ်အားလုံးသည် M Performance Spec အဆင့်အတန်းများဖြစ်ပြီး ( 19 – inch Alloy Wheel ) Standard ပါရှိပြီး ( 20 – inch Alloy Wheel ) ( Adaptive Suspension ) စနစ်များကိုလည်း မှာယူနိုင်ပါမည်။ X 2 M 35 i ၏ အပြင်ဖက်ဒီဇိုင်းတွင် ပုံစံအသစ်ဖြစ်သည့် Intakes နှင့် Spoiler များ ၊ M Sport Exhaust နှင့် ( Full LED နည်းပညာအသုံးပြုသည့် အရှေ့မီးကြီးနှင့် နှင်းခွဲမီးများ ) ထည့်သွင်းထားပါမည်။ အတွင်းခန်းဒီဇိုင်းသည်လည်း M Sport ဖန်တီးမှုများဖြစ်ကာ ( Full Color HUD ) ၊ ( Wireless Apple Car Play ) ကဲ့သို့ Features များစွာပါရှိမည်။ X2 M 35 i အား ( U . S ) တွင် ယခုနှစ် ( November ) တွင်၎င်း / ဥရောပတွင်လာမည်နှစ် March တွင်၎င်း စတင် ရောင်းချ မည်ဖြစ်သည်။